09 December 2023
၂၀၂၁ စစ်အာဏာသိမ်းချိန်ကစပြီး “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်ကို တက်တက်ကြွကြွလိုက်ပါ လာခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ဝန်ထမ်းတွေထဲ ယနေ့အချိန်ထိ မဆုတ်မနစ် တိုက်ပွဲဝင်နေဆဲသူတွေရှိသလို ရုန်းထွက်ရင်းက နောက်ဆုတ်လက်ပိုက် ကျန်နေခဲ့သူတွေလည်း ရှိပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံရမှုကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရသူတွေလည်း များစွာ။
ထိုသူတွေထဲကမှ မိမိရဲ့ဘဝတခုလုံးသာမက အသက်ကိုပါ ကျည်ဆန်တွေဗုံးဆန်တွေကြား ရင်းနှီးမြှုပ်နှံထားပြီး အနာဂတ် လူငယ်များကို ပြုစုပျိုးထောင်နေတဲ့ ဆရာမ ဒေါ်မာမာခိုင် (အမည်လွှဲ) လို ပညာရေးဝန်ထမ်း အမျိုးသမီးတွေလည်း ရှိနေပါတယ်။
မိမိရဲ့ဘဝတခုလုံးသာမက အသက်ကိုပါ ကျည်ဆန်တွေဗုံးဆန်တွေကြား ရင်းနှီးမြှုပ်နှံထားပြီး အနာဂတ် လူငယ်များကို ပြုစုပျိုးထောင်နေတဲ့ ဆရာမ ဒေါ်မာမာခိုင်လို ပညာရေးဝန်ထမ်း အမျိုးသမီးတွေလည်း ရှိနေပါတယ်။
အထက်တန်းပြဆရာမတဦးဖြစ်တဲ့ ဒေါ်မာမာခိုင်ဟာ စစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာ မတရားမှုကို တော်လှန်တဲ့ အနေနဲ့ CDM ပြုလုပ်ခဲ့ပါတယ်။
“ကျမတို့က အေးအေးချမ်းချမ်း တောင်းဆိုခဲ့ကြတာပါ။ ဒီလိုတောင်းဆိုတာကလည်း ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်လို့ပဲ နားလည်လက်ခံထားတယ်။ ဒါကို လက်နက်အားကိုးနဲ့ အကြမ်းဖက်နှိမ်နင်းခဲ့တာ စစ်အာဏာရှင်တွေပဲလေ။ ဒီတော့ ကျမတို့ နွေဦးတော်လှန်ရေး အောင်မြင်အောင် ဆက်ပြီးသွားကြရမှာပဲလို့ ကျမခံယူထားတယ်” လို့ သူ့ရဲ့ခံယူချက်ကို ဖွင့်ဟပြောဆိုပါတယ်။
ကရင်နီ (ကယား) ပြည်နယ်ဘက်မှာ နှစ် ၃၀ နီးပါး တာဝန်ကျခဲ့ဖူးသူဖြစ်တာကြောင့် နွေဦးတော်လှန်ရေးကာလ အစမှာ ကတည်းက သူကျင်လည်ခဲ့တဲ့ ကရင်နီဒေသမှာ တတ်အားသရွေ့ လှုပ်ရှားဆောင်ရွက်ရင်း ၂၀၂၁ ဩဂုတ်မှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
ဆရာမ ဒေါ်မာမာခိုင်က “ကျမကို CDM လုပ်လို့ ရဲစခန်းကဆင့်ခေါ်တယ်။ ရှောင်သွားလို့ရပေမယ့် ကျမရှောင်သွားရင် အိမ်မှာ ကျမစောင့်ရှောက်ကြည့်ရှုပေးထားတဲ့ မိဘမဲ့ကလေးတွေ၊ မသန်စွမ်းကလေးတွေအတွက် အန္တရာယ်ဖြစ်နိုင်တာမို့ ရှောင် မပြေးခဲ့ဘူး။ Non ပြန်လုပ်မဲ့အစား ဖမ်းခံလိုက်တယ်” လို့ ပြန်ပြောင်းပြောပြပါတယ်။
သူ့ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးပြီးနောက်မှာတော့ စစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး ၅၀၅(က) နဲ့ တရားစွဲလိုက်ပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလဖြစ်လို့ တောင်ကြီးမြို့ကအချုပ်မှာ နှစ်လကျော် ချုပ်နှောင်ခံထားခဲ့ရပါတယ်။
ဆရာမရဲ့ပြောပြချက်အရ ထိုစဉ်က အချုပ်မှာ ၉၀ ရာခိုင်နှုန်းက နိုင်ငံရေးအကျဉ်းသားတွေချည်းပဲလို့ သိရပါတယ်။ နှစ်လကျော်အကြာမှာတော့ သူနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေကို ညောင်ရွှေထောင်သို့ ပြောင်းရွှေ့လိုက်ပါတယ်။
“အချုပ်ခန်းဆိုတာကလည်း ငရဲခန်းအသေးစားသာသာပါပဲ။ ညတိုင်း ဘာရာအလှည့်ကျ ကင်းစောင့်ရတယ်။ တန်းစီပုံစံထိုင်ခိုင်းပြီး စခန်းမှူးလာစစ်ဆေးတာကိုစောင့်ရတာ ခြေမျက်စိပါ အသား မာတက်တယ်”
သူအချုပ်ကျစဉ်က ကြုံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး သူက “အချုပ်ခန်းဆိုတာကလည်း ငရဲခန်းအသေးစားသာသာပါပဲ။ ညတိုင်း ဘာရာအလှည့်ကျ ကင်းစောင့်ရတယ်။ တန်းစီပုံစံထိုင်ခိုင်းပြီး စခန်းမှူးလာစစ်ဆေးတာကိုစောင့်ရတာ ခြေမျက်စိပါ အသား မာတက်တယ်။ ပြီးတော့ နိုင်/ကျဉ်းတွေကို ဩဝါဒခြွေတာဆိုပြီး ချိုးချိုးဖဲ့ဖဲ့ဆက်ဆံပြောဆိုခံရတာတော့ ခံပြင်းစရာ ပဲ” လို့ ဆိုပါတယ်။
ဆရာမနဲ့အတူ ညောင်ရွှေထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်/ကျဉ်းတွေအားလုံး ထောင်မကြီးထဲတန်းမဝင်ရသေးဘဲ ကိုဗစ် စစ်ဆေးပြီး အပြင်ဆောင်မှာ ၁၄ ရက် ကွာရန်တင်းဝင်ရပါတယ်။ ရက်စေ့လို့ ထောင်ကြီးထဲကို ဝင်ရတဲ့အချိန်မှာ နိုင်/ကျဉ်း အချုပ်သူတွေကို အခြားအကျဉ်းသူတွေအပြင် အရင်ရောက်နှင့်နေတဲ့ နိုင်/ကျဉ်းအချုပ်သူတွေနဲ့ပါ သီးခြားခွဲထားခံရပါ တယ်။
အဲဒီနှစ် သီတင်းကျွတ်လပြည့်မတိုင်မီ တရက်အလိုမှာတော့ ဆရာမ ဒေါ်မာမာခိုင်နဲ့ နိုင်/ကျဉ်းအချို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အိမ်ပြန်ခွင့်ရခဲ့ပါတယ်။
“နာမည်စာရင်းပါတဲ့သူတွေထဲကမှ အထဲပြန်ဝင်ခိုင်းပြီး မပြန်ရဘဲ ကျန်ရစ်ခဲ့သူတွေအများကြီးပဲ။ ကျမလဲ ကြွပ်ကြွပ်အိတ် လေး တင်းတင်းဆုပ်ပြီး အိမ်ကို အမြန်ဆုံးပြန်လာလိုက်တယ်။ အိမ်ရောက်ပြီး သုံးပတ်အကြာ အတိအကျပြောရင် ၂၀၂၁ နိုဝင်ဘာ ၄ ရက်နေ့မှာ ကျောပိုးအိတ်တလုံးဆွဲပြီး ဒီကိုထွက်လာလိုက်တာပါပဲ” လို့ သူက ပြောပြပါတယ်။
ပထဦးဆုံး ဖယ်ခုံမြို့အနီးက စစ်ရှောင်ပြည်သူတွေအများကြီးရှိတဲ့ ရွာတရွာကို အရင်သွားခဲ့ပါတယ်။ အဲဒီရွာက သူ ပညာ ရေးဝန်ထမ်းဘဝနဲ့ အချိန်အတော်ကြာ တာဝန်ကျကတည်းက ရင်းနှီးနေပြီးသားဖြစ်လို့ စစ်ရှောင်ကလေးငယ်တွေအတွက် တတ်စွမ်းတဲ့ပညာနဲ့ အထောက်အကူပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်နီးပါးကာလအတွင်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာရတဲ့အတွက် ပညာသင်ကြားနိုင်ဖို့ခက်ခဲသွားတဲ့ ကျောင်းသားပေါင်း ၅ သောင်းဝန်းကျင် ရှိနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူ တွေထံက သိရပါတယ်။
ကျောင်းအဆောက်အအုံအတွက် ရွာမှာရှိတဲ့ ရွာလူကြီးတွေဆီကနေ အကူအညီယူခဲ့သလို သင်ကြားရေးပိုင်းကိုလည်း ရွာခံဆရာ၊ ဆရာမတွေနဲ့ စုစည်းပြင်ဆင်ကာ ၂၀၂၂ ဇွန်လမှာ ကျောင်းစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ကျောင်းကို ချယ်ရီမြေဖက်ဒရယ်ပညာရေးစင်တာ (Cherry Myay Federal Education Center) လို့ နာမည်ပေးခဲ့ပြီး ရွာခံကလေးငယ်တွေသာမက အနီးဝန်းကျင်က စစ်ရှောင်ကလေးငယ်တွေကိုပါ ပညာသင်ကြားပေးခဲ့ပါတယ်။
ကျောင်းကို ချယ်ရီမြေဖက်ဒရယ်ပညာရေးစင်တာ (Cherry Myay Federal Education Center) လို့ နာမည်ပေးခဲ့ပြီး ရွာခံကလေးငယ်တွေသာမက အနီးဝန်းကျင်က စစ်ရှောင်ကလေးငယ်တွေကိုပါ ပညာသင်ကြားပေးခဲ့ပါတယ်။
ကျောင်းလည်ပတ်နိုင်ဖို့ ဆရာမရဲ့ ရပ်ဝေးမိတ်ဆွေတွေက ကူညီပေးခဲ့ကြပြီး အနာဂတ်ကာလမှာ စစ်ရှောင်ကလေးငယ်တွေ ပညာရေး ဝေးကွာကျန်မနေရအောင် ချယ်ရီမြေဖက်ဒရယ်ကျောင်းကနေ လေ့ကျင့်ပျိုးထောင်ပေးဖို့ပဲ ဖြစ်ပါတယ်။
ကျောင်းစဖွင့်ချိန်မှာပဲ ကျောင်းသားပေါင်း ၁,၂၀၀ ကျော်ရှိပါတယ်။ ရွာခံ ဆရာ/ဆရာမ အပါ သင်ကြားရေးဝန်ထမ်း ၄၂ ယောက်သာရှိလို့ ကျောင်းမဆံ့တဲ့အတွက် အချိန် ၂ ချိန်ခွဲပြီး သင်ရတယ်လို့ ဆရာမ ဒေါ်မာမာခိုင်က ဆိုပါတယ်။
