လေယာဉ်ဆီသွင်းခွင့်ပိတ်ပင်တာအပါဝင် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူနိုင်အောင် ကြိုးစားနေပါတယ်

November 2nd, 2022  •  Author:   Burma News Network  •  1 minute read
Featured image

“အာဆီယံ-အမေရိကန်ထိပ်သီးအစည်းဝေးအပါဝင် ဒီလအတွင်း အိမ်နီးချင်းနိုင်ငံတွေမှာကျင်းပမယ့် နိုင်ငံတကာအစည်းအဝေးကြီးတွေမှာ မြန်မာ့အရေးကိုအလေးအနက်ထား ဆွေးနွေးကြမယ်လို့မျှော်လင့်ထားပြီး အနိမ့်ဆုံးအားဖြင့် လေယာဉ်ဆီတင်သွင်းခွင့်ပိတ်ပင်တာ၊ လက်နက်ပိတ်ပင်တာ၊ စင်ကာပူကဘဏ်တွေကို စကစ အတွက် အသုံးပြုခွင့်ပိတ် ပင်တာတွေဖြစ်လာအောင် အရပ်ဖက်အဖွဲ့အစည်းတွေက ကြိုးစားနေတယ်” လို့ (Progressive Voice) ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မကြာခင် ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံ-အမေရိကန်အစည်းအဝေး၊ (APEC) အာရှ-ပစဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး တွေက မြန်မာ့အရေးအတွက် ဘာများထူးခြားမှုရှိသလာနိုင်သလဲ…ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ …

  • အင်ဒိုနီးရှားက အာဆီယံဥက္ကဌဖြစ်လာရင် လူသားချင်းစာနာမှုအကူအညီ တကယ်ရလာနိုင်သလား…
  • အာဆီယ-အမေရိကန်ထိပ်သီးအစည်းအဝေး၊ APEC အစည်းအဝေးတွေက မြန်မာနိုင်ငံအတွက် ဘာများထူးလာနိုင်သလဲ…
  • တိုက်လေယာဉ်ဆီတင်သွင်းခွင့်ပိတ်ပင်ရေး၊ လက်နက်တင်သွင်းခွင့်ပိတ်ပင်ရေး၊ စင်ကာပူဘဏ်တွေက စကစ အား အသုံးပြုခွင့်ပေးထားတာတွေ ရပ်ဆိုင်းရေးတောင်းဆိုချက်တွေ တကယ်ဖြစ်လာနိုင်သလား..
  • စကစ က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတုကို နိုင်ငံတကာဖက်က နားယောင်ပြီး လက်မခံမိအောင် ဘယ်လိုဆောင်ရွက်ကြမလဲ…

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။