Statement 75 Views

မြန်မာစစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းစေမည့် ODA များနှင့် ပြည်သူ့ဘဏ္ဍာငွေ စိုက်ထုတ်ထားသည့် စီမံကိန်းများ ရပ်တန့်ရန် ဂျပန်အစိုးရအား တောင်းဆိုသော ထုတ်ပြန်ကြေညာချက်

Featured image

သို့

H.E. Fumio Kishida, Prime Minister
H.E. Yoko Kamikawa, Minister for Foreign Affairs
H.E. Shunichi Suzuki, Minister of Finance
H.E. Tetsuo Saito, Minister of Land, Infrastructure, Transport and Tourism

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁ ရက်

မြန်မာစစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းစေမည့် ODA များနှင့် ပြည်သူ့ဘဏ္ဍာငွေ စိုက်ထုတ်ထားသည့် စီမံကိန်းများ ရပ်တန့်ရန် ဂျပန်အစိုးရအား တောင်းဆိုသော ထုတ်ပြန်ကြေညာချက်

ayus:Network of Buddhists Volunteers on International Cooperation
Friends of the Earth Japan
Japan International Volunteer Center (JVC)
Network Against Japan Arms Trade (NAJAT)
Mekong Watch
Progressive Voice

မြန်မာစစ်အုပ်စု၏ ကျရှုံးနေသော အာဏာသိမ်းရေး ကြိုးပမ်းမှုသည် ၂ နှစ် နှင့် ၁၀ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မမှုများ မြောက်သော ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျုးလွန်နေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၁ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၄,၁၉၂ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။[1] စစ်အုပ်စု၏ အင်အားသုံး အာဏာလုယူရေးကြိုးပမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအနက် ပြည်သူပေါင်း ၂၅,၄၂၅ ဦး တို့ဖမ်းဆီးခံခဲ့ရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ ရရှိသောအချက်အလက်များအရ​ အာဏာသိမ်းရန် ကြိုးပမ်းချိန် နောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၁.၇ သန်း အပါအဝင် လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း​၌ ခန့်မှန်းခြေ လူဦးရေ ၂ သန်းခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေကြရသည်။[2]

ဂျပန်အစိုးရသည် မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ငွေအဖြစ် ဂျပန်ယန်းငွေ ၃၅၆.၆၁ ဘီလျံအပြင် နည်းပညာအထောက်အပံ့အဖြစ် ဂျပန်ယန်းငွေ ၁၀၉.၉၄ ဘီလျံ ထောက်ပံ့ရန်နှင့် (ချေးငွေသဘောတူစာချုပ်ပါ ကိန်းဂဏန်းများအရ) ချေးငွေအဖြစ် ဂျပန်ယန်းငွေ ၁၃၇၈.၄၇ ဘီလျံကို ချေးပေးရန် ၂၀၂၀ ပြည့်နှစ်တွင် ကတိပြုခဲ့သည်။[3] ကျရှုံးနေသည့်အာဏာသိမ်းရေးကြိုးပမ်းမှုနောက်ပိုင်း အဆိုပါ ဖွံ့ဖြိုးရေးဆိုင်ရာ တရားဝင် အကူအညီ (Official Development Assistance – ODA) များအပေါ် ဂျပန်နိုင်ငံ၏ မူဝါဒနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီး မွန်တဲဂီက “… အခြေအနေက ဒီတိုင်းသာ ဆက်ဖြစ်နေဦးမယ်ဆိုရင် ကျနော်တို့အနေနဲ့ ODA ကို ပြန်သုံးသပ်ရမှာဖြစ်ပြီး ကုမ္ပဏီတွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံချင်ရင်တောင် လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။” ဟု ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအကျပ်အတည်း တဖြည်းဖြည်း ဆိုးရွားလာနေသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် “ဂျပန်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ လုပ်ဆောင်သည့် အားထုတ်မှု အခြေအနေများကို ကြည့်ရှုပြီး မည်သည့်အစီအမံများက ထိရောက်မှုရှီသည်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်သွားမည်။” ဟုသာ အဖန်တလဲလဲ ထပ်မံပြောဆိုခဲ့သည်။[4] ODA စာချုပ်အသစ် လက်မှတ်ရေးထိုးမှု မရှိသော်လည်း လက်ရှိ ODA နှင့်ပတ်သက်၍ စိစစ်ခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ခြင်း တစ်စုံတရာ လုပ်ဆောင်မှု ရှိ၊ မရှိကိုမူ တရားဝင်ထုတ်ပြန်ထားခြင်း မရှိပေ။

မြန်မာနိုင်ငံသို့ ပံ့ပိုးပေးနေသည့် ODA ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ အထူးစီးပွားရေးဇုန် နှင့် ၎င်းနှင့်ဆက်စပ်သော အခြေခံအဆောက်အအုံများ၊ လမ်းဆောက်လုပ်ရေးနှင့် ရထားလမ်းပြုပြင်ရေး တို့အတွက် ချေးငွေအကူအညီ (ဂျပန်ယန်းချေးငွေ) ပံ့ပိုးပေးနေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ချေးငွေသဘောတူစာချုပ်ပါ ကိန်းဂဏန်းများအရ စုစုပေါင်း ယန်းငွေ ၇၃၉.၆ ဘီလျံရှိသည့် ချေးငွေထောက်ပံ့ထားသော စီမံကိန်း ၃၄ ခုကို အကောင်အထည်ဖော်လျက်ရှိကြောင်း ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့ရာ[5] ယင်းမှာ ကျရှုံးနေသောအာဏာသိမ်းရေး ကြိုးပမ်းမှု နောက်ပိုင်း၌ပင် အဆိုပါ စီမံကိန်းများကို ဆက်လက်လုပ်ဆောင် နေကြောင်း ပေါ်လွင်ထင်ရှားနေသည်။

ဂျပန်အစိုးရသည် ODA အပြင်  မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစီမံကိန်းများအတွက် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲ၍ ထောက်ပံ့ပေးနေလျက်ရှိသည်။ စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေး စီမံကိန်း (“Y Complex Project” ဟု အများအားဖြင့် သိကြသော) ကို  မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့ရှိ စစ်ပြတိုက်ဟောင်းနေရာ ဖြစ်သည့်  စစ်တပ်ပိုင်နေရာတစ်ခုတွင် လုပ်ဆောင်နေပြီး အကြီးစား အိမ်ခြံမြေစီမံကိန်း တည်ဆောက်ရန်နှင့် လည်ပတ်ရန်တို့အတွက် လုပ်ဆောင်ထားသည်။ မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန လက်အောက်ရှိ ဂျပန်အစိုးရ၏ ရန်ပုံငွေဖြင့် လည်ပတ်နေသော အခြေခံ အဆောက်အဦ်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ ဂျပန်နိုင်ငံ၏ အခြေခံအဆောက်အဦးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Japan Overseas Infrastructure Investment Corporation for Transport and Urban Development – JOIN) နှင့် ဂျပန်နိုင်ငံ၏ အများပိုင်ပို့ကုန်ချေးငွေ အေဂျင်စီတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းဘဏ် (Japan Bank for International Cooperation – JBIC) တို့သည် Y Complex Project အတွက် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ချေးငွေများ ထုတ်ပေးခဲ့သည်။ Tokyo Tatemono၊ Fujita Corporation (Daiwa House  Industry ၏ လုပ်ငန်းခွဲတစ်ခု) နှင့် JOIN တို့သည် စင်ကာပူနိုင်ငံတွင် Joint Special Purpose Company (J-SPC) ကို တည်ထောင်ခဲ့သည်။ Sumitomo Mitsui Banking Corporation၊ Mizuho Bank တို့နှင့်အတူ JBIC သည် အဆိုပါ Joint Special Purpose Company (J-SPC) အတွက် ချေးငွေကို ပူးတွဲထောက်ပံ့ခဲ့ပြီး J-SPC ကလည်း ၎င်းတို့နှင့် မြန်မာနိုင်ငံ ခရိုနီကုမ္ပဏီတစ်ခုဖြစ်သည့် Yangon Technical and Trading Company Limited (YTT) တို့ ပူးပေါင်းတည်ထောင်ထားသည့် မြန်မာကော်ပိုရေးရှင်းတစ်ခုဖြစ်သော Y Complex Company Ltd., တွင် ပူးတွဲရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းအတွက် မြေငှားစာချုပ်မှာ YTT နှင့် “ဗိုလ်မှူးကြီး အောင်မင်းသိန်း (ကြည်း အမှတ် ၁၇၆၄၂)၊ ဒုဗိုလ်မှူး၊ စစ်ထောက်ချုပ်ရုံး ဒုဗိုလ်ချုပ်၊ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)” တို့ အကြား ချုပ်ဆိုသော မြေငှားစာချုပ် ဖြစ်သည်။ မြေငှားရမ်းခကို စစ်ထောက်ချုပ်ရုံး၏ ကွပ်ကဲမှုအောက်တွင်ရှိသော အကောင့်တစ်ခုဖြစ်ဖွယ်ရှိသည့် “ကာကွယ်ရေးအကောင့်အမှတ်၊ MD 010424၊”သို့ ပေးချေရသည်။[6]

အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်ထောက်ချုပ် ရုံးအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။[7]ထို့အပြင် အမေရိကန်အစိုးရက “ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ် ထားသော စစ်အုပ်ချုပ်ရေးကို ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းရေးကြိုးပမ်းမှုနောက်ပိုင်းတွင် အကြမ်းဖက် နည်းလမ်းဖြင့်  ပြန်လည်စတင်ခဲ့သည့် စစ်တပ်၏ အမိန့်ညွှန်ကြားမှုနှင့် ကွပ်ကဲမှုများအတွက် ယင်းကာကွယ်ရေး ဝန်ကြီးဌာနတွင် တာဝန်ရှိသည်” ဆိုသော အချက်ကို သိရှိကြောင်း ထုတ်ဖော်ပြောကြားကာ ၂၀၂၃ ခုနှစ်​ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနကို “Specially Designated National” အဖြစ် သတ်မှတ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။[8]

ပြည်သူ့ဘဏ္ဍာငွေနှင့် ODA ဆက်လက်ပံ့ပိုးနေမှုတွင် အကျုံးဝင်နိုင်သည့် ပြဿနာများအနက်မှ အချို့မှာ အောက်ပါ အတိုင်းဖြစ်သည် –

ပထမအချက်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် နဂိုရှိပြီးသား သဘောတူညီချက်များ ပြုလုပ်ခဲ့သူ နှစ်နိုင်ငံအနက် တစ်ဘက်မှ   ရပ်ဆိုင်းခဲ့သော်လည်း နှစ်နိုင်ငံစလုံးဘက်က ရပ် ဆိုင်းရန် သဘောတူညီချက် လိုအပ်သည့် ODA ကို ဆက်လက်ဖော်ဆောင်နေခြင်း၊ စစ်ထောက်ချုပ်ရုံးသို့ အသုံး စရိတ်များ စီးဝင်နိုင်စေရန် လုပ်ဆောင်ပေးနေသည့် Y Complex Project ကို ပြည်သူ့ဘဏ္ဍာငွေများ ဆက်လက်ပံ့ပိုးပေးနေခြင်းအားဖြင့် ဂျပန်အစိုးရသည် စစ်အုပ်စုကို အကူအညီများ သွယ်ဝိုက်ပံ့ပိုးပေးနေသည့်ပုံကို တွေ့နိုင်သည်။ ယင်းအချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုအပေါ် မိမိတို့အနေဖြင့် ထပ်တူ စိုးရိမ်ပူပန်မိပါသည်။ [9]

ဒုတိယအချက်မှာ ODA စီမံကိန်းများနှင့် ပြည်သူ့ဘဏ္ဍာငွေရရှိသည့် စီမံကိန်းများသည် အမှန်စင်စစ် မြန်မာစစ်အုပ်စုကို အကျိုးပြုနေသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) က မြန်မာနိုင်ငံတွင် စစ်တပ်ပိုင် သို့မဟုတ် ထိန်းချုပ်ထားသော ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများမှ ရရှိသော အမြတ်ငွေများသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ပံ့ပိုးကူညီသည့် ရန်ပုံငွေ ရင်းမြစ်တစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးဖြစ်သည်။[10] Y Complex Project တွင် ပါဝင်ပတ်သက်မှုရှိသော စစ်ထောက်ချုပ်ရုံးသည် “လက်နက်ခဲယမ်းများ၊ ဗုံးများနှင့် လေယာဉ်ဆီများ အပါအဝင် မြန်မာစစ်တပ်အတွက် အထောက်အကူပစ္စည်းများ ဝယ်ယူရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း” ယူကေအစိုးရက ထောက်ပြထားသည်။[11] နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “စီးပွားရေး ပတ်သက်ဆက်နွှယ်မှု မလုပ်ဆောင်ရန် သို့မဟုတ် ဆက်လက်မလုပ်ဆောင်ရန်” Fact-Finding Mission (FFM) က အကြံပြုတိုက်တွန်းထားသော စစ်တပ်ပိုင်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation – MEC) သည် ယန်းငွေ ချေးငှားပေးထားသော စီမံကိန်းတစ်ခုဖြစ်သည့် ပဲခူးတံတားတည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ [12] Yokogawa Bridge Corporation သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအထိ MEC သို့ ငွေပေးချေမှုများ ပြုလုပ်ခဲ့ကြောင်း ထောက်ပြမှုများရှိသည်။ [13]  ထို့အပြင် ဂျပန်အစိုးရသည် အခြားသော အကြီးစားကုန်သွယ်ရေး ကုမ္ပဏီများ၊​ ဘဏ်များနှင့်အတူ သီလဝါအထူးစီးပွားရေးဇုန် (SEZ) တွင် ODA အမျိုးအစားတစ်ခုဖြစ်သည့် “ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံဘဏ္ဍာ” ကို သုံးစွဲ၍ စက်မှုဇုန်နေရာလည်ပတ်ဆောင်ရွက်နေသည့် မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးရေးလီမိတက် (Myanmar Japan Thilawa Development Ltd. – MJTD) တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံသည် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး MJTD တွင် ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပါဝင်ထားသည်။ စစ်အုပ်စုသည် အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း မကြာမီအချိန်အတွင်း အဆိုပါ စီမံခန့်ခွဲရေးကော်မတီ၏ ဥက္ကဌကို ဖမ်းဆီးပြီး ဥက္ကဌသစ် အစားထိုးခန့်အပ်ခဲ့သည်။ MJTD မှ အမြတ်အစွန်းရလျှင် အမြတ်ဝေစုခွဲပေးရမည်မှာ မှန်သော်လည်း ယခုကဲ့သို့ အခြေအနေတွင် ယင်းအမြတ်ဝေစုသည် စစ်အုပ်စုကို အကျိုးပြုမည်ဆိုသောအချက်ကို ငြင်းနိုင်ဖွယ်ရာ မရှိပေ။

တတိယအချက်အနေဖြင့် “နှစ်ဆင့်ချေးငွေ” (Two-step Loans) ဟုခေါ်သော ODA အမျိုးအစားတွင် ဂျပန်အစိုးရက ချေးငှားပေးသည့် ODA ဘဏ္ဍာငွေကို မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးဌာနများက ထိန်းသိမ်း၊ စီမံရသည်ဖြစ်ရာ စစ်အုပ်စုက ယင်းဘဏ္ဍာရေးဌာနများအပေါ် ၎င်း၏ ထိန်းချုပ်ကွပ်ကဲမှုမှတစ်ဆင့် အဆိုပါ ဘဏ္ဍာငွေများကို ထိန်းချုပ်စီမံနိုင်ဖွယ်ရှိခြင်းက စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ အိမ်ရာဘဏ္ဍငွေဖွံ့ဖြိုးရေးစီမံကိန်း၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း၊ နှင့် စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ နှစ်ဆင့်ချေးငွေ စီမံကိန်းတို့မှာ မေးခွန်းထုတ်စရာ စီမံကိန်းများထဲတွင် ပါဝင်နေသည်။

စတုတ္ထအချက်အနေဖြင့် အတိုးဖြင့်ချေးသည့် ယန်းချေးငွေမှတစ်ဆင့် ထုတ်ပေးသော ငွေကြေးများကို မြန်မာနိုင်ငံက ပြန်ဆပ်ရမည်ဖြစ်ရာ မြန်မာပြည်သူများအပေါ်တင်သောအကြွေး ပိုတိုးလာမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၂၇၆၁.၈ သန်းထိ မြန်မာနိုင်ငံအား ထုတ်ချေးထားပြီးဖြစ်သော်လည်း[14] မြန်မာနိုင်ငံအနေဖြင့် ထပ်တိုး ဂျပန်ယန်းငွေ ၇၃၉.၆ ဘီလျံ (၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၄.၉၃ ဘီလျံ) အကြွေးထပ်တင်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ခံစားနေရသော မြန်မာပြည်သူများသည် စစ်အုပ်စုအတွက် ဘဏ္ဍာငွေအရင်းအမြစ် ဖြစ်သော သို့မဟုတ် ဖြစ်လာဖွယ်ရှိသော ODA များကို နောက်ထပ်ဆယ်စုနှစ်များတွင် ပြန်လည်ဆပ်ရမည့် ဝန်ထုပ်ဝန်ပိုး ထပ်တိုးလာမည် ဖြစ်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော မိမိတို့၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြခဲ့သည့် အတိုင်း ဂျပန်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs) နှင့် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများကို လေးစားသင့်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို ထိထိရောက်ရောက် ပံ့ပိုးကူညီသင့်သည်ဟု ယုံကြည်သည်။ [15] ဂျပန်နိုင်ငံအနေဖြင့် စစ်အုပ်စုအား အကျိုးပြုနေသည့် ODA နှင့် ပြည်သူ့ဘဏ္ဍာငွေများကို ပံ့ပိုးပေးနေခြင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွင်း အလိုတူအလိုပါ ဖြစ်လာမည်ကို မိမိတို့မှ အထူးစိုးရိမ်ပူပန်ပါသည်။ ဂျပန်အစိုးရအနေဖြင့် လက်ရှိတွင် အကောင်အထည်ဖော် လုပ်ဆောင်နေသော ယန်းချေးငွေစီမံကိန်း အားလုံးကို ဆိုင်းငံ့ရန် မိမိတို့မှ အလေးအနက်ထား တောင်းဆိုလိုက်သည်။ Y Complex Project နှင့်ပတ်သက်၍ JOIN က ပြုလုပ်ထားသော ရင်းနှီးမြှုပ်နှံကို မြေယာ၊ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ချက်ချင်း ပြန်လည်ရုတ်သိမ်းရန်၊ နှင့် JBIC က ထုတ်ပေးထားသော ချေးငွေကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချက်ချင်းရုပ်သိမ်းရန် မိမိတို့အနေဖြင့် အပြင်းအထန်တောင်းဆိုသည်။

ဤထုတ်ပြန်ကြေညာချက်ကို အောက်ပါအဖွဲ့အစည်းများမှ လက်မှတ်ရေးထိုးထားပါသည်။

  1. Action Committee for Democracy Development (Coalition of 14 Grassroots Networks)
  2. Active Youths Kalaymyo
  3. Africa Japan Forum
  4. Ah Nah Podcast – Conversations with Myanmar
  5. All Arakan Students’ & Youths’ Congress – AASYC
  6. All Burma Indigenous People Alliance (ABIPA)
  7. Alternative People’s Linkage in Asia
  8. ALTSEAN-Burma
  9. ASEAN Parliamentarians for Human Rights
  10. Asian Community Center 21
  11. Asian Forum for Human Rights and Development (FORUM-ASIA)
  12. Asian Health Institute, AHI
  13. Assistance Association for Political Prisoners
  14. Association of Human Rights Defenders and Promoters
  15. Association Suisse-Birmanie (ASB)
  16. Associazione per l’Amicizia Italia Birmania “Giuseppe Malpeli”
  17. Athan – Freedom of Expression Activist Organization
  18. Burma Action Ireland
  19. Burma Campaign UK
  20. Burma Human Rights Network
  21. Burmese Relief Center Japan
  22. Burmese Women’s Union
  23. CRPH & NUG Supporters Ireland
  24. CRPH Funding Ireland
  25. CRPH, NUG Support Team Germany-Deutschland
  26. Democracy, Peace and Women’s Organization
  27. Earth Tree
  28. Educational Initiatives Prague
  29. Equality Myanmar
  30. Federation of Workers’ Union of the Burmese Citizen in Japan (FWUBC)
  31. Freedom and Labor Action Group (FLAG)
  32. Fukuoka NGO forum on ADB
  33. Future Light Center
  34. Future Thanlwin
  35. General Incorporation Association WORKSPACE ASIA
  36. Generation Wave
  37. Grass-root People
  38. HANDS(Health and Development Service)
  39. Human Rights Educators Network
  40. Human Rights Foundation of Monland (HURFOM)
  41. Human Rights Now
  42. Info Birmanie
  43. Initiatives for International Dialogue (IID)
  44. International Association, Myanmar-Switzerland (IAMS)
  45. International Karen Organisation
  46. Japan Campaign to Ban Landmines (JCBL)
  47. Japan Catholic Council for Justice and Peace
  48. Japan Center for a Sustainable Environment and Society (JACSES)
  49. Japan Overseas Christian Medical Cooperative Service
  50. Japan Tropical Forest Action Network (JATAN)
  51. Justice For Myanmar
  52. Karen Human Rights Group
  53. Karen Peace Support Network
  54. Karen Swedish Community (KSC)
  55. Karenni Human Rights Group
  56. Karenni National Women’s Organization
  57. Keng Tung Youth
  58. Mandalay Regional Youth Association Revolution Core Group
  59. Metta Campaign
  60. Myanmar Campaign Network
  61. Myanmar Diaspora Group Finland
  62. Myanmar International Assistance Organization
  63. Myanmar News Now
  64. Myanmar People Alliance (Shan State)
  65. Myanmar Refugee Policy Group
  66. Network for Human Rights Documentation – Burma (ND-Burma)
  67. Nway Oo Guru Lay Myar
  68. Padauk Finland-Myanmar Association
  69. Pakokku Youth Development Council
  70. Peace Boat
  71. Peace Village United
  72. Political Prisoners Network
  73. Progressive Voice
  74. Save and Care Organization for Women at Border Areas
  75. Services for the Health in Asian and African Regions
  76. Shan MATA
  77. Southern Youth Development Organization
  78. Ta’ang Legal Aid
  79. Ta’ang Women’s Organization
  80. Tanintharyi MATA
  81. The Ladies
  82. U.S. Campaign for Burma
  83. Women’s Democratic Club, Femin
  84. Yokohama NGO Network

နှင့် အမည်မဖော်လိုသော နောက်ထပ်တစ်ဖွဲ့

 

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

Mekong Watch
3F Aoki Bldg., Taito 1-12-11, Taito-ku, Tokyo
110-0016 Japan
Phone: +81-3-3832-5034
E-mail: [email protected]


[1] Assistance Association for Political Prisoners, “Daily Briefing in Relation to the Military Coup,” November 20, 2023. https://aappb.org/?p=26765

[2] Myanmar Humanitarian Update No.34 (November 10, 2023) : https://reliefweb.int/report/myanmar/myanmar-humanitarian-update-no-34-10-november-2023

[3] Ministry of Foreign Affairs webpage on ODA data by country (2021) :

https://www.mofa.go.jp/mofaj/gaiko/oda/files/100384974.pdf#page=30

[4] Answer by HARA Keiichi, Deputy Assistant Minister of the Ministry of Foreign Affairs, to a question from SUZUKI Takako of the Liberal Democratic Party at a meeting of the Foreign Affairs Committee of the House of Representatives (April 14, 2021); Answer by the Ministry of Foreign Affairs at a meeting of the Parliamentary Group Supporting Democratization in Myanmar and the Parliamentary Group Promoting “Human Rights Diplomacy” on Japan’s ODA and OOF programs and economic activities in Myanmar (February 1, 2022); Answer by HAYASHI Yoshimasa, Minister for Foreign Affairs, to a question from INOUE Satoshi of the Japanese Communist Party at a meeting of the Committee on Foreign Affairs and Defense of the House of Councillors (March 16, 2022); Answer by MIBAE Taisuke, Deputy Assistant Minister of the Ministry of Foreign Affairs, to a question from TOKUNAGA Hisashi of the Constitutional Democratic Party of Japan at a meeting of the Committee on National Security of the House of Representatives (April 26, 2022); Answer by Mr. Kurimoto, Director of the Country Assistance Planning Division I, International Cooperation Bureau, Ministry of Foreign Affairs, to a question from Mekong Watch at the ODA Policy Council meeting held on July 20, 2022 as part of the NGO-Ministry of Foreign Affairs Regular Consultation Meetings.

[5] Answer by UENO Atsushi, Director-General for International Cooperation of the Ministry of Foreign Affairs, to a question from INOUE Satoshi of the Japanese Communist Party at a meeting of the Committee on Foreign Affairs and Defense of the House of Councillors (April 15, 2021).

[6] Mekong Watch, et al., “Call for Engagement with Companies Involved in the Y Complex Project in Myanmar,” May 24, 2022 :

http://www.mekongwatch.org/report/burma/mbusiness/20220524Letter_Eng.pdf

[7] US Department of the Treasury, “Treasury Sanctions Perpetrators of Serious Human Rights Abuse on International Human Rights Day,” December 10, 2021:  https://home.treasury.gov/news/press-releases/jy0526;

Foreign, Commonwealth & Development Office, “New UK sanctions target human rights violations and abuses in Myanmar and Pakistan,” December 10, 2021: https://www.gov.uk/government/news/new-uk-sanctions-target-human-rights-violations-and-abuses-in-myanmar-and-pakistan;

Global Affairs Canada, “Backgrounder: Additional Myanmar sanctions,” December 10, 2021: https://www.canada.ca/en/global-affairs/news/2021/12/backgrounder-additional-myanmar-sanctions.html

[8] US Department of the Treasury, “Treasury Sanctions Burma’s Ministry of Defense and Regime-Controlled Financial Institutions,” June 21, 2023: https://home.treasury.gov/news/press-releases/jy1555

[9] Progressive Voice, “Japan and Junta Make Dangerous Bedfellows” (Weekly Highlights July 11-17, 2022): https://progressivevoicemyanmar.org/2022/07/26/japan-and-junta-make-dangerous-bedfellows/

[10] UN Independent International Fact-finding Mission on Myanmar, Economic interests of the Myanmar military (September 16, 2019)

https://www.ohchr.org/EN/HRBodies/HRC/MyanmarFFM/Pages/EconomicInterestsMyanmarMilitary.aspx

[11] Foreign, Commonwealth & Development Office, “New UK sanctions target human rights violations and abuses in Myanmar and Pakistan,” December 10, 2021:

https://www.gov.uk/government/news/new-uk-sanctions-target-human-rights-violations-and-abuses-in-myanmar-and-pakistan

[12] Myanmar Now, “Japan must abandon project with military-owned company to build bridge in Yangon, say engineers” (March 26, 2021):

https://www.myanmar-now.org/en/news/japan-must-abandon-project-with-military-owned-company-to-build-bridge-in-yangon-say-engineers

[13] Human Rights Watch, “Myanmar: Japan’s Construction Aid Benefits Junta,” January 23, 2023:

https://www.hrw.org/news/2023/01/23/myanmar-japans-construction-aid-benefits-junta

[14] Ministry of Foreign Affairs record of  development assistance by country:

https://www.mofa.go.jp/mofaj/gaiko/oda/shiryo/jisseki/kuni/asia.html

[15] Mekong Watch, et al., “Statement Calling for the Japanese Government to Stop ODA to Myanmar,” December 5, 2022: http://www.mekongwatch.org/PDF/rq_20221205_Eng.pdf


PDF ဖိုင်ကိုရယူရန် English I မြန်မာဘာသာ I ဂျပန်ဘာသာ