ကုလလုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာအပါအဝင် လူနည်းစုတိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့၊ ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၈၉ ဖွဲ့က တိုက်တွန်း တောင်းဆို

27 June 2024

The Arakan Express News

ဇွန် ၂၇၊ AEN

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေကို အကာအကွယ် ပေးဖို့အတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၈၉ ဖွဲ့က တဲ့ အိတ်ဖွင့်စာ ပေးပို့ကာ  ဒီကနေ့ ဇွန်လ ၂၇ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အဆိုပါအရပ်ဖက်အဖွဲ့အစည်းတွေထဲမှာ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုမှ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် အမည်မဖော်လိုတဲ့ အဖွဲ့အစည်း ၈ ဖွဲ့အပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဖက်လုထူ အဖွဲ့အစည်း ၈၉ ဖွဲ့က ပါဝင်ကာ လက်မှတ်ရေးထိုးပြီး တိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ အရေးပေါ်အစည်းအဝေး တစ်ရပ် ချက်ချင်းခေါ်ယူပြီး မြန်မာနိုင်ငံတစ်ဝှမ်း တိုးပွါးလာနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတိုင်းရင်းသားတွေ အပါအဝင် မြန်မာတစ်နိုင်လုံး ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် အရေးယူဆောင်ရွက်မှု တစ်ရပ် ညှိနှိုင်းလုပ်ဆောင်ဖို့  အောက်ပါလက်မှတ်ထိုးထားတဲ့ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၈၉ ဖွဲ့က အခိုင်အမာတိုက်တွန်းတောင်းတွန်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ စစ်အုပ်စုအပေါ်  စီးပွားရေးအရ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်နဲ့ လေယာဥ်လောင်စာဆီ တင်ပို့ရောင်းချမှုကို ပိတ်ဆို့တားဆီးမှုတွေနဲ့ မြန်မာနိုင်ရဲ့ အကျပ်အတည်းကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC)ကို လွှဲပြောင်းပေးတာ (ဒါမှမဟုတ်) ရာဇ၀တ်ခုံရုံးတစ်ခု ထူထောင်ပေးတာတွေပါ၀င်တဲ့ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အမြန်ဆုံး ချမှတ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုချက်ထဲမှာ ပါရှိပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia