Statement 139 Views

အာဆီယံကာကွယ်ရေးဝန်ကြီးများထံ အိတ်ဖွင့်ပေးစာ

June 15th, 2022  •  Author:   677 Myanmar , Regional and International Civil Society Organizations  •  8 minute read
Featured image

၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်

သို့

ဗိုလ်ချုပ်ကြီး Tea Banh၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်‌ရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ
ဘုရင် Sultan Haji Hassanal Bokiah Mu’izzaddin Waddaulahibni Al-Marhum၊ ကာကွယ်ရေးဝန်ကြီး၊ ဘရူးနိုင်းဒရူစလန်နိုင်ငံ
Prabowo Subianto၊ ကာကွယ်ရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ
ဗိုလ်ချုပ်ကြီး Chansamone Chanyalath၊ ဒုတိယဝန်ကြီးချုပ် နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး၊ လာအိုနိုင်ငံ
The Honerable Dato’ Seri Hishammuddin bin Tun Hussein၊ ကာကွယ်ရေးဝန်ကြီး၊ မလေးရှားနိုင်ငံ
Delfin N. Lorenzana၊ အမျိုးသားကာကွယ်ရေးဆိုင်ရာ အတွင်းရေးမှူး၊ ဖိလစ်ပိုင်နိုင်ငံ
Dr. Ng Eng Hen၊ ကာကွယ်ရေးဝန်ကြီး၊ စင်္ကာပူနိုင်ငံ
ဗိုလ်ချုပ်ကြီး Prayut Chan-o-cha၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး၊ ထိုင်းနိုင်ငံ
ဗိုလ်ချုပ်ကြီး Phan Van Giang၊ ကာကွယ်ရေးဝန်ကြီး၊ ဗီယမ်နမ်နိုင်ငံ

အကြောင်းအရာ။           ။ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်အုပ်စုမှ  ပါဝင်တက်ရောက်မည့် ကိစ္စ။

လေးစားရပါသော ဂုဏ်သရေရှိ လူကြီးမင်းများရှင်/ခင်ဗျား

မကြာမီကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ASEAN Defense Ministers’ Meeting – ADMM) သို့ မြန်မာစစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားခြင်း မပြုလုပ်ပါရန် ဤအိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသည့် မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၇၇ ဖွဲ့က တောင်းဆိုပါသည်။

မြန်မာစစ်အုပ်စု၏ ကျူးလွန်မှုများသည် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများက ဖွင့်ဆိုထားသည့် အကြမ်းဖက်မှု အဓိပ္ပါယ်နှင့် လုံးဝကိုက်ညီနေသည့်အပြင် စစ်အုပ်စုသည် ၎င်း၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဥပဒေ ချိုးဖောက်မှုများအတွက်လည်း တာဝန်ရှိသည်။ စစ်အုပ်စု၏  တရားမဝင် အာဏာသိမ်း‌ရန် ကြိုးပမ်းချိန်နောက်ပိုင်း မြန်မာပြည်သူများအပေါ် ကျူးလွန်သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၇၀၀,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။ စစ်အုပ်စုသည် ပြည်သူလူထု၏ ခုခံတော်လှန်မှုနှင့်ကြုံနေရပြီး လူပေါင်း ၁,၉၀၀ ကျော်ကို သတ်ဖြတ်ခြင်း၊ လူဦးရေ ၁၄,၀၀၀ ကျော်ကို မတရားဖမ်းဆီးခြင်းနှင့် ညှဥ်းပန်းနှိပ်စက်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် အရမ်းကာရော ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းအပြင် ပြည်သူတို့၏ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်းများ လုပ်ဆောင်ကျူးလွန်နေလျက် ရှိသည်။

လာမည့် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပရန် စီစဥ်ထားသည့် ၁၆ ကြိမ်မြောက် ADMM အစည်း အဝေးတွင် စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်မြထွန်းဦးက မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်မည်ဟု မိမိတို့မှ သိရှိနားလည်ထားပါသည်။ ဗိုလ်ချုပ်မြထွန်းဦးသည် စစ်တပ်ကို စီမံခန့်ခွဲနေသည့် အရေးပါသော ဦးဆောင်မှုကဏ္ဍတွင် ပါဝင်နေပြီး လက်ရှိဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာ ကျူးလွန်နေမှု များအတွက် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများအတွက် မြထွန်းဦး၏ တိုက်ရိုက်တာဝန်ရှိမှုကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ ကနေဒါနှင့် နယူးဇီလန် နိုင်ငံများက အသိအမှတ်ပြုထားပြီး ဖြစ်သကဲ့သို့ ၎င်းကိုလည်း ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားပြီး ဖြစ်သည်။ မြထွန်းဦးသည် ၎င်း၏ ရာထူးအရ “အဆိုပါ ချိုးဖောက်မှုများအတွက် အမိန့်ပေးသည့်တာဝန် (Command Responsibility) ရှိသည်ဖြစ်ရာ အဆိုပါလုပ်ရပ်များအတွက် တာဝန်ခံရမည်ဖြစ်သည်” ဟု ယူကေနိုင်ငံ ထုတ်ပြန်ထားသည်။ ထို့အပြင် မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council – SAC) အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ “ဗိုလ်ချုပ်မြထွန်းဦးသည် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံ၏လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ချရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဆုတ်ယုတ်စေမှုအတွက် တာဝန်ရှိသည်” ဟု ဥရောပသမဂ္ဂက အသိအမှတ်ပြု ထုတ်ပြန်ထားသည်။ မြထွန်းဦးသည် မြန်မာစစ်တပ်၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ၎င်း၏ ပါဝင်မှုအခန်းကဏ္ဍအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး ၎င်းအား ADMM အစည်းအဝေးသို့ ပါဝင်တက်ရောက်ခွင့် ပေးခြင်းအားဖြင့် ဂုဏ်မပြုသင့်ပေ။

အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားခဲ့သကဲ့သို့ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ၂၀၂၂ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခွင့် မပေးခဲ့သည့်အပေါ် မိမိတို့မှ ကြိုဆိုပါသည်။ သို့ရာတွင် ADMM သည် စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်း ဝန်ကြီးဌာနအဆင့် အပါအဝင် ဗိုလ်ချုပ်ဗှူးကြီး မင်းအောင်လှိုင်နှင့် ဝဏ္ဏမောင်လွင်တို့ကို အစည်းအဝေး တက်ရောက်ခွင့် မပေးခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်များသည် တစ်သမတ်တည်း ရှိမနေသည်ကို မိမိတို့မှ စိုးရိမ်ဖွယ် တွေ့ရှိရပါသည်။ စစ်ရေးလေ့ကျင့်မှုများ ပါဝင်သည့် ADMM နှင့် စစ်အုပ်စုတို့၏ ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကူညီထောက်ပံ့ ပေးခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းကို ဦးတည်သွားစေလိမ့်မည် ဖြစ်သည်။

အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုအား တရားဝင်မှုမပေးရန် အလွန်အရေးကြီးပြီး ၎င်း၏ ပဋိညာဥ်စာတမ်းကို ကိုင်စွဲ၍ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ များကို လေးစားလိုက်နာသောအားဖြင့် စစ်အုပ်စုကို ADMM မှ ဖယ်ထုတ်ထားရမည် ဖြစ်သည်။ ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းသည် အာဆီယံအနေဖြင့် စစ်အုပ်စုကို  ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာြဖစ်ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ထဲတွင် ကြံရာပါအဖြစ် ရောက်သွားမည့်အန္တရာယ် ပိုရှိသည့်အပြင် နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေရန်အတွက် အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မည် ဖြစ်သည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများအနေဖြင့် မြထွန်းဦးအား ယင်း ၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် နောင်အနာဂတ်တွင် ကျင်းပပြုလုပ်မည့် အခြားအစည်းအဝေးများ အားလုံးသို့ ဖိတ်ကြားခြင်း မပြုရန် မိမိတို့မှ တောင်းဆိုပါသည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေး လုပ်ဆောင်ရန် တောင်းဆိုသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
  • Debbie Stothard၊ ALTSEAN-Burma၊ debbie@altsean.org
  • Salai Za Uk Ling၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ zauk@chinhumanrights.org

လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများ

လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများတွင် အောက်ပါအမည်ဖော်ပြထားသည့် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၉ ဖွဲ့နှင့် အမည်မဖော်ပြလိုသော မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၃၇၈ ဖွဲ့တို့ ပါဝင်ပါသည်။

Signed by: 

  1. “Do” farmer Organization
  2. 8888 Generation (New Zealand)
  3. 8888 New Generation (Mohnyin)
  4. Action Against Myanmar Military Coup (Sydney)
  5. Action Committee for Democracy Development
  6. Active Youths (Kalaymyo)
  7. Ah Nah podcast- Conversation with Myanmar
  8. Ah. La. Ka (12) Hta Khwe, Primary Education Student Union
  9. All Arakan Students and Youths’ Congress
  10. All Burma Democratic Face in New Zealand
  11. All Burma Student Democratic Front – Australia Branch
  12. All Religions Strike Column
  13. All Young Burmese League (AYBL)
  14. Alliance for Free Burma Solidarity
  15. Alternative Solutions for Rural Communities (ASORCOM)
  16. ALTSEAN-Burma
  17. Anti Dictatorship in Burma DC Metropolitan Area
  18. Anti-Myanmar Dictatorship Movement
  19. Anti-Myanmar Military Dictatorship Network (AMMDN)
  20. Arakan CSO Network
  21. Arakan Humanitarian Coordination Team- AHCT
  22. ASEAN Parliamentarians for Human Rights (APHR)
  23. Asia Justice and Rights (AJAR)
  24. Asia Pacific Solidarity Coalition
  25. Asian Cultural Forum on Development (ACFOD) Philippines
  26. Asian Cultural Forum on Development Foundation (ACFOD) Thailand
  27. Asian Dignity Initiative
  28. Asian Forum for Human Rights and Development
  29. Association for Advancement of Freedom of Religion or Belief in Vietnam (AAFORB-VN)
  30. Association of Human Rights Defenders and Promoters
  31. Athan – Freedom of Expression Activist Organization
  32. Auckland Kachin Community NZ
  33. Auckland Zomi Community
  34. Aung Myay Thar Zan Education Schools Strike Column
  35. Aung Pin Lae Main Strike Column
  36. Australia Burma Friendship Association, Northern Territory
  37. Australia Karen Organization WA Inc.
  38. Australia Myanmar Doctors, Nurses and Friends
  39. Australia Myanmar Youth Alliance (AMYA)
  40. Australian Burmese Muslim Organisation
  41. Australian Chin Community (Eastern Melbourne Inc)
  42. Australian Karen Organisation (AKO)
  43. Australian Karen Organisation Inc
  44. Back Pack Health Workers Team
  45. Bamar Community Tasmania
  46. BCC (စစ်ကိုင်း)
  47. Blood Money Campaign
  48. Buddhist Solidarity Association
  49. Burma Action Ireland
  50. Burma Campaign UK
  51. Burma Human Rights Network
  52. Burma Lawyers’ Council (BLC)
  53. Burma Medical Association
  54. Burma Soumalaiset (Finland)
  55. Burmese Community – South Australia
  56. Burmese Community Development Collaboration (BCDC)
  57. Burmese Community Group (Manawatu, NZ)
  58. Burmese Community Support Group (BCSG)
  59. Burmese Friendship Association
  60. Burmese Medical Association Australia (BMAA)
  61. Burmese Rohingya Organisation UK
  62. Burmese Rohingya Welfare Organisation New Zealand
  63. Burmese Women’s Union
  64. Cambodian Americans and Friends for Democracy and Human Rights Advocate
  65. Campaign for a New Myanmar
  66. Canberra Karen Association
  67. CDM Support Team Mandalay (CSTM)
  68. Chan Mya Thar Si Township People Strike Column
  69. Chin Community – South Australia
  70. Chin Community of Auckland
  71. Chin Community of Western Australia Inc.
  72. Chin Community Tasmania
  73. Chin Human Rights Organization
  74. Chin MATA Working Group
  75. Chin Resources Center
  76. Chin Youth Organization (Matupi)
  77. Citizen of Burma Award – New Zealand
  78. CIVICUS: World Alliance for Citizen Participation
  79. Committee Representing Mandalay Region Hluttaw
  80. Cooperative University Student Strike Column
  81. CRPH & NUG Supporters Ireland
  82. CRPH Funding Ireland
  83. CRPH Support Group, Norway
  84. CRPH, NUG Support Team Germany – Deutschland
  85. CRPH/NUG support group Australia
  86. Dawei Development Association
  87. Dawei Probono Lawyer Network
  88. Democracy for Myanmar – Working Group (NZ)
  89. Democracy, Peace and Women’s Organization
  90. Democratic Youth Council
  91. Doh Atu – Ensemble pour le Myanmar
  92. Dragon Dawn
  93. Education and health care for Myanmar-Thailand Association
  94. Education Family (Anti – Fascists Education Strike Columns Coordination Committee)
  95. Educational Initiatives Myanmar
  96. Equality Myanmar
  97. Ethnic Youth General Strike Committee
  98. Falam Community – South Australia
  99. Federal Myanmar Benevolence Group (NZ)
  100. Foundation of Khmer Samaki
  101. Free Burma Campaign (South Africa)
  102. Free Expression Myanmar (FEM)
  103. Free Rohingya Coalition
  104. Future Light Center
  105. Future Thanlwin
  106. General Strike Committee of Nationalities – GSCN
  107. Generation Wave
  108. Generations (မျိုးဆက်)
  109. GenY For Revolution Japan
  110. German Solidarity with Myanmar Democracy e.V.
  111. Global Myanmar Spring Revolution
  112. Global Myanmar Spring Revolution – Japan
  113. Global Myanmar Spring Revolution – Korea
  114. Golden Heart Organization
  115. Grass-root People
  116. Human Rights Educators’ Network
  117. Human Rights Foundation of Monland
  118. In Defense of Human Rights and Dignity Movement (iDEFEND) Philippines
  119. India For Myanmar
  120. Industrial Training Centre (ITC) Family Sydney
  121. Info Birmanie
  122. Initiatives for International Dialogue
  123. Institute for Asian Democracy
  124. Inter Pares
  125. Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
  126. International Campaign for the Rohingya
  127. International Karen Organisation
  128. JASS Southeast Asia
  129. Joint Action Committee for Democracy in Burma (JACDB)
  130. Justice 4 Myanmar – Hope & Development
  131. Justice Movement for Community-Innlay
  132. Justice For Myanmar
  133. Kachin Association Australia
  134. Kachin Association of Australia WA Inc.
  135. Kachin Human Rights Watch
  136. Kachin State Women Network
  137. Kachin Women’s Association Thailand
  138. Kachin Women’s Union
  139. Kadu Youth Development Association (KYDA)
  140. Kalyarna Metta Association (Khin U)
  141. Kanbung Youth (Matupi)
  142. Kanpetlet Land Development Organization
  143. Karen Community – South Australia
  144. Karen Human Rights Group
  145. Karen Peace Support Network
  146. Karen Swedish Community (KSC)
  147. Karen Women’s Organization
  148. Karenni Community of Western Australia Inc.
  149. Karenni Federation of Australia
  150. Karenni Human Rights Group
  151. Karenni Society New Zealand
  152. Kayan Internally Displacement Supervising Committee (KIDSC)
  153. Kayan Women’s Organization
  154. Kayin Community Tasmania
  155. Keng Tung Youth
  156. Khanthar Farmers Network
  157. Khumzup Local Development Committee
  158. Kurawal Foundation
  159. Kyauktada Strike Committee
  160. LA COMMUNAUTÉ BIRMANE DE FRANCE
  161. LGBTIQ Strike of Mandalay
  162. Maha Aung Myay Township People Collective Strike Column
  163. Mandalar University Student Strike  Column
  164. Mandalay Alliance Strike Collective Column
  165. Mandalay Based People Strike Column
  166. Mandalay Civil Society Organizations
  167. Mandalay Engineer Group
  168. Mandalay Engineer United Force
  169. Mandalay University Student Alumni Union
  170. Mandalay Wholesale Strike Column
  171. Mandalay Youth Association
  172. Mandalay Youth Strike Column
  173. MATA Sagaing Region
  174. Matu Chin Community – South Australia
  175. Matu Forum Committee
  176. Matu Women Association
  177. Medical Family – Mandalay
  178. Metta Campaign Mandalay
  179. MIIT Student Strike Column
  180. MilkTeaAlliance Calendar
  181. MilkTeaAlliance Galleries
  182. Mindanao Peacebuilding Institute Foundation, Inc. (MPI)
  183. Mindat Chin Community NSW
  184. Mindat Community – South Australia
  185. Mindat Emergency Response Team (MERT)
  186. Mizo Community – South Australia
  187. Mon Families Group
  188. Mon National Council (MNC)
  189. Mung Chying Rawt Jat (MRJ)
  190. Muslim Youth Network
  191. Muslim Youth Union
  192. Mya Taung Strike Column
  193. Myanmar Accountability Project
  194. Myanmar Action Group Denmark
  195. Myanmar Alliance for Transparency and Accountability
  196. Myanmar Buddhist Community of South Australia
  197. Myanmar Community Coffs Harbour (MCC)
  198. Myanmar Cultural Research Society (MCRS)
  199. Myanmar Democracy and Peace Committee (Australia)
  200. Myanmar Democratic Movement (MDM)
  201. Myanmar Diaspora Group Finland
  202. Myanmar Engineering Association of Australia (MEAA)
  203. Myanmar Engineers – New Zealand
  204. Myanmar Gonye (New Zealand)
  205. Myanmar People Alliance (Shan State)
  206. Myanmar People from Ireland
  207. Myanmar People Residing in Canberra
  208. Myanmar Professionals Association Australia (MPAA)
  209. Myanmar Railway, Region (3) CDM Strike Column
  210. Myanmar Students’ Association Australia (MSAA)
  211. Myanmar Students’ Union in New Zealand
  212. Netherlands Myanmar Solidarity Platform
  213. Network for Advocacy Action
  214. Network for Human Rights Documentation Burma (ND-Burma)
  215. New Zealand Doctors for NUG
  216. New Zealand Karen Association
  217. New Zealand Zo Community Inc.
  218. NLD Solidarity Association (Australia)
  219. No 7 State High School Alumni Strike Column
  220. No Business With Genocide
  221. Northern Spectrum Youth Association
  222. NSW Karenni (Kayah) Communities
  223. OCTOPUS (Youth Organization)
  224. Open Development Foundation
  225. Overseas Mon Association, New Zealand
  226. Pan Pa Wash People Strike Column
  227. Patriotic War Vetrans of Burma (PWVB)
  228. Peace and Culture Foundation
  229. People’s Hope Spring Revolution
  230. Phayagye Peace Strike Column
  231. Private Pre-school Teachers Association
  232. Progressive Voice
  233. Pusat Komas
  234. Pyi Gyi Ta Gon Strike
  235. Pyithu Gonye (New Zealand)
  236. Queensland Kachin Community (QKC)
  237. Queensland Myanmar Youth Collective (QMYC
  238. Queensland Rohingya Community
  239. Rohingya Action Ireland
  240. Rvwang Community Association New Zealand
  241. Sangha Samaga Strike Column
  242. Save and Care Organization for Women at Border Areas
  243. SAVE MYANMAR – USA
  244. Save Myanmar Fundraising Group (New Zealand)
  245. Sein Pan Strike Column
  246. Shan Community (New Zealand)
  247. Shan MATA
  248. Shan Women Development Network
  249. Shape-Sea
  250. Shwe Youth Democratic Alliance (SYDA)
  251. Shwechinthae Farmers Network
  252. Sisters 2 Sisters
  253. Sitt Nyein Pann Foundation
  254. Social Garden
  255. Southeast Asia Freedom of Expression Network (SAFEnet)
  256. Southern Youth Development Organization
  257. Strike Column of Representatives of Arbitrarily Arrested People
  258. Strike Column of Teachers from Universities and Degree Colleges of Mandalay
  259. Students & Youth Congress of Burma (SYCB)
  260. Support for Myanmar
  261. Swedish Burma Committee
  262. Swedish Foundation for Human Rights
  263. Sydney Friends for Myanmar Unity
  264. Ta’ang Women’s Organization
  265. Taekwando Sport Association
  266. Tanintharyi MATA
  267. Tanintharyi Nationalities Congress
  268. Tanintharyi People’s Voice
  269. Tanintharyi Women’s Network
  270. Thai Action Committee for Democracy in Burma (TACDB)
  271. Thapaynyo News Letter
  272. The Commission for the Disappeared and Victims of Violence (KontraS)
  273. The Institution of Professional Engineers Myanmar (IPEM)
  274. Together Thanlyin
  275. Twitter Team for Revolution
  276. U.S. Campaign for Burma
  277. Uakthon Local Social Development Organization
  278. United Myanmar Community of South Australia
  279. Victorian Burmese Care Community (VBCC)
  280. Victorian Myanmar Youth (VMY)
  281. Way Way Nay
  282. We Pledge CDM (Australia)
  283. Western Australia Myanmar Community (WAMC)
  284. Western Australia Myanmar Democratic Network (WAMDN)
  285. Winemaw Civil Society Network
  286. Winemaw Lisu Development Association
  287. Women Activists Myanmar (WAM)
  288. Women Advocacy Coalition-Myanmar
  289. Women’s League of Burma
  290. Women’s Peace Network
  291. Zo Community – South Australia
  292. Zomi Association Australia Inc.
  293. Zomi Community – South Australia
  294. Zomi Community Queensland
  295. ခုနစ်စင်ကြယ်အဖွဲ့
  296. ဒို့မြေကွန်ရက် (LIOH)
  297. ဒေါင်းစစ်သည်
  298. ပွင့်ဖြူလယ်ယာမြေကွန်ရက်
  299. ပဲခူး MATA

PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