လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်အောင် တားဆီးပေးနိုင်ရင် ကုလနဲ့ အာဆီယံကို လူထုက ယုံကြည်မှု ရှိလာနိုင်ပါတယ်

May 14th, 2023  •  Author:   Burma News Network  •  1 minute read
Featured image

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေထဲက အကြမ်းဖက်မှု ရပ်တန့်ရေး တကယ် ဖြစ်လာစေချင်ရင် လေကြောင်းကနေ တိုက်ခိုက်နေတာတွေ ရပ်တန့်အောင် စစ်ကောင်စိကို ဖိအားပေးပါ၊ ဒီလိုဆောင်ရွက်ပေးနိုင်ရင် ကုလနဲ့ အာဆီယံအပေါ် မြန်မာလူထုက ယုံကြည်မှု ရှိလာနိုင်ပါတယ်” လို့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက် ရက်စက်မှုတွေကို နိုင်ငံတကာက ဘာမှ မတားဆီးနိုင်ဘူးလား၊ မြန်မာလူထုရဲ့ ဒုက္ခကို နိုင်ငံတကာ အသိုက်အဝန်းက ဘာမှ မကူဘဲ ဒီအတိုင်း လျစ်လျူရှုထားသလို ဖြစ်နေသလား… စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ …

  • လူသားချင်း စာနာမှု အကူအညီအတွက် အာဆီယံက ဘယ်လိုစဉ်းစားနေသလဲ …
  • NDAA ဥပဒေ (အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ) အရ ပေးမယ်ဆိုတဲ့ အကူအညီတွေက အခု ဘယ်လို အနေအထားမှာ ရှိနေသလဲ …
  • စစ်ပြေး ဒုက္ခသည်တွေက ကုလသမဂ္ဂနဲ့ အာဆီယံအပေါ် ဘာများ မျှော်လင့်စရာ ရှိဦးမလဲ…

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။