Statement 587 Views

အိတ်ဖွင့်ပေးစာ – မြန်မာနိုင်ငံ၌ လူမှဖန်တီးသော အကျပ်အတည်းများနှင့် သဘာဝကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များကို ရင်ဆိုင်နေရချိန်တွင် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန်နိုင်ငံ၏ ဦးဆောင်မှု အရေးပေါ်လိုအပ်လျက်ရှိနေသည်

May 29th, 2023  •  Author:   239 Organizations  •  5 minute read
Featured image

ဂုဏ်သရေရှိလူကြီးမင်း Fumio Kishida
ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်
အစိုးရအဖွဲ့ရုံး၊ ၁-၆-၁ Nagata-cho
Chiyoda-ku၊ တိုကျိုမြို့ 100-8968၊ ဂျပန်နိုင်ငံ

မိတ္တူ –

ဝန်ကြီး Yoshimasa Hayashi၊ နိုင်ငံခြားရေးဝန်ကြီးဌာန

H.E. Mr. Kimihiro Ishikane၊ အထူးအာဏာလွှဲအပ်ခံထားရသည့် သံအမတ်ကြီး၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ၏ အမြဲတမ်းမစ်ရှင်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်များ

၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့

အိတ်ဖွင့်ပေးစာ

အကြောင်းအရာ။           ။ မြန်မာနိုင်ငံ၌ လူမှဖန်တီးသော အကျပ်အတည်းများနှင့် သဘာဝကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များကို ရင်ဆိုင်နေရချိန်တွင် မြန်မာစစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန်နိုင်ငံ၏ ဦးဆောင်မှု အရေးပေါ် လိုအပ်လျက်ရှိနေသည်။

လေးစားရပါသော ဝန်ကြီးချုပ် Kishida

မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၃၉ ဖွဲ့တို့သည် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွား လာနေသော ဘက်ပေါင်းစုံအကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC/ကောင်စီ) တွင် ပိုမိုကြီးမားသော ဦးဆောင်မှုအခန်းကဏ္ဍကိုယူရန် လူကြီးမင်းနှင့် ဂျပန်နိုင်ငံအစိုးရအား စာရေးသား၍ တိုက်တွန်းအပ်ပါသည်။ UNSC ၏ အဖွဲ့ဝင်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အဓိကအလှူရှင် ဖြစ်သည့် ဂျပန်အစိုးရသည် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အဆုံးသတ်ရန် အတွက် UNSC မှ မူအပေါ်ရပ်တည်ပြီး လူ့အခွင့်အရေးကို အခြေခံသော တုံ့ပြန်မှုတစ်ရပ် ဖော်ဆောင်လာရန် ကောင်စီတွင်ရှိသော ၎င်း၏မဟာမိတ်များနှင့် အတူတကွလုပ်ဆောင်ရန် အသင့်လျော်ဆုံးနေရာတွင် ရှိနေသည်ဟု မိမိတို့မှ ယုံကြည်ပါသည်။

အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာစစ်တပ်သည် လူပေါင်း ၃,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည့် ဂျပန်သတင်းထောက်နှစ်ဦး အပါအဝင် လူပေါင်း ၂၂,၇၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထိုဖမ်းဆီးခံရသူများထဲမှ အများအပြားမှာ တရားမျှတမှု မရှိစွာ ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ UNSC မှ ဆုံးဖြတ်ချက်ချမှတ်ပြီးနောက်ပိုင်းတွင် နောက်ထပ်သော လူပေါင်း ၇၀၄ ဦးကျော်ကို စစ်အုပ်စုက ဆက်လက် သတ်ဖြတ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် သေဆုံးမှု အပြင်းထန်ဆုံးအဆင့်ရှိ နိုင်ငံများထဲတွင် ယူကရိန်းနိုင်ငံအပြီး ကပ်လျက်အဆင့် သတ်မှတ်ခံရပြီး ကမ္ဘာတစ်ဝှမ်းတွင် အရပ်သားများကို ပစ်မှတ်ထားသော  အကြမ်းဖက်မှု အရေအတွက် အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် လူပေါင်း ၁.၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂမှ လျှော့ပေါ့စွာ ခန့်မှန်းထားသည်။ အဆင့်ငါးရှိ ဆိုင်ကလုံးမိုခါက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရွေ့လျားလာနေချိန်တွင် မြန်မာစစ်အုပ်စုက ဆိုင်ကလုံးမုန်တိုင်းသွားရာ လမ်းတလျောက်ရှိ ဒေသများတွင် နေထိုင်ကြသော အရပ်သားပြည်သူများကို ဆက်လက်တိုက်ခိုက်နေခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူများ ရွှေ့ပြောင်းမှုများစတင်ချိန်တွင် ရိုဟင်ဂျာများကို စစ်အုပ်စုက တမင်သက်သက် လစ်လျှူရှုထားခဲ့ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းသို့ ပေးပို့သော အကူအညီများကိုပင် ပိတ်ဆို့ထားခဲ့သဖြင့် ရာနှင့်ချီသော လူများကို သေဆုံး သို့မဟုတ် ပျောက်ဆုံးစေခဲ့သည်။ စစ်အုပ်စု၏ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအပေါ် ချိုးဖောက်မှုများကို တုံ့ပြန်ပြီး ဒေသတွင်းနှင့် ပြင်ပတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံချက်ရှိစေရန်အတွက် ဂျပန်အစိုးရအနေဖြင့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းတုံ့ပြန် လုပ်ဆောင်ရန် အရေးကြီးပါသည်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အတွင်း ကမ္ဘာ့ခေါင်းဆောင်များအား ပြောကြားခဲ့သည့် လူကြီးမင်း၏မိန့်ခွန်းတွင် “ဩဇာရှိသော အသံများကိုသာ နားမထောင်ဘဲ သေးငယ်သော အသံများကိုလည်း နားထောင်ရန်” နှင့် UNSC ၏ အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အထိ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အရေးကြီးသောနေရာတွင် ရှိနေစဉ်၌ “နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဥပဒေစိုးမိုးရေး ပိုမိုအားကောင်းစေရန် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လိုကြောင်း” ဆိုသည့်အချက်များ ပါဝင်ခဲ့သည်

ထိုစကားလုံးများကို လက်တွေ့လုပ်ဆောင်ချက်များဖြစ်လာစေရန် UNSC ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ဆက်လက်တည်ဆောက်ခြင်းမှတစ်ဆင့် လူမျိုးသုဥ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် စစ်အုပ်စုကို တာဝန်ယူတာဝန်ခံမှု ရှိစေရန် ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ချမှတ်ရေး လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုလိုက်သည်။

ဂျပန်နိုင်ငံ၏ ODA နှင့် စီးပွားရေးလုပ်ငန်းများ – မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နေမှုကို ဂျပန်အစိုးရက ပထမဦးစွာ အဆုံးသတ်ရမည်  

UNSC ၏ ဆုံးဖြတ်ချက်သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန် မစွမ်းဆောင်နိုင် သကဲ့သို့ ဂျပန်အစိုးရ၏ စိုးရိမ်ကြောင်း ထုတ်ပြန်ချက်သည်လည်း စစ်တပ်အပေါ် ဆက်လက်၍ ထိရောက်မှု မရှိဘဲ ဖြစ်နေသည်။ မြန်မာစစ်အုပ်စုက လက်ရှိတွင် အကောင်အထည်ဖော်နေ‌သော တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ (ODA) စီမံကိန်းများကို ဂျပန်အစိုးရက ရပ်ဆိုင်းမှု မရှိသေးခြင်း သို့မဟုတ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ငွေကြေးထောက်ပံ့နေသော ဂျပန်စီးပွားရေးလုပ်ငန်းများ ရပ်တန့်မှု မရှိခြင်းများသည် မြန်မာစစ်အုပ်စုမှ အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုသော ဂျန်ပန်အစိုးရ၏ ထုတ်ပြန်ချက်များက သက်ရောက်မှု မရှိပေ။

