သို့
စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာန
အကြောင်းအရာ။ ။ မြန်မာ စစ်အုပ်စု အသုံးပြုခွင့်ရရှိနေသည့် ငွေကြေးများ၊ လက်နက်များ၊ စစ်သုံး ဆက်စပ်ပစ္စည်းများ နှင့် လေယာဉ်ဆီများကို တားဆီပိတ်ဆို့ပေးပါရန်။
ရက်စွဲ။ ။ အောက်တိုဘာလ ၂၉၊ ၂၀၂၃ခုနှစ်။
စင်ကာပူအစိုးရ ရှင့်
မြန်မာ ပြည်သူ အယောက် ၂၇,၇၀၀ ကျော်[1], (မြေပြင် ကောက်ယူမှု ၁,၃၁၄ ဉီး အပါအဝင်) လက်မှတ်များနှင့်အတူ၊ ကမ္ဘာတစ်ဝှမ်းမှ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်း (၄၃၁)ဖွဲ့ က စင်ကာပူ အစိုးရထံသို့ စာပေးပို့ လိုက်ပါသည်။
ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်သော စစ်အုပ်စု အနေဖြင့် ၎င်း၏ ငွေကြေးလွှဲပြောင်းခြင်းများကို လုပ်ဆောင်နိုင်ရန် စင်ကာပူနိုင်ငံရှိ ဘဏ်များအား အမှီသဟဲပြုနေခဲ့ရပါသည်။ ထို့အပြင် စင်ကာပူနိုင်ငံမှ စစ်အုပ်စုအား ဖြန့်ဖြူးရောင်းချနေသော စစ်လက်နက်များ၊ ဆက်စပ်ပစ္စည်းများ၊ နည်းပညာများနှင့် လေယာဉ်ဆီများသည် စစ်အုပ်စု လက်ရှိ ကျူးလွန်လျက်ရှိသည့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်စေပါသည်။
စစ်အုပ်စုသည် အရပ်သား ပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်စွာ လေကြောင်းမှ တိုက်ခိုက်ခြင်းများ၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ၊ ညှင်းပန်း နှိပ်စက်ခြင်းများ၊ မတရား ဖမ်းဆီး ထောင်ချခြင်းများ၊ မုဒိန်းကျင့်ခြင်းများ နှင့် အိုးအိမ်များ၊ စားသောက်စရာများ ဖျက်ဆီးခြင်းတို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လုပ်ဆောင်နေခဲ့ပါသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ အကြောင်း ထုတ်ပြန်ချက်[2] တွင် စင်ကာပူနိုင်ငံသည် စစ်အုပ်စုအတွက် လက်နက်များ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေ သော တတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ [3]
ထို့အပြင် စစ်အာဏာသိမ်းရန် စတင်သည့် အချိန်မှစ၍ အနည်းဆုံး စင်ကာပူ လက်နက်ကုမ္ပဏီ ၁၃၈ ခု မှ စစ်အုပ်စုသို့ အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုးအထိ လက်နက်များ ကုန်သွယ်ရောင်းချခဲ့သည့် အကြောင်း လည်း ပါရှိပါသည်။
စင်ကာပူနိုင်ငံသည် စစ်အုပ်စု၏ ခရိုနီများအတွက် စီးပွားရေး အချက်အချာကျသည့် နိုင်ငံတစ်ခု အဖြစ်လည်းပဲ ရပ်တည်လျက် ရှိပါသည်။ တေဇ[4] နှင့် နိုင်ထွဋ်အောင်[5] ကဲ့သို့သော ခရိုနီအချို့သည် မြန်မာပြည်သူများ၏ဘဝများကိုဖျက်ဆီးပြီး အကျိုးအမြတ်များ ရရှိကာ စင်ကာပူနိုင်ငံရှိ မြို့လည်ခေါင်တွင် လူ့စည်းစိမ် အပြည့်ဖြင့် ခမ်းခမ်းနားနား နေထိုင်လျက်ရှိပါသည်။
ယူကေနှင့် ယူအက်(စ်)တို့မှ အရေးယူပိတ်ဆို့ခဲ့သော ရွှန်းကုမ္ပဏီအုပ်စုသည် စင်ကာပူနိုင်ငံတွင် ဆက်လက် လည်ပတ်လျက်ရှိပြီး ၎င်းကုမ္ပဏီသည် စစ်အုပ်စု၏ အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသော လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် ဆင်နွှဲရန် လိုအပ်သော လေယာဉ်ဆီများ [6] ရောင်းချဖြန့်ဖြူးလျက် ရှိပါသည်။
