March 29th, 2022 •
Author:
357 Civil Society Organizations
•
9 minute read
၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို
မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားစွဲဆိုရမည်
နောက်ကျပြီးမှဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်ကြောင်း တရားဝင်အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ကြိုဆိုလိုက်သည်။
ဤဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့်အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ၎င်းတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး၊ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရခိုင်ပြည်နယ်တွင်ရှိသော ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး တို့အပါအဝင် ၎င်းတို့၏ အခွင့်အရေး ပြန်လည်အသိအမှတ်ပြုခံရရေးအတွက် ဆက်လက်ကြိုးစားလုပ်ဆောင်နေကြသည်။
ထိုရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် ကာလရှည်ကြာစောင့်စားနေခဲ့ရသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နောက်တွင် ထိုရာဇဝတ်မှုများအတွက် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ ပြုလုပ်ရေး ဦးတည်သော အရေးယူဆောင်ရွက်မှုများ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်သည်။ သို့မဟုတ်ပါက ဤဆုံးဖြတ်ချက်သည် စကားလုံးသက်သက်အဖြစ် အရာမရောက်ဘဲ ရှိနေမည့်အပြင် ၎င်း၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မူဝါဒများ ဆက်လက် အကောင်အထည်ဖော်ဆောင်နေခြင်းနှင့် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာလူဦးရေ ၆၀၀,၀၀၀ အပေါ် ဖိနှိပ်ခြင်း လုပ်ဆောင်နေရုံသာမက နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ်တွင်လည်း စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇ၀တ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်ကို ပိုမို၍ပင် အတင့်ရဲလာစေမည် ဖြစ်သည်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ယင်းစစ်တပ်ကပင် ဒီမိုကရေစီကာကွယ်ရာတွင် ရဲရင့်ပြတ်သား စည်းလုံးညီညွတ်သော မြန်မာပြည်သူများ၏ စုပေါင်းခုခံဆန့်ကျင် မှုကြောင့် ကျရှုံးနေသော ၎င်းတို့၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများ၊ မတရား အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရ စေမှုများကို ကျူးလွန်နေသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အရပ်သားပြည်သူ များအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်မှုများ အပါအဝင် မြန်မာစစ်အုပ်စု၏ စနစ်တကျ ချိုးဖောက်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာစစ်တပ်မှ ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်ဖြစ်ပြီး ယင်းကို မြန်ဆန်တင်းကျပ်သော တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ခြင်းတို့မှတစ်ဆင့်သာ ရရှိနိုင်မည် ဖြစ်သည်။
အမေရိကန်အစိုးရမှ အောက်ပါအချက်များကို လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုလိုက်သည် –
- မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်၊
- ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျုးလွန်ခဲ့သော နိုင်ငံတကာရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃)အရ ICC တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း တင်သွင်းသော မြန်မာအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြေညာစာတမ်းကို လက်ခံရေး ICC တရားရုံးအား တိုက်တွန်းရန်၊
- ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) တွင် လက်ရှိစွဲဆိုထားသည့် အမှုအား ငွေကြေးနှင့် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ အပါအဝင် တရားဝင် ထောက်ခံအားပေးရန်၊
- စစ်တပ်အား တင်းကျပ်သော တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ စုပေါင်းညီညွတ်ရေးဆိုင်ရာဥပဒေ ၂၀၂၁ ခုနှစ် (BURMA Act 2021) ကို အတည်ပြုပြဌာန်းနိုင်ရန်အတွက် ကွန်ဂရက်အား တောင်းဆိုရန်၊
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးမိတ်ဖက် များနှင့် လက်နက်ရောင်းဝယ်သူ ကွန်ရက်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ အပါအဝင် မြန်မာစစ်တပ်နှင့် ၎င်း၏ ခေါင်းဆောင်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်ရန်၊
- လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားနိုင်ငံများရှိ ရိုဟင်ဂျာများအတွက် အကူအညီအထောက်အပံ့များ တိုးမြှင့်ပေးရေး၊ နှင့် ရိုဟင်ဂျာ ကလေးသူငယ်များအတွက် ပညာရေး လက်လှမ်းမီစေရေး အပါအဝင် ရိုဟင်ဂျာဒုက္ခသည်များ လက်ခံထားရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော မူဝါဒများ ချမှတ်လာစေရေး စည်းရုံးလှုံ့ဆော်ရန်၊