အကယ်၍ ဂျပန်နိုင်ငံသည် ကမ္ဘာ့စင်မြင့်ထက်တွင် ၎င်း၏ခေါင်းဆောင်မှုကို လူ့အခွင့်အရေးအား လေးစားလိုက်နာသည့် အာရှ၏ဒီမိုကရေစီနိုင်ငံအဖြစ် အခိုင်အမာရပ်တည်ကြောင်း ပြသလိုပါက မြန်မာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် ၎င်း၏ပါ၀င်ပတ်သက်မှုကို ဦးစွာအဆုံးသတ်ရမည် ဖြစ်သည်။ မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေခြင်းသည် အာရှ၏ဦးဆောင် ဒီမိုကရေစီနိုင်ငံအဖြစ် ရှိနေသော ဂျပန်၏အမည်ကောင်းကို မှေးမှိန်စေရုံသာမက အကြမ်းဖက်ခြင်းမှတစ်ဆင့် အုပ်ချုပ်ရန် ကြိုးပမ်းနေသည့် မြန်မာစစ်တပ်၏ ကြိုးပမ်းအားထုတ်မှု များကို အဆုံးသတ်ရန် ဂျပန်နိုင်ငံက ပံ့ပိုးပေးမည် ဟူသည့် ဂျပန်အစိုးရအပေါ် ထားရှိသော မြန်မာပြည်သူလူထုများ၏ မျှော်လင့်ချက်အမြင်ကိုလည်း သေးသိမ် စေလိမ့်မည်။

ODA အစီအစဉ်စတင်ချိန်မှစ၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ဂျပန်နိုင်ငံသည် ချေးငွေအကူအညီ ယန်း ၁.၄ ထရီလီယံ (ဒေါ်လာ ၉.၆ ဘီလီယံ)၊ ထောက်ပံ့ငွေ ယန်း ၃၆၀ ဘီလီယံ (ဒေါ်လာ ၂.၅ ဘီလီယံ) နှင့် မြန်မာနိုင်ငံအတွက် နည်းပညာအကူအညီ ယန်း ၁၀၀ ဘီလီယံ (ဒေါ်လာ ၆၉၀ သန်း) တို့ကို ထောက်ပံ့ပေးခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု မတိုင်မီအထိ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ODA အများဆုံး ထောက်ပံ့ ပေးခဲ့သည့်နိုင်ငံ ဖြစ်ခဲ့သည်။  ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းချိန် မှစ၍ မြန်မာစစ်တပ်၏ ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း ODA ကို ဂျပန်အစိုးရမှ သြဇာအရှိန်အဝါအဖြစ် အပြည့်အဝအသုံးချခြင်း မရှိသေးပေ။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ဦးစားပေးရမည့်အစား ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်၏ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ်လုပ်ကိုင်ခြင်း အပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်း များအတွက် အခွင့်အလမ်းများကို ဖော်ထုတ်လျှက် မြန်မာနိုင်ငံဖွံ့ဖြိုးရေးကို ဇောင်းပေးခဲ့သည်။ အရပ်ဘက် လူထုအဖွဲ့အစည်းများ၏ ပြင်းပြင်းထန်ထန် တောင်းဆိုမှုများရှိသော်လည်း ၎င်း၏ ODA သည် စစ်အုပ်စုအား ဘဏ္ဍာရေးအရ အကျိုးပြုနေသည်ဟူသော စွပ်စွဲချက်များအပေါ် တုံ့ပြန်ရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် ယနေ့ထိတိုင် စုံစမ်းစစ်ဆေးမှုတစ်စုံတရာ ပြုလုပ်ခြင်း မရှိသေးပေ။

ရလဒ်အားဖြင့် ယိုကိုဂါဝါတံတားကော်ပိုရေးရှင်းကဲ့သို့ စီးပွားရေးလုပ်ငန်းသည် အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်းတွင် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှတစ်ဆင့် ဂျပန်နိုင်ငံ၏ ODA က ကျောထောက်နောက်ခံပြုထားသော တံတားဆောက်လုပ်ရေး စီမံကိန်းအတွက် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) သို့ အမေရိကန် ဒေါ်လာ ၁ သန်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ဂျပန်နိုင်ငံ၏ ODA က ငွေကြေးထောက်ပံ့ထားသော စီမံကိန်းများသည်လည်း မြန်မာစစ်တပ်၏ မဟာဗျူဟာ မြောက် အကျိုးစီးပွားများ အကျိုးကျေးဇူးရစေရန် တိုက်ရိုက်ပံ့ပိုးပေးခဲ့သည်။ ဥပမာအနေဖြင့်ပြရလျှင် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးတစ်လျှောက် ပဋိပက္ခများကို လုံးဝဥဿုံ ဆီလောင်းပေးခဲ့သော အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWC) တိုးတက်ရေးစီမံကိန်းကဲ့သို့သော ကိစ္စများ ဖြစ်သည်။

မြန်မာစစ်တပ်က ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးအကူအညီများကို စစ်ရေးရည်ရွယ်ချက်များအတွက် အလွဲသုံးစားလုပ် ခဲ့သည်များလည်း ရှိခဲ့သည်။ အရပ်သားများအသုံးပြုရန်အတွက် ရည်ရွယ်၍ ဂျပန်က ထောက်ပံ့ထားသည့် ခရီးသည်တင် သင်္ဘောများကို ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်သည့် အချိန်အတွင်း ၎င်း၏တပ်ဖွဲ့များ သယ်ယူပို့ဆောင်ရေးအတွက် စစ်ရေးရည်ရွယ်ချက်အဖြစ် အသုံးပြုခဲ့ပြီး ထိုကိစ္စအပေါ် ဂျပန်အစိုးရ၏ စုံစမ်းစစ်ဆေးမှုအပေါ်တွင်လည်း ဂရုပြုမှု မရှိသည်ကို ပြောင်ပြောင်တင်းတင်းပင် ပြသခဲ့သည်။

ဆက်သွယ်ဆောင်ရွက်ရေးလုပ်ငန်း ကဏ္ဍတွင်သာမက အိမ်ယာဖွံ့ဖြိုးရေး ကဏ္ဍများတွင်လည်း ဂျပန်စီးပွားရေး လုပ်ငန်းများသည် မြန်မာစစ်တပ်နှင့် ၎င်းကထိန်းချုပ်ထားသော လုပ်ငန်းများနှင့်ဆက်လက်၍ တက်ကြွစွာ ဖက်စပ်လုပ်ကိုင် လျက်ရှိသည်။ ယင်းသည် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူဝါဒများနှင့် နိုင်ငံပေါင်းစုံ လုပ်ငန်းများ လိုက်နာရမည့် OECD ၏ လမ်းညွှန်ချက်များကို ဆန့်ကျင်လျက် ရှိနေသည်။ တစ်ချိန်တည်းမှာပင် ENEOS နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပါ၀င်သည့် ၎င်း၏ အခြားလုပ်ဖော်ကိုင်ဖက်များအနေဖြင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုကို တာဝန်သိစွာ အဆက်အသွယ် ဖြတ်တောက်ခြင်း၊ ပွင့်လင်းမြင်သာစွာြဖင့် ဒေသခံအသိုင်းအဝိုင်းများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ရန် တောင်းဆိုထားသော အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ တောင်းဆိုချက်များကိုလည်း လျစ်လှူရှုထားခဲ့သည်။

မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် လက်ရှိအကောင်အထည်ဖော်နေသော ODA အားလုံးကို ဂျပန်အစိုးရ အနေဖြင့် ချက်ချင်းဆိုင်းငံ့ထားရန် အရေးကြီးသည်။ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ရန် မြန်မာပြည်သူများ၏ဆန္ဒကို ထိရောက်စွာ ပံ့ပိုးရန်အတွက် မြန်မာပြည်သူများ၏ တခဲနက်ထောက်ခံမှု ရရှိထားသော ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ်  အခြေခံဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သာမက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (ERO) များ၊ နှင့် မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းများနှင့်နီးကပ်စွာ စတင်လုပ်ဆောင်ရမည်။ ထို့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို တိုင်းရင်းသားနယ်စပ်ဒေသများတစ်လျှောက်ရှိ လူထုအခြေပြု အဖွဲ့အစည်းများ အပါအဝင် အထူးသဖြင့် ရှေ့တန်းတွင်ရှိသော ဒေသခံလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်နေသူများထံသို့ လမ်းကြောင်းပြောင်းလဲ လုပ်ဆောင်ရမည် ဖြစ်သည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ၎င်း၏စီးပွားရေးလုပ်ငန်းစုများနှင့် ပူးတွဲလုပ်ဆောင်နေမှုများကို ရပ်ဆိုင်းခြင်းဖြင့် စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ၎င်း၏ပါဝင်ပတ်သက်မှုများကို အဆုံးသတ်ရမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဒီမိုကရက်တစ်အခြေခံမူများကို ချိုးဖောက်ခြင်း – စစ်အုပ်စုမှ ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲကို ဂျပန်အထူးသံတမန်က ထောက်ခံခြင်း နှင့် နိုင်ငံရေးခေါင်းဆောင်များက စစ်ရာဇဝတ်သား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ ဘွဲ့တံဆိပ်များကို လက်ခံခြင်း

ဂျပန်အစိုးရသည် မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်နွယ်မှုများအပြင် စစ်ဘက်ဆိုင်ရာ လေ့ကျင့် သင်တန်းပေးမှုများနှင့် မြန်မာစစ်တပ်နှင့် ထားရှိသည့် “အထူးဆက်ဆံရေး” ကို မှီခိုထားသည့် တိတ်တဆိတ် သံတမံဆက်ဆံရေး အသုံးပြုနေခြင်းက စစ်အုပ်စု၏ အပြစ်ပေးခံရမှုမှ ကင်းလွတ်သော အစဉ်အလာကို ပိုမိုခိုင်မာစေသည်။

လက်ရှိအုပ်ချုပ်နေသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ လက်ရှိဒုတိယဥက္ကဌဖြစ်သော ဝန်ကြီးချုပ် ဟောင်း Taro Aso သည် ဂျပန်-မြန်မာအစည်းအရုံး၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် စာတိုက်နှင့် ဆက်သွယ်ဆောင်ရွက်ရေးဝန်ကြီးဟောင်း Hideo Watanabe တို့က “မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောခြင်း” တို့အတွက် နိုင်ငံတကာရာဇဝတ်ကောင် မင်းအောင်လှိုင်ထံမှ ဆုတံဆိပ် ရယူခဲ့ခြင်းသည် ဂျပန်နိုင်ငံ၏ လူ့အခွင့်အရေးကို လေးစားသော ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်ချက်ပုံရိပ်ကို ထိခိုက်စေသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စရပ်များအပေါ် နှုတ်ဆိတ်နေခြင်းသည် အစုအပြုံလိုက်သတ်ဖြတ်မှု၊ ဗုံးကြဲမှုများနှင့် ကလေးငယ်များအား သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူူးလွန်နေသည့် တရားမဝင် မြန်မာစစ်အုပ်စုကို ဂျပန်အစိုးရက ထပ်မံ၍ တရားဝင်အသိအမှတ် ပြုလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာစစ်အုပ်စုသည် တရားမဝင် အာဏာလုယူရန် ကြိုးပမ်းခဲ့သော တရားမဝင်အဖွဲ့အစည်းသာဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးနှင့် နိုင်ငံတကာတရားရုံးတို့၏ ရှေ့မှောက်တွင် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ ကျူးလွန်ထားသည်ဟု စွပ်စွဲခြင်း ခံထားရသည်။ ဂျပန်အစိုးရအနေဖြင့် စစ်အုပ်စုက အဆိုပြုထားသော တရားမဝင်ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သည့် ရပ်တည်ချက်ကို လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ချပြထားခြင်းမရှိသည့်အပေါ် မိမိတို့မှ လွန်စွာစိုးရိမ်ပူပန်ပြီး ယင်းကို လူကြီးမင်းတို့အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Yohei Sasakawa မှ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံသော ပြောဆိုချက်များက ပိုမိုဆိုးရွားစေပါသည်။ ဂျပန်အစိုးရအနေဖြင့် စစ်တပ်မှ ကျင်းပရန်စီစဥ်နေသော တရားမဝင် ရွေးကောက်ပွဲ မှတစ်ဆင့် အပါအဝင် တရားဝင်မှုအသိအမှတ်ပြုမှု ရရှိလာရန် စစ်အုပ်စု၏ အကြမ်းဖက်သော ကြိုးပမ်းမှုများကို ရှုတ်ချခြင်းအားဖြင့် မြန်မာပြည်သူတို့နှင့် တစ်သားတည်း ရပ်တည်ရမည် ဖြစ်သည်။

