Online Press Conference
Supporting war criminals: How the largest global human rights network is legitimizing the illegal military junta in Myanmar
Civil society networks working to strengthen the promotion and protection of national human rights institutions will hold an online press conference
One of the largest human rights networks worldwide, the Global Alliance of National Human Rights Institutions (GANHRI), which is a partner of the United Nations with a Head Office in Geneva, Switzerland, has invited representatives of the Myanmar military junta to its 2023 Annual Meeting. The GANHRI’s Annual Meeting will be held in person in Geneva at the UN on 14 – 16 March 2023.
Over two years since the 1 February 2021 failed coup, the Myanmar military has committed grave crimes, including war crimes and crimes against humanity with total impunity. Over 3,000 people have been killed by the military junta and nearly 20,000 people arrested. Since 2021, the Myanmar junta has been utilizing international platforms to promote its propaganda to legitimize its illegal attempts to grab power. The Myanmar National Human Rights Commission (MNHRC), which has since February 2021 been under the control of the illegal junta and is likely to attend the meeting, has acted as an agent of the military, representing the interests of the illegitimate military junta and advancing the junta’s propagandas at regional national human rights intuition’s meetings and conferences.
The CSO Working Group on Independent National Human Rights Institution (Burma/Myanmar) and the Asian NGO Network on National Human Rights Institutions (ANNI) will hold a press conference to highlight the concerns of civil society. We will also launch an analysis paper “Accessory to the Junta’s Crimes” which evaluates the MNHRC’s actions and complicity in the junta’s failed coup in the context of Myanmar’s Spring Revolution. The panelists will discuss why GANHRI’s invitation to the junta has serious repercussions for the people of Myanmar and what actions GANHRI can take to correct its course.
When: Monday 27 February 2023, 14:30 – 15:30 Yangon Time (GMT+6:30)
Registration: https://us06web.zoom.us/webinar/register/WN_tilSDqZJRda7IerGkkxvPQ
Speakers:
Moderator:
For more information, please contact: [email protected]
[Burmese Version]
စစ်ရာဇဝတ်ကောင်များကို ပံ့ပိုးပေးခြင်း – အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်ကြီးက တရားမဝင်မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေဖို့ ဘယ်လိုကူညီလုပ်ဆောင်ပေးနေသလဲ
နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအပိုင်း ခိုင်မာအားကောင်းစေရေး လုပ်ဆောင်နေသော အရပ်ဘက်လူထုအဖွဲ့အစည်းကွန်ရက်များမှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်
ကုလသမဂ္ဂ၏ လုပ်ဖော်ကိုင်ဖက်အဖွဲ့တစ်ခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဌာနချုပ်ဖွင့်လှစ်ထားသည့် ကမ္ဘာ့အကြီးဆုံး လူ့အခွင့်အရေးကွန်ရက်တစ်ခုဖြစ်သော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) သည် ၂၀၂၃ ခုနှစ် ၎င်း၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်များကို ဖိတ်ကြားထားသည်။ GANHRI ၏ နှစ်ပတ်လည်အစည်းအဝေးကို မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဂျီနီဗာမြို့တွင် လူချင်းတွေ့ဆုံ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ကျရှုံးနေပြီဖြစ်သော အာဏာလုယူရေးကြိုးပမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ နှစ်နှစ်ကျော်တိုင်လာသည်အထိ မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများအပါအဝင် ဆိုးရွားသောရာဇဝတ်မှုပေါင်းများစွာကို အပြစ်ပေးအရေးယူ ခံရခြင်းမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကျူးလွန်လာခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုသည် လူပေါင်း ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၀,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာစစ်အုပ်စုသည် နိုင်ငံတကာပလက်ဖောင်းများကို အသုံးချပြီး ၎င်း၏ မတရားအာဏာလုယူရေး ကြိုးပမ်းမှုလုပ်ရပ်ကို တရားဝင်ဖြစ်စေရန် ဝါဒဖြန့်ချိလာခဲ့သည်။ တရားမဝင်စစ်အုပ်စုက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) သည် အပေါ်တွင်ဖော်ပြထားသော ဂျီနီဗာမြို့တွင် ပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ဖွယ်ရှိသည်။ ၎င်းသည် ဒေသတွင်း နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ အစည်းအဝေးများနှင့် ညီလာခံများသို့ ပါဝင်တက်ရောက်ပြီး စစ်အုပ်စု၏ ကိုယ်စားလှယ်သဖွယ် တရားမဝင်စစ်အုပ်စု၏ အကျိုးစီးပွားကို ကိုယ်စားပြုသည့်အပြင် စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုစစ်ဆင်ရေးအတွက် စစ်အုပ်စုသတင်းများကို လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။
အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (ANNI) တို့မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းတင်ပြသွားမည် ဖြစ်သည်။ ထို့အပြင် မြန်မာ့နွေဦးတော်လှန်ရေး အခင်းအကျင်းအတွင်း ကျရှုံးနေပြီဖြစ်သော စစ်အုပ်စု၏ အာဏာလုယူရေးကြိုးပမ်းမှုတွင် အလိုတူအလိုပါြဖစ်နေသော MNHRC ၏ လုပ်ရပ်များကို ဆန်းစစ်အကဲဖြတ်ထားသည့် “စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် အလိုတူအလိုပါခြင်း” စာတမ်းကိုလည်း မိမိတို့မှ ထုတ်ပြန်သွားမည် ဖြစ်သည်။ စစ်အုပ်စုကို ပေးပို့သော GANRHI ၏ ဖိတ်ကြားချက်က မြန်မာပြည်သူလူထုအပေါ် မည်သို့သော ဆိုးရွားကြီးမားသည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေကြောင်း နှင့် အဆိုပါအခြေအနေကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာစေရန် GANHRI အနေဖြင့် မည်သည့်လုပ်ရပ်များ လုပ်ဆောင်နိုင်ကြောင်းကို ဤသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများမှ ဖလှယ်သွားမည်ဖြစ်သည်။
ရက်စွဲ ။ ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ ရက် (တနင်္လာနေ့)
အချိန် ။ ။ မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီခွဲအထိ (မြန်မာစံတော်ချိန် GMT + 6:30)
စာရင်းပေးသွင်းရန် ။ ။ https://us06web.zoom.us/webinar/register/WN_tilSDqZJRda7IerGkkxvPQ
ပါဝင်ဆွေးနွေးမည့်သူများ
Moderator
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် : [email protected]