Statement 154 Views

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၃)

June 15th, 2023  •  Author:   National Unity Government (Ministry of Foreign Affairs)  •  1 minute read
Featured image

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၃)

၁၃၈၅ ခုနှစ်၊ နယုန်လဆုတ် (၁၃) ရက်
၂၀၂၃ ခုနှစ် ဇွန်လ (၁၅) ရက်

၁။ အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသား များ ဖွဲ့စည်းထားသည့်လူမှုအဖွဲ့အစည်းများအနေဖြင့် အောက်ပါအချက်များကို လိုက်နာပေးကြရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည် –

(က) အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ (sovereignty) နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ (territorial integrity) ကို ထိပါးစေသည့်ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြပါရန်။

(ခ) မိမိတို့ရောက်ရှိခိုလှုံနေထိုင်နေသည့်ပြည်နယ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာအရေးအရာများ (political and administrative matters) (ဥပမာ – နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုနှင့် လူမျိုးရေးအခြေပြုအချေအတင်ဖြစ်မှုများ) တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြပါရန်။

(ဂ) မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ရောင်းဝယ်သယ်ဆောင်မှုပြုလုပ်ခြင်း၊ ယင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းများ လုံးဝ မပြုလုပ်ကြပါရန်။

(ဃ) မိမိတို့ရောက်ရှိနေထိုင်နေသည့် ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် သင့်တင့်လျောက် ပတ်စွာနေထိုင်ပေးကြပါရန်နှင့် မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာတွင် ထုတ်ပြန်ထားသော လူမှုရေး၊ ဘာသာရေး စည်းကမ်းများကိုလည်း လိုက်နာပေးကြပါရန်။

(င) မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများအား အသိပေး တိုင်ပင်ခြင်း၊ လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြ ပါရန်။

၂။ မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ဤအသိပေးမေတ္တာရပ်ခံချက်ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများသို့ ထပ်ဆင့်အသိပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ


Download statement

View the original