ကရင်ပြည်နယ်သို့ ပြန်လည်အခြေချနေထိုင်ကြသည့် ဒုက္ခသည်များအတွက် နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့သည့် “ငြိမ်းချမ်းရေးမြို့” ကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့ခြင်းက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအပေါ် စစ်အုပ်စု၏ လိုလားမှုကို ပြသနေပေသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ရှိ မကျီးကန်ရွာအား စစ်အုပ်စုမှ ဝင်ရောက် စီးနင်းခဲ့စဉ်က ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အရပ်သားများ၏ ပစ္စည်းဥစ္စာများကိုလည်း ဖျက်ဆီးခဲ့သည့် အပြင် JICA ၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ရွာဆေးရုံကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

မြန်မာစစ်အုပ်စုအပေါ် မြင်သာသော အရေးယူမှု – ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အသစ်

ယခုလတွင် ဟီရိုရှီးမားရှိ G7 အစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ဂျပန်၏စစ်ပွဲ အတွေ့အကြုံ များကို လူကြီးမင်းမှ ပြန်လည်သုံးသပ်သကဲ့သို့ပင် လက်ရှိတွင် စစ်ပွဲများနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအပေါ် စာနာနိုင်လိမ့်မည်ဟု မိမိတို့မှ မျှော်လင့်ပါသည်။

ပြီးခဲ့သည့်နှစ်က ချမှတ်ထားသည့် UNSC ၏ဆုံးဖြတ်ချက် ၂၆၆၉ ကို မြန်မာစစ်အုပ်စုက ဂရုစိုက်ခြင်း လုံးဝမရှိခြင်းက မြန်မာစစ်အုပ်စု၏ လိုက်နာမှုကို တင်းကျပ်ရန်အတွက် ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်း အခန်း ၇ အောက်တွင် ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချမှတ်ရန် လိုအပ်ကြောင်း ပြသနေသည်။ ဇူလိုင်လတွင် ယူကေနိုင်ငံသည် UNSC ၏ ဥက္ကဌနေရာကို ရယူတော့မည် ဖြစ်သည်။ UNSC တွင် အာရှနိုင်ငံများထဲမှ နိုင်ငံတစ်ခုအဖြစ် ပါဝင်သည့် ဂျပန်နိုင်ငံသည် ကောင်စီတွင် မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်များကို “ဦးဆောင်ရေးသားသူ” UK နိုင်ငံနှင့် အနီးကပ် လုပ်ဆောင်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ထဲတွင် ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်း၊ စစ်တပ်အပေါ် လက်နက်ခဲယမ်း တင်ပို့ရောင်းချပေးမှုများ ပိတ်ပင်ခြင်း၊ နှင့် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်းတို့ ပါဝင်ရမည်။

အခန်း ၇ အောက်ရှိ UNSC မှ ချမှတ်မည့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်မှတစ်ဆင့် စစ်အုပ်စု၏ တာဝန်ယူမှု တာဝန်ခံမှုကို သေချာစေမည့် လူကြီးမင်း၏ ခိုင်မာပြတ်သားသော ခေါင်းဆောင်မှုကို မိမိတို့မှ မျှော်လင့်ပါသည်။

လေးစားစွာဖြင့်

ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
Yuka Kiguchi၊ Mekong Watch၊ [email protected]

ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသောအဖွဲ့အစည်း ၄၁ ဖွဲ့အပါအဝင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၃၉ တို့က လက်မှတ်ရေးထိုး ထားသည်။

