Report 253 Views

Asia and the Pacific: Weekly Regional Humanitarian Snapshot (11 – 17 October 2022)

October 18th, 2022  •  Author:   UN Office for the Coordination of Humanitarian Affairs  •  2 minute read
Featured image

Myanmar

In Rakhine state, fighting between the Myanmar Armed Forces (MAF) and the Arakan Army (AA) has continued, especially in northern Rakhine, generating new displacement and humanitarian needs. According to the latest UN figures, as of 11 October, more than 16,000 people have been newly displaced in Rakhine and southern Chin as a result of the renewed AA-MAF conflict since August, bringing the total number of people internally displaced from present and past AA-MAF conflict to more than 90,000. Restrictions on humanitarian access in Buthidaung, Maungdaw, Minbya, Mrauk-U, Myebon and Rathedaung townships are still in place, hampering humanitarian operations. In Kachin State, around 1,000 people were displaced to Shwegu town since the beginning of the month due to fighting in several villages across Shwegu Township. According to local partners, as of 17 October, most of these displaced people had returned to their villages after the security situation had improved, with only 152 people remaining in the displacement sites. In southeast and northwest Myanmar, fighting between the MAF and various ethnic armed organizations (EAOs) and local People’s Defence Forces (PDFs), including the use of ambush attacks and airstrikes, has been seen in several townships in Kayin, Mon, Kayin, eastern Bago and Sagaing since early October, further compounding the fragile humanitarian situation. According to the latest UN figures, As of 10 October, there are nearly 1.4 million IDPs across Myanmar, 1 million of whom were displaced since the military takeover.

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန်ခွာထွက်ပြေးရသူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာလိုအပ်ချက်အသစ်တွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ အထိ နောက်ဆုံးရရှိထားတဲ့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ရခိုင်နဲ့ချင်းပြည်နယ်တောင်ပိုင်းမှာ တကျော့ပြန်ပဋိပက္ခကြောင့် သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၆,၀၀၀ ကျော်ရှိလာပြီး၊ ယခင်နဲ့လက်ရှိ ပဋိပက္ခတွေကြောင့် ထွက်ပြေးရသူ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ ကန့်သတ်ချက်တွေရှိ နေတာကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေရှိနေပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ မကြာသေးမီက တိုက်တွန်းနှိုးဆော်ထားတာကြောင့် စားနပ်ရိက္ခာဖြန့်ဝေမှုတွေကို အဆိုပါဒေသတွေမှာ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ရပါတယ်။ ကချင်ပြည်နယ်မှာ ယခုလအစောပိုင်းကစတင်ပြီး ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လူ ၁၀၀၀ ခန့် ရွှေကူမြို့ပေါ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ဒေသခံမိတ်ဖက်အဖွဲ့တွေရဲ့ သတင်းအချက်အလက်အရ အဆိုပါ တိုက်ပွဲရှောင်အများစုဟာ လုံခြုံရေးအခြေအနေပြန်လည်ကောင်းမွန်တဲ့သက်ဆိုင်ရာကျေးရွာတွေကို ပြန်သွားကြတဲ့အတွက် ယာယီစခန်းတွေမှာ ကျန်ရစ်သူ ၁၅၂ ဦးရှိနေသေးကြောင်း သိရှိရပါတယ်။ အလားတူပဲ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ တပ်မတော်ကတစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဖက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ရဲ့ မြို့နယ်အများအပြားမှာ ချုံခိုတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အောက်တိုဘာလဆန်းကတည်းက တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတာကြောင့် ကောင်းမွန်ခြင်းမရှိသေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ဆက်လက်ဆိုးရွားစေပါတယ်။

ကုလသမဂ္ဂရဲ့ အောက်တိုဘာလ (၁၀) ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၄သန်းကျော် ရှိလာပြီဖြစ်ပြီး၊ ဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။


Download PDF.