Statement 570 Views

အိတ်ဖွင့်ပေးစာ – မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲအေဂျင်စီကို ဖိတ်ကြားထားခြင်းအား ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း

April 7th, 2023  •  Author:   413 organizations  •  6 minute read
Featured image

Dr. Jose Ramos-Horta

နိုင်ငံတော်သမ္မတ‌

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ

၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်

 

အကြောင်းအရာ ။            ။ မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲအေဂျင်စီကို ဖိတ်ကြားထားခြင်းအား ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

 

လေးစားအပ်ပါသော သမ္မတကြီးရှင့်/ခင်ဗျား

အောက်တွင်လက်မှတ်ရေးထိုးထားသော မြန်မာ၊ တီမောလက်စ်တီ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၁၃ ဖွဲ့တို့မှ ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့ ဒီလီမြို့တွင် ကျင်းပမည့် “နိုင်ငံတော် တည်ဆောက်ရေးတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အားကောင်းစေရေး” ဆိုင်ရာ  နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲသို့ တရားမဝင် မြန်မာစစ်အုပ်စုက ခန့်အပ်ထားသည့် “မြန်မာရွေးကောက်ပွဲအေဂျင်စီ” မှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းပေးရန်အတွက် နိုင်ငံတော်သမ္မတကြီး နှင့်တကွ ရွေးကောက်ပွဲဆိုင်ရာ အမျိုးသားရွေးကောက်ပွဲကော်မရှင် (CNE) ဥက္ကဌ ဒေါက်တာ ဟိုဆေးအာဂိုစတင် ဟိုဒါကော်စတာနှင့် ပေါ်တူဂီဘာသာစကား အသုံးပြုနိုင်ငံများ၏ တရားစီရင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များကွန်ရက် (ROJAE-CPLP) တို့အား အလေးအနက် တိုက်တွန်းတောင်းဆိုသည်။

ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုကို ကိုယ်စားပြုသည့် အဆိုပါ မြန်မာရွေးကောက်ပွဲအေဂျင်စီ၏ အဖွဲ့ဝင်များသည် ဒီမိုကရေစီခိုင်မာအားကောင်းရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကိစ္စရပ်များကို ပြောဆိုဆွေးနွေးရန်အတွက် ယုံကြည်ကိုးစားခံထိုက်သူများ မဟုတ်ပေ။ စစ်အုပ်စုသည် ဥပဒေနှင့်ဆန့်ကျင်လျက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဒီမိုကရေစီနည်းကျ ကျင်းပခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အထွေအထွေရွေးကောက်ပွဲ ရလဒ်များကို တရားမဝင် ပယ်ဖျက်ခဲ့သည်။ ထိုလုပ်ရပ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ဒီမိုကရေစီ၏ အနှစ်သာရကို ဆန့်ကျင်သော လုပ်ရပ်တစ်ခု ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ပြီး  နှစ်နှစ်ကျော်ကြာလာသည့်တိုင် တရားမဝင် စစ်အုပ်စုသည် နိုင်ငံ၏နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာ ချုပ်ကိုင်ထားနိုင်ပြီး ကျန်နယ်မြေအများစုသည် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် တရားဝင်မှု ရရှိထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေပါသည်။

