Statement 177 Views

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် အာဆီယံ၏ ချဥ်းကပ်မှုနှင့် ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း

October 25th, 2022  •  Author:   457 Civil Society Organizations  •  5 minute read
Featured image

သို့

အာဆီယံခေါင်းဆောင်များ

H.E. Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah, Prime Minister of Brunei
H.E Hun Sen, Prime Minister of Cambodia
H.E Joko Widodo, President of Indonesia
H.E Thongloun Sisoulith, Prime Minister of Laos
H.E Dato’ Sri Ismail Sabri bin Yaakob, Prime Minister of Malaysia
H.E Ferdinand Romualdez Marcos Jr., President of the Philippines
H.E Lee Hsien Loong, Prime Minister of Singapore
H.E Prayut Chan-o-cha, Prime Minister of Thailand
H.E. Phạm Minh Chính, Prime Minister of Vietnam

နေ့စွဲ။                ။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်

အကြောင်းအရာ။           ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် အာဆီယံ၏ ချဥ်းကပ်မှုနှင့် ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။

လေးစားရပါသော ဂုဏ်သရေရှိ လူကြီးမင်းများရှင့်/ခင်ဗျား

အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာနိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့တို့က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၎င်း၏ ထိပ်သီးအစည်းအဝေးများနှင့် တခြားအစည်းအဝေးအားလုံးတွင် စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားလှယ်များ သာမက နိုင်ငံရေးနှင့် မဆက်စပ်သည့် ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မပြုရန်အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း ပြန်လည်ပြင်ဆင်ရန် တောင်းဆိုလိုက်သည်။ အာဆီယံအနေဖြင့် အင်ဒိုနီးရှား၏ အာဆီယံဥက္ကဌရာထူး ဦးဆောင်မှုအောက်တွင် ဒေသတွင်းအဖွဲ့ကြီး တစ်ခုလုံးအနေဖြင့်ရော သက်ဆိုင်ရာနိုင်ငံတစ်ခုချင်းစီအရပါ အလုပ်မဖြစ်နေသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ရန်၊  လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရေး လုပ်ဆောင်ရန်၊ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လူသိရှင်ကြား အသိအမှတ်ပြုရန် စသောတောင်းဆိုမှုများကို မိမိတို့မှ ထပ်လောင်းတောင်းဆိုသည်။

ကျရှုံးနေသည့် အာဏာသိမ်းရေးကြိုးပမ်းမှု စတင်ချိန်မှစ၍ လွန်ခဲ့သောလပေါင်း ၂၀ အတွင်းတွင် အာဆီယံသည် မြန်မာနိုင်ငံရှိ ပိုမိုကျယ်ပြန့်လာနေသော အကျပ်အတည်းကို တုံ့ပြန်ရာတွင် ထိရောက်မှု အလွန်တရာ နည်းပါးခဲ့သည်။ အာဆီယံ၏ “တွေ့ဆုံဆွေးနွေးရေး” သည် ဘုံသဘောတူညီချက်ငါးရပ်ကို ရွေးချယ်ဦးတည်သော ချဥ်းကပ်ရေးကိုသာ ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းကို အဆုံးသတ်ရန် ရလဒ်များ ထွက်မလာခဲ့ပေ။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် စစ်အုပ်စုသည် ဘုံသဘောတူညီချက်ငါးရပ်အား လေးစားလိုက်နာခြင်း မရှိသည့်အပေါ် သတိပေးသော အာဆီယံ၏ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ်  ဆိုးရွားကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။ အာဆီယံ၏ သတိပေးချက်အပြီး တစ်လခန့်အကြာတွင် စစ်အုပ်စုသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာသင်ကျောင်း တစ်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် ၁၁ ဦး သေဆုံးခဲ့ရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ တို့တွင် ပြုလုပ်သော အာဆီယံထိပ်သီး အစည်းအဝေးများတွင် အာဆီယံက စစ်အုပ်စုကို ချန်လှပ်ခဲ့ခြင်းသည် မှန်ကန်သော လမ်းကြောင်းကို ဦးတည်သည့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။ မိမိတို့အနေဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့၏ အပေါင်းသဘောဆောင်သော ရပ်တည်ချက်များကို အသိအမှတ်ပြုသကဲ့သို့ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံ၏ ကြေညာချက်ကိုလည်း ကြိုဆိုသည်။ သို့သော် စစ်အုပ်စုနှင့် တစ်နည်းနည်းဖြင့် ထိတွေ့ဆက်ဆံနေခြင်းသည် အာဆီယံပဋိညာဥ်ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ မြန်မာစစ်အုပ်စုမှ ကျူးလွန်နေသောရာဇဝတ်မှုများသည် နိုင်ငံတကာဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပြင် ပြည်တွင်းဥပဒေများအရပါ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခု၏ လုပ်ရပ်မြောက်နေသည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာရာဇဝတ်ခုံရုံးနှင့် အာဂျင်တီးနားနိုင်ငံက အပြည်ပြည်တရားစီရင်ပိုင်ခွင့် ကိစ္စရပ်တို့တွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံထားရသည်။ ဤတရားမဝင် စစ်အုပ်စုက အာဆီယံ၏ လုပ်ဆောင်ချက်များအပေါ်တွင် တစ်စုံတရာသောခြယ်လှယ်မှု ရှိနေမှုအပေါ် မိမိတို့က စိုးရိမ်ပါသည်။

အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာ

ရှင်းလင်းပြတ်သားမှုမရှိသော ဘုံသဘောတူညီချက်ငါးရပ် ချမှတ်ပြီးချိန်ကတည်းကပင် အာဆီယံအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ပြဿနာဖြေရှင်းရေးအတွက် အောင်မြင်မှု မဆိုထားနှင့် အပြုသဘောဆောင်သည့် သက်ရောက်မှုပင် မရှိဘဲ မြန်မာနိုင်ငံ၏ အကျပ်အတည်း အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့ရုံသာ ရှိသည်။ “တွေ့ဆုံဆွေးနွေးမှုများ” ဖော်ဆောင်ရန်နှင့် စစ်အုပ်စုထံ “လည်ပတ်မှုများ” လုပ်ဆောင်နေသော အထူးသံတမန်နှင့် အာဆီယံတစ်စုံလုံး၏ ကြိုးပမ်းအားထုတ်မှုများသည် အနှစ်သာရရှိသော တိုးတက်မှုဖြစ်မလာခဲ့ပေ။ ထိုနှင့်ဆန့်ကျင်စွာပင် ယင်းကဲ့သို့သော လုပ်ရပ်များသည် တရားမဝင်စစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကြီးလေးသော စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးအားမြှောက်ပြုနေခြင်းနှင့် ကာကွယ်ပေးနေခြင်းသာ ဖြစ်နေသည်။

ဒုတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည့် က‌မ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း၏ ၂၀၂၂ ခုနှစ် မတ်လနှင့် ဇွန်လ ခရီးစဥ်များတွင် ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရသည့်အတိုင်း အာဆီယံ၏ အရေးယူ နိုင်စွမ်း မရှိမှုကို စစ်အုပ်စုက ထင်သာအောင်ထပ်မံပြသခဲ့ပြီး အရပ်သားများအပေါ် ပြင်းထန်သည့် လေ ကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကလေးများ သေဆုံးခဲ့ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထပ်တိုးထောင်ဒဏ်များ အကြိမ်ကြိမ်ချမှတ်ခြင်း ခံခဲ့ရသကဲ့သို့ ၎င်း၏ စီးပွား ရေးအကြံပေး ရှောင်တာနယ်သည်လည်း အလားတူဖြစ်သည်။ ထိုသွားရောက်လည်ပတ်မှုများတွင် စစ်အုပ်စု၏ ခွင့်ပြုချက်မရ၍ အထူးသံတမန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စု၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် အခြားသော ၂၀၂၀ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ကြိမ်မျှ တွေ့ခွင့်မရခဲ့သည်မှာ ရှက်ဖွယ်ဖြစ်သည်။ ထို့အပြင် အထူးသံတမန်သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ ဖြစ်သော NUG ၏ ယာယီသမ္မတ၊ ဝန်ကြီးချုပ် သို့မဟုတ် အခြားတာဝန်ရှိသူများ၊ အဓိကကျသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်လည်း ပျက်ကွက်ခဲ့သည်။

စစ်အုပ်စုသည် အာဆီယံ၏ အလှည့်ကျဥက္ကဌဖြစ်သော ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်မှ မေတ္တာ ရပ်ခံနေသည့်ကြားကပင် ဇူလိုင်လတွင် မတရားထောင်ချခံထားရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးကို မတရားသတ်ဖြတ်ရဲသည်အထိ အတင့်ရဲလာခဲ့သည်။ ထိုသတ်ဖြတ်မှုကို “အတ္တဆန်သော ငါ တကောကောခြင်း သို့မဟုတ် အာဆီယံ၏ အခန်းကဏ္ဍကို လုံးလုံးလျားလျား မလေးစားမှု” ဖြစ်ကြောင်း ရှင်းရှင်းကြီး ပြနေသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်ပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်သည့် လက်မခံနိုင်ဖွယ်လုပ်ရပ်တစ်ခုသည် အနှစ် မရှိသော ဝေဖန်ရှုတ်ချသံများဖြင့်သာ တုံ့ပြန်ခံရသည့်အပေါ် မိမိတို့မှ  လွန်စွာစိတ်ပျက်မိသည်။

အထူးသံတမန်၏ အမြော်အမြင်နည်းသော စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုများသည် အနိုင်ကျင့် ဗိုလ်ကျသည့် စစ်အုပ်စုစိုးမိုးရေးကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေး လုပ်ဆောင် နေသော မြန်မာပြည်သူများ၏ ကြိုးစားအားထုတ်ရုန်းကန်မှုများအပေါ် နောက်ထပ်သော ကြီးမားသည့် ထိ ခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။ ယင်းကဲ့သို့သောလုပ်ရပ်များသည် “ပြည်သူတို့၏ အကျိုးအတွက်” ဖြေရှင်းချက်တစ်ခု ဖော်ဆောင်ရန် ကြိုးစားသွားမည့် ဘုံသဘောတူညီချက်ငါးရပ်နှင့် ဆန့်ကျင်နေသည်။ ထို့ အပြင် အထူးသံတမန်၏ ဝေဝါးသည့်လုပ်ပိုင်ခွင့်အာဏာ အခြေခံကြောင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာသည် နိုင်ငံရေးအရ ကြားဝင်စေ့စပ်သူသက်သက်လား၊ ပါဝင်ဆွေးနွေးသူလား၊ သို့မဟုတ် လူသားချင်းစာနာထောက် ထားမှု အကူအညီများပေးပို့ရေးဆိုင်ရာ အဓိကထားလုပ်ဆောင်သူလား ဆိုသည်ကို ပြည်သူများအကြား ဝေဝေဝါးဝါး ဖြစ်စေသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် AHA စင်တာ

လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အာဆီယံ၏ AHA စင်တာမှတစ်ဆင့် ပေးပို့ရန် အာဆီယံနှင့် စစ်အုပ်စုကြား ဆက်လက်ပူးပေါင်းလုပ်ဆောင်၊ ထိတွေ့ဆက်ဆံမှုများက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပို၍ပင် ဆိုးရွားလာစေသည်။ သဘာဝဘေးအန္တရာယ် အရေး ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းတည်ထောင်ထားသော AHA စင်တာသည် ဘက်စုံနိုင်ငံရေး အကျပ် အတည်းတစ်ခုကို ဖြေရှင်းရန် အရည်အချင်း မပြည့်မီပေ။ AHA စင်တာ၏ လုပ်ငန်းလည်ပတ်မှု လုပ်ထုံး လုပ်နည်းများနှင့်အတူ စင်တာသည် အကူအညီများပေးပို့ရမည့်နေရာများသို့ လက်လှမ်းမီ ရောက်ရှိနိုင်ရန် စစ်အုပ်စုကို မှီခိုအားထားနေရပြီး စစ်အုပ်စု၏ မြန်မာလုပ်ငန်းအဖွဲ့ (Myanmar Task Force) ပါဝင်သော ဘုတ်အဖွဲ့က စီမံသတ်မှတ်ခြင်းကို ခံနေရသည်။ အကူအညီများသည် လက်ရှိကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာစေသည်အထိ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သူဖြစ်သကဲ့သို့  ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သူလည်းဖြစ်သည့် စစ်အုပ်စု၏ လက်နက်သဖွယ် အသုံးချခြင်းကို ခံနေရသည်။ AHA စင်တာ၏ ညွှန်ကြားရေးမှူးဟောင်းက စစ်အုပ်စုသည် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ အကူအညီများကို ပြည်သူလူထု ရရှိစေရန် ပေးပို့လိုသည့်ဆန္ဒ ရှိမနေကြောင်း” ပြောဆိုထားပြီး အာဆီယံအနေဖြင့် စစ်အုပ်စုကို အကူအညီပေးရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်သူအဖြစ်မှ ဖယ်ရှားရန်လည်း တောင်းဆိုထားသည်။

ဒေသခံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ဆောင်နေသူများနှင့် အရပ်ဘက် လူထုအဖွဲ့အစည်းများသည် လူထုအသိုင်းအဝိုင်းများထံသို့ NUG၊ ERO များနှင့်အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီများစွာကို အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်ကတည်းကပင် ထိထိရောက်ရောက် ပေးပို့ကူညီကြသည်။ နယ်စပ်အခြေစိုက် အရပ်ဘက်လူထုအဖွဲ့အစည်များသည် လက်လှမ်းမီရန် ခက်ခဲဆုံးသော ဒေသများသို့ လိုအပ်သော ငွေးကြေးများနှင့် အကူအညီပစ္စည်းများ ရောက်ရှိစေရေး ပံ့ပိုးရန်မှာ အလွန်အရေးပါသည်။ NUG သည် တစ်နှစ်အတွင်း ပြည်တွင်းနေ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များနှင့် CDM များအတွက် ကျပ်ငွေ ၂.၇၃ ဘီလျံ ပံ့ပိုးနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် AHA စင်တာတို့သည် အကူအညီ အလိုအပ်ဆုံးပြည်သူများထံသို့  လက်လှမ်းမီရောက်ရှိနိုင်ခြင်း မရှိပေ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့သော ၎င်း၏စာတွင် “အာဆီယံက စစ်အုပ်စုနှင့်အတူ ဖွဲ့စည်းထားသည့် (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ) အထူးလုပ်ငန်းအဖွဲ့သည် အလုပ်မဖြစ်ကြောင်း” ထည့်သွင်းပြောကြားထားသည်။ လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်လှုပ်ရှားမှုနှင့် အကူအညီများကို လက်နက်သဖွယ်အသုံးချနေခြင်း၏ အကျိုးဆက်ကြောင့် စစ်အုပ်စုအပေါ် အယုံအကြည်မရှိသည့်အတွက် ဒေသခံ အကူအညီပံ့ပိုးသူများကလည်း စစ်အုပ်စု သို့မဟုတ် စစ်အုပ်စုနှင့်ဆက်စပ်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို တွဲဖက်လုပ်ကိုင်လိုစိတ် ပို၍ပို၍ ကင်းမဲ့လာနေသည်။