  1. 8888 Generation (New Zealand)
  2. Action Against Myanmar Military Coup (Sydney)
  3. Action Committee for Democracy Development (Coalition of 14 grassroots networks)
  4. Active Youths Kalaymyo
  5. Africa Japan Forum
  6. Ah Nah Podcast – conversations with Myanmar
  7. La. Ka (12) Hta Khwe. Primary Education Student Union
  8. All Arakan Students’ & Youth’ Congress
  9. All Arakan Youth Organization Network
  10. All Burma Democratic Front in New Zealand
  11. All Religions Strike Column
  12. All Young Burmese League (AYBL)
  13. Alternative Solutions for Rural Communities (ASORCOM)
  14. ALTSEAN-Burma
  15. Anti Myanmar Military Dictatorship Network (Australia)
  16. APPIKA
  17. Arakan CSO Network
  18. ASEAN Parliamentarians for Human Rights (APHR)
  19. Asia-Japan Women’s Resource Center
  20. Asian Community Center 21
  21. Asian Cultural Forum on Development Foundation (ACFOD)
  22. Asian Forum for Human Rights and Development (FORUM-ASIA)
  23. Asian Health Institute
  24. Assistance Association of Political Prisoners
  25. Association of Human Rights Defenders and Promoters
  26. Association Suisse Birmanie (ASB)
  27. Athan – Freedom of Expression Activist Organization
  28. Auckland Kachin Community NZ
  29. Auckland Zomi Community
  30. Aung Myay Thar Zan Education Schools Strike Column
  31. Aung Pin Lae Main Strike Column
  32. Australian Burma society Inc.
  33. Australian Coalition for Democracy in Burma
  34. AWDO (Nagphe)
  35. Ayeyarwaddy West Development Organisation
  36. Blooming Padauk
  37. Burma Action Ireland
  38. Burma Campaign UK
  39. Burma Human Rights Network
  40. Burma Support
  41. Burmese American Democratic Alliance
  42. Burmese Community Group (Manawatu, NZ)
  43. Burmese Community South Australia
  44. Burmese Community Support Group (Sydney)
  45. Burmese Rohingya Organization UK
  46. Burmese Rohingya Welfare Organisation New Zealand
  47. Burmese Women’s Union
  48. Campaign for a New Myanmar
  49. CAN-Myanmar
  50. CDM Support Team Mandalay (CSTM)
  51. Chan Mya Thar Si Township People Strike Column
  52. Chin Community of Auckland
  53. Chin Human Rights Organization
  54. Cooperative University Student Strike Column
  55. Creative Home
  56. CRPH & NUG Supporters Ireland
  57. CRPH Funding Ireland
  58. Daung Sit Thi
  59. Doh Atu – Ensemble pour le Myanmar
  60. Education Family (Anti – Fascists Education Strike Columns Coordination Committee )
  61. Educational Initiatives Prague
  62. Equality Myanmar
  63. Ethnic Youth General Strike Committee
  64. Falam Chin Community South Australia
  65. Federal Corner Magway Region
  66. Federal FM – Mandalay
  67. Federal Myanmar Benevolence Group (NZ)
  68. Freedom and Labor Action Group
  69. Free Rohingya Coalition
  70. Friends of the Earth Japan
  71. Future Light Center
  72. Future Light Women and Child Protection Organization
  73. Future Thanlwin
  74. General Strike Committee of Nationalities – GSCN
  75. Generation Wave
  76. Global Myanmar Spring Revolution (GMSR)
  77. Grass-root People
  78. Help Myanmar (USA)
  79. Human Rights Educators Network
  80. Human Rights Foundation of Monland
  81. Human Rights Now
  82. Info Birmanie
  83. Institute for Asian Democracy
  84. International Association, Myanmar-Switzerland (IAMS)
  85. International Campaign for the Rohingya
  86. Japan Campaign to Ban Landmines
  87. Japan Tropical Forest Action Network (JTAN)
  88. Justice For Myanmar
  89. Kachin Women’s Association Thailand
  90. Kayaw Women Association
  91. Karen Human Rights Group
  92. Karen Swedish Community (KSC)
  93. Karen Women’s Organization
  94. Karenni National Women’s Organization
  95. Karenni Society New Zealand
  96. Keng Tung Youth
  97. Kyaukse University Students’ Union
  98. LGBTIQ Strike of Mandalay
  99. Maha Aung Myay Township People Collective Strike Column
  100. Mandalar University Student Strike Column
  101. Mandalay Alliance Strike Collective Column
