[မီဒီယာဖိတ်ကြားလွှာ] စာတမ်းတိုမိတ်ဆက်ပွဲ “တားဆီးပိတ်ဆို့ခံရသောအကူအညီများ နှင့် မယိုင်လဲသောပြည်သူများ – စစ်အုပ်စုက အကူအညီကို လက်နက်အဖြစ် အသုံးချနေခြင်းအား ခုခံတွန်းလှန်ခြင်း”

[မီဒီယာဖိတ်ကြားလွှာ] စာတမ်းတိုမိတ်ဆက်ပွဲ “တားဆီးပိတ်ဆို့ခံရသောအကူအညီများ နှင့် မယိုင်လဲသောပြည်သူများ – စစ်အုပ်စုက အကူအညီကို လက်နက်အဖြစ် အသုံးချနေခြင်းအား ခုခံတွန်းလှန်ခြင်း”

နေ့ရက်။      ။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ၊ ၂၂ရက် (ဗုဒ္ဓဟူးနေ့)
အချိန်။    ။ ညနေ ၃ နာရီ မှ ၄ နာရီခွဲ (မြန်မာစံတော်ချိန်)/ ညနေ ၃ နာရီခွဲ မှ ၅ နာရီ (ထိုင်းစံတော်ချိန်)
ဘာသာစကား။   ။ Zoom မှ တက်ရောက်သူများအတွက် မြန်မာ – အင်္ဂလိပ် (တိုက်ရိုက်ဘာသာပြန်) ပါရှိသည်။
စာရင်းပေးသွင်းရန်။   ။ https://tinyurl.com/5yffu3p6

၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့တွင်  “တားဆီးပိတ်ဆို့ခံရသောအကူအညီများ နှင့် မယိုင်လဲသော ပြည်သူများ – စစ်အုပ်စုက အကူအညီကို လက်နက်အဖြစ် အသုံးချနေခြင်းအား ခုခံတွန်းလှန်ခြင်း”  ဟု အမည်ပေးထားသော စာတမ်းတိုကို မိမိတို့ ရှေ့ပြေးအသံအဖွဲ့နှင့်အတူ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈ ဖွဲ့ တို့မှ ပူးတွဲထုတ်ပြန်မည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုထုတ်ပြန်မည့်စာတမ်းတိုသည် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ၌ မိမိတို့ ထုတ်ပြန်ခဲ့သည့်  “ခြောက်သွေ့ဒေသ မီးတိုက်ခံရခြင်း – မြန်မာနိုင်ငံအပူပိုင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း (စကိုင်း၊ မကွေး နှင့် မန္တလေးတိုင်းဒေသကြီးများ)” ဟု အမည်ရှိ စာတမ်းတို၏ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာသည့် ထုတ်ဝေမှုဖြစ်ပါသည်။

ဤအွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများမှ မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ၊ အထူးသဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့်အတူ ရှင်သန်ရပ်တည်ရေးနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိရေးအတွက် အမျိုးမျိုးသော တုံ့ပြန်ကျော်လွှားမှု နည်းဗျူဟာများကို ရှင်းလင်းဆွေးနွေး တင်ပြသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်အား တက်ရောက်လာကြသူများအနေဖြင့် အဆိုပါ ဒေသသုံးခုရှိ ထိခိုက်ခံစားရသော ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၏ သက်ရောက်မှုနှင့် ပမာဏတို့ကို ကိုယ်တိုင် ကိုယ်ကျ သိရှိနားလည်ခွင့် ရကြမည်ဖြစ်သည်။

ဆွေးနွေးမှုများတွင် အပူပိုင်းဒေသတစ်ခွင်ရှိ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး၊ မြန်မာစစ်အုပ်စု၏ ကန့်သတ်ပိတ်ဆို့မှုများ ရှိနေသည့်ကြားတွင်ပင် ဒေသခံများဦးဆောင်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှု ယန္တရားများသည် လူထုထံသို့ ထိရောက်မှုရှိစွာရောက်ရှိကြောင်း သက်သေပြသည့် အခြေအနေများကို ဆွေးနွေးဆန်းစစ်သွားမည် ဖြစ်သည်။ ထို့အပြင် ဤစာတမ်းတိုပါ တွေ့ရှိချက်များနှင့် အကြံပြုချက်များကိုလည်း တစ်ပါတည်း ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။

ပါဝင်ဆွေးနွေးမည့်သူများ

  • မမေနှင်း၊ အရေးပေါ်အခြေအနေကာကွယ်ရေးနှင့် စီမံခန့်ခွဲမှု ကော်မတီ (မန္တလေး)
  • ကိုရှင်းသန့်၊ ဘုတလင်မြို့နယ် သပိတ်အင်အားစု
  • ကိုမိုးဆွေ၊ အက္ခရာ အရပ်ဖက်လူထုအခြေပြုအဖွဲ့
  • Adelina Kamal၊ လွတ်လပ်သော လေ့လာဆန်းစစ်သူ

တင်ဆက်ဆွေးနွေးသူ

  • ဒေါ်ခင်ဥမ္မာ ၊ ရှေ့ပြေးအသံအဖွဲ့

ဤအစီရင်ခံစာကို အောက်ပါ အရပ်ဘက်လူမှုအဖွဲ့အစည်း ၉ ဖွဲတို့မှ စုပေါင်းရေးသားသည်။

၁။ အက္ခရာ အရပ်ဖက်လူထုအခြေပြုအဖွဲ့
၂။ ဘုတလင်မြို့နယ်သပိတ်အင်အားစု
၃။ ခွင့်တူမျှတအဖွဲ့
၄။ ငြိမ်းချမ်းရေးစာသင်ခန်း
၅။ ရှေးပြေးအသံအဖွဲ့
၆။ ရွှေဘိုမြို့နယ်သပိတ်အင်အားစု
၇။ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့
၈။ Young Wings
၉။ YWAN

စာတမ်းတို ထုတ်ပြန်မည့်ရက်မတိုင်မီ ကြိုတင်ဖတ်ရှုလိုပါကလည်းကောင်း၊ အခြားသိရှိလိုသည်များကို စုံစမ်းမေးမြန်းလိုပါကလည်းကောင်း info@progressive-voice.org ကို ဆက်သွယ်နိုင်ပါသည်။


See in English version

ကြေညာချက်များ


PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

စာရင်းသွင်းပါ။

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia