ရဲဝင်းထွန်း

December 8th, 2022  •  Author:   Progressive Voice  •  1 minute read
Featured image

မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်ဟာလည်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထိရောက်တဲ့ဆောင်ရွတ်မှုတွေကို မလုပ်ဆောင်နိုင်တဲ့အတွက် ဒေသခံလူအခွင့်အရေးဆောင်ရွက်ပေးမယ့် လူ့အခွင့်အရေးစောင့်ရှောက်သူတွေများစွာလိုအပ်နေပါတယ်

အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော်က ရဲဝင်းထွန်းပါ။ ကျွန်တော် လူမှုဖွံ့ဖြိုးရေးကို စိတ်ဝင်တစားလုပ်ဆောင်လာခဲ့တာ အခုဆို ၁၀ စုနှစ်တစ်ခုကျော်လာပါပြီ ။ လူငယ်ကိစ္စရပ်များ ၊ လူ့အခွင့်အရေးနဲ့ သဘာဝပါတ်ဝန်းကျင်အရေးကိစ္စတွေကို လက်ရှိအချိန်ထိလုပ်ဆောင်နေတုန်းပါပဲ။ ကျွန်တော်ကူညီပေးလိုက်လို့ တစ်ပါးသူတစ်ယောက်အနေနဲ့ အဆင်ပြေပျော်ရွှင်သွားခဲ့ရတယ်ဆိုရင် ကျွန်တော်အနေနဲ့ ပိုပြီးပျော်ရွှင်မိတယ်။ ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ ပင်ပန်းတာ စိတ်ပျက်တဲ့ကိစ္စတွေနဲ့ ကြုံလာခဲ့ရင် ငါကူပေးရမယ်သူ ငါကူပေးနိုင်တဲ့ကိစ္စတွေရှိသေးတယ်ဆိုပြီး တွေးမိတာနဲ့ စိတ်ဓါတ်ခွန်အားပိုကြီးမားပြီး အလုပ်ကိစ္စတွေ ပိုလုပ်လာနိုင်တယ်။ လက်ရှိအချိန်မှာတော့ မှန်ကန်စွာလုပ်ဆောင်နေတဲ့လူ အခွင့်အရေးဆောင်ရွတ်နေသူတွေဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဘာမှလုပ်ဆောင်ခွင့်မရဘဲ ထွက်ပြေးရှောင်တိမ်းနေကြရပါတယ်။ ကျွန်တော်လည်းစစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံရပြီး မကြာခင်အချိန်ကမှ ပြန်လည်လွတ်မြောက်လာခဲ့တယ်။ စစ်ပွဲတွေကြောင့် အသက်ရှင်ရပ်တည်ဖို့ခက်ခဲကြတဲ့သူတွေ၊ မတရားဖမ်းဆီးနှိပ်ဆက်ခံနေရတဲ့လူတွေနဲ့ အနာဂါတ်ရိုက်ချိုးခံနေကြရတဲ့ လူငယ်တွေအတွက် ပြန်လည်လွတ်မြောက်လာတဲ့အချိန်ကစပြီး တစ်ခြားညီအကို မောင်နှမတွေနဲ့အတူ မိမိတက်နိုင်တဲ့ဘက်ကနေ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်ဟာလည်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထိရောက်တဲ့ဆောင်ရွတ်မှုတွေကို မလုပ်ဆောင်နိုင်တဲ့အတွက် ဒေသခံလူအခွင့်အရေးဆောင်ရွက်ပေးမယ့် လူ့အခွင့်အရေးစောင့်ရှောက်သူတွေများစွာလိုအပ်နေပါတယ်။ ဒီကာလဟာ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးအချိန်ဖြစ်တာကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကူညီဆောင်ရွတ်ပေးရင်း ဖော်ထုတ်အရေးယူဖို့ ပိုလိုအပ်ပါတယ်။ လူ့ဘောင်အဖွဲ့အစည်းတိုးတက်ဖို့ လူ့အခွင့်အရေးကို ကာကွယ်စို့ လို့ပြောရင်း အားလုံးအဆင်ပြေနေကောင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

– ရဲဝင်းထွန်း