ကျောက်တန်း PDF အဖွဲ့ဝင်တဦး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရ

April 15th, 2022  •  Author:   Ko Chan Min Naung (People's Defense Force - Kyauktan Township)  •  1 minute read
Featured image

ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသည့် ကိုချမ်းမင်းနောင်

By ဧရာဝတီ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ကျောက်တန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) အဖွဲ့ဝင်တဦး ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း KPDF အဖွဲ့က ဆိုသည်။

KPDF လက်အောက်ခံ ချေဂွေဗားရား (ကျောက်တန်း) ပြောက်ကျားအဖွဲ့မှ ကိုချမ်းမင်းနောင်ကို စစ်ကောင်စီ လက်အောက် ခံ ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တပည့်များက ဖမ်းဆီးပြီးနောက် နှိပ်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း KPDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒီပါက ဧရာဝတီသို့ ပြောသည်။

ကိုချမ်းမင်းနောင်သည် ပြီးခဲ့သည့် ဧပြီ ၂ ရက်က ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဆိုသူအား သွားရောက်လုပ်ကြံစဉ် ဖမ်ဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဒီပါက “ဧပြီ ၂ ရက်က အဖမ်းခံလိုက်ရတာ။ ဒလန်အုပ်ကြီးနဲ့တပည့်က စံချိန်မီရပ်ကွက် ၆ လမ်းကို အဖွဲ့လိုက်လာတဲ့အချိန် ကိုချမ်းမင်းနောင်တို့အဖွဲ့က ဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာ သေနတ် ချို့ယွင်းမှု ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ စည်ပင်ဝန်ထမ်း ဂျိမ်းစ်ဘွန်းလို့ ခေါ်တယ်၊ သူနဲ့ အခြားတယောက် စုံစမ်းဆဲကဝင်လုံးပြီး ခဲနဲ့ထုပြီး ဖမ်းတယ်။ အုပ်ချုပ်ရေးမှူးရဲ့ လူမိုက် အဖွဲ့တွေက နောက်ကနေ ရောက်လာပြီးတော့ ဓားနဲ့ထိုးတယ်” ဟု ပြောသည်။

ကိုချမ်းမင်းနောင်တို့အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီသတင်းပေး စံချိန်မီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တပည့်ဖြစ်သူတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ကိုချမ်းမင်းနောင်ကို ကြိုးဖြင့်ချည်ကာ ကားဖြင့် ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ရွှေမှော်ဝန်းခန်းမသို့ တရွတ်တိုက် ဆွဲခေါ်သွားကြောင်း ကျောက်တန်းမြို့ခံ သတင်းရင်းမြစ်များ ၏ ပြောကြားချက်ကို အခြေခံ၍ ကိုဒီပါက ပြောသည်။

“ခန်းမရောက်တော့လည်း နားရွက်တွေကို ဓားနဲ့လှီးတယ်။ ကျောကုန်းတွေကို ဓားနဲ့မွှန်းတယ်။ ဓားနဲ့ထိုးတယ်။ လက်ခုံပေါ် မှာ ဓားနဲ့စိုက်ထိုးထားတဲ့အရာတွေကို တွေ့ရတယ်။ ခြေထောက်တွေ၊ လက်တွေ ရိုက်ချိုးပြီး မိုးရေထဲကိုထုတ်ပြီး ပစ်ထား တာတို့၊ နောက် ငယ်ပါကို တုတ်နဲ့ရိုက်၊ ခြေထောက်နဲ့ကန်ပြီး စစ်ကြောမေးမြန်းတာတို့၊ ဆံပင်ကို ပလာယာနဲ့ညှပ်ပြီး ဆွဲ နုတ်တာတွေ လုပ်တယ်လို့ ကျနော်တို့ ကြားရတယ်” ဟု KPDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒီပါက ပြောသည်။

KPDF ထံ ပေးပို့လာသည့် ဓာတ်ပုံများတွင်လည်း လက်ထိပ်ခတ်ထားသည့် ကိုချမ်းမင်းနောင်၏ လက်ခုံ၌ ဓားဖြင့်ထိုးထား သည့်ဒဏ်ရာ၊ မျက်နှာဖူးယောင်ညိုမဲဒဏ်ရာများနှင့် ရင်ဘတ်အားဓားဖြင့်ထိုးခွဲထားသည့် ဒဏ်ရာများကို တွေ့ရသည်။

ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသည့် ကိုချမ်းမင်းနောင်  

ဆက်လက်၍ ကိုဒီပါက အဖမ်းခံထားရသည့် ကိုချမ်းမင်းနောင်ကို ဓားဖြင့်ထိုးခြင်း၊ ဓားဖြင့်မွှန်းခြင်းများအား လက်ရှိ စံချိန်မီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေသည့် ဦးကျော်ဆန်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသည်။

ကိုချမ်းမင်းနောင် သေဆုံးသွားသည့်နောက် ဦးကျော်ဆန်းနှင့်တကွ စည်ပင်ဝန်ထမ်း ဂျိမ်းစ်ဘွန်းဆိုသူတို့သည် လုံခြုံရေးအရ ၎င်းတို့၏မိသားစုကိုပါ ခေါ်လာကာ ရွှေမှော်ဝန်းခန်းမတွင် ရွှေ့ပြောင်းနေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးပြီးနောက် ၂ ရက်အကြာတွင် ကိုချမ်းမင်းနောင်၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ထစ်ကာ မြေမြှုပ်လိုက်ပြီး အလောင်းကို မိသားစုထံပြန်ပေးခြင်း မရှိကြောင်း လည်း ကျောက်တန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ (KPDF) သိရသည်။

ကုမ္ပဏီဝန်ထမ်းဖွဈသညျ့ ကိုချမ်းမင်းနောင်သည် အသက် ၃၄ နှစ် အရွယ်ရှိပွီး ကျောက်တန်းမြို့နယ်၌ နွေရာသီ ရေရှားပါးသည့် ကာလများတွင် ရေလှူခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများသည့် အစောပိုင်းကာလများတွင် ပရဟိတစေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း ကိုဒီပါက ဆိုသည်။

ကိုချမ်းမင်းနောင် ကွယ်လွန်သွားချိန်တွင် အသက် ၅ နှစ်အရွယ် သမီးငယ် ၁ ဦးနှင့် အသက် ၁ နှစ်အရွယ် သားငယ် ၁ ဦးတို့ ကျန်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ အဖှဲ့ဝငျမြားက ကျောက်တန်းမြို့နယ်ရှိ ကိုချမ်းမင်းနောင်၏ နေအိမ်ကို ချိပ်ပိတ်ထားပြီး ကိုချမ်းမင်းနောင်၏ မိသားစုမှာလည်း လုံခြုံရေးအခြေအနေကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KPDF ထံမှ သိရသည်။

ကိုချမ်းမင်းနောင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။