Statement 828 Views

မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်း အရေးယူဆောင်ရွက်ရန်

March 1st, 2024  •  Author:   398 Civil Society Organizations  •  8 minute read
Featured image

သို့

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ
မိတ္တူ – ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်များ
ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်

ရက်စွဲ။             ။ ၂၀၂၄ ခုနှစ်၊ မတ်လ၊ ၁ ရက်

အကြောင်းအရာ။           ။ မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်း အရေးယူဆောင်ရွက်ရန်။  

လေးစားရပါသော ဂုဏ်သရေရှိ လူကြီးမင်းများရှင့်/ခင်ဗျား

မြန်မာစစ်အုပ်စုမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်သည့်နောက်တွင် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၈ ဖွဲ့တို့မှ တောင်းဆိုလိုက်သည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် မတ်လတွင် UNSC ၏ ဥက္ကဌ ဖြစ်လာမည့် ဂျပန်နိုင်ငံ အနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများနှင့် လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားရန်၊ နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် အရေးပေါ် ခုံရုံးတစ်ခု တည်ထောင်ရန်တို့ လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂကြေညာစာတမ်း၏ အခန်း ၇ အောက်တွင် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရေးအတွက် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ ထို့အပြင် UNSC သည် ၎င်း၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် ကြေညာထားသည့်အတိုင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အား ခိုင်မာသော ကူညီပံ့ပိုးမှုများ ပေးအပ်ရန်နှင့် စစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင်ကာကွယ် စောင့်ရှောက်မှုများ အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရန် တို့အတွက် ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။

စစ်အုပ်စုသည် ယခင်စစ်အာဏာရှင်က ၂၀၁၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သော  ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်  ထုတ်ပြန်ကြေညာ ခဲ့သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ် အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ် အမျိုးသမီးများမှာ စစ်သားစုဆောင်းခံရနိုင်သည့် အန္တရာယ်များ ရှိလာနေပြီး ကျွမ်းကျင်သူ ဖြစ်ပါက အမျိုးသားဖြစ်လျှင် အသက် ၄၅ နှစ်နှင့် အမျိုးသမီးဖြစ်လျှင် အသက် ၃၅ နှစ်အထိ အသီးသီးထပ်မံ တိုးချဲ့ထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဤအတင်းအကျပ် စစ်မှုထမ်းခြင်းအတွက် လူဦးရေ ၁၄ သန်းခန့် ရှိသည်ဟု ခန့်မှန်းထားပြီး ထိုသူများသည် စစ်အုပ်စု၏ တရားမ၀င်ကြေညာထားသော လက်ရှိအရေးပေါ် အခြေအနေအောက်တွင် ငါးနှစ်အထိ စစ်မှုထမ်းကြရမည် ဖြစ်သည်။ စစ်မှုထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပါက ထောင်ဒဏ် ငါးနှစ်အထိ သို့မဟုတ် မြောက်များသောငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည် ဖြစ်သည်။ ထို့အပြင် စစ်အုပ်စုသည် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ဆိုနိုင်သည့် မတရား အာဏာကိုလည်း ရယူထားသည်။

