10 July 2022
ကျဆုံးခဲ့တဲ့ ဒေသခံပြည်သူ ၁၆ ဦးရဲ့ ၁ နှစ်ပြည့် အခမ်းအနား/ ဓာတ်ပုံ-ကနီမြို့နယ် လူထုသပိတ်
By DVB
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်လို့ ကျဆုံးခဲ့တဲ့ ဒေသခံပြည်သူ ၁၆ ဦးရဲ့ ၁ နှစ်ပြည့် အခမ်းအနားနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး လူထုသပိတ်ကို ဇူလိုင် ၁၀ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင် ၉ နဲ့ ၁၀ ရက်နေ့တွေက ကလေးမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တပ်ရင်း-၂၂၈၊ တပ်မ ၄၄ နဲ့ တပ်မ ၉၉ တပ်ရင်း ၂ ရင်းတို့က ကနီမြို့နယ်ထဲရှိ ကျေးရွာတွေကို မွှေနှောက်လုယက်ပြီး ခင်တန်းရှည်ကုန်းအနီးမှာ ပြည်သူ ၁၆ ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့တာပါ။
ကနီမြို့တွင် ကျဆုံးပြည်သူ ၁၆ ဦး ၁ နှစ်ပြည့်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်
“အကြမ်းဖက် စစ်အုပ်စုက ပြည်သူ ၂၆ ဦးကို ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးကာ အမျိုးသား ၁၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ” လို့ ကနီမြို့နယ် လူထုသပိတ်ကော်မတီက ပြောပါတယ်။
ဦးစိုးအောင်၊ ဦလှပို၊ ဦးကျော်ငွေ၊ ဦးတင့်၊ ဦးအေးကို၊ ဦးဇော်ထွန်း၊ ဦးခင်မောင်မြင့်၊ ကိုတင်ကျော်အောင်၊ ကိုဇင်သူအောင်၊ ကိုဇော်ဌေး၊ ကိုသန်းမင်းဦး၊ ကိုမင်းချစ်ဦး၊ ကိုချစ်ဆူ၊ ကိုဇော်မင်းဌေး၊ ကိုဉာဏ်ထွန်း၊ ကိုသာပြည့်စုံတို့ အသတ်ခံရတာလို့ ဆိုပါတယ်။
ကျဆုံးခဲ့တဲ့ ဒေသခံပြည်သူ ၁၆ ဦးရဲ့ ၁ နှစ်ပြည့် အခမ်းအနား/ ဓာတ်ပုံ-ကနီမြို့နယ် လူထုသပိတ်
ဦးစိုးအောင်၊ ဦလှပို၊ ဦးကျော်ငွေ၊ ဦးတင့်၊ ဦးအေးကို၊ ဦးဇော်ထွန်း၊ ဦးခင်မောင်မြင့်၊ ကိုတင်ကျော်အောင်၊ ကိုဇင်သူအောင်၊ ကိုဇော်ဌေး၊ ကိုသန်းမင်းဦး၊ ကိုမင်းချစ်ဦး၊ ကိုချစ်ဆူ၊ ကိုဇော်မင်းဌေး၊ ကိုဉာဏ်ထွန်း၊ ကိုသာပြည့်စုံတို့ အသတ်ခံရတာလို့ ဆိုပါတယ်။
ကနီမြို့နယ် ယင်းရွာက ၁၃ ဦး၊ ကုန်းသာရွာက ၁ ဦး၊ ထောက်ကြံ့ကုန်းရွာက ၁ ဦးနဲ့ ရေဦးမြို့နယ် ပလူဇဝရွာက ၁ ဦး ဖြစ်တယ်လို့ ကနီမြို့နယ် လူထုသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-ကနီမြို့နယ် လူထုသပိတ်
Original Post: DVB
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.