Statement 918 Views

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာ – ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် ကိစ္စ

September 23rd, 2022  •  Author:   638 Civil Society Organizations  •  10 minute read
Featured image

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာ

မစ္စတာ အန်တိုနီယိုဂူတာရတ်စ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး
၄၂ လမ်း၊ နယူးယော့ခ်၊ NY 10017

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်

အကြောင်းအရာ ။          ။ ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် ကိစ္စ။

ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ယင်းအစား ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်။

လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းခင်ဗျား/ရှင့်

အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ ဖွဲ့အနေဖြင့် ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ အသီသီးတို့မှ မကြာသေးမီက တရားဝင်မှုမရှိနေသည့် မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင်ရွက်မှုကို လူကြီးမင်းကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးပါရန် မိမိတို့မှ တိုက်တွန်းသည်။ ထို့အပြင် လူကြီးမင်းနှင့် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် တရားမဝင် လူသတ်စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှု ပုံစံအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ယင်းအစား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများထံသို့ ခန့်အပ်လွှာနှင့် သဘောတူစာချုပ် တင်ပြမှုများ လုပ်ဆောင်ရန် မိမိတို့က တိုက်တွန်းတောင်းဆိုသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၆ ဖွဲ့တို့မှ ကုလသမဂ္ဂအဖွဲ့အစည်းများကို စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့်ထိတွေ့ဆက်ဆံမှုမဆို မလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်သူများနှင့် အရပ်ဘက်လူထု အဖွဲ့အစည်းများက တောက်လျှောက် တောင်းဆိုခဲ့သည့်တိုင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အားလုံးတို့သည် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း စစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ လက်မှတ်ရေးထိုးခဲ့သကဲ့သို့ ရာထူးခန့်အပ်လွှာများကိုလည်း သွားရောက်အပ်နှင်းခဲ့သည်။ အဆိုပါ လူသိရှင်ကြား အခမ်းအနားများနှင့် ဓါတ်ပုံများကို စစ်အုပ်စုက ၎င်း၏တရားဝင်မှုရရှိရေး ဆက်လက်ကြိုးပမ်းမှုတွင် ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချခဲ့သည်။ မြန်မာပြည်သူများသည် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကပင် မပျက်မကွက် ငြင်းဆန်တော်လှန်လာခဲ့ကြသည်။

တစ်နှစ်ခွဲနီးပါးကာလအတွင်းတွင် မြန်မာပြည်သူများသည် နိုင်ငံရေးအာဏာဖီဆန်မှုအတွင်း ပါဝင်၍ ဒီမိုကရေစီနှင့် ၎င်းတို့၏ ရပိုင်ခွင့်များကို ခုခံကာကွယ်ရန် အသက်သွေးချွေးနှင့် ဘဝရပ်တည်မှုများကို စတေးခဲ့ကြသကဲ့သို့ မတတ်သာသည့်အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို နောက်ဆုံးအဆင့် ရွေးချယ်ခဲ့ကြရသည်။ မြန်မာပြည်သူတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့အပေါ် ကြီးမားသော အတိဒုက္ခများ ဖန်တီးကာ နိုင်ငံထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့် မရစေရန် ကာကွယ်တားဆီးခြင်းပင် ဖြစ်သည်။

မကြာသေးခင်က ကုလသမဂ္ဂအဖွဲ့အစည်းများ လုပ်ဆောင်ခဲ့သော လုပ်ရပ်များသည် စစ်အုပ်စုနှင့် အတူရပ်တည်လိုက်ခြင်းဖြစ်သည့်အပြင် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ နိုင်လိုမင်းထက်ပြုမှုများ အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေးအတွက် ယနေ့ထိတိုင် တစ်စုတစ်စည်းတည်း ခုခံတော်လှန်နေကြသည့် ပြည်သူတို့၏ ကြိုးစားအားထုတ်မှုနှင့် အနစ်နာခံစတေးမှုများကို မှေးမှိန်ထိခိုက် စေသည်။ ထိုလုပ်ရပ်များသည် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မဖြစ်မနေလိုက်နာရမည့်အပြင် ၎င်းတို့ကိုယ်တိုင်အား တာဝန်ယူ တာဝန်ခံမှု ရှိစေရန် ကုလသမဂ္ဂ၏ ပူးတွဲစီမံဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်များနှင့် ထိတွေ့လုပ်ဆောင်မှုဆိုင်ရာ မူဘောင်တို့တွင် ပြဌာန်းပါရှိသည့် ဘက်မလိုက်ရေး၊ ကြားနေရေး၊ အမှီအခိုကင်းရေးနှင့် “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ဟူသော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်စုကို နိုင်ငံကိုယ်စားပြုခွင့် ငြင်းပယ်ထားပြီး မြန်မာပြည်သူတို့၏ တရားဝင်အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုသော တာဝန် ထမ်းဆောင်နေသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ၎င်း၏ ရာထူးနေရာတွင် ဆက်လက်ထားရှိရန် တိုက်တွန်းထားသော ကုလသမဂ္ဂ အထောက်အထားစိစစ်ရေး ကော်မတီ၏ အကြံပြုတင်ပြချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုသည့်ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့သည်။ သို့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနှင့် အစီအစဥ်များသည် အဆိုပါ ဆုံးဖြတ်ချက်ကို လမ်းညွှန်အဖြစ် ထားရှိသင့်ပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း မပြုဘဲ NUG နှင့်သာ ထိတွေ့ဆက်ဆံသင့်သည်။

မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတရားဝင်မှု မရှိရုံသာမက နယ်မြေအုပ်စိုးမှုလည်း မရှိပေ။ ဤအချက်ကို မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူများနှင့် ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အပ်နှင်းထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်အမှီအခိုကင်းသော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ မကြာသေးမီက ထွက်ရှိသော သုံးသပ်ချက်စာတမ်းအရ NUG နှင့် ခုခံတော်လှန်ရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ နယ်မြေ ၅၂ ရာခိုင်နှုန်းကျော်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ချိန်တွင် စစ်အုပ်စုသည် ၂၃ ရာခိုင်နှုန်းသောနယ်မြေကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည့်သဖြင့် အမှန်စင်စစ်မှာ စစ်အုပ်စုက သေချာထိန်းချုပ်ထားနိုင်သည့် နယ်မြေပမာဏသည် မြန်မာနိုင်ငံနယ်မြေအားလုံး၏ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိနေသည်။

ထို့အပြင် စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် အသုံးချနေပြီး ပြည်သူများအတွက် အကူအညီများကို စိတ်ပါတက်ကြွစွာ ဖျက်ဆီး၊ ကန့်သတ်နေသည့်အပေါ် စိုးရိမ်ပူပန်ကြောင်းကို ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခံရသူများက အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်စေရန် ဖန်တီးခဲ့သည့် လက်သည်တရားခံစစ်စစ်နှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းသည် အမှန်တကယ် လိုအပ်နေသော ပြည်သူများထံ ရောက်ရှိရေးနှင့် ပတ်သက်သော ကုလသမဂ္ဂ၏ ထိရောက်မှုကို အဆိုပါ အမှန်တရားများက မေးခွန်းထုတ်နေသည်။ ထို့အပြင် ဤအချက်က NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန် အရေးကြီးပုံ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးပို့ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ရှိ လုပ်ဆောင်နေသူများ အပါအဝင် ဒေသခံ လူသားချင်းစာနာထောက်ထားမှု အရေး လုပ်ဆောင်နေသူများနှင့် တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေမှုကိုလည်း ထုတ်ဖော်ပြသ နေသည်။

အာဏာသိမ်းရန် ကြိုးပမ်းသည့် ၅၉၈ ရက်အတွင်း မြန်မာစစ်အုပ်စုသည် ကလေးသူငယ် ၁၉၂ ဦး အပါအဝင် အနည်းဆုံးပြည်သူပေါင်း ၂,၃၁၁ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ မတရား ဖမ်းဆီးခံခဲ့ရသူ ပေါင်း ၁၅,၄၀၀ ကျော်ရှိခဲ့ပြီး အနည်းဆုံး ၁၂,၄၆၂ ဦးတို့မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ အများအပြားသည် ညှဥ်းပန်းနှိပ်စက်မှုများကို ပုံမှန်လိုလို ရင်ဆိုင်နေကြရသည်။ အမှန်တကယ် သေဆုံးသူနှင့် ဖမ်းဆီးခံထားရသူ အရေအတွက်သည် တကယ့်မြေပြင်တွင် ထို့ထက်ပို၍များနိုင်ဖွယ် ရှိသည်။ မြန်မာစစ်အုပ်စုသည် အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာများကို မီးရှို့ခြင်း၊ ပစ္စည်းဥစ္စာများကို ခိုးယူလုယက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းမှုနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကို ကျူး လွန်ခြင်း၊ တွေ့ရာနေရာ၌ ပစ်ခတ်ခြင်း၊ နှင့် မြို့များရွာများကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ဖြင့် အရမ်းကာရော ပစ်ခတ်ခြင်းများမှတစ်ဆင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ အပါအဝင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိနေပေသည်။ အတိတ်တွင် ရိုဟင်ဂျာနှင့် အခြား တိုင်းရင်းသားလူနည်းစုများ အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုသာမက လွန်ခဲ့သော ၁၉ လတာ ကာလအတွင်း စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် ကုလသမဂ္ဂက မှတ်တမ်းတင်ကောက်ယူထားပြီး ဖြစ်သည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရာတွင် ရှေ့နောက်မညီညွတ်သော၊ ထိရောက်မှုအားနည်းသော ချဥ်းကပ်မှုကို လုပ်ဆောင်သည်သာမက မြန်မာစစ်အုပ်စုနှင့် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးမှုများက မြန်မာပြည်သူများအပေါ် အကြမ်းဖက်ပြီး ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိနေသော အဖွဲ့အစည်းတစ်ရပ်ကို ကုလသမဂ္ဂက အသိအမှတ်ပြုသည် ဆိုသည့်သတင်းစကားအမှားကို စစ်အုပ်စုနှင့် ကမ္ဘာကြီးတစ်ခုလုံးကိုပါ ပေးပို့နေခြင်းပင် ဖြစ်သည်။ ယင်းအချက်က စစ်အုပ်စုကို ပြဏ်ဒဏ်ကင်းလွတ်စွာြဖင့် နောက်ထပ်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ထပ်မံကျူးလွန်စေရန် အားပေးအားမြှောက်ေနေရုံသာမက ကုလသမဂ္ဂသည် တကယ့်လက်တွေ့တွင် အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီနှင့် လုံခြုံရေးကောင်စီ ဥက္ကဌမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် အပါအဝင် ၎င်း၏ ဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ကြေညာချက်များတွင် ပြဌာန်းထားသည့်အတိုင်း မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် လေးစားခြင်း မရှိကြောင်းကိုလည်း ဖော်ပြနေသည်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်စုတစ်စည်းသော ချဥ်းကပ်မှုတစ်ခု ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် ကုလသမဂ္ဂ၏ “စနစ်ပိုင်းဆိုင်ရာနှင့် အဆောက်အအုံပိုင်းဆိုင်ရာ အလုပ်မဖြစ်ခဲ့မှုများ” ကို ၂၀၁၉ ခုနှစ် Rosenthal အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြခဲ့ပြီးသည့်နောက်တွင်ပင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ချဥ်းကပ်မှုများတွင် ထိုပြဿနာများ ဆက်လက်တည်ရှိနေသည်မှာ အထင်အရှားပင် ဖြစ်သည်။

မြန်မာပြည်သူများသည် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သော NUG နှင့် ၎င်းတို့၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကုလသမဂ္ဂတွင် ကိုယ်စားပြုစေလိုကြောင်း ကျယ်ကျယ်လောင်လောင်၊ ရှင်းရှင်း လင်းလင်း ထုတ်ဖော်ပြီးသား ဖြစ်သည်။ မြန်မာပြည်သူများ၏ ၎င်းတို့အစိုးရ ရွေးချယ်လိုမှုနှင့် ကုလသမဂ္ဂတွင် ၎င်းတို့ကိုယ်စားလှယ်အား ရွေးချယ်လိုသည့်ဆန္ဒအပြင် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ၎င်းတို့၏ ရုန်းကန်ကြိုးစားနေမှုများကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက အပြည့်အဝ အသိအမှတ်ပြု လေးစားရမည် ဖြစ်သည်။

သို့ဖြင့် မိမိတို့ မြန်မာပြည်သူများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းလုံးရှိ အဖွဲ့အစည်းများက ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားသောအဖွဲ့အစည်းအားလုံးတို့အနေဖြင့် တရားမဝင် လူသတ်စစ်အုပ်စုကို တရားဝင်မှုပေးနေခြင်း အထူးသဖြင့် သဘောတူစာချုပ်အသစ်များ ချုပ်ဆိုခြင်းနှင့် စစ်အုပ်စုထံ အသိအမှတ်ပြုမှုများ တင်ပြနေခြင်း တို့ကို ချက်ချင်းရပ်တန့်ရန်အပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ညှိနှိုင်းပူးပေါင်းထားသော တုံ့ပြန်လုပ်ဆောင်ချက်တစ်ရပ်ကို ဂုဏ်သရေရှိလူကြီးမင်းမှ ဦးစီးလုပ်ဆောင် ပေးပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ကုလသမဂ္ဂ၏ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများကိုလည်း မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် NUG၊ ERO များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • နော်ဝါးခူးရှီး၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၊ [email protected]
  • Gus Miclat၊ Initiatives for International Dialogue and Asia Pacific Solidarity Coalition၊ [email protected]
  • Chris Gunness၊ Myanmar Accountability Project၊ [email protected]

ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၃၉ ဖွဲ့အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၆၃၈ ဖွဲ့မှ လက်မှတ်ရေးထိုးထားပါသည်။

  1. 8888 Generation (New Zealand)
  2. Action Against Myanmar Military Coup (Sydney)
  3. Action Committee for Democracy Development
  4. Active Youths (Kalay)
  5. Advocacy Forum Nepal
  6. Ah Nah Podcast – Conversation with Myanmar
  7. La. Ka (12) Hta Khwe. Primary Education Student Union
  8. All Arakan Civil Society Organization Network (AACSON)
  9. All Arakan Civil Society Partnership (AACSP)
  10. All Burma Democratic Face in New Zealand
  11. All Burma Indigenous People Alliance
  12. All Religions Strike Column
  13. ALTSEAN-Burma
  14. Ananda Data
  15. Anti Dictatorship in Burma – DC Metropolitan Area
  16. Arakan Civil Engagement Network (ACEN)
  17. Arakan CSO Network
  18. Arakan Humanitarian Coordination Team – AHCT
  19. Arakan National Democratic Party
  20. Arizona Kachin Community
  21. ASEAN Parliamentarians for Human Rights
  22. Asia Democracy Network
  23. Asia Justice and Rights – AJAR
  24. Asia Pacific Solidarity Coalition
  25. Asian Forum for Human Rights and Development (FORUM-ASIA)
  26. Assistance Association for Political Prisoners
  27. Association of Human Rights Defenders and Promoters
  28. Association of United in Nationalities in Japan
  29. Association Suisse-Birmanie
  30. Athan – Freedom of Expression Activist Organization
  31. Auckland Kachin Community NZ
  32. Auckland Zomi Community
  33. Aung Myay Thar Zan Education Schools Strike Column
  34. Aung Pin Lae Main Strike Column
  35. Aung San Suu Kyi Park Norway
  36. Australia Karen Organisation
  37. Ayeyarwady Youth Network
  38. Bank Trade Unions Federation of Myanmar – BTUFM
  39. Beyond Borders Malaysia
  40. Blooming Padauk
  41. Buddhist Solidarity Association
  42. Burma Action Ireland
  43. Burma Human Right Network
  44. Burma Medical Association
  45. Burma Task Force
  46. Burman suomalaiset Finland
  47. Burmese Canadian Network
  48. Burmese Community Group (Manawatu, NZ)
  49. Burmese Rohingya Welfare Organisation New Zealand
  50. Burmese Women’s Union
  51. Calgary Karen Community Association (CKCA)
  52. California Kachin Community
  53. Cambodian Americans and Friends for Democracy and Human Rights Advocates
  54. Campaign for a New Myanmar
  55. CDM Support Team Mandalay (CSTM)
  56. Central European Institute of Asian Studies
  57. Chan Mya Thar Si Township People Strike Column
  58. Chin Community in Norway
  59. Chin Community of Auckland
  60. Chin Community Of Japan
  61. Chin Leaders of Tomorrow
  62. Chin Resources Center
  63. Chinland Natural Resources Watch Group
  64. CIVICUS: World Alliance for Citizen Participation
  65. Civil Society Forum for Peace Network (Arakan)
  66. Computer University (Mandalay) Student Union
  67. Cooperative University Student Strike Column
  68. CRPH & NUG Supporters Ireland
  69. CRPH Funding Ireland
  70. CRPH Support Group, Norway
  71. CRPH, NUG Support Team Germany-Deutschland
  72. Dallas Kachin Community
  73. Daung Sit Thi
  74. DEEKU-Karenni Community of Amarillo, TX
  75. Democracy for Ethnic Minorities Organization
  76. Democracy, Peace and Women’s Organization
  77. Democratic Party for a New Society, Norway
  78. Dhanu Youth Organization
  79. Edmonton Karen Community Youth Organization
  80. Education Family (Anti – Fascists Education Strike Columns Coordination Committee)
  81. Educational Initiatives Myanmar
  82. Equality Myanmar
  83. Ethnic Youth General Strike Committee
  84. Federal FM Mandalay
  85. Federal Myanmar Benevolence Group (NZ)
  86. Federation of Worker ‘s Union of Burmese Citizens in Japan (FWUBC)
  87. Florida Kachin Community
  88. Foundation of Khmer Samaki, USA
  89. Free Rohingya Coalition
  90. Freedom for Burma
  91. Future Light Center
  92. Future Thanlwin
  93. General Strike Committee of Nationalities (GSCN)
  94. Generation Wave
  95. Georgia Kachin Community
  96. German Solidarity with Myanmar Democracy e.V.
  97. Global Movement for Myanmar Democracy
  98. Global Myanmar Spring Revolution
  99. Grass-root People
  100. Green Network (Myeik)
  101. Hkunzup Development Committee
  102. Houston Kachin Community
  103. Human Rights Educators Network
  104. Human Rights Foundation of Monland
  105. In Defense of Human Rights and Dignity Movement (iDEFEND), Philippines
  106. Info Birmanie
  107. Initiatives for International Dialogue
  108. Institute for Asian Democracy
  109. International Association, Myanmar-Switzerland (IAMS)
  110. International Campaign for the Rohingya
  111. International Karen Organisation
  112. International Society of Myanmar Scholars and Professionals
  113. Iowa Kachin Community
  114. Justice for All
  115. Justice for Myanmar
  116. Justice Movement for Community – Innlay
  117. Kachin Affairs Organization Japan, KAO(Japan),
  118. Kachin Alliance (US)
  119. Kachin American Community (Portland – Vancouver)
  120. Kachin Association Norway
  121. Kachin Community of Indiana
  122. Kachin Community of USA
  123. Kachin Gender Star Group
  124. Kachin State Women Network (KSWN)
  125. Kachin Women’s Association Thailand
  126. Kamma Lover
  127. Kansas Karenni community, KS
  128. Karen American Association of Wisconsin, Milwaukee, WI
  129. Karen Association of Huron, SD
  130. Karen Community of Akron, OH
  131. Karen Community of Canada (KCC)
  132. Karen Community of Czech Republic
  133. Karen Community of Finland
  134. Karen Community of Hamilton
  135. Karen Community of Iowa, IA
  136. Karen Community of Ireland
  137. Karen Community of Israel
  138. Karen Community of Kansas City, KS & MO
  139. Karen Community of Kitchener & Waterloo
  140. Karen Community of Leamington K
  141. Karen Community of Lethbridge
  142. Karen Community of London
  143. Karen Community of Louisville, KY
  144. Karen Community of Minnesota, MN
  145. Karen Community of Ottawa
  146. Karen Community of Regina
  147. Karen Community of Saskatoon
  148. Karen Community of Thunderbay
  149. Karen Community of Toronto
  150. Karen Community of Windsor
  151. Karen Community of Winnipeg
  152. Karen Community Society of British Columbia (KCSBC)
  153. Karen Environmental and Social Action Network
  154. Karen Human Rights Group
  155. Karen Organization of America
  156. Karen Organization of Illinois, IL
  157. Karen Peace Support Network
  158. Karen Thai Group
  159. Karen Women’s Organization
  160. Karen Youth Education Pathways
  161. Karen Youth Networks
  162. Karen Youth of Norway
  163. Karen Youth of Toronto
  164. Karen Youth Organization
  165. Karenni Association – Norway
  166. Karenni Civil Society Network
  167. Karenni Community of Arizona, AZ
  168. Karenni Community of Arkensas, AK
  169. Karenni Community of Austin, TX
  170. Karenni Community of Bowling Green, KY
  171. Karenni Community of Buffalo, NY
  172. Karenni Community of Chicago, IL
  173. Karenni Community of Colorado, CO
  174. Karenni Community of Dallas, TX
  175. Karenni community of Des Moines, IA
  176. Karenni Community of Florida, FL
  177. Karenni Community of Fort Worth, TX
  178. Karenni Community of Georgia, GA
  179. Karenni Community of Houston, TX
  180. Karenni Community of Idaho, ID
  181. Karenni Community of Indianapolis, IN
  182. Karenni Community of Massachusetts, MA
  183. Karenni Community of Michigan, MI
  184. Karenni community of Minnesota, MN
  185. Karenni Community of Missouri, MO
  186. Karenni Community of North Carolina, NC
  187. Karenni Community of Portland, OR
  188. Karenni Community of Rockford, IL
  189. Karenni Community of San Antonio, TX
  190. Karenni Community of Sioux Falls, SD
  191. Karenni Community of Utah, UT
  192. Karenni Community of Utica, NY
  193. Karenni Community of Washington, WA
  194. Karenni Community of Wisconsin, WI
  195. Karenni National Society Japan, KNS-Japan,
  196. Karenni National Women’s Organization
  197. Karenni Society Finland
  198. Karenni Society New Zealand
  199. Karenni Society of Omaha, NE
  200. Karenni-American Association
  201. Kayan Women’s Organization
  202. K’cho Ethnic Association
  203. Keng Tung Youth
  204. Kentucky Kachin Community
  205. KontraS
  206. Korea Karen Organization
  207. Korea Karen Youth Organization
  208. Kyae Lak Myay
  209. Kyaukse University Students’ Union
  210. Kyauktada Strike Committee (KSC)
  211. Land in Our Hands
  212. League of Labour Union
  213. Let’s Help Each Other
  214. LGBT Union Mandalay (LGBTIQ Strike of Mandalay)
  215. Los Angeles Myanmar Movement LA2M
  216. Louisiana Kachin Community
  217. Mae Tao Clinic
  218. Maha Aung Myay Township People Collective Strike Column
  219. Mandalar University Student Strike Column
  220. Mandalar University Student Union (Mandalay Poets’ Union)
  221. Mandalay Alliance Strike Collective Column
  222. Mandalay Based People Strike Column
  223. Mandalay Civil Society Organizations
  224. Mandalay Computer University Student Union
  225. Mandalay Engineer Group
  226. Mandalay Engineer United Force
  227. Mandalay Private University Student Union (MPUSU)
  228. Mandalay Technical University Student Union
  229. Mandalay University Student Alumni Union
  230. Mandalay Wholesale Strike Column
  231. Mandalay Youth Association (MRYA)
  232. Mandalay Youth Strike Column
  233. Maryland Kachin Community
  234. Matu Burma Foundation
  235. Me Boun Foundation
  236. Medical Family – Mandalay
  237. Medical University (Mandalay) Student Union
  238. Metta Campaign Mandalay
  239. Michigan Kachin Community
  240. Midwives Training School (Mandalay) Student Union)
  241. MIIT Students Strike Column
  242. Minnesota Kachin Community
  243. Minority Affairs Institute (MAI Myanmar)
  244. Muslim Youth Union
  245. Mya Taung Strike Column
  246. Myanmar Accountability Project
  247. Myanmar Action Group Denmark
  248. Myanmar Alliance for Transparency and Accountability
  249. Myanmar Baptist Churches in Norway
  250. Myanmar Catholic Community In Norway
  251. Myanmar Community Austria (MCA)
  252. Myanmar Community Group Christchurch New Zealand
  253. Myanmar Community Group Dunedin New Zealand
  254. Myanmar Community in Norway
  255. Myanmar Cultural Research Society (MCRS)
  256. Myanmar Democratic Force in Denmark
  257. Myanmar Diaspora Group Finland
  258. Myanmar Emergency Fund-Canada
  259. Myanmar Engineers – New Zealand
  260. Myanmar Gonye (New Zealand)
  261. Myanmar Hindu Community – Norway
  262. Myanmar Institute of Information Technology Students Union
  263. Myanmar Muslim Organization – Norway
  264. Myanmar People Alliance (Shan State)
  265. Myanmar People in Ireland
  266. Myanmar Railway, Region (3) CDM Strike Column
  267. Myanmar Students’ Union in New Zealand
  268. Myaung Education Network
  269. Myaung Medical Team
  270. National Culture and Arts University (Mandalay) Student Union
  271. Nelson Myanmar Community Group New Zealand
  272. Netherlands Myanmar Solidarity Platform
  273. Network for Advocacy Action
  274. Network for Human Rights Documentation – Burma (ND-Burma)
  275. New York Kachin Community
  276. New Zealand Doctors for NUG
  277. New Zealand Karen Association
  278. New Zealand Zo Community Inc.
  279. No 7 State High School Alumni Strike Column
  280. No Business With Genocide
  281. North Carolina Kachin Community
  282. North South Initiative
  283. Norway Falam Community
  284. Norway Matu Community
  285. Norway Rvwang Community
  286. NRFF – New Rehmonnya Federated Force
  287. Nursing Training School (Mandalay) Student Union
  288. Nursing University (Mandalay) Student Union
  289. Nyan Lynn Thit Analytica
  290. Olive Organization
  291. Omaha Kachin Community
  292. Oversea Karen Organization Japan
  293. Overseas Mon Association. New Zealand
  294. Palaung National Society Japan, PNS-Japan
  295. Pan Pa Wash People Strike Column
  296. Pa-O Women’s Union
  297. Pa-O Youth Organization
  298. Pa-oh Youths Japan, PYJ-Japan
  299. Paramedical Technical University (Mandalay) Student Union
  300. Pennsylvania Kachin Community
  301. People’s Empowerment Foundation
  302. Pharmacy University (Mandalay) Student Union
  303. Phayagye Peace Strike Column
  304. Private Pre-school Teachers Association
  305. Probono Lawyer Network
  306. Progressive Voice
  307. Punnyakari Mon National Society Japan, PMNS-Japan
  308. Pyi Gyi Ta Gon Strike
  309. Pyithu Gonye (New Zealand)
  310. Rohingya Action Ireland
  311. Rohingya American Society (RAS), Milwaukee, WI, USA
  312. Rohingya Community in Norway
  313. Rohingya Cultural Center of Chicago, IL, USA
