18 October 2023
မြန်မာစစ်တပ်ကို အရေးယူနိုင်မယ့်လမ်းကြောင်းအားလုံးနဲ့ အချိန်မဆိုင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။
အမည်မဖော်ပြလိုတဲ့ အဖွဲ့ ၇၁ ဖွဲ့အပါအဝင် မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၄၄၀ က ကုလသမဂ္ဂ အထွေထွေညီလာခံကို အောက်တိုဘာလ ၁၇ ရက်နေ့စွဲနဲ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ခုလို တောင်းဆိုလိုက်ကြတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အပြည့်အစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုတောင်းဆိုတဲ့ ကုလလူ့အခွင့်အရေး မဟာမင်းကြီးရဲ့ တောင်းဆိုချက်ကိုလည်း အရပ်ဘက် အဖွဲ့အစည်းတွေက တခဲနက် ထောက်ခံလိုက်ကြပါတယ်။
နိုင်ငံတကာဥပဒေအောက်မှာ မြန်မာစစ်တပ်ကို တာဝန်ယူ တာဝန်ခံခိုင်းတာ မရှိဘူးဆိုရင် မြန်မာစစ်တပ်ဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေမှာဖြစ်တယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ပြောထားပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၉၉ ကို ချမှတ်ခဲ့ပေမဲ့ တနှစ်လောက် ကြာတဲ့အထိ ဘာမှ အကောင်အထည်မဖော်နိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့လည်း အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.