စင်ကာပူမှ စီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုနှင့် ၎င်းတို့၏ အပေါင်းအပါများအတွက် ငွေကြေး လွှဲပြောင်းခြင်းများ လုပ်ဆောင်လျက် ရှိနေခြင်းက စစ်ရာဇဝတ်ကောင်များအား ကူညီထောက်ပံ့နေခြင်းဖြစ်ပြီး စစ်အုပ်စု၏ နိုင်ငံတကာ အဆင့် ရာဇဝတ်မှုများကို ကူညီ ထောက်ပံ့နေခြင်း ဖြစ်ကြောင်း [7] သိသာထင်ရှားလျက်ရှိပါသည်။ သို့သော် ထိုလုပ်ရပ်များသည် ရပ်တန့်နိုင်သည် ဖြစ်သောကြောင့် အဆုံးသတ်ရမည် ဖြစ်ပါသည်။
စင်ကာပူအစိုးရသည် စစ်အုပ်စုထံ လက်နက်များနှင့် အရပ်ဘက်-စစ်ဘက်သုံး ကုန်ပစ္စည်းများ ရောင်းချနေသော စင်ကာပူ ကုမ္ပဏီများအား စုံစမ်းစစ်ဆေးမည်ဟု ကတိပြုခဲ့ပြီး United Overseas Bank (UOB) ဘဏ်သည်လည်း မကြာသေးမီကပင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ငွေကြေး လွှဲပြောင်းခြင်းများအပေါ် ကန့်သတ် ပိတ်ဆို့ခဲ့ပါသည်။[8]
စင်ကာပူအစိုးရအနေနှင့် အောက်ပါအချက်များအား လုပ်ဆောင်ပေးပါရန် တောင်းဆိုလိုက်ပါသည်။
၁) စစ်အုပ်စုထံ လက်နက်များ၊ အရပ်ဖက်-စစ်ဖက်သုံးကုန်ပစ္စည်းများ၊ နည်းပညာများ၊ လေယာဉ်ဆီများအပါအဝင် စစ်အုပ်စုနှင့် ဆက်စပ် သော ငွေကြေးလွှဲပြောင်းမှုများ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းလမ်းဖြင့် လွှဲပြောင်း ရောင်းချနေခြင်းများ ရပ်တန့်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ပေးရန်။
၂) စင်ကာပူနိုင်ငံအတွင်းရှိ ငွေကြေးစနစ်များအားလုံးကို မြန်မာအကြမ်းဖက်စစ်တပ်မှ မည်သည့် နည်းနှင့်မျှ အသုံးပြုခွင့် မရစေရန်နှင့် စင်ကာပူနိုင်ငံပိုင် ဘဏ်များတွင် ထားရှိသည့် မြန်မာနိုင်ငံ၏ တရား၀င်အစိုးရသာလျှင် ပိုင်ဆိုင်သည့် နိုင်ငံခြား အရံငွေကြေးဖြစ်သော (ရံပုံငွေ) အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံကျော်ကို တရားမဝင် စစ်အုပ်စု လုံးဝ သုံးစွဲခွင့် မရစေရန် အတွက် သေချာစေရန် ငွေကြေးခဝါချမှု၏ အရေးယူ ပြဌာန်းချက်များကို အသုံးပြုပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြလုပ်ရန်။
၃) စင်ကာပူနိုင်ငံမှတဆင့် စစ်အုပ်စုထံသို့ လက်နက်များ၊ စစ်ဖက် -အရပ်ဖက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများကို လွှဲပြောင်း ရောင်းချခြင်းတို့ ပါဝင်ပတ်သက်သော စင်ကာပူအခြေစိုက် ကုမ္ပဏီများအား လူသိ ရှင်ကြား စုံစမ်းစစ်ဆေးမှုများကို ပို၍ မြန်ဆန် အလုပ်တွင်စေရန်နှင့် ပိုမို ဆောင်ရွက်ရန်။
စင်ကာပူအစိုးရအနေနှင့် ထိရောက်သော လုပ်ဆောင်မှုများကို ပိုမိုလုပ်ဆောင်ပါ။
လေးစားစွာဖြင့်
မြန်မာနိုင်ငံပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ( ၄၃၁ ) ဖွဲ့ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေသောကြောင့် ပြည်တွင်း အဖွဲ့အစည်း ( ၁၀)ဖွဲ့ သည် အမည်နာမ မဖော်ပြပါ။
Endorsed Organizations Worldwide!