စစ်အုပ်စု၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေး ကြိုးပမ်းမှုသည် ယခင်က မကြုံဖူးသော နိုင်ငံတစ်ဝှမ်းရှိ ၎င်း၏အကြမ်းဖက်မှုလုပ်ရပ်များကို ပိုမိုဆိုးရွားလာစေသည်။ စစ်အုပ်စုသည် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများအား လျင်မြန်စွာ ရှုံးနိမ့်လာနေသည့်အပေါ် လူထုက ၎င်းတို့လုပ်သမျှ နာခံလာစေရန်၊ အကြောက်တရားလွှမ်းမိုးစေရန်၊ ပြည်သူများ ၎င်းတို့၏ အသိတရားနှင့်ဆန့်ကျင်လျက် အချင်းချင်းသတ်ဖြတ်စေရန်၊ နှင့် တိုင်းရင်းသားများအကြား ပဋိပက္ခများနှင့် ဘာသာရေးတင်းမာမှုများကို မီးထိုးပေးရန်အတွက် စိတ်ဓါတ်စစ်ဆင်ရေးအနေဖြင့် ဤစစ်မှုထမ်းဥပဒေကို အတင်းအကျပ် အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ ဤညှာတာမှုကင်းမဲ့သောလုပ်ရပ်သည် မြန်မာစစ်တပ်၏ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့်သမိုင်းတွင် နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အထူးသဖြင့် အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှုများ လုပ်ဆောင်ခဲ့သကဲ့သို့ပင် ယခုအချိန်တွင်လည်း  စစ်မှုထမ်းအသစ်များကို လူသားဒိုင်းများ၊ ပေါ်တာများနှင့် ရှေ့တန်းတိုက်ခိုက်ရေးသမားများအဖြစ် အသုံးချကာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လုပ်ဆောင်ရန် တွက်ချက်ထားသည့်လုပ်ရပ်ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားပေသည်။  စစ်အုပ်စု၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေးသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တွင် တောင်းဆိုထားသည့် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရမည် ဆိုသည့်အချက်နှင့် လုံးဝ ဆန့်ကျင်နေသည်။

ပထမအသုတ်အနေဖြင့် အမျိုးသားဦးရေ ၆၀,၀၀၀ ကို အတင်းအဓမ္မစုဆောင်းရန် အစီအစဉ်သည် အရှေ့တောင် အာရှတွင် စစ်အုပ်စု၏ လုပ်ရပ်များကြောင့်  ဖြစ်ပေါ်နေသော ဆိုးရွားလှသည့် မတည်ငြိမ်မှုနှင့် လူသားလုံခြုံမှု ကင်းမဲ့နေခြင်းကို ပို၍ ဆိုးရွားလာစေမည် ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်၏ အဆိုအရ လူငယ်များသည် စစ်မှုထမ်းရန် အတွက် ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် ဖိအားပေးခံရခြင်းများ ရှိနေပြီး ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အကျယ်ချုပ်စခန်းများတွင် ရှိနေသော ရာနှင့်ချီသည့် ရိုဟင်ဂျာများမှာမူ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရခြင်း၊ စုဆောင်းခံရခြင်း သို့မဟုတ် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အတွက် အလဲအလှယ်အဖြစ် စာရင်းသွင်းရန် သွေးဆောင်ဖျားယောင်း ခံရခြင်းများ  ရှိနေသည်။ အခြားအစီရင်ခံတင်ပြမှုများတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့ရှိ ပြည်သူများမှာ စစ်မှုထမ်းရန် အဓမ္မစေခိုင်းခံနေရပြီး စစ်မှုထမ်းခြင်းမှ လွတ်မြောက်ရန်အတွက် စစ်အုပ်စုလက်အောက်ခံများကို လာဒ်ထိုးရခြင်း သို့မဟုတ် ငွေညှစ်ခံရခြင်းများကို မလွှဲမရှောင်သာ ကြုံတွေ့နေကြရသည်။ အထည်ချုပ်လုပ်သားများ ကဲ့သို့သော ဘေးဖယ်ကျဥ်ခံထားရသည့် သူများနှင့်  ဆင်းရဲနွမ်းပါးသော ပြည်သူများမှာမူ စစ်အုပ်စု၏ လုပ်သားအင်အား အချက်အလက် စုဆောင်းနေမှုကို ရှောင်လွဲရန်အတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိပေ။

တစ်ချိန်တည်းမှာပင် စစ်အုပ်စုလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာ-ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ အလုပ်သမားသစ် ခေါ်ယူမှုများကို ရပ်ဆိုင်းထားခြင်းဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ ဤလက်တွေ့ ဖြစ်ရပ်များက ၎င်းတို့၏ နိုင်ငံတကာတာဝန်များကို လိုက်နာမှုမရှိသည့် မှတ်တမ်းရှိသော အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်များနှင့် လူကုန်ကူးခံရသူများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာခြင်းကို ဦးတည်စေလိမ့်မည်ဖြစ်ပြီး လုံလောက်သော အကူအညီများနှင့် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှု မရှိခြင်း၊ နှင့် ပြန်ပို့ခံရမည့် အန္တရယ်ရှိခြင်းတို့ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

စစ်တပ်၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ မြန်မာပြည်သူများသည် မြန်မာစစ်တပ်၏ အာဏာထိန်းချုပ်ရန် ကြိုးပမ်းချက်များကို ချွင်းချက်မရှိ တညီတညွတ်တည်း ဆန့်ကျင်ခဲ့ကြသည်။ ဤကဲ့သို့ ပြည်သူတရပ်လုံး၏ ဆန့်ကျင်မှုခံရသည့် စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် မည်သည့်ဥပဒေကိုမျှ အသက်သွင်းရန် တရားဝင်အာဏာ လုံးဝ မရှိပေ။ စင်စစ်တွင် ဤအဓမ္မအသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေ နှစ်ခုစလုံး အောက်တွင် ခေတ်သစ်ကျွန်ပြုခြင်း သို့မဟုတ် အဓမ္မလုပ်အားစေခိုင်းခြင်း သက်သက်သာ ဖြစ်သည်။

ဇန္နဝါရီလတွင် နေပြည်တော်သို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် သွားရောက်ခဲ့မှု၊ ဖေဖော်ဝါရီလဆန်းတွင် အာဆီယံက ထောက်ခံမှုပေးထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာကို ထိုင်းနိုင်ငံ ကြေညာမှုအပြီး မရှေးမနှောင်းတွင်  မြန်မာစစ်အုပ်စုက ဤအတင်းအဓမ္မစစ်မှုထမ်းရေး လုပ်ဆောင်လာခြင်း ဖြစ်ကြောင်းကို မိမိတို့မှ မှတ်မှတ်သားသား သတိပြုမိသည်။ အရှေ့တောင်အာရှတွင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံရေးကို ထိန်းသိမ်းရမည့်အစား အာဆီယံ အထူးကိုယ်စားလှယ်နှင့် ထိုင်းနိုင်ငံတို့၏ ထိုလုပ်ရပ်များသည် စစ်အုပ်စုအား မှားယွင်းသော တရားဝင်မှုပေးခြင်းနှင့်  အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း မှတစ်ဆင့်  ၎င်းတို့၏ အကြမ်းဖက်မှုများကို ပိုမိုအတင့်ရဲ့စွာ လုပ်ဆောင်ခွင့်ပေးနေသည်။

အာဆီယံ၏ ထိရောက်မှုမရှိသော လုပ်ဆောင်မှုများသည် စစ်အုပ်စုမှ ပြစ်ဒဏ်ပေး အရေးယူခံရခြင်း လုံးဝမရှိဘဲ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို  ပိုမိုကျူးလွန်ခွင့် ပေးနေသည့် တစ်ချိန်တည်းမှာပင်  အာဆီယံ၏ကြံရာပါ ဖြစ်မှုကိုလည်း ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။ ထို့အပြင် စစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ခံနေရသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးမည့် ထိုင်းနိုင်ငံ၏ ချဥ်းကပ်မှုတွင် မြန်မာစစ်တပ်၏ လုံခြုံရေးယန္တရားအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပြီး ယုံကြည်၍ မရသော မြန်မာနိုင်ငံကြက်ခြေနီအသင်း ပါဝင်နေသည့်အပေါ်  မိမိတို့မှ အထူးစိုးရိမ်ပူပန်သည်။

သို့ဖြင့် UNSC အနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် အာဆီယံနှင့် ၎င်း၏ ချဥ်းကပ်မှုကို ဆက်လက်ခွင့်မပြုသင့်တော့ပေ။ လူသားလုံခြုံရေးနှင့် အရပ်သားများအပေါ် အကာအကွယ်ပေးရေးဆိုင်ရာ ၎င်း၏ လမ်းညွှန်အခြေခံမူများအရ UNSC သည် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် စစ်အုပ်စု၏ အကြမ်းဖက် လုပ်ရပ်များမှ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင် အကာအကွယ်ပေးရန် ဒေသတွင်းရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

ရာဇဝတ်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာစစ်တပ်သည် ယခုအခါ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် အွန်လိုင်းလိမ်လည်မှုစင်တာများ မွေးဖွားရာ နှင့် ၎င်းတို့အကျိုးအမြတ်ဖြစ်ထွန်းစေသည့် လူကုန်ကူးမှုများ၏  ဆုံချက်ဖြစ်သော မြန်မာနိုင်ငံတွင် ရာဇဝတ်သားများ ဦးဆောင်နေသည့်နယ်မြေများ တိုးချဲ့မှုကိုလည်း အကျိုးဆောင်ပေးလျက် ရှိသည်။ ဤစနစ်တကျ ဖွဲ့စည်းလုပ်ဆောင်နေသော ရာဇဝတ်မှုများသည် ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်လျက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အပြင်းအထန် ခြိမ်းခြောက်လျက်ရှိသည်။ ဤသို့ ဆိုးရွားသောလုပ်ရပ်များ ဖြစ်ပွားနေချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများသည် ရာဇဝတ်မှုများ ဖြစ်ပေါ်မှု အချက်အချာကျသော နေရာများကို ဖျက်သိမ်းရေးအတွက် တရုတ်နှင့် ထိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားကြပြီး ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ရာဇ၀တ်အဖွဲ့အစည်းဖြစ်သော မြန်မာစစ်တပ်ကို ဖြုတ်ချရန် နှင့်  ဤပြဿနာကို ထိထိရောက်ရောက် တိုက်ဖျက်ရန်အတွက် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံမှ တော်လှန်ရေး တပ်ဖွဲ့များကို နိုင်ငံရေးနှင့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးရမည်ဖြစ်သည်။

မြန်မာစစ်အုပ်စုက ၎င်း၏ စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးပြုလာနေသည်ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် တိကျသော အရေးယူဆောင်ရွက်မှု အမြန်ဆုံးပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်ရန် လုံခြုံရေးကောင်စီသည် ၎င်း၏ လုပ်ပိုင်ခွင့်၊ တာဝန်ရှိမှုနှင့် ၎င်းချမှတ်ထားသော ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။ လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန်၊ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရန်၊ နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် သို့မဟုတ် အရေးပေါ် ခုံရုံးတစ်ခုတည်ထောင်ရန်တို့အတွက် ကုလသမဂ္ဂ ကြေညာစာတမ်းအခန်း ၇ အောက်တွင် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ရန် မိမိတို့မှ ထပ်မံတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မရှိမချင်း ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည်လည်း မရနိုင်ပေ။ နိုင်ငံတကာ ရာဇဝတ်အဖွဲ့အစည်းဖြစ်သည့် တရားမဝင် မြန်မာစစ်အုပ်စုသည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုများ အပါအဝင် ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည့်  ကြီးမားကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံရမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် အမည်မဖော်လိုသည့် အဖွဲ့အစည်း ၉၄ ဖွဲ့ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း ၃၉၈ တို့က လက်မှတ်ရေးထိုးထားသည်။

  1. 5/ of Zaya State Strike
  2. 8888 Generation (New Zealand)
  3. Action Against Myanmar Military Coup (Sydney)
  4. Action Committee for Democracy Development (Coalition of 14 grassroots networks)
  5. Action Committee of Basic Education Students (ACBES)
  6. All Arakan Youth Orga
  7. All Aung Myay Thar San Schools Strike Force
  8. All Burma Democratic Face
  9. All Burma Democratic Front in New Zealand
  10. All Young Burmese League (AYBL)
  11. Alliance for Democracy in Burma
  12. Alliance of Students’ Union – Yangon (ASU-Yangon)
  13. ALTSEAN-Burma
  14. Ah Nah Podcast — Conversations with Myanmar
  15. Anti Dictatorship in Burma – DC Metropolitan Area (ADB-DCMA)
  16. Anti-Coup Forces Coordination Committee (ACFCC – Mandalay)
  17. Anti-Junta Alliance Yangon-AJAY
  18. Arakan CSO Network
  19. Arakan Youths Peace Network (AYPN)
  20. ASEAN Parliamentarians for Human Rights (APHR)
  21. Asia Democracy Network (ADN)
  22. Asia Justice and Rights (AJAR)
  23. Asian Cultural Forum on Development (ACFOD)
  24. Asian Forum for Human Rights and Development (FORUM-ASIA)
  25. Asian Health Institute (AHI)
  26. Association of Human Rights Defenders and Promoters (HRDP)
  27. Association Suisse-Birmanie
  28. Associazione per l’Amicizia Italia Birmania “Giuseppe Malpeli”
  29. Athan – Freedom of Expression Activist Organization
  30. Auckland Kachin Community NZ
  31. Auckland Zomi Community
  32. Aung San Suu Kyi Park, Norway
  33. Australian Karen Organisation (AKO)
  34. A-Yar-Taw People Strike
  35. Ayeyarwaddy West Development Organisation – AWDO (Magway)
  36. Ayeyarwaddy West Development Organisation – AWDO (Nagphe)
  37. Ayeyarwaddy Youth Network (AYN)
  38. Better Burma
  39. Blood Money Campaign (BMC)
  40. Burma Academy
  41. Burma Action Ireland (BAI)
  42. Burma Campaign UK
  43. Burma Canadian Network (BCN)
  44. Burma Civil War Museum
  45. Burma Human Rights Network (BHRN)
  46. Burmese Community Development Collaboration (BCDC)
  47. Burmese Community Group (Manawatu, NZ)
  48. Burmese Community Support Group (BCSG)
  49. Burmese Friendship Association
  50. Burmese Medical Association Australia (BMAA)
  51. Burmese Relief Center Japan
  52. Burmese Rohingya Organisation UK
  53. Burmese Rohingya Welfare Organisation New Zealand
  54. Burmese Women’s Union (BWU)
  55. Campaign for a New Myanmar
  56. CAN-Myanmar
  57. CDM – လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန
  58. CDM – သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
  59. CDM Medical Network (CDMMN)
  60. CDM ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ
  61. Center For Action Points
  62. Chaung Oo Township Youth Strike Committee
  63. Chin Community in Norway
  64. Chin Community of Auckland
  65. Citizen of Burma Award – New Zealand
  66. Civil Information Network (CIN)
  67. Civil Rights Defenders
  68. Coalition Strike Committee – Dawei
  69. Crane Center for Mass Atrocity Prevention
  70. Cross Cultural Foundation
  71. CRPH & NUG Supporters Ireland
  72. CRPH Funding Ireland
  73. CRPH Support Group, Norway and member organizations
  74. CRPH, NUG Support Team Germany – Deutschland
  75. Dawei Youths Revolutionary Movement Strike Committee
  76. Defend Myanmar Democracy (DMD)
  77. Democracy for Ethnic Minorities Organization
  78. Democracy, Peace and Women’s Organization
  79. Democratic Youth Council
  80. Depayin Township Revolution Steering Committee
  81. Doh Atu – Ensemble pour le Myanmar
  82. Educational Initiatives Prague
  83. Equality Myanmar (EQMM)
  84. Ethnic Youth General Strike Committee (Mandalay)
  85. Federal Corner
  86. Federal FM Mandalay
  87. Federal Myanmar Benevolence Group (NZ)
  88. Finland Myanmar Society Ry
  89. Free Burma Campaign (South Africa)
  90. Free Burma Rangers
  91. Free Rohingya Coalition
  92. Freedom and Labor Action Group (FLAG)
  93. Friends of the Earth Japan
  94. From Singapore to Myanmar (FS2M)
  95. Future Light Center (FLC)
  96. Future Thanlwin
  97. Gender Equality Network
  98. General Strike Collaboration Committee (GSCC)
  99. General Strike Committee of Basic and Higher Education (GSCBHE)
    • Basic Education General Strike Committee (BEGSC)
    • Basic Education Worker Unions – Steering Committee (BEWU-SC)
    • Representative Committee of University Teacher Associations (RC of UTAs)
  1. General Strike Committee of Nationalities (GSCN)
  2. Generation Wave
  3. German Solidarity with Myanmar Democracy e.V.
  4. Global Myanmar Spring Revolution (GMSR)
  5. Golden Heart Organization
  6. Grass-root People
  7. Green Network (Myeik)
  8. Human Rights Educators Network (HREN)
  9. Human Rights Foundation of Monland (HURFOM)
  10. India For Myanmar
  11. Industrial Training Centre (ITC) Family Sydney
  12. Info Birmanie
  13. Initiatives for International Dialogue (IID)
  14. Insight Myanmar
  15. Institute for Asian Democracy
  16. Integria, z.u (Prague)
  17. Inter Pares
  18. International Association, Myanmar-Switzerland (IAMS)
  19. International Campaign for the Rohingya
  20. International Karen Organisation
  21. Japan Campaign to Ban Landmines (JCBL)
  22. Japan Tropical Forest Action Network (JATAN)
  23. JMC Inn Lay
  24. Justice 4 Myanmar – Hope & Development
  25. Justice For Myanmar
  26. Kachin Association Australia
  27. Kachin Association Norway
  28. Kachin State Civilian Movement (KSCM)
  29. Kachin Student Union
  30. Kachin Women’s Association Thailand (KWAT)
  31. Kalay Township Strike Force
  32. Kanpetlet Land Development Association
  33. Karen Environmental and Social Action Network (KESAN)
  34. Karen Human Rights Group (KHRG)
  35. Karen Peace Support Network (KPSN)
  36. Karen Swedish Community (KSC)
  37. Karenni Association – Norway
  38. Karenni Civil Society Network (KCSN)
  39. Karenni Human Rights Group
  40. Karenni Humanitarian Responses (KHRT)
  41. Karenni National Women’s Organization
  42. Karenni Society New Zealand
  43. K’cho Ethnic Association
  44. Keng Tung Youth
  45. Kings N Queens
  46. Kyae Lak Myay
  47. Kyain Seikgyi Spring Revolution Leading Committee
  48. Kayan Rescues Committee KRC
  49. Kyauktada Strike Committee
  50. La Communauté Birmane de France
  51. LAIN Technical Support Group
  52. Latpadaung Region Strike Committee
  53. Legal Aid for Human Rights
  54. Let’s Help Each Other (LHEO)
  55. LGBT Alliance
    • LGBT Alliance Myanmar (Kalay Region)
    • LGBT Alliance Myanmar (Kyaukse Region)
    • LGBT Community Yangon
    • LGBT Union – Mandalay
    • Monywa LGBT Strike
  1. MAGGA Initiative
  2. Magway People’s Revolution Committee
  3. Magway Region Human Rights Network (MHRN)
  4. Mandalay Medical Family (MFM)
  5. Mandalay Regional Youth Association – Revolution Core Group (MRYA-RCG)
  6. Mandalay Strike Force (MSF)
    • Chanmyatharzi Township People’s Strike
    • Co-operative University Mandalay Students’ Strike
    • Daung Sitthe Strike
    • Industries Strike
    • Maharaungmyay Township People’s Strike
    • Mandalar University Students’ Strike
    • Mandalay Alliance Coalition Strike
    • Mandalay Youth Strike
    • Mandalay-based People’s Strike
    • Multi-Religions Strike
    • Mya Taung Strike
    • Myanmar Institute of Information Technology Students’ Strike
    • No.12 Basic Education Branch High School (Maharaungmyay) Students’ Union
    • Samgha Sammaga-Mandalay
    • Seinpann Strike
  1. Mandalay-Based University Students’ Unions (MDY_SUs)
  2. Matu Burma Foundation
  3. May May Yin Khwin (Mother’s Embrace) CDM Support Team
  4. MayMyo Strike Force
  5. Mekong Watch
  6. Metta Campaign
  7. Min Hla Farmers Group
  8. Minbu Farmers Group
  9. Mindat Chin Community NSW
  10. Minority Affairs Institute – MAI Myanmar
  11. Mon Association – Norway
  12. Monywa People’s Strike Steering Committee
    • All Burma Federation of Student Unions (Monywa District)
    • Civil Society Organizations Coordination Committee (Monywa)
    • Former Political Prisoners and New Generation Group – Monywa
    • Network of University Student Unions – Monywa
    • Thakhin Kodaw Mhine Peace Network (Monywa)
    • The 88 Generation Peace and Open Society (Monywa)
  1. Monywa-Amyint Road Strike Leading Committee
  2. Myanmar Accountability Project (MAP)
  3. Myanmar Action Group Denmark
  4. Myanmar anti-Military Coup Movement in New Zealand
  5. Myanmar Baptist Churches in Norway
  6. Myanmar Campaign Network
  7. Myanmar Catholic Community In Norway
  8. Myanmar Community Austria
  9. Myanmar Community Coffs Harbour (MCC)
  10. Myanmar Community Group Christchurch New Zealand
  11. Myanmar Community Group Dunedin New Zealand
  12. Myanmar Community in Norway
  13. Myanmar Cultural Research Society
  14. Myanmar Democratic Force in Denmark
  15. Myanmar Diaspora Group Finland
  16. Myanmar Emergency Fund (MEF Canada)
  17. Myanmar Engineering Association of Australia (MEAA)
  18. Myanmar Engineers – New Zealand
  19. Myanmar Gonye (New Zealand)
  20. Myanmar Hindu Community – Norway
  21. Myanmar Labor Alliance (MLA)
  22. Myanmar Muslim Organization – Norway
  23. Myanmar Muslim Revolution Force (MMRF)
  24. Myanmar People Alliance (Shan State)
  25. Myanmar Professionals Association Australia (MPAA)
  26. Myanmar Refugee Policy Group
  27. Myanmar Students’ Union in New Zealand
  28. Myaung Youth Network
  29. MyaYar Knowledge Tree
  30. Myingyan Civilian Movement Committee
  31. National Advocacy Group – New Zealand
  32. Nelson Myanmar Community Group New Zealand
  33. Network for Human Rights Documentation – Burma (ND-Burma)
  34. New Light Federation of Labor Unions Myanmar (NLF-Myanmar)
  35. New Myanmar Foundation
  36. New Zealand Doctors for NUG
  37. New Zealand Karen Association
  38. New Zealand Zo Community Inc.
  39. NLD Organization Committee (International) Norway
  40. No Business With Genocide
  41. Norway Falam Community
  42. Norway Matu Community
  43. Norway Rawang Community
  44. New Rehmonnya Federated Force (NRFF)
  45. NSW Karenni (Kayah) Communities
  46. Olive Organization
  47. Open Development Foundation
  48. Overseas Mon Association. New Zealand
  49. Oway Institute
  50. Padauk Finland-Myanmar Association
  51. Pale Township People’s Strike Steering Committee
  52. Political Prisoners Network – Myanmar (PPN-M)
  53. Politics for Women Myanmar
  54. Progressive Voice
  55. Pwintphyu Development Organisation
  56. Pyi Gyi Tagon Strike Force
  57. Pyithu Gonye (New Zealand)
  58. Rangoon Scout Network (RSN)
  59. Rohingya Action Ireland (RAI)
  60. Rohingya Community in Norway
  61. Rohingya Maìyafuìnor Collaborative Network
  62. Rohingya Southeast Asia Network (RAISA)
  63. Rohingya Union for Women Education and Development (RUWED)
  64. Rural Community Development Society
  65. Rvwang Community Association New Zealand
  66. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
  67. Save Myanmar
  68. Save Myanmar Fundraising Group (New Zealand)
  69. Save Myanmar – USA
  70. Services for the Health in Asian and African Regions
  71. Shan Community (New Zealand)
  72. Shan MATA
  73. Shwe Pan Kone People’s Strike Steering Committee
  74. Sisters 2 Sisters
  75. Sitt Nyein Pann Foundation
  76. Social Garden
  77. Southern Dragon Myanmar
  78. Southern Monitor
  79. Southern Youth Development Organization
  80. Spring Friends
  81. Spring Traveller
  82. Student Voice
  83. Sujata Sisters Group (NZ)
  84. Support 4 Myanmar
  85. Support Group for Democracy in Myanmar (The Netherlands)
  86. Sydney Friends for Myanmar Unity
  87. Synergy – Social Harmony Organization
  88. Ta Mar Institute of Development
  89. Ta’ang Women’s Organization (TWO)
  90. Ta’ang Legal Aid Foundation (TLAF)
  91. Tanintharyi MATA
  92. Taze Strike Committee
  93. Thai Action Committee for Democracy in Burma (TACDB)
  94. Thailand 4 Burma
  95. The European Rohingya Council (ERC)
  96. The Institution of Professional Engineers Myanmar (IPEM)
  97. The Ladies
  98. Township Leading Group (Winemaw)
  99. Twitter Team for Revolution (TTFR)
  100. S. Campaign for Burma
  101. Unity in Diversity Action for Youth (UDAY)
  102. University Students’ Unions Alumni Force
  103. Volunteers in Myanmar
  104. Wetlet Revolution Leading Committee
  105. White Coat Society Yangon (WCSY)
  106. Winemaw Lisu Development Association
  107. Women Activists Myanmar (WAM)
  108. Women Advocacy Coalition – Myanmar (WAC-M)
  109. Women Alliance Burma (WAB)
    • Chindwin (West) Villages Women Strike
    • Dawei (Ashaetaw) Women Strike
    • Depayin Women Strike
    • Gangaw Women Strike
    • Kalay Women Strike
    • Mandalay Women Strike
    • Monywa Women Strike
    • Monywa-Amyint Road Women Strike
    • Taze Women Strike
    • Thayat Chaung Women Strike
    • Wetlet Twonship Women Strike
    • Yangon Women Strike
  1. Women Lead Resource Center
  2. Women’s League of Burma
  3. Women’s Democratic Club, femin
  4. Women’s Peace Network
  5. Yadanabon University Students’ Union (YDNBUSU)
  6. Yasakyo Township People’s Strike Steering Committee
  7. Yinmarpin and Salingyi All Villages Strike Committee
  8. Youth Empowerment
  9. Youth for Democratization of Myanmar (UDM)
  10. Youth Heart Beams
  11. Zomi Association Australia Inc.
  12. Zomi Christian Fellowship of Norway
  13. Zomi Community Norway
  14. ကြားကာလပညာရေး (Online Federal School)
  15. တ.က.သ ကျောင်းသားဟောင်းများအင်အားစု
  16. ဒို့မြေကွန်ရက် (LIOH)
  17. ပြည်သူ့ပန်းတိုင် – People’s Goal
  18. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  19. မျိုးဆက်-Generations
  20. မရမ်းကုန်းမြို့နယ် လူစားချင်းစာနာထောက်ထားမှုဆိုင်ရာကော်မတီ
  21. ရုန်းကန်သံ
  22. သမိုင်းသစ် သယ်ဆောင်သူများ
  23. SEA Junction

PDF ဖိုင်ကို ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