“မြန်မာပြည်သူလူထုနှင့် လူ့အခွင့်အရေး”ရှေ့ပြေးအသံဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာနှင့် တွေ့ဆုံမေးမြန်းချက်

December 10th, 2023  •  Author:   Mizzima  •  1 minute read
Featured image

မဇ္ဈိမ။ ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့သည် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ၇၅ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူလူထုနှင့် “လူ့အခွင့်အရေး” ဆိုသည့် စကားရပ်ကြားမှ ပတ်သက်ဆက်နွယ်မှု အခြေအနေများအား ရှေ့ပြေးအသံဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာကို မဇ္ဈိမမှ တွေ့ဆုံမေးမြန်းထားသည်။

“လူ့အခွင့်အရေး” ဆိုသည့် စကားရပ်၏ စစ်မှန်သောအနက်အဓိပ္ပါယ်၊ မြန်မာပြည်သူများမှ လူ့အခွင့်အရေးအား စစ်စစ်မှန်မှန် ခံစားခွင့်ရခဲ့ခြင်းရှိ၊ မရှိ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ EROsများ ၊ တော်လှန်ရေးဦးဆောင်အဖွဲ့များမှ မြန်မာပြည်သူလူထုသို့ စစ်မှန်သော လူ့အခွင့်အရေး ယူဆောင်ပေးနိုင်ခြေ ရှိ၊ မရှိ စသည်တို့ကို တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။