Statement 218 Views

ငါးနှစ်တိုင်ကြာခဲ့ပြီးသော လူမျိုးတုံးသတ်ဖြတ်မှုအပေါ်  ရိုဟင်ဂျာများအတွက် တရားမျှတမှု ရရှိစေရန် ကမ္ဘာက ဆောင်ရွက်ပေးရမည်

August 25th, 2022  •  Author:   384 Civil Society Organizations  •  3 minute read
Featured image

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က ရိုဟင်ဂျာများနှင့်အတူ သွေးစည်းညီညွတ်စွာ ဆက်လက်ရပ်တည်သည့်အပြင် ၎င်းတို့အတွက် တရားမျှတမှု ရှာဖွေရေး၊  မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေးနှင့် မြန်မာစစ်တပ်မှ ဆက်လက်ရရှိနေသော ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အဆုံးသတ်ရေး တို့အား ဆက်လက်လုပ်ဆောင်သွားရန်အတွက် မိမိတို့မှ ကတိကဝတ် ထပ်မံပြုလိုက်သည်။ ရိုဟင်ဂျာများ ကြုံတွေ့ခံစားနေရသော အတိဒုက္ခများကို မေ့မထားသင့်ပေ။

လွန်ခဲ့သော ငါးနှစ်က ဒီကနေ့တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ရေး လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှဥ်းပန်း နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ ၎င်းတို့က လူဦးရေ တစ်သန်း၏ လေးပုံသုံးပုံသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်စေရန် တွန်းပို့ခဲ့ပြီး ထိုနိုင်ငံတွင် နှိပ်စက်ညှဥ်းပန်းမှုများကြောင့် အစောပိုင်းကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော လူဦးရေတစ်သန်း၏ လေးပုံတစ်ပုံသော လူများနှင့်အတူ နေထိုင်နေကြရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေထူထပ်သော ဒုက္ခသည်စခန်းများတွင် လူဦးရေ ၁ သန်းခန့်ရှိသော ဘဝများသည် အသက်ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပြီး ၎င်းတို့၏ နေအိမ်များနှင့် နိုင်ငံသို့ အခွင့်အရေးများ ပြည့်ဝစွာ ပြန်လည်ရရှိခြင်းနှင့်အတူ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ရိုဟင်ဂျာများအတွက် မြန်မာနိုင်ငံသို့ နေရပ်ပြန်နိုင်ရေးမှာ မြန်မာစစ်တပ်မှ ဆက်လက်ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်နိုင်ရေးနှင့် တာဝန်အရှိဆုံးပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်း အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်နိုင်ရေး တို့အပေါ်တွင် များစွာမူတည်နေပါသည်။ သို့ရာတွင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုသို့ ဦးတည်သည့် တိုးတက်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ အာဏာသိမ်းရေး ကြိုးပမ်းမှုကြောင့် ပို၍ပင် ခက်ခဲသွားစေသည်။

စစ်အုပ်စုက နိုင်ငံတစ်ဝှမ်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများကို  ဆက်လက်ကျူးလွန်နေလျက်ရှိပြီး ထိုကဲ့သို့အလားတူ ရာဇာဝတ်မှုများကို ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ” အတွင်းတွင်လည်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့ပြီးဖြစ်ကာ စစ်အုပ်စု၏ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက စစ်အုပ်စုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ တစ်ရက်လျှင် လူဦးရေ ၁၅၀ နှုန်းဖြင့် ရိုဟင်ဂျာဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ ပြန်လည်နေရာချထားရန် စီစဉ်လျှက်ရှိကြောင်း လွတ်လပ်သော အာရှအသံ (RFA) သို့  ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ပြောဆိုခဲ့သည်။ ယင်းလုပ်ဆောင်မှုသည် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ တရားဝင်မှု ရရှိရန် အပြင်းအထန် ကြိုးပမ်းနေသော ၎င်းတို့အစီအစဥ်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆစ်ဘဇား ခရီးစဉ်အတွင်း ပြောဆိုခဲ့သည့်အတိုင်း “ပြန်လည်နေရာချထားရေးကို စီစဥ်ဆောင်ရွက်ရာတွင် မိမိသဘောဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးမျိုး ဖြစ်သည့် လုပ်ဆောင်မှုကို စီစဥ်ဆောင်ရွက်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများသည် ဘေးကင်းလုံခြုံပြီး သင့်တော်သောအခြေအနေ ရှိရမည် ဖြစ်သည်” ဟု ပြောဆိုပြီး လက်ရှိ “အခြေအနေများသည် နေရပ်ပြန်ရေးအတွက် သင့်တော်မှု မရှိကြောင်း” မကြာသေးမီကပင် ထုတ်ဖော်ပြောဆိုထားခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများသည် အသားအရောင်ခွဲခြားဆက်ဆံမှုနှင့် အလားသဏ္ဌာန်တူသော အခြေအနေများဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှု မူဝါဒများအောက်တွင် ဆက်လက်နေထိုင်နေကြရပြီး နိုင်ငံသားဖြစ်မှုကို စနစ်တကျ ငြင်းပယ်ခံထားရခြင်း၊  လွတ်လပ်စွာသွားလာခွင့်၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများအပါအဝင် အခြေခံကျသော လွတ်လပ်ခွင့်များကို ဆိုးရွားစွာ ကန့်သတ်ခံထားရမှုများအောက်တွင် ဆက်လက်နေထိုင်နေကြရသည်။ သတ်မှတ်ထားသော နယ်မြေများ၏ အပြင်ဘက်သို့ ခရီးသွားလာခြင်းကြောင့် မတရား ဖမ်းဆီးခံကြရခြင်း၊ ထိန်းသိမ်းခံကြရခြင်းနှင့် ရာဇဝတ်သားများကဲ့သို့ ပြုမူဆက်ဆံခံကြရခြင်း တို့အပြင် ရခိုင်ပြည်နယ်အတွင်း ကြောက်မက်ဖွယ် အခြေအနေများမှ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းမှုအတွက် လူမဆန်သော ဆက်ဆံမှုများနှင့်လည်း ကြုံတွေ့ကြရသည်။ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် ၁၃၀,၀၀၀ ကျော်သော ရိုဟင်ဂျာများသည် အမိုးပွင့်လေဟာပြင် ထောင်စခန်းများတွင် လှုပ်ရှားသွားလာမှု ကန့်သတ်ခံရခြင်းနှင့် အကူအညီပိတ်ဆို့မှုများခံရခြင်း တို့နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ အမှန်စင်စစ်လက်တွေ့တွင် ရိုဟင်ဂျာများ၏ ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံး သို့မဟုတ် တစ်စိတ်တပိုင်း ပျက်စီးစေရန်အတွက် ၎င်းတို့၏ အသက်ရှင်သန်ရေး အခြေအနေများကို ထိခိုက်ပျက်စီးစေရေး သေချာစီစဥ်တွက်ချက်အကွက်ချထားသော ရိုဟင်ဂျာများ “တမြေ့မြေ့ သေဆုံး” သွားစေရေး ဦးတည်နေသည့် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်ချက်များကို စစ်အုပ်စုက ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

မြန်မာပြည်သူများ၏ ၁၈ လကျော်တိုင် သတ္တိပြောင်မြောက်စွာ ဆက်လက်ခုခံတော်လှန်မှုကြောင့် အကြမ်းဖက် အာဏာလုရန်ကြိုးပမ်းမှု ကျရှုံးလာသည်နှင့်အမျှ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ နိုင်ငံတကာ၏ စုစည်းညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ခြင်းကြောင့် အတင့်ရဲလာနေသည့် စစ်အုပ်စုက စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အားဆန့်ကျင်သည့်ရာဇ၀တ်မှုများ မြောက်သည့် အကြမ်းဖက်မှုများကို မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်ကျူးလွန်နေမှုကို ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်းပင် ဖြစ်သည်။ ဤရာဇ၀တ်မှုများသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆယ်စုနှစ်များစွာ ခံလာခဲ့ရသည့် တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းများအတွက် အဆန်းမဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်ပြီးသော ရာဇဝတ်မှုများ ဖြစ်သည်။

ငါးနှစ်တာကြာလာသည့်တိုင်အောင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် ရှုတ်ချသည့် “အလွန်အမင်း စိုးရိမ်မိပါသည်” ဟူသော ထုတ်ပြန်ကြေညာချက် အပြုံလိုက်များသာ ဖြစ်နေခဲ့ပြီး ယင်းစကားလုံးများကို လက်တွေ့အရေးယူဆောင်ရွက်မှုအဖြစ် ကူးပြောင်းဆောင်ရွက်ခြင်း တစ်စုံတရာ မရှိသေးပေ။ ခိုင်မာသောလုပ်ရပ်များဖြင့် အမှန်တကယ် သက်သေပြရမည် ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုရန် တင်ပြလာသော ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာစစ်အုပ်စုက တင်သွင်းခဲ့သော ပဏာမကန့်ကွက်မှုများအပေါ် နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုလိုက်ပြီး ယင်းက ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် ကောင်းသော အကျိုးဆက်များကို တရားရုံးက လမ်းဖောက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤစီရင်ဆုံးဖြတ်ချက်နှင့်အတူ နိုင်ငံတကာ အစိုးရများသည် ဥပဒေဆိုင်ရာ၊ ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုများ အပါအဝင် ဂမ်ဘီယာ၏အမှုကို ထောက်ခံပံ့ပိုးခြင်းအားဖြင့် မြန်မာစစ်တပ်အား ၎င်းတို့ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများ အတွက် တာဝန်ယူမှု တာဝန်ခံရမည် အရေးယူခံရမည် ဖြစ်ကြောင်း ဆိုသည့်သတင်းစကားကို  အခိုင်အမာ ပေးပို့ရမည် ဖြစ်သည်။ ထို့အပြင် ICJ ၏ ကြားကာလအစီအမံများ အကောင်အထည်ဖော်ရေး တိုးတက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ထိုကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ “‌ဦးဆောင်သူ” ဖြစ်သော UK နိုင်ငံတို့မှ ခေါ်ယူရမည် ဖြစ်သည်။

မြန်မာစစ်အုပ်စုအား ရာဇ၀တ်ကြောင်းအရ တာဝန်ယူတာဝန်ခံခိုင်းခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ဤအထဲတွင် စစ်တပ်ကို တရားစွဲဆိုရန် အထူးသဖြင့် အာဂျင်တီးနားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးကိစ္စရပ် အပါအဝင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး အမှုတွဲများကို ပံ့ပိုးပေးခြင်းများလည်း ပါဝင်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများကို နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် သီးသန့်ခုံရုံးဖွဲ့ခြင်း အပါအဝင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိလာစေရေးအတွက် အခြားသော နည်းလမ်းများကိုလည်း ဆက်လက်စူးစမ်းရှာဖွေရန် အလွန်အရေးကြီးသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟု ယခုနှစ် အစောပိုင်းက ချမှတ်ခဲ့သည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုသည်။ ယင်းဆုံးဖြတ်ချက် ခြေလှမ်းကို ချမှတ်ခဲ့သည်မှာ ငါးလကျော်ခဲ့ပြီး ဖြစ်သည်။ အမေရိကန်အနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ ICJ အမှုတွင် ပူးပေါင်းပါဝင်ပြီး စစ်အုပ်စု၏ အဓိက နိုင်ငံခြားငွေကြေး ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူခြင်း အပါအဝင် မြန်မာနိုင်ငံအား လက်နက်ခဲယမ်းရောင်းချမှု ပိတ်ဆို့ရေးများ ထပ်မံချမှတ်ခြင်းဖြင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်လုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာစစ်တပ်သည် ၎င်းတို့၏ လုပ်ငန်းများမှတစ်ဆင့် ဆက်လက်ကြွယ်ဝချမ်းသာလာနေပြီး ရက်စက် ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နိုင်စေရန် လက်နက်ခဲယမ်းနှင့် ပစ္စည်းကိရိယာများကို ၎င်းတို့၏ လက်နက်ပွဲစားများကွန်ရက်များက ဆက်လက်ပံ့ပိုးလုပ်ဆောင်ပေးနေသည်။ သို့ဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ မိတ်ဖက်များနှင့် ခရိုနီများအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်သည့် နောက်ထပ်ကြိုးပမ်းမှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ နိုင်ငံတကာအစိုးရများအနေဖြင့် အားလုံးပူးပေါင်းပါ ဝင်သော ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ်ဆို့ရေးအတွက် လုပ်ဆောင်စဥ်မှာပင် စစ်တပ်အား လေယာဉ်ဆီရောင်းချပေးမှု အပါအဝင် လက်နက်ခဲယမ်းများ ရောင်းချမှု ပိတ်ဆို့ရေးကို ချမှတ်လုပ်ဆောင်ရမည်။

ရိုဟင်ဂျာများအပေါ် စစ်အုပ်စုမှ ဆက်လက်ကျူးလွန်နေသော ရာဇ၀တ်မှုများက မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ၎င်း၏မူဝါဒများကို ခိုင်မာသော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲရန်နှင့် ICJ မှ ချမှတ်သော ကြားကာလအစီအမံများကို အကောင်အထည်ဖော်ဆောင်ရန်အတွက် ၎င်း၏အရေးပါပုံကို ထောက်ပြနေခြင်း ဖြစ်သည်။ ထိုလုပ်ဆောင်ချက်များထဲတွင် ရိုဟင်ဂျာများကို မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးစုနှင့် ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခြင်းအပါအဝင် ၎င်းတို့၏ တန်းတူ အခွင့်အရေးများ ပြန်လည်ရရှိစေရန်၊ နှင့် NUG အစိုးရ၏ ဖွဲ့စည်းတည်ဆောက်ပုံအတွင်း အမြင့်ဆုံးနေရာများ အပါအဝင် လက်ရှိနိုင်ငံရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့၏ ကိုယ်စားပြုမှုရှိရေး သေချာစေရန်တို့အတွက် ရိုဟင်ဂျာများနှင့် ပြည့်ပြည့်ဝဝ အဓိပ္ပါယ်ရှိစွာ ထိတွေ့ဆက်ဆံခြင်း တို့ပါဝင်နိုင်သည်။ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့သည် ၎င်းတို့၏ မူဝါဒရေးရာရပ်တည်ချက်ထဲတွင် ကတိပြုထားသည့်အတိုင်း ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေတွင် ပါရှိသော ခွဲခြားဆက်ဆံသည့် ပုဒ်မများနှင့် အပိုဒ်အားလုံးကို ဖယ်ရှားခြင်းဖြင့် ထိုခွဲခြားဆက်ဆံသောဥပဒေကို ပြင်ဆင်ရန်၊ လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေသော “အမျိုး၊ ဘာသာ၊ သာဿနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” လေးရပ်နှင့် လူမျိုးတုံးသတ်ဖြတ်မှုတွင် နည်းလမ်းတစ်ခုအဖြစ် ကာလရှည်ကြာစွာ အသုံးပြုခဲ့သော နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များ ဖျက်သိမ်းခြင်းတို့ကို ချက်ချင်း လုပ်ဆောင်ရမည် ဖြစ်သည်။ နွေဦးတော်လှန်ရေး၏ ပြည်သူများက ရိုဟင်ဂျာလူထုအသိုင်းအဝိုင်းများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်းနှင့် ၎င်းတို့၏ စာနာနားလည်မှုကို အစပိုင်းတွင်ပင် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ NUG သည် ၎င်း၏မူဝါဒများနှင့် ပြည်သူများ၏ သွေးစည်းညီညွတ်မှုကို လက်တွေ့လုပ်ဆောင်ချက်များ အဖြစ် အကောင်အထည်ဖော်ဆောင်ရန် အချိန်တန်ပြီ ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ကိုထွန်းခင်၊ မြန်မာရိုဟင်ဂျာများအသင်း ယူကေ၊ tunkhin80@gmail.com
  • မဝေဝေနု၊ အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်၊ peace@gmail.com
  • မသဥ္ဇာရွှန်းလဲ့ရည်၊ Sisters 2 Sisters၊ thinzarshunleiyi@protonmail.com
  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org

ဤထုတ်ပြန်ကြေညာချက်ကို အမည်မဖော်ပြလိုသည့် အဖွဲ့အစည်း ၂၆၅ ဖွဲ့အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၃၈၄ ဖွဲ့မှ လက်မှတ်ရေးထိုးထားပါသည်။

  1. 8888 Generation (New Zealand)
  2. Action Committee for Democracy Development
  3. Ah Nah Podcast – Conversation with Myanmar
  4. All Burma Democratic Face in New Zealand
  5. ALTSEAN-Burma
  6. Ananda Data
  7. ASEAN Parliamentarians for Human Rights (APHR)
  8. Asia Pacific Solidarity Coalition (APSOC)
  9. Asian Dignity Initiative
  10. Asian Forum for Human Rights and Development (FORUM-ASIA)
  11. Association of Human Rights Defenders and Promoters
  12. Association Suisse-Birmanie (ASB)
  13. Athan – Freedom of Expression Activist Organization
  14. Auckland Kachin Community NZ
  15. Auckland Zomi Community
  16. Ayeyarwaddy Youth Network
  17. Bandugavlar Civil Call – BCC (Sagaing Region)
  18. Blooming Padauk
  19. Burma Action Ireland
  20. Burma Campaign UK
  21. Burma Civil War Museum (BCM)
  22. Burma Human Rights Network
  23. Burma Task Force
  24. Burman suomalaiset Finland
  25. Burmese Community Group (Manawatu, NZ)
  26. Burmese Muslim Association (BMA)
  27. Burmese Rohingya Organisation UK
  28. Burmese Rohingya Welfare Organisation New Zealand
  29. Campaign for a New Myanmar
  30. Chin Community of Auckland
  31. Chin Human Rights Organization
  32. Chin Leaders of Tomorrow
  33. Chin MATA Working Group
  34. Chin Resources Center
  35. Christian Solidarity Worldwide
  36. CIVICUS: World Alliance for Citizen Participation
  37. CRPH & NUG Supporters Ireland
  38. CRPH Funding Ireland
  39. CRPH Support Group, Norway
  40. Democracy for Ethnic Minorities Organization
  41. Democracy for Myanmar – Working Group (NZ)
  42. Democracy, Peace And Women’s Organization
  43. Digital Right Collective
  44. Equality Myanmar
  45. European Karen Network (EKN)
  46. Federal Myanmar Benevolence Group (NZ)
  47. Freedom for Burma
  48. Future Thanlwin
  49. General Strike Committee of Nationalities (GSCN)
  50. Global Movement for Myanmar Democracy (GM4MD)
  51. Grass-root People
  52. Human Rights Educator Network
  53. Human Rights Foundation of Monland
  54. India For Myanmar
  55. Info Birmanie
  56. Initiatives for International Dialogue
  57. Institute for Asian Democracy
  58. International Campaign for the Rohingya
  59. Justice for All
  60. Justice For Myanmar
  61. Karen Human Rights Group
  62. Karen Swedish Community
  63. Karen Women’s Organization
  64. Karenni National Women’s Organization
  65. Karenni Society Finland
  66. Karenni Society New Zealand
  67. Keng Tung Youth
  68. Kyauktada Strike Committee (KSC)
  69. MATA (Sagaing Region)
  70. Metta Campaign Mandalay
  71. Myanmar Accountability Project
  72. Myanmar Action Group Denmark (MAGD)
  73. Myanmar Alliance for Transparency and Accountability – MATA
  74. Myanmar Cultural Research Society (MCRS)
  75. Myanmar Diaspora Group Finland
  76. Myanmar Engineers – New Zealand
  77. Myanmar Gonye (New Zealand)
  78. Myanmar People Alliance (Shan State)
  79. Myanmar Students’ Union in New Zealand
  80. Never Again Coalition
  81. Netherlands – Myanmar Solidarity Platform
  82. ​​Network for Advocacy Action
  83. New Rehmonnya Federated Force (NRFF)
  84. New Zealand Doctors for NUG
  85. New Zealand Karen Association
  86. New Zealand Zo Community Inc.
  87. No Business With Genocide
  88. Nyan Lynn Thit Analytica
  89. Overseas Mon Association, New Zealand
  90. Pa-O Women’s Union
  91. Progressive Voice
  92. Pyithu Gonye (New Zealand)
  93. Rvwang Community Association New Zealand
  94. Rohingya Action Ireland
  95. SaNaR (Save the Natural Resource)
  96. Save and Care Organization for Ethnic Women at Border Areas
  97. Save Myanmar Fundraising Group (New Zealand)
  98. Shan Community (New Zealand)
  99. Shan MATA
  100. Sisters 2 Sisters
  101. SOS MYANMAR (ရုန်းကန်သံအဖွဲ့)
  102. Southern Dragon (Myanmar)
  103. Southern Youth Development Organization
  104. Students for Free Burma (SFB)
  105. Swedish Burma Committee
  106. Synergy-Social Harmony Organization
  107. Ta’ang Women’s Organization
  108. Ta’ang Legal Aid
  109. Tanintharyi MATA
  110. The Free Burma Campaign (South Africa)
  111. The Sentry
  112. Thint Myat Lo Thu Myar Organization
  113. Unitarian Universalist Service Committee (UUSC)
  114. S. Advocacy Coalition for Myanmar (USACM)
  115. S. Campaign for Burma
  116. Women Advocacy Coalition Myanmar
  117. Women’s League of Burma
  118. Women’s Peace Network
  119. အထက်အညာလွင်ပြင်ရပ်ဝန်း

English version.


PDF ဖိုင်ကိုရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