ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန််းလိုက်သည့် မြန်မာစစ်အုပ််စုအား ချက်ချင််းအရေးယူဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီကို အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ ခန့်တောင်းဆို

02 March 2024

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန််းလိုက်သည့် မြန်မာစစ်အုပ််စုအား ချက်ချင််းအရေးယူဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီကို အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ ခန့်တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ တရားမဝင်အသက်သွင်းလိုက်သည့် မြန်မာစစ်အုပ််စုကို ချက်ချင််းအရေးယူဆောင်ရွက်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ခုက ယမန်နေ့(မတ်လ ၁ ရက်)တွင် တောင််းဆိုသည်။

မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)မှ ချက်ချင်း အရေးယူဆောင်ရွက်ရန် အိတ်ဖွင့်ပေးစာထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

အထူးသဖြင့် ယခုလ UNSC ၏ ဥက္ကဌ ဖြစ်လာမည့် ဂျပန်နိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများနှင့် လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားရန် နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် အရေးပေါ် ခုံရုံးတစ်ခု တည်ထောင်ရန်တို့ လုပ်ဆောင်ရန်အတွက် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရေးအတွက် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် UNSC သည် ၂၀၂၂ ဒီဇင်ဘာတွင် ချမှတ်ခဲ့သော မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ၌ ဖော််ပြထားသည့်အတိုင်း အာဆီယံအား ခိုင်မာသော ကူညီပံ့ပိုးမှုများ ပေးအပ်ရန်နှင့် စစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင်ကာကွယ် စောင့်ရှောက်မှုများ အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရန် တို့အတွက် ပံ့ပိုးကူညီပေးရမည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများက တောင််းဆိုသည်။

“မြန်မာစစ်အုပ်စုက ၎င်း၏ စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးပြုလာနေသည်ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် တိကျသော အရေးယူဆောင်ရွက်မှု အမြန်ဆုံးပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်သည်” ဟု အိတ်ဖွင့်ပေးစာ၌ ပါရှိသည်။

မြန်မာနိုင်ငံမှ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်ရန် လုံခြုံရေးကောင်စီသည် ၎င်း၏ လုပ်ပိုင်ခွင့်၊ တာဝန်ရှိမှုနှင့် ၎င်းချမှတ်ထားသော ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပြီး စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန်၊ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရန် ထ့ပ်လောင်းတောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မရှိမချင်း ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည်လည်း ရနိုင်မည်မဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်အဖွဲ့အစည်းဖြစ်သည့် တရားမဝင် မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုများ အပါအဝင် ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည့်  ကြီးမားကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံရမည်ဟု ဖော်ပြသည်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia