Statement 973 Views

ရိုဟင်ဂျာများအတွက် တရားမျှတမှု ရစေရန်နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှု အတွက် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည်

August 25th, 2023  •  Author:   356 Organizations  •  3 minute read
Featured image

ရိုဟင်ဂျာများအတွက် တရားမျှတမှု ရစေရန်နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည်

ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုနှင့် အခွင့်အရေးများ ပြန်လည်ပေးအပ်ပြီး ဒုက္ခသည်များအတွက် ပံ့ပိုးမှုကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပါ။

25 August 2023

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ခြောက်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှု တို့ကို ရှာဖွေရာတွင် အရပ်ဘက်လူထုအဖွဲ့အစည်း  ၃၅၆ ဖွဲ့တို့က ရိုဟင်ဂျာလူထုနှင့်အတူ ရပ်တည်ကြောင်း မိမိတို့၏ သွေးစည်းညီညွတ်မှုကို ထပ်လောင်းအတည်ပြုသည်။ ထို့အပြင် မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇ၀တ်မှုများအပေါ် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန် တောင်းဆိုလိုက်ပြီး ရိုဟင်ဂျာတို့၏ အခွင့်အရေးများနှင့် နိုင်ငံသားဖြစ်မှုကို ချက်ချင်းပြန်လည်ပေးအပ်ရန် လည်း မိမိတို့မှ တောင်းဆိုလိုက်သည်။ ကမ္ဘာသည် ရိုဟင်ဂျာလူထုတို့၏ အတိဒုက္ခကို မမေ့လျော့သင့်ပေ။ အရေးအကြီးဆုံးမှာ နိုင်ငံတကာအသိုင်းအဝိုင်းသည် ရိုဟင်ဂျာလူထုအတွက် ရှိနေသော ၎င်းတို့၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ဝတ္တရားများကို တာဝန်ယူ အကောင် အထည်ဖော်ရမည် ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်နှစ်က မြန်မာစစ်တပ်သည် နယ်မြေ “ရှင်းလင်းရေးစစ်ဆင်ရေး” များကို ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ နှိပ်စက်ညှဥ်းပန်းမှု၊ မုဒိမ်းပြုကျင့်မှု၊ ရွာများအား မီးရှို့ဖျက်ဆီးမှုများကို တစ်သုတ်ပြီးတစ်သုတ် ကျူးလွန်ခဲ့သဖြင့် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ယခင်ကတည်းကပင် ရိုဟင်ဂျာ နှစ်သိန်းခွဲခန့် ထွက်ပြေးခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကလေးများစွာ ပါဝင်သော လူပေါင်း ၇၅၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ယနေ့တွင် ရိုဟင်ဂျာ တစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ပြည့်ကျပ်နေသော စုတ်ချာသည့် ဒုက္ခသည်စခန်းများတွင် ဒုက္ခရောက် နေကြရပြီး မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး၊ ၎င်းတို့၏ နိုင်ငံသားနှင့် လူ့အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး၊ နှင့် တရားမျှတမှု ရရှိရေးတို့ကို စောင့်မျှော်နေလျက် ရှိသည်။

ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော နေရပ်ပြန်ရေး အမှန်တကယ် ဖြစ်လာစေရန်မှာ စစ်တပ်က အပြည့်အဝ ရရှိထားသော အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်ဖြစ်ပြီး တာဝန်အရှိဆုံး ပုဂ္ဂိုလ်များအား ရာဇဝတ်ကြောင်း တရားစွဲခြင်းမှတစ်ဆင့် ၎င်းတို့ကျူးလွန်ခဲ့သော ကြီးလေးသည့် ရာဇဝတ်များအတွက် တာဝန်ယူတာဝန်ခံစေရန် လိုအပ်သည်။ သို့ရာတွင် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုသို့ ဦးတည်သော တိုးတက်မှု အနည်းငယ်ကိုသာ နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင် နေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင်  အထူးသဖြင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ နှုတ်ဆိတ်ငြိမ်နေမှု၊ လျစ်လျူရှုမှုနှင့် အချို့သော ဖြစ်စဉ်များတွင် အရေးယူဆောင်ရွက်ခြင်း လုံးဝမရှိမှုတို့ကြောင့် မြန်မာစစ်ရာဇဝတ်ကောင်များကို မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေရန် အတင့်ရဲစေသည်။

မြန်မာစစ်တပ်၏ တိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခဲ့ခြင်း မရှိခဲ့သောကြောင့် ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်သည်အထိ ဖြစ်ပေါ်စေခဲ့သကဲ့သို့  ရိုဟင်ဂျာများအတွက် ခြောက်နှစ်ကြာ တရားမျှတမှု ကင်းမဲ့ခဲ့ခြင်းကြောင့်လည်း လွန်ခဲ့သော လပေါင်း ၃၀ ကာလအတွင်း အသစ်အသစ်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများနှင့် လူပေါင်း ၁.၆ သန်းကို ပြည်တွင်းတွင် အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှု[1] ဖြစ်စေခဲ့သည်။ တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှု အပြည့်အဝ ရှိစေရန် ကမ္ဘာက ဝိုင်းဝန်းဆောင်ရွက်မှု မရှိပါက မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံအကျပ်အတည်းနှင့် အကြမ်းဖက်မှု ဟူသည့် ဆိုးရွားသော သံသရာဝဲဂယက်အတွင်း ကျဆင်းလုနီးပါး ဆက်ဖြစ်နေမည် ဖြစ်သည်။

မြန်မာရိုဟင်ဂျာများအသင်းယူကေ (BROUK) မှ တင်သွင်းသည့် ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု အတွက် မြန်မာစစ်ခေါင်းဆောင်များအပေါ် တရားစွဲဆိုရန် သမိုင်းဝင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် အရ လျှောက်ထားသော အမှုကို အာဂျင်တီးနားတရားရုံးရှေ့မှောက်၌ ကြားနာမှု လုပ်ဆောင်ခဲ့သည်ကို မိမိတို့မှ ကြိုဆိုထောက်ခံသည်။ ဤသမိုင်းဝင် တင်သွင်းမှုက ဂျာမနီနှင့် တူရကီတို့တွင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရေး အလားတူကြိုးပမ်းအားထုတ်မှုများကို လမ်းဖွင့်ပေးခဲ့သည်။ ဤစွဲဆိုထားသော အမှုများဆက်သွားနေချိန်တွင် သက်ဆိုင်ရာနိုင်ငံအစိုးရများသည် စစ်အုပ်စု၏ ကြီးလေးသော ရာဇ၀တ်မှုများ ကြောင့် နစ်နာခံစားရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှု ရရှိရန်၊ နှင့် ကုစားခြင်းနှင့် ပြန်လည်ပေးလျော်ခြင်း တို့အတွက် အာမခံပေးနိုင်ရန် ဥပဒေပိုင်း၊ ဘဏ္ဍာရေးပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို ပေးအပ်ရန် အသင့်ရှိနေရမည်။ အာဂျင်တီးနားနိုင်ငံတွင် တရားစွဲဆိုထားသောအမှုသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာမှ မြန်မာနိုင်ငံကို စွဲဆိုထားသောအမှု၊ ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ ထွက်ပြေးစေမှုအပေါ် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) မှ စုံစမ်းစစ်ဆေးမှုတို့နှင့်အတူ ဆောင်ရွက်သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ တလွှားရှိ ရိုဟင်ဂျာများ၊ အခြားတိုင်းရင်းသားမျိုးနွယ်စုများနှင့် ပြည်သူလူထုများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအားလုံးတို့အတွက် အလုံးစုံတရားစွဲဆိုရန် မဖြစ်နိုင်သေးပေ။ နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့် တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှု ရရှိရန် မြန်မာနိုင်ငံ၏အခြေအနေကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ လွှဲပြောင်းခြင်း သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ အထူးခုံရုံး ဖွဲ့စည်းတည်ထောင်ခြင်း ကဲ့သို့သော ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် အလားသဏ္ဍာန်တူသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စစ်တပ်မှ နိုင်ငံအနှံ့အပြားတွင် ထပ်ဖန်တလဲလဲ ကျူးလွန်နေချိန်တွင် ၎င်းသည် ၂၀၂၃ ခုနှစ်အကုန်တွင် ရိုဟင်ဂျာ ၇,၀၀၀ ကို မြန်မာနိုင်ငံရှိ လူသတ်ကွင်းများသို့ နေရပ်ပြန်လည်ပို့ဆောင်မည့် “စမ်းသပ်စီမံကိန်း” တစ်ခုကို စတင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့က လုပ်ဆောင်ခဲ့သည့်အတိုင်း တရားဝင်မှုရရှိရေးအတွက် မြန်မာစစ်အုပ်စု၏ အပြင်းအထန် ကြိုးပမ်းမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ခုပ်ဩဘာပေးခြင်း သို့မဟုတ် အဆင်ပြေချောမွေ့စေရန် ကူညီလုပ်ဆောင်ပေးခြင်းတို့ မပြုရပေ။ စီမံကိန်း၏ ပထမတစ်သုတ်အဖြစ် မြန်မာနိုင်ငံသို့ “နေရပ်ပြန်ပို့ခဲ့သော” ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စုတ်ချာသည့် ဒုက္ခသည် စခန်းများမှ ရခိုင်ပြည်နယ်အတွင်းရှိ အမိုးဖွင့်ထောင်ကဲ့သို့ ခိုင်းနှိုင်းကြသော ပြည်တွင်းဒုက္ခသည်စခန်းများသို့ ရွှေ့ထားရုံမျှသာ ဖြစ်သည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည့်အတိုင်း “မြန်မာနိုင်ငံအတွင်း အခြေအနေ များသည် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဘေးကင်းလုံခြုံသော၊ ဂုဏ်သိက္ခာရှိသော၊ ရေရှည်တည်တံ့သော ၎င်းတို့၏သဘောဆန္ဒဖြင့် နေရပ်ပြန်နိုင်သည့်အခြေအနေ လုံးဝမရှိပေ။”

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများသည် လူမျိုးသုဥ်းသတ်ဖြတ်ရေး မူဝါဒများကို ဆက်လက်ရင်ဆိုင်ခံစား နေကြရပြီး နိုင်ငံသားဖြစ်ခွင့်မှ ငြင်းပယ်ခံရမှု၊ သွားလာလှုပ်ရှားခြင်း၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အလွန်အမင်း ကန့်သတ်ချုပ်ချယ်မှုများသာမက အသက်မွေးဝမ်းကျောင်းပြုရေး အတွက် အခွင့်အလမ်း မရှိသော၊ အသားအရောင်ခွဲခြားမှုနှင့်ဆင်တူသည့် ဝန်းကျင်များတွင် နေထိုင်နေကြ ရသဖြင့် နေရပ်ပြန်ရန် အလားအလာများမှာ တွေးကြည့်၍ပင် မရနိုင်ချေ။ အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်းတွင် အခြေခံလွတ်လပ်ခွင့် နှင့် အခွင့်အရေးများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ကန့်သတ်မှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ရိုဟင်ဂျာပြည်သူများမှာ အမြဲတစေ ခွဲခြားဆက်ဆံခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် လူမဆန်စွာ ဆက်ဆံခံရခြင်း တို့ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည်။ မေလတွင် တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်နစ်နာလွယ် ရိုဟင်ဂျာလူထု ၁၄၀,၀၀၀ တို့နေထိုင်သော ရခိုင်ပြည်နယ်ရှိ ရေလွှမ်းမိုးမှု ခံရရန် အလားအလာများသည့် ထိန်းသိမ်းရေးစခန်းများသည် အခြေအနေ ပိုမိုဆိုးရွားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြင့် မရှိမဖြစ် လူသားချင်းစာနာမှု အထောက်အပံ့များကို လိုအပ်နေချိန်တွင် စစ်အုပ်စုသည် အကူအညီများကို ပိတ်ဆို့ခြင်း၊ အကူအညီပေးရန် ကြိုးပမ်းမှုများအပေါ် ရာဇဝတ်ကြောင်းအရအရေးယူခြင်းနှင့် သေဆုံးသူ အရေအတွက်များကို မရှုပ်ရှုပ်အောင်လုပ်ခြင်းတို့ဖြင့် ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ငတ်မွတ်စေခြင်းတို့ကို နောက်တကျော့ တမင်သက်သက် လုပ်ဆောင်ခဲ့သည်။ စင်စစ်အားဖြင့် စစ်အုပ်စု၏ နည်းဗျူဟာများသည် ရိုဟင်ဂျာများကို “မသေသေအောင် ဒုက္ခပေးပြီး သတ်နေခြင်း” ဖြစ်စေရန် ရည်ရွယ်ထားပြီး အပြည်ပြည် ဆိုင်ရာတရားရုံးမှ အမိန့်ချထားသော သက်သေအထောက်အထားများကို ထိန်းသိမ်းရန်နှင့် ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုမှ အကာအကွယ်ပေးရန် စသော ယာယီအစီအမံများကို စစ်အုပ်စုသည် ဆက်လက် ချိုးဖောက်နေသည်။

UN ၏ ရိုဟင်ဂျာလူသားချင်းစာနာမှု ပူးတွဲတုံ့ပြန်မှုအစီအစဉ် ဘတ်ဂျက်အတွက် လုံလောက်သော ရန်ပုံငွေ မရှိခြင်း၏ အကျိုးဆက်ရလဒ်အဖြစ် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ရိက္ခာဝေမှုကို တစ်လလျှင် တစ်ဦးကို အမေရိကန် ဒေါ်လာ ၈ ဒေါ်လာ – တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၂၇ ပြားခန့် – အထိ လျှော့ချခြင်းလိုက်သဖြင့် ရိုဟင်ဂျာဒုက္ခသည်များမှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေကြ ရသည်။ စားနပ်ရိက္ခာဖြတ်တောက်မှုများသည် ကျပ်တည်းခက်ခဲသော အချိန်များတွင် နှိပ်စက်ညှဥ်းပန်းမှုများ နှင့် အကြမ်းဖက်မှုများကို အဓိကခံစားရလေ့ရှိသော အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ၏ ဘေးကင်းမှုနှင့် လုံခြုံရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။ ဤပြဿနာများကို ပိုမိုဆိုးရွား စေသော ကိစ္စရပ်များမှာ ဒုက္ခသည်များကို ရာဇဝတ်မှုများ၊ မီးရှို့မှုများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ လုပ်ဆောင်ရန် တွန်းပို့နေသည်မှာ ပျက်စီးယိုယွင်းလာနေသည့် ဒုက္ခသည်စခန်း၏ အခြေအနေများပင် ဖြစ်သည်။ ထို့အပြင် ရိက္ခာဖြတ်တောက်မှုများက ဒုက္ခသည်များကို လူကုန်ကူးမှုနှင့် စစ်အုပ်စုမှ စီစဥ်ထားသော နေရပ်ပြန်ပို့ရေး စီမံကိန်းတို့အတွင်းသို့ သားကောင်အဖြစ် အတင်းအဓမ္မ ကျရောက်စေသည်။ ထိုမျှမက ရိုဟင်ဂျာ ၃,၅၀၀ ကျော်သည် ၂၀၂၂ ခုနှစ်အတွင်းတွင် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရှာဖွေရန်အတွက် အန္တရာယ်များလှသော ပင်လယ်ခရီးများကို သွားရန် အကျပ်ကိုင်ခံရသကဲ့သို့ဖြစ်နေပြီး ပင်လယ်ပြင်တွင် ပျောက်ဆုံးသော ရိုဟင်ဂျာဒုက္ခသည်၏ သတင်းများလည်း ဆက်လက်ထွက်ပေါ်လျက် ရှိသည်။ လက်ရှိမုတ်သုန်ရာသီက ဒုက္ခသည်စခန်းများ၏ အခြေအနေများကို ပိုမိုဆိုးရွားလာစေမည်ဟု ခန့်မှန်းထားသည်။

ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှုနှင့် အသက်ဆုံးရှုံးမှုများကို နောက်ထပ်မဖြစ်ရေး ကာကွယ် တားဆီးရန် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ပူးပေါင်းညှိနှိုင်းထားသော အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် လိုအပ်နေသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် ရိုဟင်ဂျာတို့၏ ကိုယ့်အားကိုယ်ကိုးနိုင်မှုနှင့် ဂုဏ်သိက္ခာရှိကြောင်း သိရှိခံစားရမှုအတွက် ရိုဟင်ဂျာဒုက္ခသည် များအား ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း စွမ်းရည်များနှင့် အခွင့်အလမ်းများ ရရှိရေး ဖန်တီးပေးရမည်။

ရိုဟင်ဂျာများကို တိုင်းရင်းသား လူမျိုးစုများထဲမှ တစ်ခုအဖြစ်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်း အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း၊ နိုင်ငံတော်၏ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် သီးခြားခွဲထုတ်၍မရသော အပိုင်းတစ်ခုအဖြစ်လည်းကောင်း ရိုဟင်ဂျာများကို အသိအမှတ်ပြုရန် ခိုင်မာသော ဆောင်ရွက်ချက်များ လုပ်ဆောင်ခြင်းအားဖြင့် ရိုဟင်ဂျာလူထု၏ နွေဦးတော်လှန်ရေးနှင့်အတူ သွေးစည်းညီညွတ်မှုကို ပဲ့တင်ထပ်ရန်အလို့ငှာ မြန်မာနိုင်ငံ၏ တရားဝင် ခိုင်မာသော အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးကြောင်းကို စစ်အုပ်စုက ရိုဟင်ဂျာများအပေါ် ဆက်လက်ကျူးလွန်နေသော ဆိုးရွားပြင်းထန်သည့် ရာဇဝတ်မှုများက မီးမောင်းထိုးပြနေသည်။ လက်တွေ့ဖော်ဆောင်ရန် လိုအပ်နေသေးသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ဥပဒေအသစ်ဖြင့် အစားထိုးရန် ချမှတ်ခဲ့သည့် NUG၏ ဆုံးဖြတ်ချက် အပါအဝင် ၎င်း၏ မူဝါဒနှင့်အညီ အရေးကြီးသော ခြေလှမ်းများကို မိမိတို့မှ အသိအမှတ်ပြုသည့် တစ်ပြိုင်တည်းတွင် NUG အား ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုနှင့် အခွင့်အရေးများ အပြည့်အဝ ပြန်လည်ပေးအပ်ရန်ကို မိမိတို့မှ ထပ်လောင်းတောင်းဆိုလိုက်သည်။ ထို့အပြင် ရိုဟင်ဂျာလူထုနှင့် စစ်မှန်ပြီး အဓိပ္ပာယ်ရှိသော ထိတွေ့ဆက်ဆံရေးနှင့် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီတစ်ရပ် တည်ထောင်ရေးသို့ ဦးတည်သော နွေဦးတော်လှန်ရေး၏ နိုင်ငံရေးဖြစ်စဉ်များတွင် ရိုဟင်ဂျာများမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေး တို့အတွက် သေချာစေရန် ခိုင်မာသော လုပ်ဆောင်ချက်များကိုလည်း ချမှတ်ဆောင်ရွက်ရမည်။  လူမျိုးသုဥ်းသတ်ဖြတ်မှု၏ ယန္တရားများ၊ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်နှင့် အမျိုးဘာသာကာကွယ်စောင့်ရေးဥပဒေများကို ဖျက်သိမ်းရန် ပြောဆိုထားသည့် လူ့အခွင့်အရေး ဝန်ကြီးဌာန၏ ကတိကဝတ်ကိုလည်း မိမိတို့မှ ဆက်လက်စောင့်ကြည့်နေမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် NUG အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ရိုဟင်ဂျာဒုက္ခသည်များအတွက် ရွှေ့ပြောင်း နေရာချထားမှုများ လုပ်ဆောင်ပေးရန် စည်းရုံးလှုံ့ဆော်ခြင်းအားဖြင့် ထိုဒုက္ခသည်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန် ဆောင်ရွက်ရမည်။ ထို့အပြင် NUG အစိုးရသည် စစ်အုပ်စု၏ နေရပ်ပြန်ပို့ရေး စီမံကိန်းကို ချက်ချင်းရပ်တန့်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သက်ဆိုင်ရာ အေဂျင်စီများအား တောင်းဆိုရမည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ထွန်းခင်၊ မြန်မာရိုဟင်ဂျာများအသင်း ယူကေ၊ [email protected]
  • Razia Sultana၊ RW Welfare Society၊ [email protected]
  • နော်တာမလာစော၊ ကရင်အမျိုးသမီးအစည်းအရုံး၊ [email protected]
  • ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]

ဤထုတ်ပြန်ကြေညာချက်ကို အမည်မဖော်လိုသော အဖွဲ့အစည်း ၂၃၃ ဖွဲ့ အပါအဝင် စုစုပေါင်းအဖွဲ့အစည်း ၃၅၆ ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။

  1. #MilkTeaAlliance Friends of Myanmar
  2. 8888 Generation (New Zealand)
  3. Action Against Myanmar Military Coup
  4. Action Committee for Democracy Development (Coalition of 14 grassroots networks)
  5. All Arakan Youth Organization
  6. All Burma Democratic Front in New Zealand
  7. ALTSEAN-Burma
  8. Arakan CSO Network
  9. ASEAN Parliamentarians for Human Rights (APHR)
  10. Association of Human Rights Defenders and Promoters
  11. Association Suisse – Birmanie
  12. Associazione per l’Amicizia Italia Birmania “Giuseppe Malpeli”
  13. Athan – Freedom of Expression Activist Organization
  14. Auckland Kachin Community NZ
  15. Auckland Zomi Community
  16. Aung San Suu Kyi Park Norway
  17. Better Burma
  18. Blood Money Campaign
  19. Burma Action Ireland
  20. Burma Campaign UK
  21. Burma Civil War Museum (BCM)
  22. Burmese Canadian Network
  23. Burmese Community Group (Manawatu, NZ)
  24. Burmese Rohingya Welfare Organisation New Zealand
  25. Burmese Women’s Union
  26. Campaign for a New Myanmar
  27. Chin Community in Norway
  28. Chin Community of Auckland
  29. Chin Human Rights Organization
  30. Creative Home
  31. CRPH Support Group, Norway
  32. CRPH, NUG Support Team Germany-Deutschland
  33. Democracy, Peace and Women’s Organization
  34. Democratic Party for a New Society, Norway
  35. Doh Atu – Ensemble pour le Myanmar (France)
  36. Educational Initiatives Prague
  37. Equality Myanmar
  38. Federal Myanmar Benevolence Group (NZ)
  39. Free Burma Campaign (South Africa) (FBC(SA))
  40. Free Rohingya Coalition
  41. Freedom and Labor Action Group
  42. Future Light Center
  43. Future Thanlwin
  44. General Strike Committee
  45. Global Myanmar Spring Revolution
  46. Global Myanmar Spring Revolution (Japan)
  47. Global Myanmar Spring Revolution (Korea )
  48. Generation Wave
  49. Human Rights Educators Network
  50. Human Rights Foundation of Monland
  51. Info Birmanie
  52. Initiatives for International Dialogue
  53. Institute for Asian Democracy
  54. International Association, Myanmar-Switzerland (IAMS)
  55. International Campaign for the Rohingya
  56. Justice 4 Rohingya UK
  57. Justice For Myanmar
  58. Kachin Association Norway
  59. Karen Human Rights Group
  60. Karen Peace Support Network (KPSN)
  61. Karen Women’s Organization
  62. Karenni Association – Norway
  63. Karenni Civil Society Network
  64. Karenni Society New Zealand
  65. K’cho Ethnic Association
  66. Keng Tung Youth
  67. Kyauktada Strike Committee
  68. Metta Campaign Mandalay
  69. Muslim Youth Network
  70. Myanmar anti-military coup movement in New Zealand
  71. Myanmar Campaign Network
  72. Myanmar Catholic Community In Norway
  73. Myanmar Community Group Christchurch New Zealand
  74. Myanmar Community Group Dunedin New Zealand
  75. Myanmar Community in Norway
  76. Myanmar Cultural Research Society (MCRS)
  77. Myanmar Diaspora Group Finland
  78. Myanmar Engineers – New Zealand
  79. Myanmar Gonye (New Zealand)
  80. Myanmar Hindu Community – Norway
  81. Myanmar People Alliance (Shan State)
  82. Myanmar Refugee Policy Group
  83. Myanmar Students’ Union in New Zealand
  84. Nelson Myanmar Community Group New Zealand
  85. Network for Human Rights Documentation Burma (ND-Burma)
  86. New Zealand Doctors for NUG
  87. New Zealand Karen Association
  88. New Zealand Zo Community Inc.
  89. NLD Organization Committee (International) Norway
  90. No Business With Genocide
  91. Norway Falam Community
  92. Norway Matu Community
  93. Norway Rvwang Community
  94. Nway Oo Guru Lay Myar
  95. Olive Organization
  96. Overseas Mon Association, New Zealand
  97. Padauk Finland-Myanmar Association
  98. Progressive Voice
  99. Pyithu Gonye (New Zealand)
  100. Rights for Women Welfare Society (RW Welfare Society)
  101. Rohingya Action Ireland (RAI)
  102. Rohingya Community in Norway
  103. Rvwang Community Association New Zealand
  104. Save and Care Organization for Women at Border Areas
  105. Save Myanmar Fundraising Group (New Zealand)
  106. Shan Community (New Zealand)
  107. Shan MATA
  108. Sitt Nyein Pann Foundation
  109. Southern Dragon Myanmar
  110. Southern Youth Development Organization
  111. Synergy – Social Harmony Organization
  112. Ta’ang Women’s Organization (TWO)
  113. Ta’ang Legal Aid
  114. Tanintharyi MATA
  115. The European Rohingya Council (ERC)
  116. Volunteers in Myanmar
  117. Women Activists Myanmar
  118. Women’s League of Burma (WLB)
  119. Youth for Democratization of Myanmar (UDM)
  120. Youth Heart Beams
  121. Zomi Christian Fellowship of Norway
  122. Zomi Community Norway
  123. မျိုးဆက် – Generations

Individual in solidarity:

Ronan Lee, Professor, Loughborough University

[1] ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) မှ  အစီရင်ခံထားသည့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ၏ ကိန်းဂဏန်းမှာ  လျော့ပေါ့ဖော်ပြထားချက်သာဖြစ်သည်။  လူသားချင်းစာနာမှု အကူအညီများကို မြေပြင်တွင် တိုက်ရိုက်ပေးနေသော ဒေသခံအဖွဲ့အစည်းများ၏ အစီရင်ခံထားသည့် ကိန်းဂဏန်းများသည် OCHA မှ အစီရင်ခံထားသည့် ကိန်းဂဏန်းများထက် ခန့်မှန်းခြေများစွာမြင့်မားနေသည်ကို တွေ့ရှိရပါသည်။


ထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