မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီကို သင့်အနေနှင့် မြှင့်တင်လိုပါသလား။ မြေပြင်မှ အသံများကို မြှင့်တင်လိုသည့် ပြင်းပြသောစိတ်ဆန္ဒ ရှိပါသလား။ ရှိပါက တက်ကြွပြီး စိတ်အား ထက်သန်သော မိမိတို့အဖွဲ့နှင့် လာလုပ်ရန်အတွက် ဖိတ်ခေါ်ပါသည်။
ရှေ့ပြေးအသံအဖွဲ့သည် မြန်မာနိုင်ငံတဝှမ်းရှိ လူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် ခိုင်မာအားကောင်းသော ဆက်ဆံရေးနှင့်ကွန်ရက်ချိတ်ဆက်မှုတို့ကို ရယူထားပြီး အရပ်ဘက်လူထုအသိုင်းအဝိုင်းကို အခြေပြုသည့် လူထုပူးပေါင်းပါဝင်မှုနှင့်အခွင့်အရေးကိုအခြေခံသော သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်အဖွဲ့ ဖြစ်ပါသည်။ မိမိတို့အဖွဲ့သည် အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကို အခြေခံပြီး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံမှုမပြုရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အဖွဲ့လိုက်လုပ်ဆောင်မှု စံတန်ဖိုးများနှင့် အခြေခံမူများကို ကိုင်စွဲထားသည်။
0 to 0 of 0 ရလဒ်များ