နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ

April 8th, 2022  •  Author:   Ko Wai Moe Naing (Monywa)  •  1 minute read
Featured image

မုံရွာသပိတ်ခေါင်းဆောင်တဦးဖြစ်သည့် ကိုဝေမိုးနိုင်

By ဧရာဝတီ

“ပြည်သူ့ အချစ်တော် ပန်ဒါကြီး။ တိုင်းပြည်နဲ့ လူထုအပေါ်မှာ စိတ်စေတနာ အများကြီး ရှိတဲ့လူတွေ အကျဉ်းထောင် ထဲမှ အဓမ္မ ဖမ်းဆီးခံထားရတယ်” လို့ မန္တလေး လူထုသပိတ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုတေဇာဆန်းက ဆိုလိုက် ပါတယ်။

မုံရွာမြို့က ပြည်သူ့အချစ်တော် ပန်ဒါကြီးကို စစ်ကောင်စီက ဖမ်းဆီး အကျဉ်းချထားခဲ့တာ ဧပြီလ ၁၅ ရက်ဆိုရင် ၁ နှစ်တင်းတင်း ပြည့်ပါတော့မယ်။

ပန်ဒါကြီးလို့ အပေါင်းအသင်းတွေက ချစ်စနိုးခေါ်ကြတဲ့သူဟာ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ပဲ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်မှာ မုံရွာက လူထုဆန္ဒပြပွဲတခုမှာ ပန်ဒါကြီး စီးလာတဲ့ ဆိုင်ကယ်ကို စစ်တပ်က အိမ်စီးကားနဲ့ ဝင်တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးစဉ်ကတည်းက ကားနှင့်တိုက်ပြီး ရိုက်နှက် ဖမ်းဆီးခံလိုက်ရုံသာမကဘဲ ဖမ်းခံရပြီး နောက်တနေ့ အကြာ အွန်လိုင်းပေါ်မှာ ဖူးရောင် ဒဏ်ရာတွေနဲ့ သူ့ရဲ့ ဓာတ်ပုံ ထပ်မံ ပျံ့နှံ့လာခဲ့တာကြောင့် ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရတာ အသေအချာပါပဲ။

ကိုတေဇာဆန်းကတော့ သူနဲ့ပတ်သက်ပြီး “ကျနော့်ထက် အများကြီး ငယ်ပေမယ့် အင်မတန် တော်တယ်။ တော်တဲ့အပြင် စိတ်ရင်းစေတနာ အင်မတန် ကောင်းတဲ့ ပုဂ္ဂိုလ်၊ အင်မတန် ပြည့်တဲ့ ပုဂ္ဂိုလ်လို့ ကျနော်က ပြောလိုပါတယ်” လို့ ဆိုပါတယ်။

ကိုဝေမိုးနိုင်ဟာ ဖမ်းဆီးခံခဲ့ရတဲ့နေ့အထိ နေ့တိုင်း တရက်မှ မပျက်ဘဲ မုံရွာလူထုရဲ့ သပိတ်ရှေ့မှာ ဦးဆောင် ဆန္ဒပြခဲ့တဲ့ သူပါ။

အကြမ်းဖက် ဖမ်းဆီးသွားပြီးတဲ့ နောက်မှာတော့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက အမှုပေါင်းများစွာ တပ်ပြီး တရားစွဲဆို ပါတယ်။ ပုဒ်မ မျိုးစုံနဲ့ တရားစွဲဆို ထောင်သွင်း အကျဉ်းချထားတာပဲ ဖြစ်ပါတယ်။

ကိုတေဇာဆန်းကတော့ သူနဲ့ပတ်သက်ပြီး “ကျနော့်ထက် အများကြီး ငယ်ပေမယ့် အင်မတန် တော်တယ်။ တော်တဲ့အပြင် စိတ်ရင်းစေတနာ အင်မတန် ကောင်းတဲ့ ပုဂ္ဂိုလ်၊ အင်မတန် ပြည့်တဲ့ ပုဂ္ဂိုလ်လို့ ကျနော်က ပြောလိုပါတယ်” လို့ ဆိုပါတယ်။

ကိုဝေမိုးနိုင်ကို စစ်ကောင်စီက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်တယ် ဆိုပြီး လူသတ်မှု၊ ဒလန်ကို ဖမ်းဆီးပြီး ပစ္စည်းတွေ လုယူ ဓားပြတိုက်မှု၊ အပြင်းအထန် နာကျင်စေမှု၊ သပိတ်ကို ဦး ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ Non-CDM တွေကို ရှုတ်ချမှု စတဲ့ စွပ်စွဲချက်ပေါင်းများစွာနဲ့ ပုဒ်မ ၁၀ ခု တပ် ကာ တရားစွဲဆိုဖို့ စီစဉ်ထားတဲ့အနက် ပုဒ်မ ၈ ခုကို တရားစွဲဆို ပြီးပါပြီ။

