02 March 2024
ရန်ကုန်၊ မတ်လ ၂
အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်သားစုဆောာင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံ ဒေသ တွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ နီးပါး က အိမ်ဖွင့်ပေးစာပို့ကာ တောင်းဆိုလိုက်ကြောင်း သိရသည်။
မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စာလှယ်တို့ထံ လိပ်မူ၍ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့ က အိတ်ဖွင့်ပေးစာပေးပို့ထားခြင်းဖြစ်သည်။
မြန်မာစစ်အုပ်စုမှ ပြည်သူ့စစ်မှုဥပဒေကို တရားမဝင် အသက်သွင်းလိုက်သည့် နောက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေရန် ချက်ချင်းအရေးယူဆောင်ရွက်ရန်၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် UNSC ၏ ဥက္ကဌဖြစ်လာမည့် ဂျန်ပန်နိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုနှင့် လက်နက်တင်ပို့ရောင်းချမှုတို့ကို အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်ရန်နှင့် မြန်မာနိုင်ငံ အကြပ်အတည်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး – ICC သို့ လွှဲပြောင်းပေးရန် သို့မဟုမတ် အရေးပေါ် ခုံရုံးတစ်ခုတစ်ခု တည်ထောင်ရန် တောင်ဆိုကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
UNSC သည် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် ကြေညာထားသည့်အတိုင်း အရှေ့တောင်အာရှ နိုင်ငံ များအသင်းအား ခိုင်မာသော ကူညီပံ့ပိုးမှုများ ပေးအပ်ရန်၊ စစ်အုပ်စု၏ အတင်းဓမ္မစစ်သား စုဆောင်းခြင်းနှင့် ရပ်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များသို့ ထွက်ပြေးတိမ်းရှောင်နေရသော မြန်မာပြည်သူများအတွက် တရားဝင် အကာကွယ်စောင့် ရှောက်မှုများ အမြန်ဆုံး စီမံဆောင်ရွက်ရန်တို့အတွက် ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း အသိပေးထား သည်။
စစ်အုပ်စု၏ အတင်းအဓမ္မစစ်မှု ထမ်းခိုင်းရေး ကြိုးပမ်းချက်သည် ယခင်မကြုံဖူးသောနိုင်ငံ တစ်ဝှမ်းရှိ စစ်သားများ၏ အကြမ်းဖက်လုပ်ရပ်များကို ပိုမိုဆိုးရွားလာပြီး လူထုက ၎င်းတို့လုပ်သမျှကို နာခံလာ စေရန်၊ အကြောက်တရားလွှမ်းမိုးစေရန်၊ ပြည်သူအချင်းချင်း သတ်ဖြတ်စေရန်၊ တိုင်းရင်းသားများ အကြား ပဋိပက္ခများနှ့င်ဘာသာရေးတင်းမာမှုများကို မီးထိုးပေးရန် စိတ်ဓာတ်စစ်ဆင်ရေး အနေဖြင့် အတင်းအကြပ်အကောင်အထည်ဖော်လာခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
ယင်းလုပ်ရပ်သည် ညှာတာမှုကင်းမဲ့သော လုပ်ရပ်ဖြစ်ပြီး မြန်မာစစ်တပ်၏ စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသည့် သမိုင်းတွင်ခဲ့သော ကလေးစစ်သားစုဆောင်းမှုများကဲ့သို့ ယခုအချိန်တွင်လည်း စစ်မှု ထမ်းအသစ်များကို လူသားဒိုင်းများ၊ ပေါ်တာများနှင့် ရှေ့တန်းတိုက်ခိုက်ရေးသမားများအဖြစ် အသုံးချကာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုတိုးမြှင့်ရန် တွက်ချက်သည့် လုပ်ရပ်ဖြစ် ကြောင်း ထင်ရှားပေါ်လွင်နေကြောင်း အရပ်ဘက်လူထုအဖွဲ့များက ပြောဆိုသည်။
စစ်အုပ်စု၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းသည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင်တောင်းဆိုထားသည့် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည့် အချက်နှင့်လုံးဝဆန့်ကျင်နေသည်ဟု ဆိုသည်။
ဇန်နဝါရီလက နေပြည်တော်သို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှည် သွားရောက်ခဲ့မှု၊ ဖေဖော်ဝါရီ လဆန်းတွင် အာဆီယံက ထောက်ခံမှုပေးသည့် လူသားချင်းစာနာထောင်ထားမှု အကူ အညီပေးရေးစင်တာကို ထိုင်းနိုင်ငံကြေညာမှုအပြီး မရှေးမနှောင်းတွင် မြန်မာစစ်အုပ်စုက အတင်း အဓမ္မစစ်မှုထမ်းရေး လုပ်ဆောင်လာခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်များသည် စစ်အုပ်စုအား မှားယွင်း သော တရားဝင်မှု ပေးခြင်းနှင့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းမှတဆင့် အကြမ်းဖက်မှုများကို ပိုပို အတင့်ရဲစွာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောကြား သည်။
အာဆီယံ၏ ထိရောက်မှုမရှိသော လုပ်ဆောင်မှုများသည် စစ်အုပ်စုမှ ပြစ်ဒဏ်ပေး အရေးယူခံရ ခြင်း လုံးဝမရှိဘဲ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ပိုမို ကျူးလွန်ခွင့်ပေးနေသည့်အပြင့် အာစီ ယံ၏ ကြံရာပါ ဖြစ်မှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ ထို့အပြင် စစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ခံနေရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးမည့် နိုင်ငံ၏ ချဉ်းကပ်မှုတွင် မြန်မာစစ်တပ်၏ လုံခြုံရေး ယန္တရားအစိတ်အပိုင်းတစ်ခုဖြစ်သည့် ကြက်ခြေနီအသင်းပါဝင်နေသဖြင့် အထူးစိုးရိမ်ပူမိကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်းများက ထောက်ပြထားသည်။
သို့ဖြစ်ပါ၍ UNSC အနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက် စေသည့် အာဆီယံနှင့် ၎င်း၏ချဉ်းကပ်မှုကို ဆက်လက်ခွင့် မပြုသင့်တော့ပဲ လူသားလုံခြုံရေးနှင့် အ ရပ်သားများအပေါ် အကာအကွယ်ပေးရေးဆိုင်ရာ ၎င်း၏ လမ်းညွှန်အခြေခံမူအရ အတင်းအဓမ္မ စစ်မှု ထမ်းစေခြင်းနှင့်ရက်စက်ကြမ်းကြုတ်မှုများအပါအဝင် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များမှ ထွက် ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင်မှု အကာအကွယ်ပေးရန် ဒေသတွင်းရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရာဇဝတ်အဖွဲ့အစည်းဖြစ်သော မြန်မာစစ်တပ်သည် ယခုအခါ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် အွန်လိုင်းလိမ်လည်မှု စင်တာများ မွေးဖွာရာနှင့် ၎င်းတို့၏ အကျိုးအမြတ်ဖြစ်ထွန်း စေမည့် လူကုန်ကူးမှုများကို အကျိုးဆောင်ပေးလျက်ရှိပြီး ဒေသတွင်းနှင့် ဒေသတွင်းကိုကျော်လွန် လျက်ရှိ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အပြင်းအထန်ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.