Australia
- Action Against Myanmar Military Coup (Sydney)
- All Burma Student Democratic Front – Australia Branch
- All Young Burmese League (AYBL)
- Anti-Myanmar Dictatorship Movement
- Anti-Myanmar Military Dictatorship Network (AMMDN)
- Australia Burma Friendship Association, Northern Territory
- Australia Karen Organization WA Inc.
- Australia Myanmar Doctors, Nurses and Friends
- Australia Myanmar Youth Alliance (AMYA)
- Australian Burmese Muslim Organisation
- Australian Chin Community (Eastern Melbourne Inc)
- Australian Karen Organisation (AKO)
- Australian Karen Organisation, Inc. NSW Branch
- Bamar Community Tasmania
- BMT counselling
- Burma Lawyers’ Council (BLC)
- Burmese Community – South Australia
- Burmese Community Development Collaboration (BCDC)
- Burmese Community Support Group (BCSG)
- Burmese Friendship Association
- Burmese Medical Association Australia (BMAA)
- Canberra Karen Association
- Chin Community – South Australia
- Chin Community of Western Australia Inc.
- Chin Community Tasmania
- Chin Youth Organization
- CRPH/NUG support group Australia
- Democracy for Burma
- Falam Community – South Australia
- Industrial Training Centre (ITC) Family Sydney
- International Karen Organisation
- Joint Action Committee for Democracy in Burma (JACDB)
- Justice 4 Myanmar – Hope & Development
- Kachin Association of Australia WA Inc.
- Karen Community – South Australia
- Karenni Community of Western Australia Inc.
- Karenni Federation of Australia
- Kayin Community Tasmania
- Matu Chin Community – South Australia
- Mindat Chin Community NSW
- Mindat Community – South Australia
- Mizo Community – South Australia
- Mon Families Group
- Mon National Council (MNC)
- Myanmar Buddhist Community of South Australia
- Myanmar Campaign Network
- Myanmar Community Coffs Harbour (MCC)
- Myanmar Democracy and Peace Committee (Australia)
- Myanmar Democratic Movement (MDM)
- Myanmar Engineering Association of Australia (MEAA)
- Myanmar People Residing in Canberra
- Myanmar Students’ Association Australia (MSAA)
- NLD Solidarity Association (Australia)
- NSW Karenni (Kayah) Communities
- Patriotic War Vetrans of Burma (PWVB)
- Perth Myanmar Youth Network
- Pyit Taing Htaung Social Club
- Queensland Kachin Community (QKC)
- Queensland Myanmar Youth Collective (QMYC)
- Queensland Rohingya Community
- Red Campaign Nirvana Exhortation Group
- Remonya Association of WA (Mon Community)
- Shwe Youth Democratic Alliance (SYDA)
- Southcare Medical Centre
- Support for Myanmar
- Sydney Friends for Myanmar Unity
- The Institution of Professional Engineers Myanmar (IPEM)
- United Myanmar Community of South Australia
- Victorian Burmese Care Community (VBCC)
- Victorian Myanmar Youth (VMY)
- We Pledge CDM (Australia)
- Western Australia Myanmar Community (WAMC)
- Western Australia Myanmar Democratic Network (WAMDN)
- Women Activists Myanmar (WAM)
- Yadanar Foundation
- Youth Heart Beams
- Zo Community – South Australia
- Zomi Association Australia Inc.
- Zomi Community – South Australia
- Zomi Community Queensland
Canada
- Arakan Watch
- Burmese Canadian Network (BCN), Myanmar Emergency Fund
- Myanmar Student Association Ontario
Czech Republic
- Educational Initiatives Prague
Denmark
- Myanmar Action Group Denmark
Finland
- Finland Myanmar Society Ry
- Padauk, Suomi-Myanmar Seura and Myanmar Diaspora Group Finland
France
- Doh Atu – Ensemble pour le Myanmar
- Info Birmanie
- La Communauté Birmane de France
Germany
- CRPH, NUG Support Team Germany – Deutschland
GLOBAL
- Democracy Against Dictatorships – MILK TEA ALLIANCE (ASEAN)
- Global Myanmar Spring Revolution (Global)
- International Campaign for the Rohingya
- International Karen Organisation
- International Society of Myanmar Scholars and Professionals
- Myanmar Global Support Foundation (MGSF)
Ireland
- Ah Nah Podcast – conversations with Myanmar
- Burma Action Ireland
- CRPH & NUG Supporters Ireland
- CRPH Funding Ireland
Italy
- Italy – Burma Friendship Association
- Myanmar Community in Italy
Japan
- Association of United Nationality in Japan (AUN)
- Burma Refugee Saving Association (B.R.S.A)
- Chin Community of Japan (CCJ)
- Chin Youth Organization of Japan (CYO-JP)
- Colorful Spring (ရောင်စုံနွေဦး)
- Dawei Youths in Japan (DYJ)
- Dragon Dawn
- Federation of Worker’s Union of Burmese Citizens in Japan (FWUBC)
- GenY For Revolution Japan
- Global Myanmar Spring Revolution – Japan
- Hope For Youth -Kyushu Japan
- International Society of Myanmar Scholars and Professionals (Japan)
- Japan Myanmar Future Creative Association (JMFCA)
- Japan Myanmar Help Network – JMHN
- Kachin Affairs Organizintion -Japan (KAO (Japan)
- Kansai Group Japan
- Karen National League Japan-KNL
- Karenni National Society (KNS)Japan
- KnowUsMoreMyanmar (KUM)
- Kobe Myanmar Community (KMC)
- League For Democracy in Burma (L.D.B Japan)
- Mon Youth For Federal Democracy (MYFD)
- Myanmar Development Support Group (MDSG)
- Myanmar Nationalities’ Support Organization – JP (MNSO)
- Myanmar Spring Revolution Japan (MSRJ)
- Myanmar Tozan Club (MTC)
- Myanmar Youth and Student Association, Japan (MYSA)
- Myanmar’s Youth Association Hokkaido (MYAH)
- Okinawa Myanmar Association (OMA)
- Palaung National Society Japan, PNS-Japan
- Palaw Supporting Group – Japan
- People’s Hope Spring Revolution (PHSR)
- Punnyakari Mon National Society Japan
- Revolution Tokyo Myanmar (RTM)
- Shan Community in Japan (SCJ)
- ShizuYouth For Myanmar
- Sone See Yar (Volunteer Group)
- Spring Revolution Restaurant ( SRR )
- Tai Youths Network Japan (TYNJ)
- Try Together At Japan (TTAJ)
- Union of Myanmar Citizen Association – Japan
- Voice For Justice
- We Are One Saga MOSA
- We for All
- We Support
- Yaw Funding Japan
- Yokohama Pamphlet Campaign – Myanmar
- ဂျပန်ပြည်မှတွဲလက်များ
Korea
- Global Myanmar Spring Revolution (Korea)
- Yaw Funding Korea
Malaysia
- Coalition of Rohingya Organisations in Malaysia (CROM)
- Palaw Supporting Group – Malaysia
- Rohingya Arakanese Refugee Committed (RARC), Malaysia
- Yaw Funding Malaysia
Myanmar
- 5/ of Zaya State Strike
- 88 Generation Peace and Open Society
- Action Committee for Democracy Development (ACDD)
- Action Committee of Basic Education Students (ACBES)
- All Aung Myay Thar San Schools Strike Force
- All Burma Democratic Face
- All Burma Federation of Student Unions (Monywa District)
- Alliance of Students’ Union – Yangon (ASU-Yangon)
- Anti-Coup Forces Coordination Committee (ACFCC -Mandalay)
- Anti-Junta Alliance Yangon-AJAY
- ANTS Fundraising Team
- Association of Human Rights Defenders and Promoters
- Athan – Freedom of Expression Activist Organization
- A-Yar-Taw People Strike
- Basic Education Branch High School (Maharaungmyay) Students’ Union
- Basic Education General Strike Committee (BEGSC)
- Basic Education Students and Youth Association -BESYA Central
- Basic Education Worker Unions – Steering Committee (BEWU-SC)
- Blood Money Campaign
- Boycott Military’s Pocket
- Burma Human Right Network (BHRN)
- Burma Refugee Saving Association (B.R.S.A)
- CDM Medical Network (CDMMN)
- Chanmyatharzi Township People’s Strike
- Chaung Oo Township Youth Strike Committee
- Chindwin (West) Villages Women Strike
- Civil Information Network (CIN)
- Civil Society Organizations Coordination Committee (Monywa)
- Coalition Strike Committee – Dawei
- Co-operative University Mandalay Students’ Strike
- Daung Sitthe Strike
- Dawei ( Ashaetaw) Women Strike
- Dawei Youths Revolutionary Movement Strike Committee
- Democracy Movement Strike Committee – (Dawei) DDMSC
- Democracy, Peace and Women’s Organization
- Democratic Youth Council -DYC
- Depayin Township Revolution Steering Committee
- Depayin Women Strike
- Dhobama (2021 Generation)
- Equality Myanmar
- Ethnic Youth General Strike Committee (Mandalay)
- Former Political Prisoners and New Generation Group – Monywa
- Free Rohingya Coalition
- Freedom and Labor Action Group
- Future Light Center
- Future Thanlwin
- Gangaw Women Strike
- General Strike Collaboration Committee (GSCC)
- General Strike Committee of Basic and Higher Education (GSCBHE)
- General Strike Committee of Nationalities (GSCN)
- General Strike Coordination Body (GSCB)
- Grass-root People
- HTY Scout Channel
- Human Rights Educators Network
- Human Rights Foundation of Monland
- Industries Strike
- Information & Scout News (Hlaing)
- Insein Scout Channel
- Justice For Myanmar
- Kachin State Civilian Movement-KSCM
- Kachin Student Union
- Kalay Township Strike Committee
- Kalay Women Strike
- Kamayut Scout Channel
- Karen Human Rights Group (KHRG)
- Karen Youth Network
- K’cho Ethnic Association
- Kyain Seikgyi Spring Revolution Leading Committee
- Kyauktada Strike Committee(KSC)
- Kyimyindaing Scout Channel
- Lanmadaw,Latha & Pabedan Scout Channel
- Latpadaung Region Strike Committee
- Legal Aid for Human Rights
- LGBT Alliance
- LGBT Alliance Myanmar (Kalay Region)
- LGBT Alliance Myanmar (Kyaukse Region)
- LGBT Community Yangon
- LGBT Union – Mandalay
- Listen & Donate
- Magway People’s Revolution Committee
- Maharaungmyay Township People’s Strike
- Mandalar University Students’ Strike
- Mandalay Alliance Coalition Strike
- Mandalay Medical Family (MFM)
- Mandalay Strike Force (MSF)
- Mandalay Women Strike
- Mandalay Youth Strike
- Mandalay-Based People’s Strike
- Mandalay-Based University Students’ Unions (MDY_SUs)
- Matu Burma Foundation
- Mayangone News
- MayMyo Strike Force
- Minority Affairs Institute (MAI Myanmar)
- Mon Youth For Federal Democracy (MYFD)