အကြံပြုတိုက်တွန်းချက်များ

မြန်မာပြည်သူများက ၎င်းတို့၏ အနာဂတ်လူငယ်မျိုးဆက်အတွက် မိမိတို့၏ ဘဝများ၊ အသက်အိုးအိမ်များနှင့် အနာဂတ်များကို စတေးနေချိန်၌ အာဆီယံသည် စစ်အုပ်စုက ချိုးဖောက်သော လူမဆန်သည့်လုပ်ရပ်အားလုံးကို အဆုံးသတ်ရေး ခိုင်မာသောလုပ်ရပ်များ ဖော်ဆောင်ရမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အာဆီယံ၏ ဥက္ကဌရာထူးကို ရယူမည့် အင်ဒိုနီးရှားသမ္မတအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒကိုထောက်ခံပံ့ပိုးရန် မိမိတို့မှ မေတ္တာရပ်ခံသည်။

အာဆီယံအနေဖြင့် စစ်အုပ်စုနှင့် တရားဝင်အစည်းအဝေးများ ပြုလုပ်ခြင်း သို့မဟုတ် စစ်အုပ်စုနှင့် ၎င်း၏ ကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုခြင်းတို့ ဆက်လက်လုပ်ဆောင်ခြင်း မပြု ရန် မဖြစ်မနေလိုအပ်သည်။  ထို့အပြင် အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) နှင့် အာဆီယံအစိုးရများ လူ့အခွင့်အရေးကော်မရှင် (AICHR) အပါအဝင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တခြားအစည်းအဝေး အားလုံးသို့ နိုင်ငံရေးနှင့် သို့မဟုတ် နိုင်ငံရေးနှင့်မဆက်သော စစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို  တက်ရောက်ခွင့် ပိတ်ပင်ရမည် ဖြစ်သည်။ ယင်းကဲ့သို့သောပိတ်ပင်မှုများတွင် မြန်မာစစ်အုပ်စုနှင့် ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ရပ်ဆိုင်းခြင်းလည်း ပါဝင်ရမည် ဖြစ်သည်။ အာဆီယံသည် NUG ကို လူသိရှင်ကြား အသိအမှတ်ပြုရမည်ဖြစ်ပြီး ၎င်း၏ကိုယ်စားလှယ်ကို အာဆီယံတစ်ခုလုံး သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများသို့ ကိုယ်စားပြုစေလွှတ်ခွင့်ပြုရမည် ဖြစ်သည်။

အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်၍ လုပ်ဆောင်ရန် မိမိတို့မှ အထူးတိုက်တွန်း တောင်းဆိုပြီး အောင်မြင်မှု၏ တိုးတက်မှုများကို လက်တွေ့ကျကျ တိုင်းတာနိုင်သော ရှင်းလင်းသည့်စံနှုန်းနှင့် အညွှန်းများပါဝင်သည့် အစီအစဥ်တစ်ရပ် ရေးဆွဲဖော်ဆောင်ရန် မိမိတို့မှ အထူးတိုက်တွန်းတောင်းဆိုသည်။ ယင်းအစီအစဥ်တွင် NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ERO များ၊ အရပ် ဘက်လူထုအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ အပေါ် အခြေပြုရမည်။ အာဆီယံအနေဖြင့် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် ဘုံသဘော တူညီချက်ငါးရပ်အား မလိုက်နာနေသည့် စစ်အုပ်စုကို အရေးယူနိုင်သော လက်တွေ့ဖော်ဆောင်နိုင်သည့် အစီအမံများကိုလည်း တည်ထောင်ရမည် ဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအနေဖြင့် အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ၂၀၂၃ ခုနှစ်မှစတင်၍ အချိန်ပြည့်အလုပ်လုပ်သော သုံးနှစ်သက်တမ်း ရာထူးတာဝန်အဖြစ် ပြောင်းလဲသတ်မှတ်သည့်အပြင် ၎င်းကို အာဆီယံဥက္ကဌက ခန့်အပ်သော်ငြား အာဆီယံအဖွဲ့ကြီးတစ်စုံလုံးကို တာဝန်ယူ၊ တာဝန်ခံရသော တာဝန်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မိမိတို့မှ တောင်းဆိုသည်။ အထူးသံတမန်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကြားဝင်ညှိနှိုင်းရေးမဟုတ်ဘဲ လူ့အခွင့်အရေး အခြေခံမူများ၊ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ နှင့် မြန်မာပြည်သူလူထု၏ဆန္ဒ တို့အပေါ် အခြေခံသည့် ရှင်းလင်း ပြတ်သားသော သတ်မှတ်တာဝန်နှင့်ဝတ္တရားများ ရှိရမည် ဖြစ်သည်။ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ရံဖန်ရံခါမှသာ ကျင်းပသော အာဆီယံထိပ်တန်းခေါင်းဆောင်အဆင့် အစည်းအဝေးများ နှောင့်နှေးကြန့်ကြာမှု၏ သက်ရောက်မှု မရှိစေဘဲ လုပ်ငန်းစဥ်များကို အချိန်မှန် ဖော်ဆောင်နိုင်သည့် အခွင့်အာဏာနှင့် အမှီအခိုကင်းရှင်းမှု ရှိရမည် ဖြစ်သည်။ ထို့အပြင် ထိုလုပ်ပိုင်ခွင့်အာဏာတွင်ရှိသော အထူးကိုယ်စားလှယ်သည် NUG၊ NUCC ၊ ERO များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် တရားဝင်ဆက်သွယ်မှု ပြုလုပ်ရန်နှင့် ထိတွေ့ဆက်ဆံမှုများ ချက်ချင်းပြုလုပ်ရမည် ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့်ပတ်သက်၍ အာဆီယံသည် စစ်အုပ်စုနှင့် ပူး ပေါင်းဆောင်ရွက်နေမှုအားလုံးကို ရပ်ဆိုင်းကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို AHA စင်တာက ဖြေရှင်းနိုင်ခြင်း မရှိကြောင်းကို အသိအမှတ်ပြုရမည် ဖြစ်သည်။ အာဆီယံအနေဖြင့် ဒေသခံလူသားချင်း စာနာထောက်ထားမှုအရေး လုပ်ဆောင်နေသူများ၊ NUG၊ ERO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများ ပံ့ပိုးရေးကို ဖော်ဆောင်ရန်အတွက် သွေးစည်းညီညွတ်သော ချဥ်းကပ်မှုတစ်ရပ် ဆောင်ရွက်ရန် မိမိတို့မှ အကြံပြုတိုက်တွန်းသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသူများကို လက်ခံ၍ အကာအကွယ်ပေးရမည် ဖြစ်သည်။ ဒေသတွင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုအားလုံးသည် မည်သူမျှ ထိခိုက်နစ်နာမှုမရှိရေး၊ လူသားဆန်မှုနှင့် ဘက်မလိုက်မှု အခြေခံမူများကို အခြေခံပြီး အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသော လူထုအသိုင်းအဝိုင်းများ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် အခြေခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့သည် “ပြည်တွင်းရေးသက်သက်” မဟုတ်ဘဲ အာဆီယံအဖွဲ့က ကာကွယ်မည်ဟု သန္နိဌာန်ပြုထားသည့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်လည်း ဖြစ်သည်။ မြန်မြန်ဆန်ဆန် ဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒုက္ခသည်များ အဆမတန် ဝင်ရောက်လာမှု၊ စီးပွားရေးအကျိုးအမြတ်များ ဆုံးရှုံးမှုနှင့် ပြန်ပြင်၍မရသော ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှုတို့ ဆက်လက်ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ အာဆီယံအပေါ် ယုံကြည်အားထားနိုင်စွမ်းသည် အာဆီယံ ဒေသတစ်ခွင်လုံးအား မတည်မငြိမ်ဖြစ်စေမည့် တစ်စထက်တစ်စ ပျံ့နှံ့လာနေသော စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် အဖျက်အမှောင့်လုပ်ရပ်များကို အချိန်မီ ထိရောက်စွာ မည်သို့ကာကွယ်တားဆီးနိုင်သည် ဆိုသည့် အာဆီယံ၏ လုပ်ဆောင်နိုင်စွမ်းအပေါ်တွင် မူတည်နေသည်။

