Mytel ၊ Viettel နှင့် စီးပွားရေးလုပ်ငန်းများ၏ ကမ္ဘာအနှံ့ ကွန်ရက်တစ်ရပ်မှ မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများ ကျုးလွန်မှုကို အားပေးကူညီနေပုံ
သတင်းနှင့် ဆက်သွယ်ရေးကဏ္ဍအတွင်း မြန်မာစစ်တပ်၏ စနစ်အတွင်းလှိုက်စားနေသာ အကျင့်ပျက်ခြစားမှုအပေါ် Justice For Myanmar ၏ အသေးစိတ် စုံစမ်းစစ်ဆေးမှုက စစ်တပ်၏ အများပြည်သူပိုင်ပစ္စည်းများ ခိုးယူမှုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ပစ္စည်းဝယ်ယူစုဆောင်းမှု ကွန်ရက်အသစ်ကို ဖေါ်ထုတ်ပြသ၍ မြန်မာစစ်တပ်မှ စစ်ရာဇဝတ်မှုများနှင့် လူသားဖြစ်မှုအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ ဆက်လက်ကျုးလွန်နိုင်စေရန် စီးပွားရေးလုပ်ငန်းများ၏ ကမ္ဘာအနှံ့ကွန်ရက်က ပူးပေါင်းကြံစည်မှုကို ထုတ်ဖေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးများအား ဆန်းစစ်မှုက တရုတ်အပေါ် အာရုံစိုက်နေချိန်တွင် ဗီယက်နမ်နှင့် မြန်မာစစ်တပ်တို့က အန္တရာယ်ကြီးသော ဗျုဟာမြောက် ကုန်သွယ်မှု ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ခဲ့ကြသည်။ ဗီယက်နမ်စစ်တပ်၏ စီးပွားရေးလုပ်ငန်းများ အုပ်စုကြီး Viettel မှ အရာရှိများသည် လျို့ဝှက်သော စစ်တပ်အခြေခံအဆောက်အအုံအား ထိန်းသိမ်းလုပ်ဆောင်နေပြီး စစ်သုံးနှင့် နှစ်မျိုးသုံးနည်းပညာများကို လွှဲပြောင်းပေးနေကာ မြန်မာစစ်တပ် အခြေစိုက်စခန်းများ၌ လှုပ်ရှားလည်ပတ်နေသည်။ ဤကိစ္စများကို (မြန်မာ) အရပ်သား အစိုးရမှ လက်လှမ်းမမီပါ။
မြန်မာပြည်၏ မိုဘိုင်း အော်ပရေတာသစ် Mytel က စစ်တပ်အတွက် ပုံမှန်ဘတ်ဂျက်စာရင်းတွင် မဝင်သော အမြတ်အစွန်းကြီးမားသည့် ဘဏ္ဍာငွေ အရင်းအမြစ်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး နည်းပညာနှင့် ချေးငွေများအား လက်လှမ်းမီစေမည့် နည်းလမ်းများကို ထောက်ပံ့ပေးထားသည်။
အကျင့်ပျက်ခြစားမှု ဆက်ထုံးများ၊ အလွဲသုံးစားပြုမှု လမ်းကြောင်းများထဲတွင် ထုတ်ဖေါ်ထားသည့် သတင်းအချက်အလက်များသည် လွတ်လပ်စွာ ရယူနိုင်သော အရင်းအမြစ်မှ အချက်အလက်များနှင့် အဖွဲ့တွင်းဆိုင်ရာ ဖိုင်တွဲများကို Viettel Construction Myanmar (VCM) က အွန်လိုင်းပေါ်၌ အမှတ်တမဲ့ ထုတ်ပြန်မိရာမှ ဖြစ်ပွားခဲ့သော ဒေတာများ ကျိုးပေါက်မှုတစ်ခုစီက ရရှိလာသော Mytel နှင့် သက်ဆိုင်သည့် လျို့ဝှက်ဖိုင်တွဲများအပေါ်တွင် အခြေခံပါသည်။