Statement 43 Views

၂၀၂၃ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့်အကျဉ်းဦးစီးဌာန၏ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ

December 30th, 2023  •  Author:   Political Prisoners Network - Myanmar  •  1 minute read
Featured image

” ပြည်သူသို့ နှစ်ကုန်အစီရင်ခံစာ”

၂၀၂၃ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့်အကျဉ်းဦးစီးဌာန၏ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံရေးသားများ၊တက်ကြွလှုပ်ရှားသူများ၊ကျောင်းသားများ၊အလုပ်သမား၊လယ်သမားများနှင့်တိုင်းရင်းသားလူမျိုးစုများကို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းများကို အကြမ်းဖက်စစ်ကောင်စီအ‌နေဖြင့် လုပ်ဆောင်နေသည်မှာ အချိန်ကာလအားဖြင့် (၃)နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို

(က)ဥပဒေမဲ့ဖမ်းဆီးချိန်၌ သော်လည်းကောင်း

(ခ)စစ်ကြောရေးစခန်းများတွင်လည်းကောင်း (ဂ)အကျဉ်းထောင်အတွင်း၌သော်လည်းကောင်း

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုကျင့် နေကြပါသည်။

၂၀၂၃ခုနှစ်တွင် အကျဉ်းထောင်များအတွင်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများကို စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနအနေဖြင့် သိသာထင်ရှားစွာကျူးလွန်ခဲ့ပြီး ဆက်လက်ကျူးလွန်လျှက်ရှိနေပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အနေဖြင့်

၁။၂၀၂၃ ခုနှစ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ

နိုင်ငံရေးအကျဉ်းသား(၁၈)ဦး

၂။ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် သေဆုံးခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၇)ဦး

၃။ဥပဒေမဲ့ ညှဥ်းပန်းနှိပ်စက်ခံရသသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၇၁၄)ဦး

၄။ထောင်ပြောင်းရွှေ့ခံရသည့်နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၈၈၃)ဦ

၅။အကျဉ်းထောင်တွင်းညှဥ်းပန်းနှိပ်စက်ပြီး တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၂၃၈)ဦး

၆။အကျဉ်းထောင်တွင်း ကလေးနှင့်အတူရှိနေသည့်

နိုင်ငံရေးအကျဉ်းသူ (၁၅)ဦးအထိ ရှိခဲ့ပါသည်။

စာရင်းကောက်ယူထားမှုအသေးစိတ်ကို ခေါင်းစဉ်တစ်ခုချင်းစီဖြင့် အသေးစိတ် ထပ်မံရေးသားတင်ပြသွားပါမည်။

မှတ်ချက်-(ယခု၂၀၂၃ခုနှစ် ပြည်သူသို့ နှစ်ကုန်အစီရင်ခံစာသည် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ချိတ်ဆက်ရရှိထားသည့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၃၆)ထောင်မှ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာမျှသာ ဖြစ်ပါသဖြင့် မြေပြင်တွင် ယခုထက်ပို၍ အရေအတွက်များပြားနိုင်ပါသည်။)

Edit (၃၁.၁၂.၂၀၂၃ရက်နေ့တွင်ထပ်တိုးစာရင်းများအား ထပ်မံဖြည့်စွက်ပြင်ဆင်ထားသည်။)

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်


View the original