ထိုင်းလွှတ်တော်ကမြန်မာ့အရေးဆွေးနွေးပွဲအကြောင်းမေးမြန်းချက်

March 7th, 2024  •  Author:   BBC Burmese  •  1 minute read
Featured image

ထိုင်းလွှတ်တော်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ‘‘အာဏာသိမ်းပြီး ၃ နှစ်အကြာ’’ လို့ ခေါင်းစဥ်တပ်ထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကော်မတီတွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။

NUG၊KNU၊ NUCC အပါအဝင် နိုင်ငံတကာသံတမန်တွေ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံရေးနဲ့လွှတ်တော် ကအထင်ကရပုဂ္ဂိုလ်တွေတက်ရောက်ဆွေးနွေးကြပါတယ်။

နှစ်ရက်ကြာ ဒီဆွေးနွေးပွဲက ဆွေးနွေးချက်တွေ၊ ထိုင်းအစိုးရ၊လွှတ်တော်နဲ့ စစ်တပ်တို့ရဲ့ အမြင်အယူအဆတွေနဲ့ ထိုင်းအစိုးရဦးဆောင်နေတဲ့ မြန်မာအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေအကြောင်းတွေကို ‌ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ကုလရဲ့ လူ့အခွင့်အရေးနဲ့လူသားချင်းစာနာအကူအညီများအကြောင်းကျွမ်းကျင်သူလည်းဖြစ် နိုင်ငံရေးအကဲခတ်တစ်ဦးလည်းဖြစ်တဲ့ မခင်ဥမ္မာနဲ့ ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။