“စစ်အာဏာသိမ်းမှု (၂) နှစ်ကြာတဲ့အထိ စစ်တပ်ကို လုံး၀ အုပ်ချုပ်ခွင့်မရစေရဆိုပြီး တော်လှန်မျိုးဆက် လူငယ်တွေက ကြံ့ကြံ့ခံ တော်လှန်နေတဲ့ မြေပြင်က လှုပ်ရှားမှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုလာတာဖြစ်တယ်။ ဒီလှုပ်ရှားမှုတွေကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဟန်ချက်ညီ ဆက်လုပ်သွားဖို့လိုအပ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ အမေရိကန်ရဲ့ NDAA ဥပဒေ၊ ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၊ အာဆီယံရဲ့ အင်အားစုအားလုံးနဲ့ဆွေးနွေးရေးတောင်းဆိုချက်တွေ အားကောင်းလာတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ …
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။