အာဆီယံနှင့် ကုလသမဂ္ဂတို့သည် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အသစ်သစ်သော အခြေအနေအရှိတရားများအား သတိပြုသိရှိလာကာ တုံ့ပြန်ဆောင်ရွက်ရမည်

21 June 2024

Special Advisory Council for Myanmar

အာဆီယံနှင့် ကုလသမဂ္ဂတို့သည် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အသစ်သစ်သော အခြေအနေအရှိတရားများအား သတိပြုသိရှိလာကာ တုံ့ပြန်ဆောင်ရွက်ရမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ၎င်း၏ ဘုံသဘောတူညီချက်ငါးရပ်  (5PC) အား ဆန်းသစ်သော နည်းလမ်းများမှတဆင့် တည်ဆောက်ရမည် ဖြစ်သကဲ့သို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည်မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးများနှင့်စပ်လျင်းသည့် ချမှတ်အံ့ဆဲဖြစ်သော၎င်း၏ဆုံးဖြတ်ချက်သည် ကြီးမားပြင်းထန်သည့် မြေပြင်အခြေအနေအပေါ် မှန်ကန်တိကျစွာနှင့် ထိရောက်စွာဖြေရှင်းနိုင်စေရန်သေချာမှုပြုရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဆိုလိုက်သည်။

SAC-M အဖွဲ့၏ တည်ထောင်သူတစ်ဦးဖြစ်သော Marzuki Darusman နှင့် SAC-M အဖွဲ့ဝင်များသည် ယခုသီတင်းပတ်အတွင်း ဂျနီဗာသို့သွားရောက်ကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး ကျင်းပနေစဥ်အတောအတွင်း  အစည်းအ၀ေးပြင်ပ၌ အာဆီယံအဖွဲ့ဝင်များ၊ အကြီးပိုင်းသံအမတ်များ၊ ကုလသမဂ္ဂအရာရှိများနှင့် မြန်မာနိုင်ငံမှ အရပ်ဘက်လူ့အဖွဲ့အစည်းများတို့ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကျပ်အတည်းများ ရုတ်ခြည်း ဆင့်ကဲပြောင်းလဲနေစဥ်အတွင်း နှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ပတ်ဝန်းကျင်ဒေသအတွင်း မကြာသေးမီက လာရောက်သည့် ခရီးစဉ်အပြီးတွင် SAC-M အဖွဲ့၏ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်မှ ကျော်လွန်ရမည့် အချိန်တန်ပြီဖြစ်သည်” နှင့် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်များအား “တိုင်းပြည်အနာဂါတ်အတွက် ‘မျှော်မှန်းချက် အစီအစဥ်ဖြစ်ပေါ်စေရေး လမ်းစဥ်’ တစ်ရပ်အား ထောက်ပံ့ပေးရန်လိုအပ်သည်” ဟူ၍ မဟာမင်းကြီးမှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အင်္ဂါနေ့က ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

မြန်မာစစ်အုပ်စုသည် သုံးနှစ်တိုင်တိုင် ဆက်လက်ထိန်းသိမ်းထားနိုင်သည့် တနိုင်ငံလုံးအတိုင်းအတာ ခုခံတော်လှန်မှုများကြောင့်နဂိုအတိုင်းပြန်မဖြစ်နိုင်လောက်သည်အထိ အားနည်းသွားပြီဖြစ်ကာ နိုင်ငံအတွင်း အစိုးရအာဏာကို ကျင့်သုံးနိုင်ရန်အတွက် လိုအပ်သော ထိန်းချုပ်မှု မရှိတော့ပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ ဖြစ်ရပ်များ၏ ဦးတည်ချက်လမ်းကြောင်းအား တဖက်သတ်ဆန်စွာ ဆုံးဖြတ်ရန်မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမားပြင်းထန်သော ဥပဒေချိုးဖောက်မှုများအား နေ့စဉ်နှင့်အမျှ သတင်းအစီရင်ခံလျက်ရှိသည်။ VPN များကို ပိတ်ပင်တားမြစ်ရန် စစ်အုပ်စု၏ ကြိုးပမ်းမှုသည် ၎င်းတို့၏ ချိုးဖောက်မှုများအား သတင်းအစီရင်ခံသူများအပေါ်  ပိုမို၍ပင် ကြီးမားသောအန္တရာယ်ဖြစ်စေသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း စစ်အုပ်စု၊ အာရက္ခတပ်တော် (AA) နှင့် အခြားလက်နက်ကိုင် အဖွဲ့များမှ ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများ၊ ကျူးလွန်မှုများနှင့် ချိုးဖောက်မှုများအပေါ် ဒေသတွင်းရှိ လူမှုအသိုင်းအဝိုင်းအားလုံးမှ အစီရင်ခံတင်ပြခြင်းအရ ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေမှာ အထူးစိုးရိမ်စရာပင်ဖြစ်သည်။  ရိုဟင်ဂျာများသည် ရက်စက်ယုတ်မာမှု အန္တရာယ်များ ရင်ဆိုင်ရနိုင်ခြေ တဖန် အထူးမြင့်မားလျက်ရှိသည်။

အာဆီယံ၏ 5PC အား မင်းအောင်လှိုင်နှင့် မူလက သဘောတူခဲ့ပြီးနောက် သုံးနှစ်အကြာတွင် စစ်အုပ်စုသည် ယင်းငါးရပ်အား  ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်သော တွဲဖက်အဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။ ထို့ကြောင့်ပင် အာဆီယံသည် 5PCအား ဆက်လက်ဆီလျှော်သက်ဆိုင်မှု ရှိစေလိုပါက မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ကျယ်ပြန့်သော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဆန်းသစ်မှုရှိရှိထိတွေ့ကာ 5PC အကောင်အထည်ဖော်ရေးအတွက် လုပ်ဆောင်သင့်သည်။ [1]

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံရှိ  ရိုဟင်ဂျာနှင့် အခြား လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာနှစ်ပတ်လည် ဆုံးဖြတ်ချက်ကို လက်ရှိကျင်းပနေသည့် ၎င်း၏ ၅၆ ကြိမ်မြောက် အစည်းအဝေးတွင် ချမှတ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ ၎င်း၏ ဆုံးဖြတ်ချက်သည် ရခိုင်ပြည်နယ်၊ အထူးသဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ အခြေအနေများကို တိုက်ရိုက်ကိုင်တွယ်သင့်ပြီး၊ စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) အပါအဝင် လက်နက်ကိုင် အဖွဲ့အားလုံးအားနိုင်ငံတကာ ဥပဒေအရ ၎င်းတို့၏ တာဝန်၀တ္တရားများကို ထိန်းသိမ်းလိုက်နာရန် တောင်းဆိုသင့်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအား မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒရပ်တည်ချက်နှင့်၊ ရောမ ပြဋ္ဌာန်းဥပဒေစာချုပ် ၁၂ (၃)အရ ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အားလက်ခံထားသောအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြေညာချက်တင်သွင်းမှုအား ကြိုဆိုသင့်သည်။

အာဆီယံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့သည် မြန်မာနိုင်ငံအတွင်း ကြီးလေးသော အရေးပေါ် အခြေအနေများအပေါ်လေးနက်ထိရောက်သော အကျိုးသက်ရောက်မှုများ သို့မဟုတ်၊ အကျပ်အတည်းအတွက် ဖြေရှင်းချက်တရပ်ထွက်ပေါ်လာစေရေးအပေါ် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိပါက ၎င်းတို့အနေနှင့် မြန်မာနိုင်ငံရှိ အသစ်သစ်သောအခြေအနေအရှိတရားများအား သတိပြုသိရှိလာကာ  ဖော်ထုတ်ဖြေရှင်းရမည်ဖြစ်သည်။


Download the statement in English | Myanmar

View the original 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia