လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ စစ်အာဏာရှင် ကျူးလွန်နေသာ အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနိုးဆော်လိုက်သည်။

September 21st, 2022  •  Author:   Network for Human Rights Documentation - Burma  •  1 minute read
Featured image

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ စစ်အာဏာရှင် ကျူးလွန်နေသာ

အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို

ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနိုးဆော်လိုက်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံ (ND-Burma ) မှ အကြမ်းဖက်စစ်အာဏာရှင်၏ အရပ်သားပြည်သူများအား အဓိက ပစ်မှတ် ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ခြင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။ ဆယ်စုနှစ် များစွာကြာ စစ်တပ်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း လျစ် လျူရှုကာ ချိုးဖောက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး သည့်နောက် အကြမ်းဖက်စစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ဖြင့် ပို၍ ရဲရဲတင်းတင်း ကျူးလွန်လာကြသည်။ ND-Burma သည် စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာသော ဆုတ်ယုတ်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို ရှုတ်ချပြီး စနစ်တကျ မှတ်တမ်းတင်ထား သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ချက်ခြင်း စုံစမ်းစစ် ဆေးရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် စစ်ဗိုလ်ချုပ်ကြီးများ၏ လက်ချက်ဖြင့် ခံစားနေကြရသော ပြည်သူ များ၏ အသံကို စတင်နားထောင်၍ နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ရမည့်အစား မိမိတို့၏ အကျိုးစီးပွား တိုးပွားစေခြင်းကိုသာ ပိုမိုအလေးထား ဆောင်ရွက်နေသည်။

“ငြိမ်းချမ်းရေးဆိုသည်မှာ လွတ်လပ်မှု၊တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို ဆိုလိုခြင်းဖြစ်သည်။ ဤအရာများသည် လူသားတိုင်းအတွက် မရှိမဖြစ်တန်ဖိုးများဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်မှု အကြောင်း ပြောသည့်အခါ ဖယ်ဒရယ်စနစ်သည် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံ ကြည်မှုတည်ဆောက်ရေးတို့ လိုအပ်ပါသည်။ ဤနေရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ စာနာမှုများ မျှ ဝေခြင်းသည် ငြိမ်းချမ်းရေးကို တိုးတက်စေမည်ဖြစ်သည်။ အဓိကပြဿနာမှာ စစ်အာဏာရှင်တို့တွင် ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ မရှိမဖြစ်လိုအပ်သော အဆိုပါတန်ဖိုးများ ကင်းမဲ့နေခြင်းပင်ဖြစ်သည်” ဟု
နိုင်အဲမွန်- မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုသမိုင်းကြောင်းတွင် အမျိုးသမီးတို့၏ အသံကို ဖယ်ထုတ် ထားပြီး ၎င်းတို့၏ ဖြည့်သွင်းတင်ပြချက်များကို လျော့ပါးစေရန် လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးများ သည် လူဦးရေ၏ ထက်ဝက်ကို လွှမ်းခြုံထားပြီး စစ်တပ်၏ မအောင်မြင်သော ငြိမ်းချမ်းရေး ညှိနှိုင်းမှု များ၏ နောက်ဆက်တွဲ ပဋိပက္ခများတွင်  အကြမ်းဖက်မှုများကို ခံနေရသည်။ အမျိုးသမီးများ ပါဝင်လာ သည့်အခါ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု အောင်မြင်ရန် အလားအလာ ပိုများသည်ဟု အထောက်အထား များ အခိုင်အမာ ရှိနေပါသည်။

“အမျိုးသမီးထုရဲ့ အသံမပါတဲ့ ငြိမ်းချမ်းရေးဟာ ဘယ်တော့မှ မတည်မြဲနိုင်ဘူး၊ စစ်မှန်ပြီး ရေရှည်တည် တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုရင် အမျိုးသမီးထုရဲ့ အသံတွေ ပါဝင်မှုတွေကို မဖြစ်မနေ ထည့်သွင်းရပါ မယ်။ ရှုထောင့်စုံကအသံကို လေးစားစွာနားထောင်ပြီ: ထည့်သွင်းခြင်းက ဖယ်ဒရယ်နိုင်ငံ တည်ဆောက် ရေးမှာဘဲဖြစ်ဖြစ်  စစ်မှန်ပြီးတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါမှာဘဲဖြစ်ဖြစ် ကောင်းမွန် တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်”  လွေးပိုးကမေဲးခြိုဝ်း

– တအာင်းအမျိုးသမီးအဖွဲ့ အစည်း (TWO)

မြန်မာစစ်အာဏာရှင်သည် ၎င်းတို့၏ အကျိုးစီးပွားကို မြှင့်တင်ရန်သာ စိတ်ပါဝင်စားကြောင်း တစိုက် မတ်မတ်သက်သေပြခဲ့သည်။ ငြိမ်းချမ်းရေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲများသည် စစ်အစိုး ရဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးကြောင့် စဉ်ဆက်မပြတ် ကျရှုံးခဲ့သည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများက ၎င်းတို့ ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် ကြိုးပမ်းစဉ် အကြမ်းဖက် စစ်တပ်၏ရှည်လျားပြီး နက်ရှိုင်းသော အပစ်အခတ်ရပ်စဲရေးပျက်ပြားမှု၊ တာဝန်များနှင့် ကတိကဝတ် များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် သမိုင်းကြောင်းကြောင့် စစ်တပ်၏ ရည်ရွယ်ချက်များကို ထုံးစံ အတိုင်း မေးခွန်းထုတ်စေခဲ့သည်။ တပ်မတော်၏ ‘ငြိမ်းချမ်းရေး’ လမ်းကြောင်းသည် လိမ်လည်လှည့် ဖြားမှုနှင့် အကြမ်းဖက်မှုများဖြင့်သာ ခင်းကျင်းထားသည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးခရီးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့သော ယဉ်ကျေးမှုပေါင်းစုံရှိသည့် လူ့အဖွဲ့အစည်း အတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၏ အကြီးကျယ်ဆုံး စမ်းသပ်မှုမှာ အစိုးရသည် တိုင်းရင်းသား လူနည်းစုများအား  လူများစုနည်းတူ တန်းတူ ဆက်ဆံခြင်းပင်ဖြစ်သည်။”
ကိုအောင်ဇော်ဦး -လူ့အခွင့် အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)

ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေခံမှ လုပ်ဆောင်ရမည်ဖြစ်သည်။ အရပ် ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့သည် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများမှတဆင့် စစ်အာဏာရှင်တို့အား တာဝန်ခံရန် ခြေလှမ်းများလှမ်းခဲ့ကြသည်။  ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မြေပြင်မှ ပြည်သူတို့၏ အသံကို ကြားနိုင် ရန်အတွက် လူ့အခွင့်အရေးအခြေပြုအဖွဲ့များ ပါ၀င်မှုကို တိုးမြှင့်ရန် ND-Burma မှ တိုက်တွန်းတောင်း ဆိုလိုက်သည်။  စစ်အာဏာရှင်သည် လမ်းကြောင်းလွဲကာ ငြိမ်းချမ်းရေးအလားအလာအားလုံးကို ဖျက် စီးပစ်ရုံမှတပါး မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိသောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော် ဆောင်မှုတွင် နေရာမရှိပါ။

ဆက်သွယ်ရန်

နိုင်အဲမွန်

+၆၆ ၈၆ ၁၆၇၉၇၄၁

auemon@rehmonnya.org

ဒိုင်းမွန်းထူး

+၆၆-၉၆ ၇၅၉၅၀၈၂

outreachofficer@nd-burma.org

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင် ဆောင် ရွက်ရေးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်း အဖြစ်မှန်အမှန်တရားကို စုပေါင်းအသုံးပြုကာ၊ လောလောဆယ် စည်းရုံး တိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထို့ အပြင် ပူးတွဲအစီရင်ခံတင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့် အရေး အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

တင်းပြည့်အဖွဲ့ဝင်များ

၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)

၄) အနာဂါတ်အလင်းတန်းဆုံမှတ်

၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉) ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁) ချင်းလူ့အခွင့်အရေးအဖွဲ့

၂) ပအိုဝ်းလူငယ်များအစည်းအရုံး

၃) ပဲခူး အရှေ့ – နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄) ရှေ့ပြေးအသံ


View the original.