၁။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ကျေးရွာသား ၂၇၅ ဦးကို ခေတ္တထိန်းသိမ်းထားစဉ် ၂-၅-၂၀၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် ရွာသား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကော်မရှင် ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၈-၅-၂၀၁၉ ရက်နေ့မှ ၃၀-၅-၂၀၁၉ ရက်နေ့ထိ ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ပါသည်။
၂။ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် စစ်တွေမြို့ ရဲစခန်းတွင် အချုပ်ဖြင့် ထိန်းသိမ်းထား ပြီး တရားရင်ဆိုင်နေရသူ ရွာသား ၈ ဦး၊ ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ဒဏ်ရာရရှိသူအပါအဝင် အခြား ရွာသား ၆ ဦး၊ ဖြစ်စဉ်တွင် သေဆုံးသွားကြသူများ၏ ဇနီး၊ မိဘ၊ ဆွေမျိုး ၇ ဦး၊ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ၈ ဦး၊ ရဲစခန်းတွင် အချုပ်ဖြင့် ထိန်းသိမ်းထားပြီး တရားရင်ဆိုင်နေရသူများ၏ဇနီး၊ မိဘ၊ ဆွေမျိုး ၈ ဦး၊ အလောင်းများအား ရင်ခွဲစစ်ဆေးခဲ့သူ ဆရာဝန် ၁ ဦး၊ စုစုပေါင်း ၃၈ ဦးတို့အား ရသေ့တောင်မြို့နှင့် ကျောက်တန်းကျေးရွာသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့သည့် အချိန်အတွင်း တွေ့ဆုံမေးမြန်းခဲ့ ပါသည်။
၃။ ယင်းကဲ့သို့ တွေ့ဆုံမေးမြန်းရာတွင် ယေဘုယျအားဖြင့် အောက်ပါအတိုင်း ထွက်ဆိုကြသည် ကို တွေ့ရှိရပါသည် –
၄။ ယခုဖြစ်စဉ်တွင် AA အဖွဲ့ဝင်များ ကျေးရွာအတွင်း၌ ရွာသားများနှင့် ရောနှောဖုံးကွယ်နေ သည်ဟု သတင်းရရှိသဖြင့် စိစစ်ဖော်ထုတ်ရန် ဆောင်ရွက်ရာမှ ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။ ယေဘုယျအားဖြင့် ဆိုရပါလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသားအချို့အပေါ် သံသယရှိ သကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ကျေးရွာသားများဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများအကြား အပြန် အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်းနှင့် နောင်တွင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရေးအတွက် သက်ဆိုင်သူများက ဂရုပြုဆောင်ရွက်သင့်ပါ ကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်