အာဏာသိမ်းချိန်မှစ၍ တရားမဝင်စစ်အုပ်စုနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့များသည် အရပ်သားများအပေါ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွတ်လပ်သောသတင်းမီဒီယာ၊ အရပ်ဘက် လူထုအဝန်းအဝိုင်း၊ နိုင်ငံရေးပါတီစနစ်နှင့် ပညာရေးလွတ်လပ်ခွင့် တို့၏ အခြေခံအုတ်မြစ်များကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်ခဲ့ကြပါသည်။ အာဏာသိမ်းရေးကြိုးပမ်းမှု စတင်ချိန်မှ ၂၀၂၃ မတ်လအထိ ၂ နှစ်ကျော်ကာလအတွင်းတွင် မြန်မာစစ်အုပ်စုနှင့် ၎င်းအားထောက်ခံသူ အပေါင်းအပါတို့သည် ပြည်သူပေါင်း ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၁,၀၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှု များကြောင့် အနည်းဆုံးလူပေါင်း ၁.၄ သန်းခန့်က ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အနည်းဆုံးသော လူပေါင်း ၅၂,၂၀၀ ခန့်သည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အချက်အလက်များက ဖော်ပြသည်။ အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလ အစောပိုင်းတွင် လူကြီးမင်းအနေဖြင့် ထိုအာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း သတ္တိရှိရှိ ထုတ်ဖော်ပြောဆိုခဲ့မှုကို ထောက်ရှုလျှင် မြန်မာနိုင်ငံ၏ ဆိုးရွားသော အခြေအနေကို လူကြီးမင်းမှ သိရှိပြီးသားဖြစ်ကြောင်း မိမိတို့မှ နားလည်ပါသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် Newsweek မဂ္ဂဇင်းတွင် ပါဝင်သည့် သမ္မတကြီး၏ ဆောင်းပါးတွင် “နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာစစ်အုပ်စုအား ဆန့်ကျင်ရပ်တည်ရန် နည်းလမ်းများ ရှိသည်။ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကို အသိအမှတ်မပြုရန် ငြင်းဆိုသင့်သည်။ ထို့အပြင် တရားဝင်မှု မရှိသည့် စစ်အုပ်စုကစေလွှတ်သော ကိုယ်စားလှယ်များကို ထုတ်ပယ်သင့်သည်။ ကုလသမဂ္ဂအပါအဝင် အစိုးရများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရမှ ခန့်အပ်ထားသည့် သံတမန်များကို ဆက်လက်အသိအမှတ်ပြု ထောက်ခံအားပေးခြင်းအားဖြင့် ဒီမိုကရေစီ၏ အနှစ်သာရအရ တရားဝင်သော အသံများကို ဆက်လက်ကြားနေနိုင်မည် ဖြစ်သည်” ဟု ထည့်သွင်းရေးသားထားသည်။

စစ်အုပ်စု၏ လုပ်ဆောင်ချက်များနှင့် ပြည်သူများအပေါ် ၎င်းတို့ဖန်တီးခဲ့သော ကြီးမားလှသည့် ဆင်းရဲဒုက္ခ အတိုင်းအတာက လူကြီးမင်းတို့ ဦးဆောင်ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်များ ဖြစ်သည့် နိုင်ငံတော်တည်ဆောက်ရေးအတွင်း ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ စံနှုန်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း သက်သေပြနေပါသည်။ စစ်အုပ်စုတို့၏ လုပ်ဆောင်ချက်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ဒီမိုကရေစီ၏ အနှစ်သာရကို ယုတ်လျော့ပျက်စီးစေမည့် ကိစ္စရပ်များအတွက် စိုးစဥ်းမျှ ဂရုစိုက်မည်မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင်လည်း သေကြေပျက်စီးစေသော လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေကြဦးမည်သာ ဖြစ်သည်။

စစ်အုပ်စုသည် ကမ္ဘောဒီးယားမှ အာဆီယံ၏ ဥက္ကဌအဖြစ် တာဝန်ယူစဥ်သက်တမ်းအတွင်း အာဆီယံမှ ကြားဝင်ဆောင်ရွက်ပေးခဲ့သော  ဘုံသဘောတူညီချက် ငါးချက်ကိုပင် လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် တရားမဝင် စစ်အုပ်စု၏ ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်းသည် လူကြီးမင်းတို့ လိုလားသော ရည်ရွယ်ချက်နှင့် စေတနာတို့ကို ညစ်ညမ်းစေရုံသာမက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် စစ်အုပ်စုကို စဉ်ဆက်မပြတ် တွန်းလှန်နေကြသည့် မြန်မာလူထု၏ ဆင်းရဲဒုက္ခများကိုလည်း လျစ်လျူရှုရာရောက်မည် ဖြစ်သည်။ ထို့အပြင် တီမောလက်စ်တီဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ကြံ့ခိုင်တောက်ပြောင်နေသော ဒီမိုကရေစီ အလင်းရောင်ကိုလည်း ထိုစစ်အုပ်စုနှင့် ၎င်း၏အပေါင်းအပါ အခွင့်အရေးသမားများ ပါဝင်မှုတို့ကြောင့် အမည်းစက်ထင် ညစ်ထေးသွားစေနိုင်ပါသည်။

သို့ဖြင့်  မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်များကို ဖိတ်ကြားထားမှုအား ပြန်လည်ရုပ်သိမ်းပေးပြီး ယင်းအစား မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်နေသော NUG ၏ ကိုယ်စားလှယ်များကို ဖိတ်ကြားပေးရန် တို့အတွက် မိမိတို့မှ နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူများကို လေးစားစွာ တောင်းဆိုသည်။ သမ္မတကြီးမှ ကောင်းစွာသိရှိပြီး ဖြစ်သည့်အတိုင်း NUG အစိုးရသည် စစ်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်သည့် လုပ်ရပ်များကို ဆန့်ကျင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းများအား စုရုံးချိတ်ဆက်ဆောင်ရွက်ရာတွင် တက်ကြွစွာ လုပ်ဆောင်လာနေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လေးစားကြည်ညိုဖွယ်ကောင်းသည့် အဖွဲ့ဝင်အနေဖြင့်သာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ချန်ပီယံဖြစ်သည့် လူကြီးမင်းအနေဖြင့်  တရားမဝင် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ခံစားနေရသူများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရရှိစေရန်၊ နှင့် မြန်မာနိုင်ငံလူထုအတွက် အထူးသဖြင့် အကူအညီလိုအပ်နေသော ဒီမိုကရေစီလိုလားသည့် ကဏ္ဍများတွင် လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများကို ပိုမိုလွယ်ကူ ချောမွေ့စေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

လူကြီးမင်းအနေဖြင့် မိမိတို့၏ အထက်ပါ အရေးတကြီး တောင်းဆိုချက်များကို အလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ဥက္ကဌ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • Ichal Supriadi၊ Secretary-General၊ Asian Democracy Network၊ [email protected]

ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့် အဖွဲ့အစည်း ၂၂၂ ဖွဲ့ အပါအဝင် စုစုပေါင်း ၄၁၃ ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။

  1. 5/ of Zaya State Strike
  2. Action Against Myanmar Military Coup (AAMMC)
  3. Action Committee for Democracy Development (Coalition of 14 grassroots networks)
  4. Action Committee of Basic Education Students (ACBES)
  5. Active Youths Kalaymyo
  6. Ah Nah Podcast – conversations with Myanmar
  7. All Aung Myay Thar San Schools Strike Force
  8. All Burma Student Democratic Front (ABSDF) – Australia Branch
  9. All Young Burmese League (AYBL)
  10. Alliance of Students’ Union – Yangon (ASU-Yangon)
  11. ALTSEAN-Burma
  12. Anti Dictatorship in Burma DC Metropolitan Area
  13. Anti-coup Forces Coordination Committee (ACFCC -Mandalay)
  14. Anti-Junta Alliance Yangon-AJAY
  15. ASEAN Sogie Caucus
  16. Asia Democracy Network (ADN)
  17. Asia Justice and Rights – Timor-Leste (AJAR-Timor Leste)
  18. Asia Pacific Solidarity Coalition (APSOC)
  19. Asian Forum for Human Rights and Development (FORUM-ASIA)
  20. Asian Network for Free Elections (ANFREL)
  21. Assistance Association for Political Prisoners
  22. Association of Human Rights Defenders and Promoters
  23. Association Suisse-Birmanie (ASB)
  24. Athan – Freedom of Expression Activist Organization
  25. Australian Karen Organisation (AKO)
  26. A-Yar-Taw People Strike
  27. Ayeyarwaddy West Development Organization (AWDO, Magway Region)
  28. AYN Ayeyarwady Youth Network
  29. Blood Money Campaign Myanmar
  30. Boston Free Burma
  31. Burma Action Ireland
  32. Burma Campaign UK
  33. Burma Canadian Network
  34. Burma Lawyer Council (BLC)
  35. Burma Support
  36. Burmese Americans Democracy Alliance
  37. Burmese Canadian Network
  38. Burmese Chin Community of Atlanta
  39. Burmese Community Development Collaboration (BCDC)
  40. Burmese Community Support Group (BCSG)
  41. Burmese Medical Association Australia (BMAA)
  42. Burmese Rohingya Organisation UK
  43. Burmese Women’s Union
  44. CDM Medical Network (CDMMN)
  45. CDM Support Group (Mae Sot)
  46. Center for Monitoring Election Violence (CMEV), Sri Lanka
  47. Chaung Oo Township Youth Strike Committee
  48. Chin Human Rights Organization
  49. Citizen Congress Watch (CCW), Taiwan
  50. Civil Information Network (CIN)
  51. Coalition for Clean and Fair Elections (BERSIH), Malaysia
  52. Coalition Strike Committee – Dawei
  53. Committee for Free and Fair Election (COMFREL), Cambodia
  54. CRPH & NUG Supporters Ireland
  55. CRPH Funding Ireland
  56. CRPH Support Group, Norway
  57. CRPH, NUG Support Team Germany – Deutschland
  58. Dawei Youths Revolutionary Movement Strike Committee
  59. Democracy for Ethnic Minorities Organization
  60. Democracy, Peace and Women’s Organization
  61. Depayin Township Revolution Steering Committee
  62. Educational Initiatives Prague
  63. Equality Myanmar
  64. Ethnic Youth General Strike Committee (Mandalay)
  65. Federal FM – Mandalay
  66. Former ABSDF International
  67. Free and Fair Election Foundation of Afghanistan (FEFA)
  68. Free Burma Action Committee – Central Valley
  69. Free Burma Action Committee – Chico
  70. Free Burma Action Committee – Northern California
  71. Free Burma Action Committee – Sacremento
  72. Free Burma Action Committee – San Francisco
  73. Freedom and Labor Action Group (FLAG)
  74. Future Light Center
  75. Future Thanlwin
  76. General Strike Collaboration Committee (GSCC)
  77. General Strike Committee of Basic and Higher Education (GSCBHE)
    1. Basic Education Worker Unions – Steering Committee (BEWU-SC)
    2. Representative Committee of University Teacher Associations (RC of UTAs)
    3. Basic Education General Strike Committee (BEGSC)
  78. Generation Wave
  79. German Solidarity with Myanmar Democracy eV
  80. Gimpo Myanmar Friends Korea
  81. Global Myanmar Spring Revolution
  82. Global Myanmar Spring Revolution (Japan)
  83. Global Myanmar Spring Revolution (Korea)
  84. Grass-root People
  85. Help Myanmar
  86. Helping Hands for Burma (H2B)
  87. Human Rights Educators Network
  88. Industrial Training Centre (ITC) Family Sydney
  89. Info Birmanie
  90. Initiatives for International Dialogue (IID)
  91. International Association, Myanmar – Switzerland (IAMS)
  92. Justice For Myanmar
  93. Kachin Association Australia (KAA)
  94. Kachin Student Union
  95. Kachin Women’s Association Thailand
  96. Kalay Township Strike Force
  97. Karen Association of Ireland
  98. Karen community (The Netherland)
  99. Karen Peace Support Network
  100. Keng Tung Youth
  101. Komite Independen Pemantau Pemilu (KIPP), Indonesia
  102. Kyain Seikgyi Spring Revolution Leading Committee
  103. Kyaukse University Students’ Union
  104. La Communauté BIRMANE de France
  105. Latpadaung Region Strike Committee
  106. Legal Network for Truthful Elections (LENTE), Philippines
  107. Let’s Help Each Other
  108. LGBT Alliance
  109. LGBT Union – Mandalay
  110. Monywa LGBT Strike
  111. LGBT Community Yangon
  112. LGBT Alliance Myanmar (Kalay Region)
  113. LGBT Alliance Myanmar (Kyaukse Region)
  114. Magway People’s Revolution Committee
  115. Mandalay Medical Family (MFM)
  116. Mandalay Regional Youth Association (MRYA)
  117. Mandalay Strike Force (MSF)
    1. Samgha Sammaga-Mandalay
    2. Mandalay Alliance Coalition Strike
    3. Mya Taung Strike
    4. Mandalar University Students’ Strike
    5. Chanmyatharzi Township People’s Strike
    6. Maharaungmyay Township People’s Strike
    7. Mandalay Youth Strike
    8. 12 Basic Education Branch High School ( Maharaungmyay) Students’ Union
    9. Co-operative University Mandalay Students’ Strike
    10. Mandalay-based People’s Strike
    11. Multi-Religions Strike
    12. Myanmar Institute of Information Technology Students’ Strike
    13. Daung Sitthe Strike
    14. Seinpann Strike
  118. Mandalay-Based University Students’ Unions (MDY_SUs)
  119. Matu Chin Community – NSW/UPU Chin Association
  120. MayMyo Strike Force
  121. Metta Campaign Mandalay
  122. Minbu Farmer Group
  123. Mindat Chin Community NSW
  124. Minhla Development Organization
  125. Mon National Council (MNC)
  126. Monywa People’s Strike Steering Committee
  127. All Burma Federation of Student Unions (Monywa District)
  128. Network of University Student Unions – Monywa
  129. National League for Democracy (Monywa Township)
  130. The 88 Generation Peace and Open Society (Monywa)
  131. Thakhin Kodaw Mhine Peace Network (Monywa)
  132. Former Political Prisoners and New Generation Group – Monywa
  133. Civil Society Organizations Coordination Committee (Monywa)
  134. Monywa-Amyint Road Strike Leading Committee
  135. Myanmar Action Group Denmark
  136. Myanmar Campaign Network
  137. Myanmar Community Austria
  138. Myanmar Community Coffs Harbour (MCC)
  139. Myanmar Cultural Research Society
  140. Myanmar Democratic Force in Denmark
  141. Myanmar Labor Alliance (MLA)
  142. Myanmar People Alliance (Shan State)
  143. Myanmar Professionals Association Australia (MPAA)
  144. Myaung Youth Network
  145. Myingyan Civillian Movement Committee
  146. Naphe Development Organization
  147. National Election Observation Committee (NEOC), Nepal
  148. Netherlands Myanmar Solidarity Platform
  149. Network for Human Rights Documentation Burma
  150. New Myanmar Foundation (NMF)
  151. NLD Solidarity Association (NSW chapter)
  152. NSW Karenni (Kayah) Communities
  153. Nyan Lynn Thit Analytica
  154. ODHIKAR, Bangladesh
  155. Olive Organization
  156. One Dollar for People of Burma
  157. Open Forum for Democracy Foundation (P-NET), Thailand
  158. Padauk
  159. Pale Township People’s Strike Steering Committee
  160. People Action for Free and Fair Elections (PAFFREL), Sri Lanka
  161. People Solidarity for Participatory Democracy (PSPD), South Korea
  162. People’s Voter Education Network (JPPR), Indonesia
  163. Perkumpulan untuk Pemilu dan Demokrasi (PERLUDEM), Indonesia
  164. Progressive Voice
  165. Pwintphyu Development Organization (Magway Region)
  166. Pyi Gyi Tagon Strike Force
  167. Save and Care Organization for Ethnic Women at Border Areas
  168. Save Myanmar San Francisco
  169. Save Myanmar USA
  170. SEA Junction
  171. Shan MATA
  172. Shwe Pan Kone People`s Strike Steering Committee
  173. Southeast Asia Freedom of Expression Network (SAFENet)
  174. Southern Dragon Myanmar
  175. Southern Youth Development Organization
  176. Suomi-Myanmar Association
  177. Support Group for Democracy in Myanmar (The Netherland)
  178. Sydney Friends For Myanmar
  179. Synergy – Social Harmony Organization
  180. Ta’ang Women’s Organization
  181. Tanintharyi MATA
  182. The Ladies
  183. Transparent Elections Foundation of Afghanistan (TEFA)
  184. Twitter Team for Revolution (TTFR)
  185. S. Campaign for Burma
  186. University Students’ Unions Alumni Force
  187. We Pledge CDM (Australia)
  188. Wetlet Revolution Leading Committee
  189. White Coat Society Yangon (WCSY)
  190. Women Activists Myanmar
  191. Women Alliance Burma (WAB)
  192. Mandalay Women Strike
  193. Yangon Women Strike
  194. Monywa Women Strike
  195. Monywa-Amyint Road Women Strike
  196. Chindwin (West) Villages Women Strike
  197. Kalay Women Strike
  198. Depayin Women Strike
  199. Taze Women Strike
  200. Dawei (Ashaetaw) Women Strike
  201. Gangaw Women Strike
  202. hayat Chaung Women Strike
  203. Wetlet Township Women Strike
  204. Women Caucus for Politics, Timor-Leste
  205. Women’s League of Burma
  206. Yadanabon University Students’ Union (YDNBUSU)
  207. Yinmarpin and Salingyi All Villages Strike Committee
  208. Zomi Association Australia Inc.
  209. ဒို့မြေကွန်ရက် – LIOH
  210. နဂါးဖြူ (ထိုင်းနယ်စပ်)
  211. နွေဉီးမီးငှက် (ထိုင်းမြန်မာ နယ်စပ်)
  212. နွေဉီးအင်အား မိုးညိုမြို့နယ်
  213. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  214. ဖင်လန်မြန်မာအသင်း (Finland Myanmar Society Ry)
  215. ဧရာဗေဒါ (ပြည်တွင်း)

PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

Read in English