Report 24 Views

လူမျိုးရေးပဋိပက္ခများ_စစ်အာဏာတည်မြဲရေးအတွက် မောင်းနှင်အားတရပ်

October 4th, 2024  •  Author:   Nyan Lynn Thit Analytica  •  1 minute read
Featured image

အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို အစဉ်တစိုက် အသုံးချနေသော စစ်အုပ်စုသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိန်းချုပ်နယ်မြေများဆုံးရှုံးလာပြီးနောက်ပိုင်းတွင် အမုန်းစကားနှင့် ဝါဒဖြန့်ချိမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပါသည်။ “လူမျိုးရေးပဋိပက္ခများ_စစ်အာဏာတည်မြဲရေးအတွက် မောင်းနှင်အားတရပ်” စာတမ်းတွင် ရှမ်းမြောက်၊ ရခိုင်နှင့် ချင်း၊ ပလက်ဝဒေသများ၌ လူမျိုးစုတော်လှန်ရေးအင်အားစုများအကြား ပွတ်တိုက်မှုအချို့အပေါ် စစ်အုပ်စု၏ အသုံးချမှုပုံစံများကို အသေးစိတ်ဖော်ပြထားပါသည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ဘာသာရေးပဋိပက္ခများကို အသုံးချသည့်ပုံစံများနှင့် အမျိုးသားရေးအစွန်းရောက်အုပ်စုများ၏အားဖြည့်မှုများကို သိရှိမှသာ နွေဦးတော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေးကာလအလွန်တွင် လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မှုပြဿနာများ၊ လူမျိုးရေးအရ မုန်းတီးမှုများ၊ ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်မည်ဖြစ်ပြီး လူမျိုးဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးကို ရှေးရှုနိုင်မည်ဖြစ်ပါသည်။


အစီရင်ခံစာအပြည့်အစုံကို PDF ဖိုင်ဖြင့်ရယူဖတ်ရှုရန်။ [ မြန်မာဘာသာEnglish ]