ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီး တွေ့တဲ့ဂယက် အာဆီယံထဲ ဘယ်လိုရိုက်ခတ်လဲ

July 13th, 2023  •  Author:   BBC Burmese  •  1 minute read
Featured image

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက သူ နေပြည်တော်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တဲ့ အကြောင်း လုပ်ဖော်ကိုင်ဖက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို ဂျကာတာအစည်းအဝေးမှာ ထုတ်ပြောပါတယ်။

စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ဖော်နေတဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကိုယ်စားလှယ်ကို စစ်ကောင်စီက သူတို့ ၂ နှစ်ကျော် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံတချို့ကတော့ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးထားရှိဖို့ရာ လက်မခံဘဲ ထိုင်းသီးသန့် ထွင်နေတဲ့ လမ်းကြောင်းမှာ မပူးပေါင်းပဲ နေတဲ့ အပြင်၊ ထိုင်းက မကထလုပ်နေတဲ့ အဲဒီလမ်းဟာ အာဆီယံ အဖွဲ့ ကို ထိခိုက်နေစေတယ်လို့ မြင်ကြပါတယ်။

ဒီတော့ (၁) အခု ထိုင်းရဲ့ ချည်းကပ်ပုံ ခြေလှမ်းဟာ ဘယ်သဘောဆောင်နေလဲ၊

(၂) စစ်ကောင်စီနဲ့ ထိတွေ့ရေးလမ်းကို ဒေါ်အောင်ဆန်းစုကြည်ကလည်းအားပေးတယ်ဆိုပြီး ပြောတယ်လို့များ ထိုင်းကနေ ဆော်ဩလာပြီဆိုရင်ရော လက်ရှိ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ တော်လှန်ရေးလမ်းကြောင်း ထိခိုက်လာမလား၊

(၃) အခုလို ထိုင်းဘက်က လုပ်ဆောင်နေတာတွေဟာ လက်ရှိ ဂျကာတာမြို့ အစည်းအဝေးတွေ အပါအဝင် အာဆီယံအသိုင်းအဝိုင်းထဲ ဘယ်လို သက်ရောက် ရိုက်ခတ်နေလဲ၊

(၄) အလှည့်ကျ ဥက္ကဋ္ဌ အင်ဒို ကိုယ်တိုင်လည်း တိတ်ဆိတ်တဲ့နည်းနာသုံးပြီး ဘက်ပေါင်းစုံနဲ့ အကြိမ် ၁၀၀ ကျော်တွေ့ခဲ့တယ် ဆိုပေမဲ့ ဘာလို့ မြန်မာ့အရေး အဖြေရှာမတွေ့ ဖြစ်နေရလဲ၊

(၅) အမေရိကန်၊ တရုတ်၊ ရုရှား စူပါပါဝါတွေလည်း ရှိနေတဲ့ ဂျာကာတာ အစည်းအဝေးကနေ မြန်မာ့အရေး တစုံတရာ အဖြေထွက်နိုင်လား …

စတာတွေကို ဂျကာတာမြို့မှာ အနီးကပ် ရှိနေပြီး အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကြား မြန်မာ့အရေး ထိတွေ့ဆွေးနွေးနေတဲ့ ရှေ့ပြေးအသံအဖွဲ့ကို ထူထောင် လှုပ်ရှားနေသူ ဒေါ်ခင်ဥမ္မာက အသေးစိတ် ဆွေးနွေးထားပါတယ်။


Original post.