  314. Rohingya Society of Greater Nashua, NH, USA
  315. Rvwang Community Association New Zealand
  316. Safe of Dawei
  317. SaNaR (Save the Natural Resource)
  318. Sangha Samaga Strike Column
  319. Save and Care Organization for Ethnic Women at Border Areas
  320. Save Myanmar – USA
  321. Save Myanmar Fundraising Group (New Zealand)
  322. Save Myanmar San Francisco
  323. Save the Salween Network (SSN)
  324. SEA Junction
  325. Second Tap Root
  326. Sein Pan Strike Column
  327. Shan Community (New Zealand)
  328. Shan Community in Japan (SCJ)
  329. Shan MATA
  330. Shan State Nationalities for Democracy Japan, SSND-Japan,
  331. Sisters 2 Sisters
  332. Sitt Nyein Pann Foundation
  333. Social Program Aid for Civic Education (SPACE)
  334. South Carolina Kachin Community
  335. Southern Dragon (Myanmar)
  336. Southern Youth Development Organization
  337. Spring Revolution Myanmar Muslim Network (SRMMN)
  338. Spring Traveller
  339. Strike Column of Representatives of Arbitrarily Arrested People
  340. Strike Column of Teachers from Universities and Degree Colleges of Mandalay
  341. Student Union of Mandalay University of Foreign Language
  342. Students for Free Burma
  343. Support Group for Democracy in Myanmar (The Netherlands)
  344. Support the Democracy Movement in Burma
  345. Supporting 4 Myanmar Australia
  346. Swedish Myanmar Supporting Community (Sweden)
  347. Synergy – Social Harmony Organization
  348. Ta’ang Women’s Organization
  349. Taekwondo Sport Association
  350. Tanintharyi MATA
  351. Tanintharyi Nationalities Congress
  352. Tanitharyi People’s Voice
  353. Tanitharyi Women’s Network
  354. Technical University (Mandalay) Student Union
  355. Technical University (Yadanapone Cyber City) Student Union
  356. Tenasserim Student Unions’ Network – TSUN
  357. Tennessee Kachin Community
  358. Thai Action Committee for Democracy in Burma
  359. Thapaynyo News Letter
  360. The Free Burma Campaign (South Africa)
  361. The Ladies
  362. The Regional Center for Social Science and Sustainable Development, Chiang Mai University
  363. The Swedish Foundation for Human Rights
  364. Traditional Medicine (Mandalay) Student Union
  365. S Campaign for Burma
  366. Unitarian Universalist Service Committee
  367. University of Dentistry (Mandalay) Student Union
  368. US Advocacy Coalition for Myanmar (USACM)
    1. Campaign for a New Myanmar
    2. Students for Free Burma (SFB)
    3. Freedom for Burma
    4. International Campaign for The Rohingya
    5. Helping Hands for Burma (H2B)
    6. Global Movement for Myanmar Democracy (GM4MD)
    7. Chin Leaders of Today &Tomorrow
  369. Utica Karen Community, NY
  370. Virginia Kachin Community
  371. Washington Kachin Community
  372. West Virginia Kachin Community
  373. Women Activists Myanmar
  374. Women Advocacy Coalition – Myanmar
  375. Women’s League of Burma
  376. World Kachin Congress (WKC)
  377. World Rohingya Organization, Jackson Height, NY, USA
  378. Yadanapone University Student Union (Ya. Ta. Ka. Tha)
  379. Youth for Democratization of Myanmar (UDM)
  380. Youth Poet Union
  381. Youths for Community-Myaung
  382. Zomi Christian Fellowship of Norway
  383. Zomi Community Norway
  384. ခုနှစ်စင်ကြယ်အဖွဲ့
  385. စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီ ပုလောမြို့နယ်
  386. ဆီသို့ – စာစဉ်
  387. တက်ကြွလူငယ် (ထားဝယ်)
  388. တူမီး‌ – တော်လှန်ရေးစာစဉ်
  389. ထားဝယ်ပညာရေးဘုတ်အဖွဲ့
  390. ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
  391. နိုင်ငံရေးအကျဥ်းသားများကွန်ရက် (ထားဝယ်)
  392. ပြည်သူမှပြည်သူသို့- ကမ္မ အဖွဲ့
  393. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  394. ဗေဒါ လူမှုဖွံဖြိုးရေးအထောက်အကူပြုအဖွဲ့
  395. မျိုးဆက်-Generations
  396. မြစ်ကွေ့ -လူထုတော်လှန်ရေးစာစဉ်
  397. ရင်ခွင်သစ်
  398. သင့်မြတ်ခြင်းနှင့်ငြိမ်းချမ်းသောလမ်းစဥ် အဖွဲ့
  399. သူပုန်ဂေဇက် – The Rebel Gazette

နောက်ထပ်သော ၂၃၉ ဖွဲ့သည် အမည်မဖော်ဘဲ ပါဝင်ထားပါသည်။

ထပ်တိုးလာသော အဖွဲ့အစည်းများ

  1. Burmese Rohingya Organisation UK (BROUK)
  2. Karen Swedish Community (KSC)
  3. Women’s Peace Network

English version.


PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