Report 34 Views

မြစ်ရေစီးသံ၊ တန်းတူညီမျှခြင်းစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၁)

January 23rd, 2024  •  Author:   Women Warriors Myanmar  •  1 minute read
Featured image

“မြစ်ရေစီးသံ…..ကို သင်…ကြားနိုင်ပြီလား…?”

မြစ်ရေတသွင်သွင်စီးသော အသံကို သင်…ကြားဖူးပါသလား? မြစ်ရေစီးသံကို သာယာငြိမ့်ညောင်းသောအသံ အဖြစ်အများက တင်စားဖွဲ့ဆိုလေ့ရှိပါသည်။ သို့သော် မြစ်ရေအင်အားကြီးမားသည့်အခါတွင်မူ မြစ်ရေသည် “တဝေါဝေါ” အရှိန်အဟုန်ဖြင့် စီးဆင်းနိုင်သည်ကို သတိပြုမိပါလိမ့်မည်။ ထို့ကြောင့် မြစ်ရေသည် ငြိမ့်ညောင်းသာယာကြည်အေးသော ခံစားမှုကို ပေးစွမ်းနိုင်သကဲ့သို့ မြစ်ရေများအင်အားကြီးမားသောအခါ မြေစိုင်မြေသား ကမ်းပါးများကိုပင်လျှင် တိုက်စားဖြိုချနိုင်သော အစွမ်းအစရှိပါသည်။ မြစ်ရေသည် ဂေဟအသက်ရှင်သန်မှု၏သွေးကြောဖြစ်သကဲ့သို့ မြစ်ရေများစုပေါင်းစီးဆင်းကာ ပင်လယ်နှင့်သမုဒ္ဒရာကိုပင် ဖန်ဆင်းနိုင်ပါသည်။

ထိုနည်း၄င်းပင်…ကျမ/ကျတော်တို့၏ ဖြစ်တည်မှုသည် လူမှုအဖွဲ့အစည်း၏ အုတ်ရိုးအုတ်မြစ်ဖြစ်ပြီး ကျတော်/ကျမတို့၏ အသံသည် မာကြောသော နံရံကမ်းပါးများကို ပင်လျှင် တိုက်စားဖြိုချနိုင်သည်အထိ ခွန်အားရှိသော အသံဖြစ်သည်ဟု ယုံကြည်ကာ ကျမ/ကျတော်တို့၏ အတွေးအမြင်သစ်များ၊ သွေးစည်းညီညွတ်မှုများ ပေါင်းစည်းခြင်းဖြင့် ပင်လယ်သမုဒ္ဒရာသို့ သာယာကျယ်ပြောသော လှုမှုအဆောက်အအုံအသစ်ကို တည်ဆောက်နိုင်ရန်ရည်ရွယ်၍ ဤစာစောင်၏ အမည်ကို “မြစ်ရေစီးသံ” ဟု မှည့်ခေါ်ပါသည်။

ဤ”မြစ်ရေစီးသံ”စာစဥ်တွင် ကျမ/ကျတော်တို့၏ ခွန်အားရှိသော၊ အပြောင်းအလဲကို ဖော်ဆောင်လိုသော အသံများကို တစ်စုတစ်စည်းထဲ ကျယ်ကျယ်လောင်လောင်ကြားနိုင်ရန်နှင့် စဥ်ဆက်မပြတ်စေရန် ရည်ရွယ်တင်ဆက်ထားပါသည်။

မြစ်ရေများ လှိုင်းလုံးသဖွယ် အဟုန်ဖြင့် စီးဆင်းလာနေပြီ…. ခွန်အားရှိသောမြစ်ရေစီးသံကို သင်ကြားနိုင်ပါရဲ့လား….. ???

အယ်ဒီတာအဖွဲ့

မြစ်ရေစီးသံ


Download မြစ်ရေစီးသံ၊ တန်းတူညီမျှခြင်းစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၁)