Press Release 298 Views

Military orchestrated an “information coup” စစ်တပ်သည် “သတင်းအချက်အလက် အာဏာသိမ်းမှု” ကို ကြိုးကိုင်ဆောင်ရွက်လျက်ရှိသည်

September 28th, 2022  •  Author:   Free Expression Myanmar  •  4 minute read
Featured image
As the world marks International Day for Universal Access to Information, the people of Myanmar face propaganda, disinformation, and secrecy under the military’s “information coup”.

Since 1 February 2021, the military has devised, orchestrated, and intensified six parts of a vast “information coup” intended to starve people of the information that they need to make good decisions about their lives, for their families, and for their communities.

1. Public information disappeared

The military has hidden what they do, including information on budgets, contracts, education, health, agriculture, justice, economics, laws, policies, and directives, among other subjects. Statistical information has disappeared or is unreliable. Widespread secrecy is likely to conceal widespread corruption. Without the transparency of public access to information, the military is unaccountable, impune, and unrestrained from misappropriating public resources.

2. Information became threat to “national security”

All information has effectively been classified as a state secret and a matter of so-called “national security” for the military. Requesting information from the military or any part of the military-controlled State has become high risk. Any attempt to request information is seen as deeply suspicious. Fact checking, even on the most innocuous subject, is dangerous.

3. Information replaced by propaganda

The military’s old propaganda machine has returned. Military press conferences deny facts and create a fictional reality. Ministries have become information bunkers keeping the public out. State media publishes and republishes only that information which portrays the military positively. Much of the propaganda is disinformation, containing knowingly inaccurate, misleading, or false news, facts, and allegations. Some of the propaganda appears to want to incite hostility, discrimination, or violence.

4. Private information seized

The military has not been satisfied with the amount of public information under its control, and has actively tried to seize more information, much of it private. The military has set up large networks of CCTV cameras, ordered banks to track payments, moved forward with e-IDs, and forced mobile telecom companies to collect personal information and monitor their customers.

5. Sources of independent information attacked

Independent sources of information, such as television and radio broadcasters, print media, digital media, and printing houses have been banned, blocked, and forced into exile. The Broadcasting Law and Penal Code were amended to increase possible sanctions for sharing information. A sham Press Council was appointed full of military proxies. Many journalists have been subject to violence and detained for doing journalism and trying to uncover information. Almost all journalists have been forced to operate underground or from areas not controlled by the military.

6. Internet platforms and access curbed

The military has attacked the technology enabling public access to information. Whitelisting and blacklisting policies have blocked access to large parts of the internet, including social media platforms such as Facebook. The military has announced new military-controlled social media platforms to replace global platforms. The military has set up checkpoints to check people’s devices, detaining those who have certain applications, including VPN software. The military has also increased data prices and SIM card tax in order to make accessing information expensive too. The military’s six attacks on the right to access information have been severe but were also built upon previous failures to adequately protect the right. Before the coup started on 1 February 2021, FEM’s investigations in partnership with journalists nationwide found that public officials were inaccessible, information was regarded as government property, secrecy was rampant, and any request for information was treated at best with suspicion and at worst with arrest. But the then government and various State institutions did at least commit to improving. For example, by committing in their policy plan to a future law guaranteeing the right to information. Since 1 February 2021, even that commitment has disappeared under the military’s “information coup”.


အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်လက်လှမ်းမီရေးနေ့ အထိမ်းအမှတ်အား ကမ္ဘာအနှံ့တွင် ကျင်းပနေချိန်တွင်  မြန်မာနိုင်ငံရှိလူများသည် ဝါဒဖြန့်ချီမှု၊ သတင်းတု နှင့် သတင်းလျှို့ဝှက်ထိန်ချန်ခံရမှုများကို စစ်တပ်၏ “သတင်းအချက်အလက်အာဏာသိမ်းမှု” အောက်တွင် ရင်ဆိုင်နေရသည်။

မိမိတို့ဘဝ၊ မိမိတို့မိသားစုများနှင့် မိမိတို့လူမှုအသိုင်းအဝိုင်းများအတွက် ကောင်းမွန်သောဆုံဖြတ်ချက်များ ချမှတ်နိုင်ရန် သတင်းအချက်အလက်များကို  လိုအပ်နေသည့် ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအချက်အလက်ဖြတ်တောက်ရန် စစ်တပ်သည် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ကြီးမားကျယ်ပြန့်သော အပိုင်း (၆) ပိုင်းပါ “သတင်းအချက်အလက်အာဏာသိမ်းမှု” ကို ကြံစည်ဖော်ဆောင်ခြင်းဖြင့် သတင်းအချက်အလက်အခွင့်အရေးအခြေအနေကို များစွာပိုမိုဆိုးရွားလာစေခဲ့သည်။

၁။ ပျောက်ကွယ်လာသော အများပြည်သူလက်လှမ်းမီနိုင်သည့် သတင်းအချက်အလက်များ

စစ်တပ်သည် ဘဏ္ဍာရေး၊ စာချုပ်စာတမ်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ တရားရေး၊ စီပွားရေး၊ ဥပဒေများ၊ မူဝါဒများ ညွှန်ကြားချက်များနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များအပါအဝင် ၄င်းတို့ပြုလုပ်သမျှနှင့်ဆိုင်သည့် သတင်းများကို ဖုံးကွယ်ထားသည်။ စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်များသည်လည်း ပျောက်ပျက်သွားခြင်း၊ သို့မဟုတ်ပါကလည်း မှန်ကန်ခိုင်လုံမှုမရှိခြင်းများ ဖြစ်နေသည်။ သတင်းလျှို့ဝှက်ထိန်ချန်မှု ထွန်းကားလာခြင်းက တိုးပွားလာသော အကျင့်ပျက်ခြစားမှုကို ဖုံးကွယ်ထားနိုင်ချေပိုရှိသည်။ လူထု၏ သတင်းအချက်အလက် လက်လှမ်းမီနိုင်မှုသည် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် စစ်တပ်သည် အများပြည်သူဆိုင်ရာအရင်းအမြစ်များကို အလွဲသုံးစားပြုမူခြင်းမှ တာဝန်ခံရမှုမရှိဘဲ ၊ အပြစ်ဒဏ်မှကင်းလွတ်လျက်ရှိကာ အထိန်းအသိမ်းမဲ့ အနေအထားတွင် ရှိနေသည်။​

၂။ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့်အရာဖြစ်လာသော သတင်းအချက်အလက်

စစ်တပ်အတွက်မူ သတင်းအချက်အလက်အားလုံးသည် နိုင်ငံတော်လျှို့ဝှက်ချက်ဟူ၍လည်းကောင်း၊ “နိုင်ငံတော်လုံခြုံရေး” ဟူ၍လည်းကောင်း  လက်တွေ့တွင် အဆင့်သတ်မှတ်ခွဲခြားခံထားရသည်။ စစ်တပ်ထံမှ သို့မဟုတ် စစ်တပ်ကထိန်းချုပ်ထားသော မည်သည့်နိုင်ငံ့အစိတ်အပိုင်းများထံမှမဆို သတင်းအချက်အလက်တောင်းခံခြင်းသည် မြင့်မားသောအန္တရာယ်ဖြစ်နိုင်ချေကို ဖြစ်ပါ်စေသည်။ သတင်းအချက်အလက်တောင်းခံသည့် ကြိုးပမ်းမှုမှန်သမျှသည် ကြီးစွာသံသယဝင်ခံနေရသည်။  ထိခိုက်လွယ်သောကိစ္စများမဟုတ်သည့် ပေ့ါပေ့ါပါးပါးအကြောင်းအရာများအား  အချက်အလက်စစ်ဆေးခြင်းသည်ပင်လျှင် အန္တရာယ်ရှိသည်

၃။ ဝါဒဖြန့်ချီမှုနှင့်အစားထိုးခံရသော သတင်းအချက်အလက်

စစ်တပ်၏ ဝါဒဖြန့်ချီမှုယန္တရားအဟာင်းသည် တဖန်လည်ပတ်လာခဲ့ပြီဖြစ်သည်။ စစ်တပ်၏ သတင်းစာရှင်းလင်းပွဲများသည် အချက်အလက်များကို ငြင်းပယ်ပြီး စိတ်ကူးယဥ်ဇာတ်လမ်းများကို အမှန်တရားသဖွယ် ဖန်တီးနေသည်။ ဝန်ကြီးဌာနများသည် သတင်းအချက်အလက်များအား ပြည်သူထံမရောက်အောင် သိုလှောင်ပိတ်သိမ်းထားသည့် နေရာများဖြစ်လာကြသည်။ နိုင်ငံပိုင်မီဒီယာသည် စစ်တပ်ကိုအကောင်းမြင်အောင်ပုံဖော်သည့် သတင်းအချက်အလက်များကိုသာ  ထုတ်ဝေခြင်းနှင့် ပြန်လည်ထုတ်ဝေခြင်းများ ပြုလုပ်သည်။ ဝါဒဖြန့်ချီမှုအများအပြားသည် မတိကျသော၊ ဦးတည်ချက်လွဲနေသာ သို့မဟုတ် မှားယွင်းနေသာ သတင်းများ၊ အချက်အလက်များနှင့် အထောက်အထားမဲ့ စွပ်စွဲချက်များဖြစ်နေသည်ကို သိသိလျက်နှင့် ထည့်သွင်းထားသော လုပ်ကြံသတင်းအမှားများသာ ဖြစ်သည်။  အချို့သောဝါဒဖြန့်ချီမှုများသည် ရန်ငြိုးဖွဲ့ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ သို့မဟုတ် အကြမ်းဖက်မှုများကို လှုံ့ဆော်ဆောင်ရွက်လိုဟန်ရှိသည်။

၄။ သိမ်းယူခံထားထားရသော ပုဂ္ဂလိကသတင်းအချက်အလက်များ

စစ်တပ်သည် ၄င်းထိန်းချုပ်မှုအောက်က အများပြည်သူဆိုင်ရာသတင်းအချက်အလက်ပမာဏကို စိတ်တိုင်းကျကျေနပ်မှုမရှိ၍ ပိုမိုများပြားသော သတင်းအချက်အလက်များကို သိမ်းယူနိုင်ရန် အားတက်သရောကြိုးပမ်းနေပြီး အများစုမှာ တစ်ဦးပုဂ္ဂလဆိုင်ရာအချက်အလက်များဖြစ်သည်။ စစ်တပ်သည် ကြီးမားသော စောင့်ကြည့်ကင်မရာကွန်ယက်ကို တည်ထောင်ခြင်း၊ ငွေပေးချေမှုများကို ခြေရာခံရန် ဘဏ်များကို အမိန့်ပေးထားခြင်း၊ အီလက်ထရောနစ်မှတ်ပုံတင်များကို ရှေ့ဆက်ဖော်ဆောင်ခြင်းနှင့် မိုလ်ဘိုင်းဆက်သွယ်ရေးကုမ္ပဏီများကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များစုဆောင်းရန်နှင့် ၎င်းတို့၏သုံးစွဲသူများကို စောင့်ကြည်ရန် ဖိအားပေးခြင်းများ စသည်တို့ကို ဖော်ဆောင်ပြီးထားပြီးဖြစ်သည်။

၅။  တိုက်ခိုက်ခံရသော လွတ်လပ်သည့်သတင်းအချက်အလက် အရင်းအမြစ်များ

တီဗွီနှင့် ရေဒီယိုထုတ်လွှင့်မှုများ၊ ပုံနှိပ်မီဒီယာ၊ ဒီဂျစ်တယ်မီဒီယာ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကဲ့သို့ လွတ်လပ်သော သတင်းအချက်အလက်အရင်းအမြစ်များသည် ပိတ်ပင်ခြင်း၊ တားဆီးခြင်းနှင့် ပြည်ပသို့ထွက်ခွာရန် ဖိအားပေးခံရခြင်းများကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ သတင်းအချက်အလက် ဝေမျှခြင်းကို ပိုမိုအရေးယူပိတ်ဆို့နိုင်ရန် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ ဥပဒေနှင့် ရာဇသတ်ကြီးဥပဒေများကို ပြင်ဆင်ခဲ့သည်။ သတင်းမီဒီယာကောင်စီ အတုအယောင်သည်လည်း စစ်တပ်က ခန့်အပ်ထားသော တဆင့်ခံကိုယ်စားလှယ်များဖြင့် ပြည့်နှက်နေသည်။သတင်းထောက်အများအပြားသည်လည်း သတင်းသမားအလုပ်လုပ်ခြင်း နှင့် သတင်းအချက်အလက်များဖော်ထုတ်ရန် ကြိုးစားမှုများအတွက် အကြမ်းဖက်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းရခြင်းများကို ကြုံတွေ့နေရသည်။ သတင်းထောက်အားလုံးနီးပါးသည် လျှို့ဝှက်လှုပ်ရှားရန် (သို့မဟုတ်) စစ်တပ်မထိန်းချုပ်ထားနိုင်သည့် နေရာများမှ လုပ်ကိုင်ရန် ဖိအားပေးခံနေရသည်။

