မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဦးသိန်းစိန်အစိုးရက ၂၀၁၁ တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတည်ထောင်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ MNHRC သည် ပြည်သူလူထု၏ နှစ်ရှည်လများ ယုံကြည်မှု နည်းပါးခြင်းကို အစဉ်တစိုက် ကြုံတွေ့ခဲ့ရသည်။ MNHRC သည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ (NHRIs) အားလုံး လိုက်နာရန်လိုအပ်သည့် နိုင်ငံတကာစံနှုန်းဖြစ်သော ပါရီအခြေခံမူများ (Paris Principles) နှင့်အညီ ကျင့်သုံးဆောင်ရွက်ရန် အမြဲတစေ ပျက်ကွက်ခဲ့ပြီး ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ငန်းလည်ပတ်ရန် လိုအပ်သော လွတ်လပ်အမှီအခိုကင်းမှု အလွန်အမင်း ချို့တဲ့ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီးတွင် မြန်မာစစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်ပလက်ဖောင်း မှတစ်ဆင့် အမိန့်တစ်ခုထုတ်ပြန်ပြီး MNHRC ကို ထိန်းချုပ်လိုက်သည်။ MNHRC သည် တရားမဝင် စစ်အုပ်စု၏ လက်ဝေခံအဖြစ် ရပ်တည်လိုသည့်ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီးသည်မှာ ထိုအချိန်ကတည်းကပင် ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာစစ်အုပ်စု၏ နိုင်ငံအနှံ့ ကျူးလွန်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို MNHRC သည် ယနေ့အချိန်အထိ နှုတ်ဆိတ်နေပြီး ဆက်လက်၍လည်း လျစ်လျူရှုထားဆဲ ဖြစ်သည်။
MNHRC သည် စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိသော အလုပ်မဖြစ်ထွန်းနေသည့် NHRI တစ်ခုထက်ပင် ပို၍ နေသည်။ ပါရီအခြေခံမူများနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို ချိုးဖောက်နေသည့် စစ်အုပ်စုအား အကာအကွယ်ပေးနေသောကြောင့် ၎င်းသည် မြန်မာစစ်အုပ်စု ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ်ပင် ရှိနေသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့အကြီးဆုံးလူ့အခွင့်အရေးကွန်ရက်များထဲမှ တစ်ခုဖြစ်သော ကမ္ဘာလုံး ဆိုင်ရာနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Network of National Human Rights Institutions - GANHRI) က လွတ်လပ်အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ယုံကြည်ထိုက်မှုတို့ ဆက်လက် ကင်းမဲ့နေသော MNHRC ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်း၏ကွန်ရက်မှ ထုတ်ပယ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်၍ အတည်ပြုခဲ့သည်။ GANHRI ၏ဆုံးဖြတ်ချက် ထွက်ပေါ်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမျိုးသားညီညွတ်ရေးအစိုးရက MNHRC ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။
ဤစာမျက်နှာသည် ယခုဖျက်သိမ်းခံထားရသော MNHRC ၏ ထုတ်ဝေထုတ်ပြန်မှုများကို စုစည်းထားသည့် နေရာတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်၏ လူမဆန်သော ပြစ်မှုကျူးလွန်မှုများတွင် ပါဝင်ပတ်သက်နေသည့် ၎င်း၏အခန်းကဏ္ဍကို မှတ်တမ်းတင်ထားသည်။
0 to 0 of 0 ရလဒ်များ

01 June 2022

28 April 2022

02 June 2021

29 April 2021

31 March 2021

11 March 2021