- စစ်တပ်၏ အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်အလွယ်ဆုံးသော ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) ၈၈၉,၀၀၀ ကျော်ထံသို့ အကူအညီများ ရောက်ရှိစေရန်အတွက် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများတစ်ဆင့် အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ ပံ့ပိုးနိုင်ရေး ကြိုးပမ်းမှုများ ညှိနှိုင်းဆောင်ရွက်ရန်အပြင် COVID-19 တိုက်ဖျက်ရေးအတွက် တိုင်းရင်းသားနှင့် လူထုအခြေပြု လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများကို အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းနှင့် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တန်းတူသောမိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် USAID အား ညွှန်ကြားရန်၊
- မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်းရောင်းချမှု ပိတ်ဆို့ရေး ချမှတ်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ နှင့်
- မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်စေရန်အတွက် လေယာဥ်ဆီတင်ပို့ရောင်းချမှုကို ပိတ်ဆို့ရန်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ
- 8888 Generation (New Zealand)
- Action Against Myanmar Military Coup (Sydney)
- Action Committee for Democracy Development (ACDD)
- Ah Nah podcast – Conversation with Myanmar
- All Burma Democratic Face in New Zealand
- All Burma Federation of Trade Unions (ABFTU)
- All Burma Indigenous People Alliance
- All Burma Student Democratic Front – Australia Branch
- All Young Burmese League (AYBL)
- Alternative Solutions for Rural Communities (ASORCOM)
- ALTSEAN-Burma
- America Rohingya Justice Network
- American Baptist Churches USA
- American Rohingya Advocacy
- Anti-Myanmar Dictatorship Movement
- Anti-Myanmar Military Dictatorship Network (AMMDN)
- Arakan Institute for Peace and Development
- Arizona Kachin Community
- ASEAN Parliamentarians for Human Rights (APHR)
- Asia Democracy Network
- Asia Myanmar Research Institute
- Asia Pacific Solidarity Coalition (APSOC)
- Asian Dignity Initiative
- Asian Forum for Human Rights and Development (FORUM-ASIA)
- Association for the Advancement of Freedom of Religion or Belief in Vietnam (AAFoRB-VN)
- Association of Human Rights Defenders and Promoters (HRDP)
- Athan – Freedom of Expression Activist Organization
- Auckland Kachin Community NZ
- Auckland Zomi Community
- Australia Burma Friendship Association, Northern Territory
- Australia Karen Organization WA Inc.
- Australia Myanmar Doctors, Nurses and Friends
- Australia Myanmar Youth Alliance (AMYA)
- Australian Burmese Muslim Organisation
- Australian Chin Community (Eastern Melbourne Inc)
- Australian Karen Organisation (AKO)
- Bamar Community Tasmania
- Baptist World Alliance
- Blood Money Campaign
- Boat People SOS
- Burma Action Ireland
- Burma Campaign UK (BCUK)
- Burma Civil War Museum (BCM)
- Burma Human Rights Network (BHRN)
- Burma Interest Group
- Burma Lawyers’ Council (BLC)
- Burma Task Force
- Burmese American Community Institute
- Burmese American Millennials
- Burmese Community Development Collaboration (BCDC)
- Burmese Community in South Australia
- Burmese Community Support Group (BCSG)
- Burmese Democratic Forces
- Burmese Friendship Association
- Burmese Medical Association Australia (BMAA)
- Burmese Rohingya Organisation UK (BROUK)
- Burmese Rohingya Welfare Organisation New Zealand
- Burmese Women’s Union (BWU)
- Calgary Karen Community Association (CKCA)
- California Kachin Community
- Campaign for a New Myanmar
- Canberra Karen Association
- Chin Community of Auckland
- Chin Community of Western Australia Inc.
- Chin Community SA
- Chin Community Tasmania
- Chin Human Rights Organization
- Chin Leaders of Tomorrow (CLT)
- Chin Youth Organization
- Church of Scientology National Affairs Office
- Citizens of Burma Award (New Zealand)
- Clarity & Decency
- Coalition to Abolish Modern-day Slavery in Asia (CAMSA)
- CoBA New Zealand
- Committee for Religious Freedom in Vietnam
- CRPH & NUG Supporters Ireland
- CRPH Funding Ireland
- CRPH Support Group, Norway
- CRPH/NUG Support Group Australia
- CSO Committee for Peace in Tanintharyi
- Dallas Kachin Community
- Dallas Karen Baptist Church
- Danu Youth Organization
- Democracy for Burma
- Democracy for Myanmar – Working Group (NZ)
- Democracy Movement Strike Committee – Dawei
- Democracy Movement Strike Committee – Laung Lone
- Democracy, Peace and Women’s Organization – DPW
- Democratic Youth Council
- DFW Karen Community
- Dragon Dawn
- Edmonton Karen Community Youth Organization
- European Karen Network (EKN)
- European Rohingya Council
- Falam Community in South Australia
- Federal FM Mandalay
- Federal Myanmar Benevolence Group (NZ)
- Finland Karen Culture Association
- Florida Kachin Community
- Free Burma Action Bay/USA/Global
- Free Myanmar Campaign USA/BACI
- Free Rohingya Coalition
- Freedom for Burma
- Freedom, Justice, Equality for Myanmar
- Future Light Center (FLC)
- Future Thanlwin (FT)
- General Strike Committee of Nationalities – GSCN
- Generation Wave (GW)
- Georgia Kachin Community
- Global Movement for Myanmar Democracy (GM4MD)
- Global Myanmar Spring Revolution (GMSR)
- Houston Kachin Community
- Human Rights Foundation of Monland (HURFOM)
- In Defense of Human Rights and Dignity Movement (iDefend), Philippines
- India For Myanmar
- Industrial Training Centre (ITC) Family Sydney
- Info Birmanie
- Initiatives for International Dialogue (IID)
- Institute for Asian Democracy
- Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
- International Campaign for the Rohingya (ICR)
- International Karen Organisation
- International Society of Myanmar Scholars and Professionals
- Iowa Kachin Community
- Joint Action Committee for Democracy in Burma (JACDB)
- Jubilee Campaign USA
- Justice 4 Myanmar – Hope & Development
- Justice For Myanmar (JFM)
- Kachin Alliance
- Kachin American Community (Portland – Vancouver)
- Kachin Association Australia
- Kachin Association of Australia WA Inc.
- Kachin Baptist Churches USA
- Kachin Community of Indiana
- Kachin Community of USA
- Kachin National Organization USA
- Kachin Vision
- Kansas Karenni Community, KS
- Karen American Association of Milwaukee, WI
- Karen Association of Huron, SD
- Karen Community in Norway
- Karen Community in South Australia
- Karen Community of Akron, OH
- Karen Community of Canada (KCC)
- Karen Community of Czech Republic
- Karen Community of Finland
- Karen Community of Hamilton
- Karen Community of Iowa, IA
- Karen Community of Ireland
- Karen Community of Israel
- Karen Community of Kansas City, KS & MO
- Karen Community of Kitchener & Waterloo
- Karen Community of Leamington
- Karen Community of Lethbridge
- Karen Community of London
- Karen Community of Minnesota, MN
- Karen Community of North Carolina, NC
- Karen Community of Ottawa
- Karen Community of Regina
- Karen Community of Saskatoon
- Karen Community of Thunderbay
- Karen Community of Toronto
- Karen Community of Windsor
- Karen Community of Winnipeg
- Karen Community Society of British Columbia (KCSBC)
- Karen Environmental and Social Action Network (KESAN)
- Karen Human Rights Group (KHRG)
- Karen Organization of America
- Karen Organization of Illinois, IL
- Karen Peace Support Network (KPSN)
- Karen Rivers Watch
- Karen Swedish Community (KSC)
- Karen Thai Group
- Karen Women’s Organization
- Karen Youth Education Pathways
- Karen Youth Networks
- Karen Youth of Norway
- Karen Youth of Toronto
- Karen Youth Organization
- Karenni Civil Society Network
- Karenni Community of Arizona, AZ
- Karenni Community of Arkensas, AK
- Karenni Community of Austin, TX
- Karenni Community of Bowling Green, KY
- Karenni Community of Buffalo, NY
- Karenni Community of Chicago, IL
- Karenni Community of Colorado, CO
- Karenni Community of Dallas, TX
- Karenni Community of Des Moines, IA
- Karenni Community of Florida, FL
- Karenni Community of Fort Worth, TX
- Karenni Community of Georgia, GA
- Karenni Community of Houston, TX
- Karenni Community of Idaho, ID
- Karenni Community of Indianapolis, IN
- Karenni Community of Massachusetts, MA
- Karenni Community of Michigan, MI
- Karenni Community of Minnesota, MN
- Karenni Community of Missouri, MO
- Karenni Community of North Carolina, NC
- Karenni Community of Portland, OR
- Karenni Community of Rockford, IL
- Karenni Community of San Antonio, TX
- Karenni Community of Sioux Falls, SD
- Karenni Community of Utah, UT
- Karenni Community of Utica, NY
- Karenni Community of Washington, WA
- Karenni Community of Wisconsin, WI
- Karenni Federation of Australia
- Karenni Human Rights Group
- Karenni National Women’s Organization
- Karenni Society New Zealand
- Karenni Society of Omaha, NE
- Karenni/Kayah Community
- Karenni-American Association
- Kayan Women’s Organization
- Kayin Community Tasmania
- Keng Tung Youth
- Kentucky Kachin Community
- Korea Karen Organization
- Korea Karen Youth Organization
- Kyae Lak Myay Organization
- Kyaukse University Interim Administrative Council
- Kyaukse University Students’ Union
- La Communauté Birmane de France (France)
- LA Rohingya Association
- League for Democracy in Burma
- LGBT Union Mandalay (လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ)
- Loka Ahlinn – Social Development Network
- Louisiana Kachin Community
- Mandalay Regional Youth Association
- Maryland Kachin Community
- Matu Chin Community in Australia
- Metta Campaign Mandalay
- Michigan Kachin Community
- Milk Tea Alliance (Calendar Team)
- Milwaukee Myanmar Christian Church
- Mindat Chin Community NSW
- Mindat Community in Australia
- Minnesota Kachin Community
- Mizo Community in Australia
- Mizo Society of America
- Mon Families Group
- Mon National Council
- MSI – Myanmar Secrect Information
- Muslim Youth Network
- Myanmar Accountability Project
- Myanmar Advocacy Coalition
- Myanmar Buddhist Community of South Australia
- Myanmar Community Coffs Harbour (MCC)
- Myanmar Cultural Research Society (MCRS)
- Myanmar Democracy and Peace Committee (Australia)
- Myanmar Democratic Movement (MDM)
- Myanmar Engineering Association of Australia (MEAA)
- Myanmar Engineers – New Zealand
- Myanmar Gonye (New Zealand)
- Myanmar People Alliance (Shan State)
- Myanmar People Residing in Canberra
- Myanmar Professionals Association Australia (MPAA)
- Myanmar Students’ Association Australia (MSAA)
- Myanmar Students’ Union in New Zealand
- Nationalities Alliance of Burma USA
- Netherlands-Myanmar Solidarity Platform
- Network for Advocacy Action
- Network for Human Rights Documentation – Burma (ND-Burma)
- New York Kachin Community
- New Zealand Doctors for NUG
- New Zealand Karen Association
- New Zealand Zo Community Inc.
