ပင်မစာမျက်နှာ
ဦးစားပေးလုပ်ငန်းများ

မိမိတို့အဖွဲ့၏ ဦးစားပေးလုပ်ငန်းများ


လူ့အခွင့်အရေးသည် မိမိတို့အဖွဲ့အလုပ်၏ ဗဟိုချက်တွင် ရှိသည်။ မိမိတို့သည် ပဋိပက္ခ၊ ရက်စက် ကြမ်းကြုတ်မှုများနှင့် မတရားမှုများကို တိုက်ရိုက်ခံစားရသူများနှင့်ပူးပေါင်းပြီး ပြည်သူများကို စုရုံးခြင်းနှင့် မဟာဗျူဟာများနှင့် လုပ်ဆောင်ချက်များ ဟန်ချက်ညီစေရန် ပေါင်းစပ်ညှိနှိုင်းခြင်းအားဖြင့် မြန်မာပြည်သူများ၏ အခွင့်အရေးများ ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် ရေရှည်ခိုင်မာပြီး အမှန်တကယ် ထိရောက်သော အပြောင်းအလဲများ ဖြစ်ပေါ်ရန်အတွက် အောက်ပါဦးစားပေးလုပ်ငန်းသုံးခုကို အဓိကထားဆောင်ရွက်သည်။

နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံခြင်း

PV - International Engagement

ဤဦးစားပေးလုပ်ငန်းအောက်တွင် မိမိတို့အဖွဲ့သည် မြန်မာနိုင်ငံ လူထုအသိုင်းအဝိုင်းများ တွေ့ကြုံခံစားနေရသည့် ပြဿနာများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဒေသခံ အဖွဲ့အစည်းများနှင့် ဒေသခံအား ဗဟိုပြုသည့် ဖြေရှင်းချက်များကို အသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး (အာဆီယံ) အပါအဝင် သက်ဆိုင်ရာဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နှင့် နိုင်ငံတကာတာဝန်ယူတာဝန်ခံမှုယန္တရားများနှင့် ထိတွေ့ဆက်ဆံသည့် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအကြား ဟန်ချက်ညီ မဟာဗျူဟာကျသော ထိတွေ့ဆံဆက်မှုများနှင့် စည်းရုံးလှုံ့ဆော်ရေးတို့ ဖြစ်ပေါ်စေရန် ပံ့ပိုးဆောင်ရွက်သည်။ မြန်မာနိုင်ငံရှိ အရေးကြီးသော လူ့အခွင့်အရေး ကိစ္စရပ်များ၊ မြေပြင်မှအရှိတရားများနှင့် မြန်မာနိုင်ငံအတွင်း ဒေသခံလူထုအသိုင်းအဝိုင်းများ၏ အသံများကို မြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်သော မိမိတို့၏ ရေရှည်တည်ဆောက်ထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ဆက်သွယ်ရေးမဟာဗျူဟာနှင့် ထိတွေ့ဆက်ဆံမှု တို့မှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်အုပ်စု အပေါ် တရားဝင်မှု၊ ငွေကြေး၊ လက်နက်နှင့် အပြစ်ဒဏ်မှလွတ်မြောက်ခွင့် ပေးနေခြင်းတို့ကို ဖြတ်တောက်ရန် တောင်းဆိုသည့်တစ်ချိန်တည်းတွင် မြန်မာပြည်သူများအတွက် အကူအညီများ တိုးမြှင့်ပေးရန်နှင့် ပိုမိုလိုက်လျောညီထွေမှုရှိသည့် အကူအညီများပံ့ပိုးပေးရန်အတွက်လည်း တိုက်တွန်းတောင်းဆိုသည်။ ထို့အပြင် မြေပြင်မှပြည်သူများ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံသည့် အချက်အလက်များ၊ စိုးရိမ်ပူပန်မှုများနှင့် အကြံပြုတိုက်တွန်းချက်များကို ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပလက်ဖောင်းများ ထံသို့ ကူညီဖြန့်ဝေပေးနိုင်ရန် မိမိတို့၏ မြန်ဆန်သော ဆက်သွယ်ရေးလမ်းကြောင်းများကို အကောင်းဆုံး အသုံးချနေသည့်တစ်ချိန်တည်းတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကို ၎င်းတို့၏ သက်ဆိုင်ရာနေရာများတွင် စည်းရုံးလှုံ့ဆော်ရန် စိတ်ပါဝင်စားသူများအတွက် မိမိတို့က အပတ်စဥ်သုံးသပ်ချက်များ၊ ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာပလက်ဖောင်းတို့မှတစ်ဆင့် ဗဟုသုတနှင့် သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးသည်။

