Report 44 Views

Dwindling military strength and collapse signs of the junta. – Issue 133

December 9th, 2023  •  Author:   Burma News International , Myanmar Peace Monitor  •  1 minute read
Featured image

Military and political analysts often say that even the military leader Senior General Min Aung Hlaing himself, cannot exactly know his military strength. Some analysts estimate the military strength at 500,000 while other analysts estimate the military strength at 300,000. However, during the military coup that began in February 2021, no one can deny that the military strength has significantly decreased.

The military council has to rely more on air support and air offensives in the intensifying and wider resistance war in which the Ethnic Revolutionary Organizations (EROs) and the Spring Revolution forces have been engaging. The number of military council soldiers killed in the fighting has increased while more and more soldiers have defected to the Spring Revolution forces.

For this week, the Burma News International (BNI)-Myanmar Peace Monitor’s weekly news review focuses on dwindling military strength and collapse signs of the military, based on the incidents, events and data.

စစ်အင်အားချိနဲ့ကျပ်တည်းလာခြင်းနှင့် အာဏာသိမ်းစစ်တပ်၏ ပြိုပျက်ခြင်းလက္ခဏာများ

အာဏာသိမ်းစစ်အုပ်စု၏ စစ်အင်အားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ပင် အချက်လက်မှန်ကန်စွာ မသိနိုင်ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုလေ့ရှိကြသည်။ တချို့က ၅ သိန်း၊ တချို့က ၃ သိန်း စသဖြင့် အမျိုးမျိုး ခန့်မှန်းလျက်ရှိကြသည်။ သို့နှင့်တိုင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ မြေပြင်စစ်ချီအင်အားသည် သိသာစွာ ကျဆင်းသွားခဲ့သည်ကိုတော့ မည်သို့မျှ ငြင်းဆိုနိုင်လိမ့်မည်မဟုတ်ပေ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် နွေဦးတော်လှန်ရေးအင်အားစုများ ပေါင်းစုဆင်နွှဲနေသော ခုခံတော်လှန်စစ်၏ အရှိန်အဟုန်ပြင်းပြင်း၊ စစ်မျက်နှာအပြန့်ကျယ်ကျယ်ထဲတွင် အာဏာသိမ်းစစ်အုပ်စုသည် လေကြောင်းပစ်ကူခြင်း၊ လေကြောင်းမှထိုးစစ်ဆင်ခြင်းမျိုးကိုသာ ပိုမိုအားပြုနေရပါသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား သေဆုံးခဲ့သည့် ကိန်းဂဏန်းများ မြှင့်တက်လာသကဲ့သို့ လက်နက်ချအညံ့ခံသည့် ဖြစ်စဉ်များသည်လည်း ပိုမိုမြင်တွေ့လာရပြီဖြစ်သည်။


Download Report in English | Burmese

View the original