မြန်မာပြည်သူများ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့၏ ရည်မှန်းချက်၊ လိုအင်ဆန္ဒနှင့် အညီဖြစ်စေရန် အာဆီယံအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများသည် အာဆီယံအတွက် အသင့်ရှိနေပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံဖွဲ့၊ info@progressive-voice.org
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ equality20@protonmail.com
  • Carlos Sardiña Galache၊ ASEAN Parliamentarians for Human Rights၊ carlos@aseanmp.org

ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၉၇ ဖွဲ့ အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၄၅၇ ဖွဲ့မှ လက်မှတ်ရေးထိုးထားပါသည်။

  1. Action Committee for Democracy Development (Coalition of 14 grassroots networks)
  2. Active Youths (Kalaymyo)
  3. All Arakan Students’ and Youths’ Congress (AASYC)
  4. All Burma Indigenous People Alliance (ABIPA)
  5. Alliance for Democracy in Myanmar (Western USA)
  6. ALTSEAN-Burma
  7. Anti Dictatorship in Burma – DC Metropolitan Area
  8. Anyar Taw Eain
  9. Arakan CSO Network
  10. Arakan Rivers Network (ARN)
  11. Arakan Workers’ Organization
  12. ASEAN Parliamentarians for Human Rights (APHR)
  13. Asia Pacific Solidarity Coalition (APSOC)
  14. Asian Democracy Network
  15. Asian Forum for Human Rights and Development (FORUM-ASIA)
  16. Asians Cultural Forum on Development Foundation (ACFOD)
  17. Assistance Association for Political Prisoners
  18. Association of Human Rights Defenders and Promoters
  19. Association Suisse – Birmanie
  20. Athan – Freedom of Expression Activist Organization
  21. Ayeyarwaddy Youth Network
  22. Back Pack Health Worker Team
  23. Bago MATA
  24. Buddhist Solidarity Association
  25. Burma Action Ireland
  26. Burma Campaign UK
  27. Burma Human Rights Network
  28. Burma Medical Association
  29. Burmese Women’s Union
  30. Cambodian American and Friends for Democracy and Human Rights advocate, USA
  31. Cambodian Center for Human Rights (CCHR)
  32. Cambodian Human Rights and Development Association (ADHOC Cambodia)
  33. Cambodian League for the Promotion and Defense of Human Rights (LICADHO)
  34. Campaign for a New Myanmar
  35. Campaign for Popular Democracy (CPD)
  36. Chin Community SF Bay Area
  37. Chin Human Rights Organization
  38. Chin MATA
  39. Chin Resources Center
  40. CIVICUS: World Alliance for Citizen Participation
  41. Community Resource Centre (CRC)
  42. Cross Cultural Foundation (CrCF)
  43. Danu Youth Organization
  44. Democracy for Ethnic Minorities Organization
  45. Democracy, Peace and Women’s Organization
  46. Democratic Youth Council
  47. Educational Initiatives Myanmar
  48. ENLAWTHAI Foundation (EnLAW)
  49. Equality Myanmar
  50. ETOs Watch Coalition
  51. Federal FM Mandalay
  52. Foundation of Khmer Samaki, USA
  53. Free Burma Campaign (South Africa) (FBC- SA)
  54. Free Myanmar Inc.
  55. Friends Without Borders
  56. Future Light Center
  57. Future Thanlwin
  58. Generation Wave
  59. Grass-root People
  60. Human Rights and Development Foundation (HRDF)
  61. Human Rights Educators Network
  62. Human Rights Foundation of Monland
  63. Human Rights Lawyers Association
  64. In Defense of Human Rights and Dignity Movement (iDEFEND) Philippines
  65. India for Myanmar
  66. Info Birmanie
  67. Initiatives for International Dialogue
  68. Institute for Asian Democracy
  69. Inter Pares
  70. International Campaign for the Rohingya
  71. Jagriti Child and Youth Concern Nepal
  72. Just Associates Southeast Asia (JASS SEA)
  73. Justice For Myanmar