စစ်ကောင်စီဟာ ကိုဝေမိုးနိုင်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ၂၅၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်း ကြံစည်မှု ပုဒ်မ ၁၁၄၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ဓားပြမှု ပုဒ်မ ၃၉၅၊ ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄၊ တကျွန်းပို့ဒဏ်၊ ထောင်ဒဏ်ထိုက်တဲ့ ပြစ်မှု ကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၅၁၁ စတဲ့ ပုဒ်မ ၁၀ ခုတပ်ပြီး တရားစွဲဆိုမှာ ဖြစ်ပါတယ်။

စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးခဲ့တုန်းက ယာဉ်တိုက်ခံရတာကြောင့်ရော၊ နှိပ်စက်ခံခဲ့ရတာတွေကြောင့်ရော ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရထားတဲ့ ကိုဝေမိုးနိုင်ကို ဆေးကုသခွင့်ရဖို့ မိသားစုက ခက်ခက်ခဲခဲ တောင်းဆိုခဲ့ရပါတယ်။
ယခုတော့ ကိုဝေမိုးနိုင် တယောက် ထောင်ထဲမှာ ဒဏ်ရာတွေ ပျောက်ကင်းပြီး ကျန်းမာနေပြီလို့ မိသားစုထံက သိရပါ တယ်။

ကိုဝေမိုးနိုင်ဟာ ကျန်းမာရေး ကောင်းမွန်နေပြီဆိုပေမယ့် လူကသာ ထောင်ထဲမှာ ဖြစ်နေပေမယ့် စိတ်ကတော့ အပြင် မှာ ရောက်နေပြီး၊ သူ လွတ်မြောက်ခွင့် ရဖို့ကိုတော့ မျှော်လင့်မထားကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရှိတဲ့နေ့တွေမှာ ဆိုရင် သူ့မိခင်ကို ထောင်ရှေ့မှာ အများနည်းတူ လာစောင့်နေတာတွေကိုလည်း မလုပ်စေချင်ဘူးလို့ မိသားစုဆီ ပေးပို့ တဲ့ စာတွေမှာ ပြောဆိုထားပါတယ်။

“သူ့အတွက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မျှော်လင့် မထားဖို့ အမြဲတမ်း ပြောလေ့ရှိတယ်။ အပြင်ကိုလည်း စိတ်ပူတဲ့ အကြောင်းပေါ့” သူ့ရဲ့ စာတွေထဲမှာ ပါတယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်မြောက်များစွာနဲ့ ပုဒ်မ မျိုးစုံကြားမှာ လွတ်ငြိမ်းဆိုတဲ့ အထဲ သူမပါနိုင်ကြောင်း သူကိုယ်တိုင် လက်ခံထားသလို မိခင်ဖြစ်သူကိုလည်း စိတ်ဓာတ်မကျအောင် တောင့်ခံထားဖို့ တိုက်တွန်းနေပါသေးတယ်။

ကိုဝေမိုးနိုင် အသက် ၆ နှစ် အရွယ်ကတည်းက ဖခင် ဆုံးပါးခဲ့တာကြောင့် အမေတခု သားတခုပဲ ရှိတဲ့ သားမိ ၂ ယောက်ဟာ ထောင်တွင်း အိတ်ဖွင့်ပေးစာနဲ့ ဆက်သွယ်ပြောဆိုရရုံပါပဲ။ ဒီစာထဲမှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပြင်ပ အခြေအနေတွေကိုတော့ ပြောဆိုလို့ မရပါဘူး။

“သပိတ်ကို ဦးဆောင်တယ်၊ လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာမှာ မုံရွာမြို့ အနေအထားနဲ့ လုပ်တယ်။ ဒါတွေ က အမှန်တကယ် လုပ်တာပဲလေ။ Non- CDM တွေကို ရှုတ်ချတယ် ဒါလည်း အမှန်တကယ် လုပ်တာပဲ။ အမှန် တကယ် လုပ်တဲ့အမှုတွေကတော့ လက်ရှိအာဏာက သူတို့လက်ထဲမှာ ရှိတော့ သူတို့လုပ်လို့ရတဲ့ ဘောင်ထဲကသွား ပေါ့။ လူသတ်မှုတို့ ဆိုတာကတော့ လုပ်လည်း မလုပ်ဘူး အဲဒီဖြစ်စဉ်တွေထဲမှာလည်း သူ လုံးဝကို မပါဘူး”

ကိုယ်တိုင်က ထောင်ထဲမှာ ဖြစ်ပေမယ့် တော်လှန်ရေးကာလ ရှည်ကြာနိုင်တာ ဖြစ်လို့ မိခင်ကိုလည်း ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကြံ့ခိုင်ဖို့လည်း ကိုဝေမိုးနိုင်က မှာလေ့ ရှိပါသေးတယ်။

“ဒီကိစ္စက ခဏနဲ့ ပြီးသွားမှာ မဟုတ်ဘဲ ရေရှည်ဘယ်လောက် အတိုင်းအတာ ဆိုတာ ခန့်မှန်းလို့ မရတဲ့ အတွက် စိတ်ဓာတ်ရော လူရော ကျန်းမာနေဖို့အတွက် စာရေးတိုင်း အမြဲမှာတယ်” လို့ ကိုဝေမိုးနိုင် မိခင် ဒေါ်မိုးစန္ဒာကြူက ပြောပါတယ်။