  102. Mandalay Based People Strike Column
  103. Mandalay Civil Society Organizations
  104. Mandalay Engineer Group
  105. Mandalay Engineer United Force
  106. Mandalay University Student Alumni Union
  107. Mandalay Wholesale Strike Column
  108. Mandalay Youth Strike Column
  109. Matu Chin Community South Australia
  110. Medical Family – Mandalay
  111. Mekong Watch
  112. Metta Campaign Mandalay
  113. MIIT Student Strike Column
  114. Min Hla farmers Group
  115. Minbu farmers Group
  116. Mindanao Peacebuilding Institute Foundation, Inc. (MPI)
  117. Mizo Community South Australia
  118. Mon State Development Center
  119. MRYA-Revolution Core Group
  120. Muslim Youth Union
  121. Mya Taung Strike Column
  122. Myanmar Accountability Project
  123. Myanmar Action Group Denmark
  124. Myanmar anti-military coup movement in New Zealand
  125. Myanmar Campaign Network
  126. Myanmar Community Group Christchurch New Zealand
  127. Myanmar Community Group Dunedin New Zealand
  128. Myanmar Cultural Research Society (MCRS)
  129. Myanmar Diaspora Group Finland
  130. Myanmar Engineers – New Zealand
  131. Myanmar Gonye (New Zealand)
  132. Myanmar People Alliance (Shan State)
  133. Myanmar Railway, Region (3) CDm Strike Column
  134. Myanmar Students’ Union in New Zealand
  135. Myanmar’s Community Coffs Harbour
  136. Myaung Education Network
  137. Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့
  138. Nelson Myanmar Community Group New Zealand
  139. Netherlands-Myanmar Solidarity Platform
  140. Network for Human Rights Documentation – Burma (ND-Burma)
  141. Never Again Coalition
  142. New Zealand Doctors for NUG
  143. New Zealand Karen Association
  144. New Zealand Zo Community Inc.
  145. No 7 State High School Alumni Strike Column
  146. No Business With Genocide
  147. Nayapara Rohingya Refugee Youth Committee
  148. New Rehmonnya Federated Force (NRFF)
  149. Nyan Lynn Thit Analytica
  150. Overseas Mon Association. New Zealand
  151. Padauk
  152. Pan Pa Wash People Strike Column
  153. Peace and Culture Foundation
  154. Phayagye Peace Strike Column
  155. Private Pre-school Teachers Association
  156. Progressive Voice
  157. Pwintphyu Development Organisation
  158. Pyi Gyi Ta Gon Strike
  159. Pyithu Gonye (New Zealand)
  160. Rohingya Community in Japan (RCJ)
  161. Rvwang Community Association New Zealand
  162. Sangha Samaga Strike Column
  163. Save and Care Organization for Ethnic Women at Border Areas
  164. Save Myanmar Fundraising Group (New Zealand)
  165. Sein Pan Strike Column
  166. Shan Community (New Zealand)
  167. Shan MATA
  168. SINAPIS Archdiocese of Osaka
  169. Sisters 2 Sisters
  170. Southern Dragon Myanmar
  171. Southern Youth Development Organization
  172. Strike Column of Representatives of Arbitrarily Arrested People
  173. Strike Column of Teachers from Universities and Degree Colleges of Mandalay
  174. Suomi-Myanmar
  175. Support Group for Democracy in Myanmar (the Netherlands)
  176. Swedish Burma Committee
  177. Ta’ang Women’s Organization
  178. Ta’ang Legal Aid
  179. Taekwando Sport Association
  180. Tanintharyi MATA
  181. Thai Action Committee for Democracy in Burma (TACDB)
  182. Thapaynyo News Letter
  183. The Ladies
  184. The Swedish Foundation for Human Rights
  185. S. Campaign for Burma
  186. Unitarian Universalist Service Committee
  187. Victoria Myanmar Youth (VMY)
  188. Western Australia Myanmar Community
  189. Western Australia Myanmar Democratic Network
  190. Women Activists Myanmar (WAM)
  191. Women Advocacy Coalition – Myanmar
  192. Women’s League of Burma
  193. Women’s Active Museum on War and Peace (WAM)
  194. Women’s Democratic Club, Femin
  195. Youths for Community-Myaung
  196. ဒို့မြေကွန်ရက် – LIOH
  197. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  198. မျိုးဆက် – Generations

PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

Read in English