  74. Kachin Women’s Association Thailand
  75. Karen Association of Ireland
  76. Karen Human Rights Group
  77. Karen Peace Support Network
  78. Karen Women’s Organization
  79. Karen Youth Ireland
  80. Karenni Civil Society Network
  81. Karenni National Women’s Organization
  82. Kayaw Women’s Organization
  83. Keng Tung Youth
  84. KontraS Indonesia
  85. Kyae Lak Myay
  86. Kyaukse University Students’ Union
  87. La communauté BIRMANE de France
  88. Let’s Help Each Other
  89. Los Angeles Myanmar Movement (LA2M)
  90. Mandalay Youth Association
  91. Me Boun Foundation
  92. Metta Campaign Mandalay
  93. Migrant Workers Rights Network (MWRN)
  94. Migrant Working Group (MWG)
  95. Mindanao Peacebuilding Institute Foundation, Inc
  96. Minority Affairs Institute – MAI (Myanmar)
  97. Mon State Development Center
  98. Monywa People’s Strike Steering Committee
  99. Myanmar Accountability Project (MAP)
  100. Myanmar Alliance for Transparency and Accountability
  101. Myanmar Campaign Network
  102. Myanmar Democratic Force in Denmark
  103. Myanmar People Alliance (Shan State)
  104. Myaung Education Network
  105. Myaung Medical Team
  106. Network for Advocacy Action
  107. Network for Human Rights Documentation Network – Burma (ND-Burma)
  108. No Business With Genocide
  109. Non-Binary Thailand
  110. Nway Oo Guru Lay Myar
  111. Nyan Lynn Thit Analytica
  112. Oway Institute
  113. Padauk Phue – Blooming Padauk
  114. Pakokku Youth Development Council
  115. Peace and Culture Foundation
  116. People’s Empowerment Foundation (PEF)
  117. People’s Goal
  118. Progressive Voice
  119. Protection International
  120. Save and Care Organization for Ethnic Women at Border Areas
  121. Save Myanmar – USA
  122. Sea Junction
  123. Second Tap Root
  124. Shan MATA
  125. Shape-Sea
  126. Sisters 2 Sisters
  127. Social Garden
  128. Social Action for Community and Development (Cambodia)
  129. Southeast Asia Freedom of Expression Network (SAFEnet)
  130. Southern Youth Development Association
  131. Southern Youth Development Organization
  132. Spirit in Education Movement (SEM)
  133. Swedish Burma Committee
  134. Swedish Foundation for Human Rights
  135. Synergy – Social Harmony Organization
  136. Ta’ang Women’s Organization
  137. Taiwan Association for Human Rights
  138. Tanintharyi MATA
  139. Tanitharyi People’s Voice
  140. Tanitharyi Women’s Network
  141. Thai Action Committee for Democracy in Burma (TACDB)
  142. Thai Lawyers for Human Rights (TLHR)
  143. The Ladies
  144. The Mekong Butterfly
  145. The Regional Center for Social Science and Sustainable Development
  146. Thint Myat Lo Thu Myar Organization
  147. Together Thanlyin
  148. S. Campaign for Burma
  149. Union for Civil Liberty (UCL)
  150. US Advocacy Coalition for Myanmar (USACM)
    1. Campaign for a New Myanmar
    2. Students for Free Burma (SFB)
    3. Freedom for Burma
    4. International Campaign for The Rohingya
    5. Helping Hands for Burma (H2B)
    6. Global Movement for Myanmar Democracy (GM4MD)
    7. Chin Leaders of Today &Tomorrow
  151. Vorapat Veerapattanakup, Human Rights Activism
  152. Women Advocacy Coalition – Myanmar
  153. Women’s League of Burma
  154. Women’s Peace Network
  155. Yangon Medical Network
  156. Youths for Community-Myaung
  157. တူမီး-တော်လှန်ရေးစာစဉ်
  158. ဒို့မြေကွန်ရက် (LIOH)
  159. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  160. မြစ်ကွေ့ – လူထုတော်လှန်ရေးစာစဉ်

 English version


PDF ဖြင့်ရယူရန် English I Burmese