Report 62 Views

မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိမှုများ – လေ့လာမှုစာစဥ် အမှတ် (၇)

February 6th, 2024  •  Author:   Burma Civil War Museum  •  1 minute read
Featured image

ဤလေ့လာမှုများသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၇ ရက်အထိ ကာလအတွင်း မြန်မာစစ်တပ်နှင့် ၎င်းတို့အား ထောက်ခံအားပေးသည့် Telegram Channel များတွင် တင်ပြထားသည့် သတင်းအချက်အလက်များကို ဆန်းစစ်ထားခြင်းဖြစ်သည်။ အဆိုပါ သတင်းတင်ပြချက်များတွင် ပြည်သူများ၊ မြန်မာစစ်တပ်ထောက်ခံသူများနှင့် တော်လှန်ရေးအင်အားစုများအား ဝါဒဖြန့်ချိမှုအဖြစ် စနစ်တကျ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဗမာ့ပြည်တွင်းစစ်ပြတိုက် (Burma Civil War Museum – BCM) မှ ရှုမြင်သုံးသပ်ပါသည်။ ထိုဖော်ပြချက်များ အနက်မှ ၂ ပတ်တာ ကာလအတွင်း အဓိက အကြောင်းအရာများအား ပြန်လည်စုစည်း သုံးသပ်ထားခြင်းဖြစ်ပါသည်။

ဤလေ့လာမှုကာလအတွင်း မြန်မာစစ်တပ်နှင့် ၎င်းတို့အား ထောက်ခံအားပေးသည့် Telegram Channel များတွင် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအား သတင်းတု သတင်းအများများဖြင့် ပုံဖျက်တိုက်ခိုက်မှုများကိုလည်းကောင်း လုပ်ဆောင်နေခဲ့ကြသည်။ ယခုစာစဥ်တွင်မူ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့သည့် ကာလအတွင်း အဓိက ဝါဒဖြန့်ချိလာသည့် အကြောင်းအရာ လေးခုနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးထားပါသည်။ ၎င်းတို့မှာ (၁) တော်လှန်ရေး အင်အားစုများအား ဗုဒ္ဓဘာသာကို ဦးတည်တိုက်ခိုက်နေသူများ အဖြစ် ပုံဖော်ခြင်း၊ (၂) တော်လှန်ရေး အင်အားစုများအား ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုများ၊ (၃) လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ဝါဒဖြန့်ချိခြင်းနှင့် (၄) ပြည်သူ့စစ် လှုပ်ရှားမှုများ တို့ဖြစ်ပါသည်။


Download full report.