09 January 2023
Ministry of Home Affairs and Immigration
အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း
အမိန့်ကြေညာစာမှတ် (၂/၂၀၂၃)
၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄) ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်
၁။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စုသည် တရားမဝင် အတု အယောင် ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ (၉) ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ “တစ်အိမ်တက်ဆင်း” လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက်လျှက်ရှိသော်လည်း အချို့သောနေရာများတွင် ဇန်နဝါရီလ ၇ ရက်နေ့ ကတည်းက စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရပါသည်။
၂။ အဆိုပါ အကြမ်းဖက်,ဖက်ဆစ် စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်_
(က) ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။
( ခ) တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက်,ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
(ပုံ)လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
View the original
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.