တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က ဗိုလ်ကြီး အောင်မျိုးထက် ပြည်သူ့ဘက်ကို ကူးပြောင်းရောက်ရှိ

October 23rd, 2021  •  Author:   Captain Aung Myo Htet (Myanmar CDM Soldier)  •  1 minute read
Featured image

တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က ဗိုလ်ကြီး အောင်မျိုးထက် ပြည်သူ့ဘက်ကို ကူးပြောင်းရောက်ရှိ

By RFA

■ လက်ရှိ အာဏာသိမ်းစစ်တပ်ထဲမှာ ရှိတဲ့ စစ်သွေးကြွအရာရှိ ၇ဝ ရာခိုင်နှုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သစ္စာခံမှာ ဖြစ်ပေမယ့် ကျန်တဲ့အရာရှိ ၃ဝ ရာခိုင်နှုန်းအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်ချက်ခိုင်မာမှုနဲ့ ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကြောင့် နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်မှာဖြစ်တယ် လို့ တပ်မ (၆၆) လက်အောက်ခံ ခြေလျှင်တပ်ရင်း (၈ဝ) ကနေ ဒီရက်ပိုင်းအတွင်း ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်ကြီး အောင်မျိုးထက် က ပြောပါတယ်။ စကစ လက်အောက်ခံတပ်ဖွဲ့တွေဟာ စိတ်ဓာတ်ပျက်ပြားနေကြပြီဖြစ်သလို စစ်ပန်းနေကြပြီလို့လည်း သူကပြောပါတယ်။ လွတ်မြောက်နယ်မြေရောက် ဗိုလ်ကြီး အောင်မျိုးထက် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။


Original Post: RFA