PV - Minorities and Displacement

လူနည်းစုများနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု

ဤဦးစားပေးလုပ်ငန်းအောက်တွင် မိမိတို့သည် ထိရှလွယ်သော၊ ဖယ်ကြဥ်ခံထားရသော လူထုအသိုင်းအဝိုင်းများ၏ အသံများနှင့် စိုးရိမ်ပူပန်မှုများကို သက်ဆိုင်ရာ ဆုံးဖြတ်ချက်ချသူများမှ ကြားသိနားလည်ရေး၊ ၎င်းတို့၏ တောင်းဆိုချက်များကို ဗဟိုချက် နေရာထားရှိရေး၊ နှင့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာလုပ်ငန်းစဥ် အသီးသီးတွင် ၎င်းတို့၏ ပါဝင်မှု ရရှိရေး သေချာစေရန်တို့အတွက် လုပ်ဆောင်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ရေရှည်ဖြေရှင်းချက်များနှင့်အတူ ဖယ်ဒရယ် ဒီမိုကရေစီမြန်မာနိုင်ငံကို တည်ဆောက်ရန်အပြင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် ဒေသခံ ဦးဆောင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုတစ်ရပ်လုပ်ဆောင်ရေး စည်းရုံးလှုံ့ဆော်ရန် ဖြစ်သည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရသည့် လူထုအသိုင်းအဝိုင်းများ၏ ဘေးကင်းလုံခြုံမှု၊ သဟဇာတဖြစ်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကို ပိုမိုအားကောင်းစေမည့် ၎င်းတို့၏ လိုအပ်ချက်များကို မိမိတို့၏ မိတ်ဖက်အဖွဲ့များနှင့် အနီးကပ်လုပ်ဆောင်ကာ ကူညီဖြည့်ဆည်းပေးနေသည်။

ဒီမိုကရက်တစ်ပြည်သူ့ရပ်ဝန်း

PV - Democratic Civic Space

ဤဦးစားပေးလုပ်ငန်းအောက်တွင် မိမိတို့သည် လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပြည်သူ့ရပ်ဝန်းကို ကာကွယ်မြှင့်တင်သော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အောက်ခြေလူထုကွန်ရက်များ၏ လုပ်ငန်းများ အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်သည်။ ထိုလုပ်ငန်းများကို ၎င်းတို့၏လက်ရှိ လုပ်ဆောင်နေသော အလုပ်များနှင့် လုပ်ငန်းစဥ်များအတွက် အကူအညီများပေးအပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို အားကောင်းစေရန် မြှင့်တင်ပေးခြင်း၊ ရရှိနိုင်သော အရင်းအမြစ်များ ကွန်ရက်များနှင့် ချိတ်ဆက်ပေးခြင်း၊ လုပ်ဆောင်ချက်အစီအစဉ်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခြင်း၊ နှင့် လိုက်လျောညီထွေမှု၊ အားလုံးပါဝင်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ တာဝန်ခံမှုတာဝန်ခံမှုတို့ တိုးမြှင့်ရေးအပြင် မြန်မာနိုင်ငံအတွက် ရေရှည်ဖြေရှင်းချက်များရရှိရေးကို စည်းရုံးလှုံ့ဆော်ခြင်းတို့အားဖြင့် လုပ်ဆောင်သည်။ ယင်းအပြင် မိမိတို့သည် လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”)၏ ပေါင်းစပ်ဆော်သြသူ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင် ပါရီအခြေခံမူများနှင့်အညီ ဘက်မလိုက်သော၊ လွတ်လပ် အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနအသစ်တစ်ခု ပေါ်ပေါက်ရေးနှင့် စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖျက်သိမ်းရန်အပြင် ၎င်း၏အဖွဲ့ဝင်ဖြစ်မှုကို နိုင်ငံတကာ လူ့အခွင့်အရေးကွန်ရက်အားလုံးတွင် ဖယ်ရှားရေးအတွက် စည်းရုံးလှုံ့ဆော်သော အလုပ်အဖွဲ့၏လုပ်ငန်းများကို ဦးစီးဆောင်ရွက်ပံ့ပိုးပေးနေသည်။

PV Logo

Progressive Voice သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံလူတန်းစားအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာသောကွန်ရက်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော မူဝါဒဆိုင်ရာ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အစည်းဖြစ်သည်။ ၎င်းသည် မြေပြင်မှ အသံများကို ချဲ့ထွင်ကာ အခွင့်အရေးအခြေခံ ပေါ်လစီဇာတ်ကြောင်းကို ထောက်ခံအားပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ မူဝါဒချမှတ်သူများအား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်သည်။

လူမှုမီဒီယာလင့်ခ်များ

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia