အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သောအစိုးရ အာဏာရလာချိန်မှစတင်ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ မှတ်တမ်းအပေါ် နိုင်ငံတကာမှ ဝေဖန်ပြစ်တင်ခြင်းကို မကြုံစဖူး ကြုံတွေ့လာရချိန်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ၏ အခန်းကဏ္ဍသည်လည်း မရေမရာ ဆက်ရှိနေဆဲ ဖြစ်ပါသည်။
MNHRC ၏ စွမ်းဆောင်ရည်ကို သုံးသပ်ထားသော “သက်ဆိုင်သူထံပြန်ပို့ရန် – မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် လွှတ်တော်ထံသို့ ပြန်လည်တင်သွင်းရမည်” အမည်ရှိ အစီရင်ခံစာတစ်စောင်ကို အရပ်ဘက်လူထုအဖွဲ့အစည်း ၁၂ ဖွဲ့မှ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် MNHRC ၏ လွတ်လပ်မှု၊ ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှုနှင့် အမျိုးသားလူ့အခွင့်အရေးဌာနများအတွက် ပါရီအခြေခံမူများမှ သတ်မှတ်ထားသော နိုင်ငံတကာ စံနှုန်းများကို MNHRC မှ လိုက်နာဆောင်ရွက်မှုများအား ကန့်သတ်ထားသည့် MNHRC ၏ အဓိကကျသော လုပ်ကိုင်ဆောင်ရွက် ချက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကို မီးမောင်းထိုး ဖော်ပြထားပါသည်။ ၂၀၁၁ ခုနှစ် MNHRC ကို ဖွဲ့စည်း တည်ထောင်ချိန်မှစ၍ လူ့အခွင့်အရေးချိုးဖောက်မှု ပုံသဏ္ဍာန်အမျိုးမျိုးအပါအဝင် ယနေ့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများအပေါ် MNHRC ၏ တုံ့ပြန်မှုများကို ဤအစီရင်ခံစာတွင် ဆန်းစစ်တင်ပြထားပါသည်။ ဤအစီရင်ခံစာကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ထုတ်ဝေသွားမည် ဖြစ်ပါသည်။ အစီရင်ခံစာ မိတ်ဆက်ပြောကြားရာတွင် အင်္ဂလိပ်ဘာသာ အနည်းငယ်သာပါဝင်မည်ဖြစ်ပြီး မြန်မာဘာသာကို အဓိကထား အသုံးပြုသွားမည် ဖြစ်ပါသည်။
နေ့ရက် – ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ (အင်္ဂါနေ့)
အချိန် – နေ့လည် ၂း၀၀ နာရီ မှ ၄း၀၀ နာရီအထိ
နေရာ – BEST WESTERN Green Hill Hotel၊ အမှတ် ၁၂ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
ပါဝင်ဆွေးနွေးကြမည့်သူများ
ဤအစီရင်ခံစာကို ရေးသားထုတ်ဝေသူများမှာ –
ဆက်သွယ်ရန်
အောင်ခိုင်မင်း၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ ရှေ့ပြေးအသံအဖွဲ့
+ ၉၅ (၀)၉၇ ၉၀၄၉ ၅၃၅၈၊ [email protected] / [email protected]
ဤမီဒီယာဖိတ်ကြားလွှာ မြန်မာဘာသာကို ဤနေရာမှ ရယူနိုင်ပါသည်။
Download this Media advisory in English HERE.