အာဆီယံက အရင်အာဆီယံ မဟုတ်တော့ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်ဖို့ လိုပါတယ်

January 16th, 2023  •  Author:   Burma News Network  •  1 minute read
Featured image

(၁၆-၁-၂၀၂၃) “အာဆီယံအဖွဲ့ဟာ အရင်ကလိုမျိုး စစ်ကောင်စီလုပ်သမျှ ကာကွယ်ပေးမယ့်အဖွဲ့မဟုတ်တော့ဘူးဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ NUG, NUCC, ERO တွေနဲ့ မတွေ့ပါနဲ့ဆိုပြီး စစ်ကောင်စီကတောင်းဆိုပေမယ့် အာဆီယံက သူလုပ်စရာရှိတာ ဆက်လုပ်သွားမှာသာဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က စစ်ကောင်စီအပြင် အခြားအင်အားစုတွေနဲ့ပါတွေ့ဆုံဆွေးနွေးမယ်ဆိုပြီးပြောတဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်နေတဲ့အခြေအနေနဲပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ …

  • အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး ဘယ်လိုကိုင်တွယ်ဖို့ ပြင်ဆင်နေသလဲ…
  • စစ်ကောင်စီရဲ့ကန့်ကွက်မှုကို အာဆီယံက ဘယ်လိုတုန့်ပြန်မလဲ…
  • အာဆီယံ၊ ထိုင်းနိုင်ငံနဲ့ စစ်ကောင်စီတို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်သလဲ…

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။