- Monywa LGBT Strike
- Monywa People’s Strike Steering Committee
- Monywa Women Strike
- Monywa-Amyint Road Strike Leading Committee
- Monywa-Amyint Road Women Strike
- Multi-Religions Strike
- Mya Taung Strike
- Myanmar Institute of Information Technology Students’ Strike
- Myanmar Labor Alliance (MLA)
- Myanmar Muslim Revolution Force-MMRF
- Myanmar People Alliance (Shan State)
- Myaung Youth Network
- MyaYar Knowledge Tree
- Myingyan Civillian Movement Committee
- Nar Sin Say
- Network for Human Rights Documentation-Burma (ND-Burma)
- Network of University Student Unions – Monywa
- 12 Basic Education Branch High School (Maharaungmyay) Students’ Union
- NOK Information & Scout Echo
- North Dagon & East Dagon News
- OCTOPUS
- Oway Institute (အိုးဝေ ပညာရေးအဖွဲ့)
- Pale Township People’s Strike Steering Committee
- Pa-O National Federal Council
- People’s Hope Spring Revolution (PHSR)
- Progressive Voice
- Pyi Gyi Tagon Strike Force
- Rangoon Scout Network -RSN
- Representative Committee of University Teacher Associations (RC of UTAs)
- Rohingya Youth Development Forum (RYDF)
- Samgha Sammaga-Mandalay
- Save and Care Organization for Ethnic Women at Border Areas
- Seinpann Strike
- Shwe Pan Kone People`s Strike Steering Committee
- Sitt Nyein Pann Foundation
- Sone See Yar (Volunteer Group)
- South Dagon Scouting Infos (SDG)
- Southern Dragon Myanmar
- Spring Revolution Restaurant (SRR )
- Student Union Representatives Committee-SURC
- Tamwe Nway Oo Channel
- Taze Strike Commitee
- Taze Women Strike
- Thaketa & Dawbon Scout Channel
- Thakhin Kodaw Mhine Peace Network (Monywa)
- Thayat Chaung Women Strike
- The 88 Generation Peace and Open Society (Myanmar)
- The 88 Generation Peace and Open Society (Monywa)
- Townships Information Community – TIC
- Twitter Team for Revolution (TTFR)
- University Students’ Unions Alumni Force
- Volunteers in Myanmar
- Wetlet Revolution Leading Committee
- Wetlet Twonship Women Strike
- White Coat Society Yangon (WCSY)
- Women Alliance Burma (WAB)
- Yadanabon University Students’ Union (YDNBUSU)
- Yangon Public Relations
- Yangon Women Strike
- Yasakyo Township People`s Strike Steering Committee
- Yinmarpin and Salingyi All Villages Strike Committee
- Youth for democratization of Myanmar (UDM)
- Youth Scout For Democracy (YSD)
- Z Fighter News
Netherlands
- Netherlands Myanmar Solidarity Platform
- Support Group for Democracy in Myanmar (Netherlands)
New Zealand
- 8888 Generation (New Zealand)
- All Burma Democratic Face in NewZealand
- Auckland Kachin Community NZ
- Auckland Zomi Community
- Burmese Community Group (Manawatu, NZ)
- Burmese Rohingya Welfare Organisation New Zealand
- Chin Community of Auckland
- Citizen of Burma Award -New Zealand
- Dunedin Myanmar Community New Zealand
- Federal Myanmar Benevolence Group (NZ)
- Karenni Society New Zealand
- Kayan International Network-New Zealand
- Myanmar Community Christchurch New Zealand
- Myanmar Engineers-New Zealand
- Myanmar Gonye (New Zealand)
- Myanmar Students’ Union in New Zealand
- National Advocacy Group – New Zealand
- Nelson Myanmar Community New Zealand
- Netherlands Myanmar Solidarity Platform
- New Zealand Doctors for NUG
- New Zealand Karen Association
- New Zealand Zo Community Inc.
- Overseas Mon Association. New Zealand
- Rvwang Community Association New Zealand
- Save Myanmar Fundraising Group (New Zealand)
- Shan Community (New Zealand)
- Support Group for Democracy in Myanmar (Netherlands)
- Wellington Chin Community ( New Zealand )
- Wellington Karenni Community – New Zealand
Norway
- Aung San Su Kyi Park, Norway
- Chin Community in Norway
- CRPH Support Group, Norway
- Democratic Party for a New Society, Norway
- Kachin Association Norway
- Karenni Association – Norway
- K’cho Ethnic Association
- Matu Burma Foundation
- Mon Association – Norway
- Myanmar Baptist Churches in Norway
- Myanmar Catholic Community In Norway
- Myanmar Community in Norway
- Myanmar Hindu Community – Norway
- Myanmar Muslim Organization – Norway
- NLD Organization Committee (International) Norway
- Norway Falam Community
- Norway Matu Community
- Norway Rawang Community
- Rohingya Community in Norway
- Youth for Democratization of Myanmar (UDM)
- Zomi Christian Fellowship of Norway
- Zomi Community Norway
Switzerland
- Association Suisse-Birmanie
- International Association, Myanmar-Switzerland (IAMS)
Thailand
- Community Resources Centre Foundation
- Dream Hope Goals (DHG)
- ETOs Watch Coalition
- Friends Against Dictatorship (FAD)
- Karen Charity And Social Group
- Karen Women’s Group
- National Alliance Bangkok
- New Power Generation
- No Boundary Supporting Group
- Palaw Supporting Group – Thailand
- Supporting Brothers
- Thailand For Burma
- The Mekong Butterfly
- Yaw Funding Thailand
- တွဲလက်ညီထောက်ပို့
- နွေဦးတော်လှန်ရေးထောက်ပို့အဖွဲ့
- မဟာမြေပြင်ထောက်ပို့ရေးအဖွဲ့
- မေတ္တာညီအစ်ကိုပရဟိတအသင်း
- ရောင်နီသစ်စီတက်လှမ်းချီ
- လူသားချင်းစာနာမှုကူညီထောက်ပံ့ရေးအသင်း
- အနာဂတ်အလင်းရောင်ပရဟိတအသင်း
- အမှောင်ကိုခွင်းအလင်းရောင်ရှိ
United Kingdom
- Burma Campaign UK
- With Myanmar UK
United States of America
- Alliance for Democracy in Myanmar (ADM)
- Anti Dictatorship in Burma – DC Metropolitan Area ( ADB – DCMA )
- Austin Myanmar Community
- Boston Free Burma
- Burmese American Democratic Alliance
- Burmese American Women Alliance
- Campaign for a New Myanmar
- Chin Community San Francisco Bay Area
- EarthRights International
- Help Myanmar
- Helping Hands for Burma (H2B) USACM
- International Campaign for the Rohingya
- Kachin Culture and Literature Association
- Los Angeles Myanmar Movement (LA2M)
- Multi-Ethnic Community
- Myanmar Diaspora for Democracy (MD4D)
- Myanmar Student Union Skyline College (ABFSU)
- New York City Burmese Community (NYCBC)
- No Business With Genocide
- Save Myanmar (USA)
- Save Myanmar San Francisco
- Sone Yay Foundation
- S. Campaign for Burma
- US Advocacy Coalition for Myanmar- USACM
- We Support NUG-NB
For more information, please contact: Blood Money Campaign Coalition: [email protected]
https://www.facebook.com/BloodMoneyCampaignMM
[1] https://actionnetwork.org/petitions/#DoMoreSingapore! Block the Myanmar junta’s access to funds, arms, equipment and jet fuel
[2] UN Special Rapporteur Billion Dollar Death
[3] Impact of arms shipped through Singapore on the people of Myanmar SRM_BDDT_IFG_Web (ohchr.org)
[4] Htoo Group’s business with the Myanmar military | Justice For Myanmar
[5] Military-linked companies procured USD millions in arms and military equipment | Justice For Myanmar
[6] Myanmar: Deadly Cargo: Exposing the supply chain that fuels war crimes in Myanmar – Amnesty International
[7] UN expert exposes $1 billion “death trade” to Myanmar military | OHCHR
[8] Key Singapore bank UOB moves to cut off Myanmar – Nikkei Asia
Download PDF in English I Burmese.