Statement 426 Views

အိတ်ဖွင့်ပေးစာ – လာမည့် အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများ အထူးအစည်းအဝေး (AJSMJ) နှင့် အာဆီယံ-G7 တရားရေးဝန်ကြီးများ အစည်းအဝေးတွင်    မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်များအား တက်ရောက်စေမည် မဟုတ်ကြောင်းကို အတည်ပြုချက် တောင်းခံခြင်း။

July 4th, 2023  •  Author:   411 Civil Society Organizations  •  7 minute read
Featured image

သို့

၁) တရားရေးဝန်ကြီး ကန်ဆိုင်တို
တရားရေးဝန်ကြီးဌာန၊ ဂျပန်နိုင်ငံအစိုးရ
၂) အာဆီယံ-ဂျပန် နှင့် G7 တရားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရေး ကော်မတီ
၃) နိုင်ငံတကာရေးရာဌာန၊ မီဒီယာရုံး

မိတ္တူ-
၁) နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဂျပန်နိုင်ငံအစိုးရ
၂) ယူတာကာ အာရီမာ
ညွှန်ကြားရေးမှူး၊ အရှေ့တောင်နှင့် အနောက်တောင်အာရှရေးရာဌာန
၃) နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန
၄) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
၅) တရားရေးဝန်ကြီး ဦးသိန်းဦး
တရားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
၆) စောဘလှသိန်း
ဂျပန်နိုင်ငံ-ကိုယ်စားလှယ်ရုံး ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄ ရက်

အကြောင်းအရာ ။ ။ လာမည့် အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများ အထူးအစည်းအဝေး (AJSMJ) နှင့် အာဆီယံ-G7 တရားရေးဝန်ကြီးများ အစည်းအဝေးတွင်    မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်များအား တက်ရောက်စေမည် မဟုတ်ကြောင်းကို အတည်ပြုချက် တောင်းခံခြင်း။

လေးစားအပ်သော ဝန်ကြီးများနှင့် ရုံးဝန်ထမ်းများ ခင်ဗျာ/ရှင်

နိုင်ငံတကာတွင် မြန်မာပြည်သူတို့၏ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုရေးဆိုင်ရာ အခွင့်အရေးကို အတူတကွ ကာကွယ်ဆောင်ရွက်လျက်ရှိကြသည့် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထု အဖွဲ့အစည်း ၄၁၁ ဖွဲ့တို့အား ကိုယ်စားပြု၍ မိမိတို့မှ ယခုအိတ်ဖွင့်ပေးစာကို ရေးသားပေးပို့လိုက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ တိုကျိုမြို့တွင် လူကြီးမင်း၏ ဝန်ကြီးဌာနက လက်ခံကျင်းပမည့် အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများ အထူးအစည်းအဝေး (AJSMJ)၊ နှင့် အာဆီယံဥပဒေနှင့် တရားရေး ဝန်ကြီးများမှ G7 တရားရေးဝန်ကြီးများနှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲတို့နှင့်စပ်လျဉ်း၍ မြန်မာပြည်သူများအပေါ် လူကြီးမင်း၏ ပံ့ပိုးကူညီမှုကို လူသိရှင်ကြား အခိုင်အမာရပ်တည်ပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုပါသည်။

အထူးသဖြင့် အောက်ပါအချက်များကို အတည်ပြုပေးရန် မိမိတို့မှ တောင်းဆိုပါသည် –

၁။  ဤအစည်းအဝေးများကို မြန်မာပြည်သူများအား ကိုယ်စားပြုသော ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခြင်း ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရက တက်ရောက်ခွင့််ရရန်နှင့်

၂။   မြန်မာနိုင်ငံရှိ အစိုးရဌာနအဖွဲ့အစည်းများကို တရားမ၀င် သိမ်းပိုက်ရယူထားသော တရားမ၀င် စစ်အုပ်စုကို ဤအစည်းအဝေးမှ ဖယ်ထုတ်ထားရန် တို့ဖြစ်ပါသည်။

လူကြီးမင်းသိရှိထားပြီးသည့်အတိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဤရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရတစ်ရပ်ကို တောင်ပြိုကမ်းပြို မဲပေးရွေးချယ်တင်မြှောက် ခဲ့ကြပါသည်။ လွတ်လပ်သည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များက အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်သည် မြန်မာပြည်သူတို့၏ ဆန္ဒကို ထင်ဟပ်ကိုယ်စားပြုကြောင်း တညီတညွတ်တည်း ကောက်ချက်ချ[i] [ii] [iii]ခဲ့ကြပါသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်အုပ်စုက တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို လုပ်ဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ တရားမ၀င် အကြမ်းဖက်စစ်အုပ်စုသည် ပြည်တွင်းရှိ ဝန်ကြီးဌာနများနှင့် ပြည်ပရှိ မြန်မာသံရုံးများအပါအဝင် အစိုးရအဖွဲ့အစည်း အများအပြားကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဖြစ် ရပ်တည်ရန် ကြိုးပမ်းခဲ့သည်။ စစ်အုပ်စုသည် အစိုးရရုံးများကို ချုပ်ကိုင်နိုင်စွမ်း မရှိသည်သာမက မြန်မာနိုင်ငံ၏ နယ်မြေအများစုသည် ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုများနှင့် တိုင်းရင်းသား အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လက်အောက်တွင်သာ ရှိနေသည့်အတွက် နယ်မြေများကို ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း မရှိသော်ြငား  ၎င်းတို့ကို၎င်းတို့ ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ (SAC) ဟု ခေါ်ဆိုရည်ညွှန်း လျက်ရှိသည်။[iv]

SAC အသွင်သဏ္ဍန်အောက်တွင် စစ်အုပ်စုသည် မြန်မာပြည်သူများကို ဖိနှိပ်ရန်နှင့် ထိန်းချုပ်ရန် ကြိုးပမ်းသည့် အနေဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တစ်နိုင်ငံအတိုင်းအတာအဖြစ် ကျူးလွန်လုပ်ဆောင် နေလျက်ရှိသည်။ ယခုအချိန်အထိတွင် စစ်တပ်က ပြည်သူပေါင်း ၃,၇၄၄ ဦးကို သတ်ဖြတ်ထားပြီး၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ သတင်းသမားများ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ ဘာသာရေးခေါင်းဆောင်များ နှင့် အရပ်သားများ အပါအဝင် လူပေါင်း ၁၉,၃၁၂ ဦး[v]ကို ဖမ်းဆီးအကျဉ်းချထားသည်။

အဖမ်းမခံရဘဲ ကျန်ရှိနေသည့် အစိုးရအဖွဲ့ဝင်များနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ (ပြည်ထောင်စုလွှတ်တော်) သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့ပြီး၊ ထို့နောက်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှ ရရှိသည့် ကိုယ်စားပြုမှုတာဝန်များကို အခြေခံ၍ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။

စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ပစ်မှတ်မခွဲခြားဘဲ ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်နှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများနှင့် အစုလိုက်အပြုံလိုက် မီးရှို့မှုများကို ကျူးလွန်ထားသည်။ အဆိုပါ ရာဇ၀တ်မှုများကြောင့် အာဏာသိမ်းရေး ကြိုးပမ်းမှု စတင်ချိန်မှစ၍ လူပေါင်း ၁.၅ သန်းကျော်[vi]သည် ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရပြီး သောင်းနှင့်ချီသော ပြည်သူလူထုသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြရသည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများ မြောက်ပြီး၊ ယင်းကို ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြားဆိုးရွားသော ရာဇ၀တ်မှုများ ကျူးလွန်ထားမှုများဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၊ နိုင်ငံတကာရာဇ၀တ်ခုံရုံးနှင့် အာဂျင်တီးနားရှိ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးတို့တွင် တရားစွဲဆိုခံထားရသည့် စစ်တပ်ကပင် ကျူးလွန်နေခြင်း ဖြစ်ပါသည်။

မြန်မာစစ်အုပ်စု၏ အာဏာရယူထိန်းချုပ်နိုင်စွမ်းသည် အကြမ်းဖက်မှု၊ အတင်းအကျပ်ဖိအားပေးမှု၊ ငွေကြေး စစ်လက်နက်နှင့် အခြားအရင်းအမြစ်များ လက်လှမ်းမီရရှိနိုင်မှု၊ အထူးသဖြင့် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုတာဝန်ခံမှု တို့မရှိဘဲ အပြစ်ပေးအရေးယူခံရခြင်းမှ ကွင်းလုံးကျွတ်ကင်းလွတ်မှု ရရှိနေခြင်းတို့အပေါ်တွင် မူတည်နေပါသည်။ ထို့အပြင် နိုင်ငံခြားအစိုးရများအနေဖြင့် စစ်အုပ်စုအား အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဆက်ဆံပြီး အောက်ပါအချက်များ –

  • မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် မဟုတ်သော ဆုံးဖြတ်ချက်များအား  ၎င်းတို့ကိုယ်စား ချမှတ်ခြင်း၊
  • စစ်အုပ်စုအား တရားဝင်မှုရရှိစေရန် ပြုလုပ်ပေးခြင်းနှင့် ၎င်းအားအစိုးရတစ်ရပ်အဖြစ် မြင်လာစေရန် ပုံဖော်သည့် ၎င်းတို့၏ တရားမဝင် ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးခြင်း၊
  • လက်ရှိအချိန်အထိ အောင်မြင်မှုမရှိနေသည့် စစ်အုပ်စု၏ တိုင်းပြည်အပေါ် အပြည့်အဝထိန်းချုပ်နိုင်ရေး တရားမဝင်ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးခြင်း။

တို့အပါအဝင် လုပ်ဆောင်ပါက မြန်မာပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေ နိုင်သည်။

ဂျပန်အစိုးရ၏ တရားရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာသိမ်းရေး ကြိုးပမ်းမှုချိန်မှစ၍ မြန်မာပြည်သူများကို ထောက်ခံပံ့ပိုးသည့်အနေဖြင့် မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တရားလွှတ်တော်ချုပ်တို့အတွက် ပံ့ပိုးကူညီမှုများကို ရပ်ဆိုင်းထားလိုက်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါသည်။[vii] အဆိုပါကြိုးပမ်းချက်များကို မြန်မာပြည်သူတို့က များစွာအသိအမှတ်ပြုခဲ့ကြပါသည်။

တစ်ချိန်တည်းတွင် အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများအထူးအစည်းအဝေးသည် နိုင်ငံတကာ အသိုက်အဝန်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုတို့ ကဲ့သို့သော အခြေခံမူလတန်ဖိုးများကို မြှင့်တင်ရန်ရည်ရွယ်သည့် တရားရေးဝန်ကြီးဌာန၏ “တရားရေးဆိုင်ရာ သံခင်းတမန်ခင်း” အစီအစဉ်အရ ပြုလုပ်သည့် ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်ကြောင်း မိမိတို့မှ နားလည် ထားပါသည်။ ထို့အတူ အဆိုပါအစည်းအဝေးကို “တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေး အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း – နှစ် ၅၀ အလွန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ် ဖွင့်လှစ်ခြင်း”[viii] ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ အဆိုပါရည်ရွယ်ချက်များကို လက်ကိုင်ထား၍ ယခုအစည်းအဝေးသို့ တက်ရောက်သူများအား ဖိတ်ကြားအတည်ပြုသည့်အခါတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရန် မိမိတို့မှ တောင်းဆိုလိုက်သည်။

  • စစ်အုပ်စုသည် လက်ရှိတွင် မြန်မာနိုင်ငံရှိ အစိုးရအဆောက်အအုံများကို တရားမဝင်၊ ဥပဒေနှင့်မညီ ရယူသိမ်းပိုက်ထားပြီး၊ မည်သည့်ဖွင့်ဆိုချက်နှင့်မျှ အစိုးရတစ်ရပ်မဟုတ်ကြောင်းကို သိရှိနားလည် ထားရမည် ဖြစ်သည်၊
  • စစ်အုပ်စုက ခန့်အပ်ထားသည့် ‘တရားရေးဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်သူ’ သီတာဦး အား တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီကို ထိခိုက်စေမှုအတွက် အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။[ix]
  • စစ်အုပ်စုက ခန့်အပ်ထားသည့် ‘ပြည်ထောင်စုတရားသူကြီးချုပ်’ ထွန်းထွန်းဦးအား တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီကို ထိခိုက်စေမှုအတွက် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။[x]
  • စစ်တပ်သည် ဥပဒေမဲ့သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးခြင်းများနှင့် အကျဉ်းချမှုများ၊ ပြည်သူလူထုရဲ့ တရားမျှတမှု လက်လှမ်းမီရရှိခွင့် အပေါ် အပြင်းအထန် ဖိနှိပ်ကန့်သတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်နေသည်။
  • မြန်မာပြည်သူများအပေါ် ကျူးလွန်းထားသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် နိုင်ငံတကာအကြမ်းဖက်မှု တန်ပြန်ရေးစာချုပ်များနှင့် ပြည်တွင်းဥပဒေများ၏ အကြမ်းဖက်ဝါဒ ဖွင့်ဆိုချက်များနှင့် ကိုက်ညီသည်။[xi]
  • စစ်အုပ်စုသည် တရားဥပဒေကို လေးစားလိုက်နာသည့် ဖြစ်ရပ်အထောက်အထားမျိုး အတိတ်ကာလတွင် မရှိခဲ့သကဲ့သို့ အနာဂတ်တွင်လည်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးအစည်းအဝေးတွင် စစ်အုပ်စု၏ အဖွဲ့ဝင်များအား တက်ရောက် စေခြင်းသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူများအပေါ် စော်ကားမှုတစ်ရပ်သာ ဖြစ်လိမ့်မည် ဖြစ်သည်။

အထက်ပါအချက်များကို ထည့်သွင်းစဉ်းစား၍ ဂျပန်နိုင်ငံအနေဖြင့် အာဆီယံ-ဂျပန်တရားရေး ဝန်ကြီးများ အထူးအစည်းအဝေးမှ စစ်အုပ်စုကိုယ်စားလှယ်များကို ဖယ်ထုတ်ခြင်းဖြင့် မြန်မာစစ်အပ်စုအား နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုနှင့် လွဲမှားသည့် တရားဝင်မှု ပေးအပ်ခြင်း မရှိစေရေး သေချာစေရန် လူကြီးမင်းအား မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

လူကြီးမင်း၏ ဝန်ကြီးဌာနသည် အခြားအရေးပါသည့် ဂျပန်-အာဆီယံအစည်းအဝေးများကိုလည်း ပုံမှန်ကျင်းပရန် စီစဉ်ထားကြောင်း သိရှိထားသည်ဖြစ်ရာ လူကြီးမင်းတို့ ဝန်ကြီးဌာနက လက်ခံကျင်းပမည့် အခြားသော အာဆီယံ-ဂျပန်အစည်းအဝေးအားလုံးတွင် မြန်မာပြည်သူများကို ၎င်းတို့မှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကသာ ကိုယ်စားပြုတက်ရောက်စေရန်နှင့် တရားမဝင် စစ်အုပ်စုက ကိုယ်စားပြုတက်ရောက်ခြင်း မရှိစေရန် လူကြီးမင်း၏ အတည်ပြုချက်ပေးရန် မိမိတို့မှ တောင်းဆိုသည်။

ယခုတောင်းဆိုချက်သည် “လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မြန်မာပြည်သူတို့၏ဆန္ဒကို ထောက်ခံ အားပေးသည့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဝင်အစိုးရအသွင်ဆောင်သော စစ်အုပ်စု၏ မဟုတ်မမှန် ပြောဆိုချက်များကို လူသိရှင်ကြား ငြင်းဆိုရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူများ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်” တောင်းဆိုထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်[xii]၏ အကြံပြုချက်များကို ထင်ဟပ်သည့် ထပ်လောင်းတောင်းဆိုမှု ဖြစ်သည်။ မြန်မာပြည်သူများကို ၎င်းတို့ဒီမိုနည်းကျ ရွေးချယ်တင်မြောက်ထားသော အစိုးရကသာ ကိုယ်စားပြုရေး သေချာစေရန် လုပ်ဆောင်သည့် လူကြီးမင်း၏ ဆုံးဖြတ်ချက်သည် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီမှုများကို ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့သည့် တရားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့်လည်းကိုက်ညီသည့်အပြင် စစ်အုပ်စု၏ ကိုယ်စားလှယ်များကို မည်သည့်အဆင့်မြင့် အစည်းအဝေးများသို့ မဖိတ်ကြားသည့် အာဆီယံ၏ မကြာသေးမီက ဆုံးဖြတ်ချက်များနှင့်လည်း တစ်သားတည်းရှိနေသည်။[xiii] [xiv]

ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်အား ၎င်းတို့ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ရန်အတွက် အရေးပါသည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရမည် ဖြစ်သည်။ မြန်မာပြည်သူများသည် ၎င်းတို့နှင့် ၎င်းတို့၏ တရားဝင်အစိုးရမှ ထိုက်သင့်ဆီလျော်သည့် နိုင်ငံရေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိရေး သေချာစေရန် လိုအပ်သည့် လုပ်ဆောင်ချက် အားလုံး လုပ်ဆောင်နိုင်ရန်မှာ ဂျပန်အစိုးရကဲ့သို့ ဩဇာကြီးသော နိုင်ငံတကာအသိုက်အဝန်း၏ အဖွဲ့ဝင်တို့ အပေါ်တွင် မူတည်နေပါသည်။ ထိုအရေးပါသည့် လုပ်ဆောင်ချက်များတွင် စစ်အုပ်စုအဖွဲ့ဝင်များအား နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအချင်းချင်းများအကြား ပြုလုပ်သည့် ဖိုရမ်များမှ ဖယ်ထုတ်ထားခြင်း ကဲ့သို့သော လုပ်ဆောင်ချက်များ ပါဝင်သည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကို ၎င်းတို့၏ ဝက်ဆိုဒ် https://www.nugmyanmar.org/en/ တွင် ပေးထားသည့် အသေးစိတ်အချက်အလက်များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။တရားရေးဝန်ကြီး ဦးသိန်းဦးကို [email protected] မှတဆင့် ဆက်သွယ်နိုင်ပြီး၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို [email protected] မှတဆင့် ဆက်သွယ်နိုင်သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ဂျပန်နိုင်ငံတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိပြီး ကိုယ်စားလှယ် စောဘလှသိန်း [email protected] မှတဆင့် ဆက်သွယ်နိုင်သည်။ လူကြီးမင်းအနေဖြင့် အဆိုပါဆက်ဆံရေးရုံးနှင့် ဆက်ဆံရေးတစ်ရပ် ထူထောင်ထားရှိခြင်း မရှိသေးပါက လုပ်ဆောင်ပါရန်လည်း မိမိတို့မှ တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး သိရှိလိုခြင်းရှိပါက သို့မဟုတ် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရကိုယ်စားလှယ်များနှင့် တရားမဝင်စစ်အုပ်စုအဖွဲ့ဝင်များအကြား ခွဲခြားရန် အကူအညီလိုအပ်ပါက မိမိတို့အနေဖြင့် လူကြီးမင်းအား ကူညီပံ့ပိုးပေးရန် အဆင့်သင့်ရှိပါသည်။

မိမိတို့အနေဖြင့် လူကြီးမင်း၏ တုံ့ပြန်မှုကို မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေမည်ဖြစ်သကဲ့သို့ လူကြီးမင်း၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်သူများအား အထောက်အပံ့ဖြစ်စေမည်လော သို့မဟုတ် ရက်စက်ကြမ်းကြုတ်သည့် တရားမဝင်စစ်အုပ်စုကို အပံ့အပိုးဖြစ်စေမည်လော ဟူသည်ကိုလည်း မိမိတို့မှ ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်သည်။

လေးစားစွာဖြင့်

ကိုရဲ
Defend Myanmar Democracy
+66 816 490 228(Signal)
[email protected]

ဒေါ်ခင်ဥမ္မာ
ရှေ့ပြေးအသံအဖွဲ့
[email protected]

မြင့်ဆွေ
Federation of Workers’ Union of the Burmese Citizen in Japan
+81 08041556099
[email protected]

စောအဲလက်
+48 728 027 952(Signal)
[email protected]

ဤအိပ်ဖွင့်ပေးစာကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၁၄ ဖွဲ့ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၄၁၁ ဖွဲ့မှ လက်မှတ်ရေးထိုး‌ထောက်ခံပါသည်။

  1. 5/ of Zaya State Strike
  2. Action Committee for Democracy Development (Coalition of 14 grassroots networks
  3. Action Committee of Basic Education Students (ACBES)
  4. Active Youths Kalaymyo
  5. Ah Nah Podcast – Conversations with Myanmar
  6. All Arakan Students’ and Youths’ Congress
  7. All Arakan Youth Organization Network
  8. All Aung Myay Thar San Schools Strike Force
  9. All Burma Federation of Student Unions (Monywa District)
  10. All Burma Indigenous People Alliance (ABIPA)
  11. Alliance of Students’ Union – Yangon (ASU-Yangon)
  12. ALTSEAN-Burma
  13. Anti-coup Forces Coordination Committee (ACFCC -Mandalay)
  14. Anti-Junta Alliance Yangon-AJAY
  15. Arakan CSO Network
  16. Arakan Rohingya Development Association-Australia Inc
  17. Asia Pacific Solidarity Coalition (APSOC)
  18. Asian Forum for Human Rights and Development (FORUM-ASIA)
  19. Assistance Association for Political Prisoners
  20. Association of Human Rights Defenders and Promoters
  21. Association Suisse-Birmanie
  22. Athan – Freedom of Expression Activist Organization
  23. Aung San Suu Kyi Park Norway
  24. A-Yar-Taw People Strike
  25. Ayeyawady Youth Network
  26. Basic Education General Strike Committee (BEGSC)
  27. Basic Education Worker Unions – Steering Committee (BEWU-SC)
  28. BCC စစ်ကိုင်းတိုင်း
  29. Burma Action Ireland
  30. Burma Campaign UK
  31. Burma Human Rights Network
  32. Burmese Women’s Union
  33. CDM Medical Network (CDMMN)
  34. Chanmyatharzi Township People’s Strike
  35. Chaung Oo Township Youth Strike Committee
  36. Chin Community in Norway
  37. Chin Human Rights Organization
  38. Chindwin (West) Villages Women Strike
  39. Civil Information Network (CIN)
  40. Civil Society Organizations Coordination Committee (Monywa)
  41. Coalition Strike Committee – Dawei
  42. Co-operative University Mandalay Students’ Strike
  43. Creative Home
  44. CRPH & NUG Supporters Ireland
  45. CRPH Funding Ireland
  46. CRPH Support Group, Norway and member organizations
  47. CRPH, NUG Support Team Germany- Deutschland
  48. Daung Sitthe Strike
  49. Dawei (Ashaetaw) Women Strike
  50. Democracy, Peace and Women’s Organization
  51. Democratic Party for a New Society, Norway
  52. Depayin Township Revolution Steering Committee
  53. Depayin Women Strike
  54. Doh Atu – Ensemble pour le Myanmar
  55. Dream Hope Goals Media Group
  56. Educational Initiatives Prague
  57. Equality Myanmar
  58. Ethnic Youth General Strike Committee (Mandalay)
  59. Federation of Workers’ Union of the Burmese Citizen in Japan
  60. Former Political Prisoners and New Generation Group – Monywa
  61. Free Rohingya Coalition
  62. Freedom and Labor Action Group (FLAG
  63. Future Light Center
  64. Future Thanlwin
  65. Gangaw Women Strike
  66. General Strike Collaboration Committee (GSCC)
  67. General Strike Committee of Basic and Higher Education (GSCBHE)
  68. General Strike Committee of Nationalities (GSCN)
  69. Grass-root People
  70. Human Rights Educators’ Network
  71. Human Rights Foundation of Monland
  72. India for Myanmar
  73. Industries Strike
  74. Info Birmanie
  75. Initiatives for International Dialogue
  76. Inlihtan Peninsula Tanintharyi
  77. International Association, Myanmar – Switzerland (IAMS)
  78. Kachin Association Norway
  79. Kachin Student Union
  80. Kachin Women’s Association Thailand
  81. Kalay Township Strike Force
  82. Kalay Women Strike
  83. Karen Human Rights Group
  84. Karen Peace Support Network – KPSN
  85. Karen Swedish Community (KSC)
  86. Karen Women’s Organization
  87. Karenni Association – Norway
  88. Karenni Civil Society Network
  89. Kayan Women’s Organization
  90. K’cho Ethnic Association
  91. Keng Tung Youth
  92. Kyain Seikgyi Spring Revolution Leading Committee
  93. Kyaukse University Students’ Union
  94. Kyauktada Strike Committe
  95. Latpadaung Region Strike Committee
  96. Let’s Help Each Other
  97. LGBT Alliance
  98. LGBT Alliance Myanmar (Kalay Region)
  99. LGBT Alliance Myanmar (Kyaukse Region)
  100. LGBT Community Yangon
  101. LGBT Union – Mandalay
  102. MAGGA Initiative
  103. Magway People’s Revolution Committee
  104. Maharaungmyay Township People’s Strike
  105. Mandalar University Students’ Strike
  106. Mandalay Alliance Coalition Strike
  107. Mandalay Medical Family (MFM)
  108. Mandalay Regional Youth Association (MRYA)
  109. Mandalay Strike Force (MSF)
  110. Mandalay Women Strike
  111. Mandalay Youth Strike
  112. Mandalay-based People’s Strike
  113. Mandalay-Based University Students’ Unions (MDY_SUs)
  114. MATA စစ်ကိုင်းတိုင်း
  115. MayMyo Strike Force
  116. Metta Campaign
  117. Minority Affairs Institute
  118. Monywa LGBT Strike
  119. Monywa People’s Strike Steering Committee
  120. Monywa Women Strike
  121. Monywa-Amyint Road Strike Leading Committee
  122. Monywa-Amyint Road Women Strike
  123. Multi-Religions  Strike
  124. Muslim Youth Network
  125. Mya Taung Strike
  126. Myanmar Action Group Denmark
  127. Myanmar Campaign Network
  128. Myanmar Community in Norway
  129. Myanmar Diaspora Group Finland
  130. Myanmar Hindu Community – Norway
  131. Myanmar Institute of Information Technology Students’ Strike
  132. Myanmar Labor Alliance (MLA)
  133. Myanmar People Alliance (Shan State)
  134. Myaung Youth Network
  135. Myingyan Civillian Movement Committee
  136. National League for Democracy (Monywa Township)
  137. Netherlands-Myanmar Solidarity Platform
  138. Network for Human Rights Documentation Burma (ND-Burma)
  139. Network of University Student Unions – Monywa
  140. NLD Organization Committee (International) Norway
  141. No.12 Basic Education Branch High School (Maharaungmyay) Students’ Union
  142. Norway Falam Community
  143. Norway Matu Community
  144. Norway Rawang Community
  145. NRFF – New Rehmonnya Federated Force
  146. Nyan Lynn Thit Analytica
  147. Olive Organization
  148. Padauk Finland-Myanmar Association
  149. Pale Township People’s Strike Steering Committee
  150. Progressive Voice
  151. Pyi Gyi Tagon Strike Force
  152. Representative Committee of University Teacher Associations (RC of UTAs)
  153. Rohingya Community in Norway
  154. Samgha Sammaga-Mandalay
  155. Save and Care Organization for Women at Ethnic Women at Border Areas
  156. Seinpann Strike
  157. Shan MATA
  158. Shwe Pan Kone People`s Strike Steering Committee
  159. Sitt Nyein Pann Foundation
  160. Southern Dragon Myanmar
  161. Southern Youth Development Organization
  162. Spring Revolution Myanmar Muslim Network
  163. Ta’ang Women’s Organization
  164. Tamar Institute for Development
  165. Tanintharyi MATA
  166. Tanintharyi Nationalities Congress
  167. Taze Strike Commitee
  168. Taze Women Strike
  169. Tenasserim Students Unions Network – TSUN
  170. Thakhin Kodaw Mhine Peace Network (Monywa)
  171. Thayat Chaung Women Strike
  172. The 88 Generation Peace and Open Society (Monywa)
  173. The Ladies
  174. Thint Myat Lo Thu Myar Organization
  175. TRF (Myanmar)
  176. Twitter Team for Revolution (TTFR)
  177. U.S. Campaign for Burma
  178. University Students’ Unions Alumni Force
  179. Volunteers in Myanmar
  180. Wetlet Revolution Leading Committee
  181. Wetlet Twonship Women Strike
  182. White Coat Society Yangon (WCSY)
  183. With Myanmar UK
  184. Women Alliance Burma (WAB)
  185. Yadanabon University Students’ Union (YDNBUSU)
  186. Yangon Medical Network
  187. Yangon Revolution Force – YRF (Soft Strike Community)
  188. Yangon Women Strike
  189. Yasakyo Township People`s Strike Steering Committee
  190. Yinmarpin and Salingyi All Villages Strike Committee
  191. Youth for Democratization of Myanmar (UDM)
  192. Zomi Christian Fellowship of Norway
  193. Zomi Community Norway
  194. ထီးချိုင့်ကွန်ယက်
  195. နားထောင်ရင်းလှူပေးပါ
  196. မျိုးဆက်-Generations
  197. အထက်အညာလွင်ပြင်ရပ်ဝန်း

Additional list

  1. Global Myanmar Spring Revolution (GMSR)
  2. Leaders and Organizers of Community Organizations in Asia (LOCOA) (Korea, Indonesia, Philippines, Thaland, Cambodia, India, Myanmar)

[i] Domestic Election Observer Organizations, Joint Statement by Domestic Election Observer Organizations, 29 January 2021, https://drive.google.com/file/d/1eLc0m-nFWorVCbucKBa8E9E2IsZo4_uW/preview

[ii] Reiner M. Antiquerra, John; Buenaobra, Maribel; Chung Lun, Lee & Vier, Amaël, The 2020 Myanmar General Elections: Democracy Under Attack – ANFREL International Election Observer Mission Report, Asian Network for Free Elections, 2021, https://anfrel.org/anfrel-releases-2020-myanmar-general-elections-final-observation-mission-report/

[iii] The Carter Center, Election observation mission, Myanmar, general election, November 8, 2020, Preliminary Statement, 10 November 2020, https://www.cartercenter.org/resources/pdfs/news/peace_publications/election_reports/myanmar-preliminary-statement-112020.pdf

[iv] Briefing Paper: Effective Control in Myanmar, Special Advisory Council for Myanmar, 5 September 2022, https://specialadvisorycouncil.org/2022/09/briefing-effective-control-myanmar/

[v] Assistance Association For Political Prisoners (Burma), Daily briefing, 30 June 2023, https://aappb.org/?p=25290

[vi] UNHCR Regional Bureau for Asia and Pacific, Myanmar Emergency Update, 1 May 2023, https://reporting.unhcr.org/myanmar-emergency-regional-update

[vii] Government of Japan, Ministry of Justice, International Cooperation Department

Research and Training Institute, March 2023, https://www.moj.go.jp/content/001393749.pdf

[viii] Republic of the Philippines, Department of Justice, Japan to host special meeting of ASEAN justice ministers, October 2022 https://www.doj.gov.ph/news_article.html?newsid=766

[ix] Aljazeera, US, UK, Canada sanction top Myanmar justice officials, 31 January 2022, https://www.aljazeera.com/news/2022/1/31/us-britain-canada-hit-top-myanmar-justice-officials-with-sanctions

[x] Aljazeera, US, UK, Canada sanction top Myanmar justice officials, 31 January 2022, https://www.aljazeera.com/news/2022/1/31/us-britain-canada-hit-top-myanmar-justice-officials-with-sanctions

[xi] Special Advisory Council Myanmar, The Myanmar Military is a Terrorist Organization Under Law, 14 December 2021, https://specialadvisorycouncil.org/wp-content/uploads/2021/12/SAC-M-Briefing-Paper-Myanmar-Military-Terrorist-Organisation-ENGLISH.pdf

[xii] Thomas Andrews, Illegal and Illegitimate: Examining the Myanmar military’s claim as the Government of Myanmar and the international response Conference room paper of the Special Rapporteur on the situation of human rights in Myanmar (A/HRC/52/CRP.2), 31 January 2023, https://www.ohchr.org/sites/default/files/documents/countries/mm/2023-01-27/crp-sr-myanmar-2023-01-31.pdf

[xiii] Radio Free Asia, Cambodia Postpones First ASEAN Meeting Amid Differences Among Members, Voice of America, 13 January 2022, https://www.voanews.com/a/cambodia-postpones-first-asean-meeting-amid-differencesamong-members-/6395847.html

[xiv] The Straits Times/Asia News Network, Myanmar junta snubbed at Asean defense chiefs’ meet, The Inquirer, 23 November 2022, https://globalnation.inquirer.net/208753/myanmar-junta-snubbed-at-asean-defense-chiefsmeet


PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