ယခုစာမျက်နှာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေး၏ သမိုင်းဝင်အသံများနှင့် လှုပ်ရှားမှုများကို မကြားရခြင်းများ သို့မဟုတ် မသိရခြင်းများ မရှိစေရန် စုစည်းဖော်ပြထားခြင်း ဖြစ်သည်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (Civil Disobedience Movement - CDM)၊ အထွေထွေသပိတ်များနှင့် အခြားသက်ဆိုင်ရာ ဆော်ဩရေး လှုပ်ရှားမှုများသည် ဒေသန္တရ၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်များတွင် ကြားသိတွေ့မြင်ရမည့်၊ နားလည် သဘောပေါက်ရမည့်၊ အသိအမှတ်ပြုရမည့်၊ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးရမည့် အရေးပါသော တိုက်ပွဲများဖြစ်သည်။ ထို့ကြောင့် ယခုစာမျက်နှာသည် လူမျိုးစု၊ ဘာသာရေးနောက်ခံ၊ လိင်စိတ် တိမ်းညွှတ်မှုနှင့် ဂျန်ဒါဝိသေသ မခွဲခြားဘဲ လူနေမှုအလွှာပေါင်းစုံနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ စေ့ဆော်သော အသံများကို မီးမောင်းထိုးတင်ပြထားခြင်း ဖြစ်သည်။ ထို့အပြင် နွေဦးတော်လှန်ရေးအတွင်း ပြည်သူများ၏ မှတ်ကျောက်တင်လောက်သော စုပေါင်းရုန်းကန်မှုများနှင့် သူရဲကောင်းများ၏ စိတ်အားတက်ကြွဖွယ် ဇာတ်ကြောင်းများကိုလည်း အလေးပေး ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းရန် ကြိုးပမ်းမှုမှစ၍ မြန်မာစစ်အုပ်စု၏ မြန်မာပြည်သူများ အပေါ်ကျူးလွန်သည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အတိုင်းအဆသည် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် စစ်ရာဇဝတ်မှုများပင် မြောက်သည်။ မြန်မာစစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေမှုကို ရပ်တန့်ရမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုသည် ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ယူတာဝန်ခံရမည် ဖြစ်သည်။ မြန်မာပြည်သူများမှ ဆက်လက်ဆန့်ကျင်ခုခံနေချိန်တွင် စစ်အုပ်စုမှ အပြစ်ပေးအရေးယူခံရခြင်း အလုံးစုံကင်းလွတ်စွာဖြင့် ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများထဲတွင် အရပ်သားများကို သေစေလောက်သော အင်အားသုံး၍ ပစ်မှတ်ထားခြင်း၊ အရပ်သားများကို မဲမဲမြင်ရာ ပစ်ခတ်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ မုဒိမ်းမှုနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ခိုးယူလုယက်ခြင်း၊ ပစ္စည်းဥစ္စာများ ဖျက်စီးခြင်း၊ ငွေညှစ်ခြင်း၊ အင်တာနက်ကန့်သတ်ခြင်း၊ စာနယ်ဇင်းများ ဟန့်တားပိတ်ပင်ခြင်း၊ ကလေးငယ်များအပေါ် အကြမ်းဖက်ခြင်း၊ လူသားဒိုင်းများ အသုံးပြုခြင်း၊ လက်စတုံးဖျောက်ဖျက်ခြင်း၊ ရွာများမီးတင်ရှို့ခြင်း၊ ဗုံးကြဲခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ နှင့် ၎င်းတို့၏ ရာဇဝတ်မှုကျူးလွန်ထားသည့် အထောက်အထားများကို ဖုံးကွယ်ဖျက်ဆီးခြင်း တို့ပါဝင်သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုကို နိုင်ငံတကာပရိသတ်များမှ ခြုံငုံနားလည်နိုင်ရန်အတွက် အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် စုစည်းတင်ပြထားပါသည်။
ဤစာမျက်နှာတွင် အောက်အပါအကြောင်းအရာများ ပါဝင်သည် -
သတ်တယ်။0 to 0 of 0 ရလဒ်များ
2025-04-24T15:46:24
2025-03-05T14:27:12
2025-01-19T11:29:16
Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။