၆။ တားဆီးချုပ်ကိုင်ခံထားရသော အင်တာနက်ပလက်ဖောင်းများနှင့် လက်လှမ်းမီမှု

စစ်တပ်သည် အများပြည်သူက သတင်းအချက်အလက်များကို လက်လှမ်းမီနိုင်ရန် ဖော်ဆောင်ထားပေးသည့် နည်းပညာကို တိုက်ခိုက်ထားသည်။ ပစ်မှတ်ထားခွင့်ပြုခြင်း (Whitelisting) နှင့် ပစ်မှတ်ထားပိတ်ပင်ခြင်း (Blacklisting) မူဝါဒများသည် ဖေ့စ်ဘွတ်ခ်ကဲ့သို့သော လူမှုကွန်ယက်များအပါအဝင်

အင်တာနက်၏ အစိတ်အပိုင်းအများစုအား လက်လှမ်းမီအသုံးပြုနိုင်မှုကို ပိတ်ပင်ထားခဲ့သည်။ စစ်တပ်သည် ကမ္ဘာသုံးလူမှုကွန်ယက်ပလက်ဖောင်းများကိုအစားထိုးရန် ၄င်းထိန်းချုပ်သည့် ပလက်ဖောင်းအသစ်ကို ကြေညာခဲ့ပြီးဖြစ်သည်။ စစ်တပ်သည် လူများ၏ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးပစ္စည်းများကို စစ်ဆေးရန် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ထားပြီး၊ ဗီပီအန် (VPN) ဆော့ဖ်ဝဲလ်အပါအဝင် အခြားသော သတ်မှတ်အက်ပလီကေးရှင်းများကို သုံးစွဲသူများအား ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။ ထို့အပြင် စစ်တပ်သည် သတင်းအချက်အလက်ရယူရာတွင် စရိတ်စကကြီးစေရန်လည်း အင်တာနက်ဈေးနှုန်းများနှင့် ဆင်း(မ်)ကဒ်အခွန်များအား တိုးမြှင့်ခဲ့သည်
သတင်းအချက်အလက်ရယူပိုင်ခွင့်အပေါ် စစ်တပ်၏ အဆိုပါဖိနှိပ်တိုက်ခိုက်မှု (၆)ချက်သည် ပြင်းထန်ဆိုးရွားလျက်ရှိပြီး၊ ယင်းသတင်းအချက်အလက်အခွင့်အရေးကို ပြည့်ပြည့်ဝဝကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အတိတ်က အခြေအနေပေါ်တွင် ယခုပြသနာများ ဆင့်ကဲဖြစ်ထွန်းလာခြင်းလည်း ဖြစ်သည်။  ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စခဲ့သော အာဏာသိမ်းမှုမတိုင်ခင်ကာလတွင် နိုင်ငံတဝှမ်းရှိ သတင်းထောက်များနှင့် မိတ်ဖက်ဆောင်ရွက်ချက်များမှတဆင့် ပြုလုပ်ခဲ့သော လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ၏ စုံစမ်းလေ့လာခဲ့မှုများအရ  သတင်းအချက်အလက်စုံစမ်းမေးမြန်းရန် ပြည်သူ့ဝန်ထမ်းမျာအား ဆက်သွယ်၍မရနိုင်ဘဲ၊ သတင်းအချက်အလက်အား အစိုးရပိုင်အဖြစ်သတ်မှတ်ထားခံခဲ့ရပြီး၊ သတင်းလျှို့ဝှက်မှုထိန်ချန်မှုများလည်း အားကောင်းခဲ့သည်ကို တွေ့ရှိရသည်။  သတင်းအချက်အလက်အတွက် မည်သို့သောတောင်းခံမှုမဆို သံသယဖြင့် ဆက်ဆံခံရပြီး အဆိုးဆုံးအခြေအနေအဖြစ် ဖမ်းဆီးခံရမှုများလည်း ရှိခဲ့သည်။  သို့ရာတွင်မူ ထိုအချိန်ကတာဝန်ထမ်းဆောင်ခဲ့သော အစိုးရနှင့်  များစွာသော နိုင်ငံတော်အဖွဲ့အစည်းများသည် သတင်းအချက်အလက်အခွင့်အရေးအတွက် တိုးတက်အောင်ဆောင်ရွက်ရန် အနည်းဆုံးတော့ကတိပြုခဲ့ကြသည်။ ဥပမာအားဖြင့် သတင်းအချက်အလက်ရပိုင်ခွင့်ကို အာမခံပေးမည့် အနာဂါတ်ဥပဒေတစ်ခုအတွက် ၄င်းတို့၏ မူဝါဒရေးရာအစီအစဥ်တွင် ကတိပြုခဲ့သည်။  အဆိုပါ ကတိပြုမှုများသည် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်က စတင်ခဲ့သော စစ်တပ်၏ “သတင်းအချက်အလက်အာဏာသိမ်းမှု” အောက်တွင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။


View the original.