ထိုင်းက ဦးဆောင်တဲ့ မြန်မာအ့ရေးအလွတ်သဘောဆွေးနွေးပွဲတစ်ခု ဒီဇင်ဘာမှာလုပ်ဖို့ ရှိတာကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကလည်း သဘောတူထားပါတယ်။ အာဆီယံမှာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအထူးသံတမန် လည်းရှိနေပြီး မြန်မာ့အရေး ဖြေရှင်းရာမှာ တိုင်းတာချက်တစ်ခုအဖြစ် ထားရှိတဲ့ ဘုံဘဘောထားငါးချက်လည်းရှိထားချိန်မှာ ထိုင်းက ဘာကြောင့် မြန်မာ့အရေးမှာ တက်တက်ကြွကြွ ပါဝင်ဖို့ ဖြစ်လာတာပါလဲ။ ပြီးတော့ ဒီဆွေးနွေးပွဲကိုမြန်မာ့အရေး ပြန်သုံးသပ်မယ့် အစည်းအဝေးအသစ်တစ်ခုလို့လည်း ပြောထားတော့ ဘယ်လိုချဥ်းကပ်မှုအသစ်တွေ တွေ့လာရဖို့ရှိပါသလဲ။ ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ၊ အာဆီယံနဲ့ ကုလအရေးကျွမ်းကျင်သူ ဒေါ်ခင်ဥမ္မာကို ဘီဘီစီက မေးကြည့်ထားပါတယ်။