“ပြည်ပက ကျမ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ထောက်ပံ့မှုနဲ့ ဆရာတဦးကို တလတသိန်းနဲ့ ဆန်တအိတ် ထောက်ပံ့ပေးနိုင်ခဲ့ ပေမယ့် ကျောင်းသားများတာကို ရွာလူကြီးတွေက ငြိုငြင်လာတယ်။ ပြင်ပစစ်ရှောင်ကျောင်းသားတွေကို မခေါ်စေချင်တော့ တာရယ်၊ သူတို့ရွာ အန္တရာယ်ဖြစ်မှာစိုးတာရယ်ကို အကြောင်းပြလာတယ်” လို့ သူက ပြောပြပါတယ်။
ကျောင်းပိတ်ရာသီနီးလာတော့ နွေရာသီမှာသင်တန်းတွေဖွင့်ဖို့ ရွာကသဘောမတူတဲ့အပြင် စစ်ရှောင်တွေကိုပါ ရွာကနေ ထွက်ခိုင်းတဲ့အထိ ဖြစ်လာပါတယ်။ ဒါတင်မကသေးပါဘူး။ ဇာတိရပ်ရွာလိုနေလာတဲ့ သူ့ကိုပါ ရွာကနေ ပြောင်းခိုင်းလို့ ၂၀၂၃ ဖေဖော်ဝါရီမှာ သူ အဲဒီရွာကနေ ထွက်လာခဲ့ပါတယ်။
“နောက်တရွာမှာ ကျောင်းစဆောက်တယ်။ ထရံကာ၊ အင်ဖက်မိုးနဲ့ ကျောင်းကို ပြန်စရတော့တယ်။ စစ်ရှောင်ကလေးတွေ ချည်းဆိုတော့ စာအုပ်တွေကအစ အားလုံးပံ့ပိုးပေးရတယ်” လို့ သူက ပြောပြတယ်။
ချယ်ရီမြေဖက်ဒရယ်ကျောင်းမှာ လက်ရှိ ကျောင်းသားစုစုပေါင်း ၄၀၀ ကျော်ရှိပြီး ဆရာ/ဆရာမ ၃၀ နီးပါး ရှိပါတယ်။ ကျောင်းအိပ်ကျောင်းစားနေသူ ၂၀၀ လောက်ရှိတဲ့အတွက် စားဖို့ရိက္ခာပါရှာရတယ်လို့ ဆိုပါတယ်။
ချယ်ရီမြေဖက်ဒရယ်ကျောင်းမှာ လက်ရှိ ကျောင်းသားစုစုပေါင်း ၄၀၀ ကျော်ရှိပြီး ဆရာ/ဆရာမ ၃၀ နီးပါး ရှိပါတယ်။ ကျောင်းအိပ်ကျောင်းစားနေသူ ၂၀၀ လောက်ရှိတဲ့အတွက် စားဖို့ရိက္ခာပါရှာရတယ်လို့ ဆိုပါတယ်။ တနေ့ နှစ်နပ်သာ ကျွေးနိုင်ပြီး တပတ်မှာ ၂ ရက်ကိုတော့ နေ့လယ်စာအဖြစ် ဆန်ပြုတ်ပဲ ကျွေးနိုင်တယ်လို့ ဆိုပါတယ်။
သူ့ကျောင်းမှာ လူငယ်တွေကို အခြေခံဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေအပြင် အိမ်တွင်းမှု၊ ကွန်ပျူတာ၊ အားကစား၊ အနုပညာ၊ နိုင်ငံရေးသိပ္ပံ၊ ခေါင်းဆောင်မှုပိုင်း၊ ဆေးဝါးပိုင်းဆိုင်ရာတွေ အပါအဝင် ကျောင်းသားတိုင်း ဝါသနာပါရာကို ဦးစားပေးသင်ယူနိုင်စေဖို့ စီမံထားတယ်လို့ သူက ဆိုပါတယ်။
စစ်ရှောင်ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ရည်ရွယ်ပြီး အားကစားပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ လက်မှုပညာပြိုင်ပွဲ စတဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေလည်း ရှိပါတယ်။
ဆရာမ ဒေါ်မာမာခိုင်ဟာ အနာဂတ်ပန်းကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးနေရုံသာမက တိုက်ပွဲတွေမှာ ဒဏ်ရာရခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် သွေးလှူတာတွေ၊ ကျဆုံးရဲဘော်တွေကို ကောင်းကောင်းမွန်မွန် သဂြိုဟ်ပေး တာတွေလည်း လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။
နေ့မှာ ကျည်ဆန်သံဗုံးဆန်သံ နားစွင့်ရင်း စာသင်ရသလို ညဘက်တွေမှာလည်း လက်လှမ်းမီရာဆေးရုံတွေ၊ လိုအပ်တဲ့ နေရာတွေဆီ ဆိုင်ကယ်တစီးနဲ့ သွားလာကူညီတတ်သူ၊ နေမကောင်းဖြစ်နေရင်တောင် ကူညီကယ်ဆယ်ရေးအတွက်ဆိုရင် နေပူမိုးရွာမရှောင်၊ မိုးချုပ်တယ်၊ စောတယ်မရှိ အရောက်သွားပြီး ကူညီတတ်သူလည်း ဖြစ်ပါတယ်။
လူငယ်တွေ ပညာသင်ကြားနေရမယ့်အချိန် လက်နက်ကိုင်နေရတဲ့အတွက် သူ့ရင်ထဲမကောင်းလှပေ။ ဒါကြောင့်လည်း မိသားစုကို စွန့်ခွာပြီး တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့အတူ အခန်းကဏ္ဍတိုင်းမှာ ကျရာတာဝန်ကနေ ပါဝင်နေမယ်လို့ သူ ယတိပြတ် ဆုံးဖြတ်ထားပါတယ်။
“ခုမှ ပြန်ရောက်တယ်။ လေယာဉ်နဲ့ကြဲနေတာ လမ်းမှာတိုးနေသေးတယ်။ ဒါပေမယ့် ထပ်သွားရမယ် ၄ ယောက် ကျတဲ့ နေရာကို။ ကျန်တဲ့သူတွေက ရှေ့တက်သွားပြီ။ အလောင်းတွေကို လုပ်ပေးရမယ်။ ကျမတို့ လုပ်နိုင်တာ လုပ်ပေးရမယ်လေ” လို့ ချောင်းဆိုးနေတဲ့ကြားကပဲ တက်ကြွပြီး ခွန်အားအပြည့်ပါတဲ့လေသံနဲ့ ပြောနေပါတော့တယ်။
လူငယ်တွေ ပညာသင်ကြားနေရမယ့်အချိန် လက်နက်ကိုင်နေရတဲ့အတွက် သူ့ရင်ထဲမကောင်းလှပေ။ ဒါကြောင့်လည်း မိသားစုကို စွန့်ခွာပြီး တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့အတူ အခန်းကဏ္ဍတိုင်းမှာ ကျရာတာဝန်ကနေ ပါဝင်နေမယ်လို့ သူ ယတိပြတ် ဆုံးဖြတ်ထားပါတယ်။
“လူငယ်တွေမှာ ဘာအပြစ်ရှိလို့လဲ။ လူကြီးတွေအသုံးမကျလို့ ကလေးတွေ တာဝန်ယူနေရတာ။ ပညာသင်တဲ့အရွယ်မှာ လက်နက်ကိုင်ပြီး ကျမတို့အတွက် ပေးဆပ်နေရတယ်။ ဒါကြောင့် အနာဂတ်လူငယ်တွေ လက်နက်ကို စိတ်ဝင်စားမှု ပိုမသွားအောင် ဒီကျောင်းကို ထူထောင်ခဲ့တာ” လို့လည်း သူက ဆိုပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.