- NLD Solidarity Association (Australia)
- No Business With Genocide
- North Carolina Kachin Community
- Nyan Lynn Thit Analytica
- Olive Organization
- Omaha Kachin Community
- Oversea Karen Organization Japan
- Overseas Mon Association – New Zealand
- Pa-O Women’s Union
- Pa-O Youth Organization
- Peacock Generation Youth Empowerment Society
- Pennsylvania Kachin Community
- People’s Empowerment Foundation (PEF)
- Perth Myanmar Youth Network
- Probono Lawyer Network
- Progressive Voice
- PWVB (Patriotic War Veterans of Burma)
- Pyithu Gonye (New Zealand)
- Queensland Kachin Community (QKC)
- Queensland Myanmar Youth Collective (QMYC)
- Queensland Rohingya Community
- Red Campaign Nirvana Exhortation Group
- Regina Karen Community
- Remonya Association of WA (Mon Community)
- Rohingya Action Ireland
- Rohingya Youth Association
- Rvwang Community Association New Zealand
- RW Welfare Society (RWWS)
- Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
- SAVE MYANMAR (San Francisco)
- Save Myanmar Fundraising Group (New Zealand)
- SEA-Junction
- Shan Community (New Zealand)
- Shan MATA
- Shwe Youth Democratic Alliance (SYDA)
- Sisters 2 Sisters
- Sitt Nyein Pann Foundation
- South Carolina Kachin Community
- Southcare Medical Centre
- Southern Youth Development Organization
- Students for Free Burma
- Support for Myanmar
- Support Group for Democracy in Myanmar (Netherlands)
- Support the Democracy Movement in Burma
- Sydney Friends for Myanmar Unity
- Synergy – Social Harmony Organization
- Ta’ang Legal Aid
- Ta’ang Women’s Organization (TWO)
- Tanintharyi MATA
- Tanintharyi Women’s Network
- Tennessee Kachin Community
- Thai Allied Committee with Desegregated Burma Foundation (TACDB)
- The Institution of Professional Engineers Myanmar
- The Sentry
- Thint Myat Lo Thu Myar Organization
- TINT KYWE
- Twitter Team for Revolution
- U.S. Campaign for Burma
- Union Aid Abroad-APHEDA
- Union of Karenni State Youth
- Unitarian Universalist Service Committee
- United Myanmar Community of South Australia
- United States Advocacy Coalition for Myanmar (USACM)
- United States Chin Coalition (USCC)
- University Muslim Students Network- Myanmar
- Victorian Burmese Care Community (VBCC)
- Victorian Myanmar Youth
- Vietnam Coalition Against Torture
- Vietnamese Women for Human Rights
- Virginia Kachin Community
- Washington Kachin Community
- We Change
- We Pledge CDM (Australia)
- West Virginia Kachin Community
- Western Australia Myanmar Democratic Network
- Wisdom Light Education
- Women Activists Myanmar (WAM)
- Women Advocacy Coalition-Myanmar (WAC-M)
- Women Development Society
- Women’s League of Burma (WLB)
- Yadanar Foundation
- Zo Community in Australia
- Zomi Association Australia Inc.
- Zomi Community Queensland
- Zomi Community South Australia
- မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
- အမျိုးသမီးမဟာမိတ်အင်အားစု (Women Alliance Burma)
- ဧရာဝတီကရင်လူငယ်
English Version.
PDF ဖိုင်များဖြင့် ရယူရရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