တကယ်တမ်း စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေထဲက အမှုတော်တော်များများက ကိုဝေမိုးနိုင် မလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့လည်း မိခင်ဖြစ်သူက ဆိုပါတယ်။

“သပိတ်ကို ဦးဆောင်တယ်၊ လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာမှာ မုံရွာမြို့ အနေအထားနဲ့ လုပ်တယ်။ ဒါတွေ က အမှန်တကယ် လုပ်တာပဲလေ။ Non- CDM တွေကို ရှုတ်ချတယ် ဒါလည်း အမှန်တကယ် လုပ်တာပဲ။ အမှန် တကယ် လုပ်တဲ့အမှုတွေကတော့ လက်ရှိအာဏာက သူတို့လက်ထဲမှာ ရှိတော့ သူတို့လုပ်လို့ရတဲ့ ဘောင်ထဲကသွား ပေါ့။ လူသတ်မှုတို့ ဆိုတာကတော့ လုပ်လည်း မလုပ်ဘူး အဲဒီဖြစ်စဉ်တွေထဲမှာလည်း သူ လုံးဝကို မပါဘူး” လို့ ဒေါ်မိုး စန္ဒာကြူက ခိုင်ခိုင်မာမာ ငြင်းဆန်ပါတယ်။

စစ်ကောင်စီက စွပ်စွဲထားတဲ့ ပုဒ်မတွေကနေ မလွတ်ဘဲ အချိန်တန်ရင် ထောင်ချခံရမယ် ဆိုတာ သိပေမယ့် ကိုဝေမိုး နိုင် တယောက်ကတော့ သူမလုပ်ခဲ့တဲ့ အမှုတွေကို မလုပ်ကြောင်း ဖြေရှင်းဖို့အတွက် ရင်ဆိုင်နေပါတယ်။

ကိုဝေမိုးနိုင်ဟာ စစ်ကောင်စီ အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာပဲ မုံရွာမြို့ရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ လူထုသပိတ်တွေဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ပြသတဲ့အနေနဲ့ သူဖမ်းဆီးခံရ တဲ့ ဧပြီလ ၁၅ ရက်အထိ သပိတ်တွေမှာ ၁ ရက် မပျက်ဘဲ ပါဝင်ခဲ့တာပါ။

စစ်အာဏာရှင်တွေရဲ့ မတရားသဖြင့် လုပ်ဆောင်မှုတွေကို လက်မခံဘူး ဆိုတာကတော့ ကိုဝေမိုးနိုင်ရဲ့ တိကျပြတ်သား တဲ့ ခံယူချက်ပါပဲ။

ကိုဝေမိုးနိုင်ရဲ့ မိတ်ဆွေဖြစ်သူ မုံရွာသပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုး ကလည်း “နိုင်ငံရေးအပေါ် ရှုမြင်ပုံ က ခိုင်မာပြတ်သားတယ်။ စစ်တပ်က နိုင်ငံရေးထဲမှာ မပါရဘူးဆိုတာ ကိုင်စွဲခဲ့တယ်။ သူက နိုင်ငံရေးမှာ သူပြောရင် ပြောတဲ့အတိုင်း လက်တွေ့ဘဝမှာ လိုက်နာကျင့်သုံးတယ်။ လူထုလှုပ်ရှားမှုတွေက အရေးကြီးတယ် သပိတ်တွေက အရေးကြီးတယ်လို့ ပြောတဲ့ အတိုင်းပဲ သူနောက်ဆုံး အဖမ်းခံရတဲ့နေ့အထိ လူထုလှုပ်ရှားမှုတွေ သပိတ်တွေ လိုအပ် နေတယ် ဆိုတာကို သက်သေပြသွားတယ်” လို့ ဆိုပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာ အသက် ၂၇ နှစ်ပြည့်တော့မယ့် ကိုဝေမိုးနိုင်ဟာ စစ်အာဏာရှင် တော်လှန်ရေး မတိုင်ခင်ကတည်းက နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ လူထု အကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိသူပါ။

ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းကလည်း မုံရွာမှာ ဆဲဗင်းဂျူလိုင် အခမ်းအနား ဦးဆောင် ကျင်းပလို့ ပုဒ်မ၂ ခုနဲ့ အမူဖွင့် ခံခဲ့ရဖူးပြီး၂၀၁၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကား ဖြန့်ချိမှုတွေကို တန်ပြန်တဲ့ ကမ်ပိန်းတွေ၊ ပွဲတွေမှာ အရပ်ဘက် အဖွဲ့တွေနဲ့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ဒါ့ပြင် ကိုဝေမိုးနိုင်ဟာ မုံရွာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကနဦး စတင် တည်ထောင်ခဲ့သူတွေထဲမှာ ပါဝင်ပြီး မုံရွာ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ၁ နှစ်ကျော် တာဝန်ယူခဲ့ဖူးပါတယ်။

စစ်တပ်အာဏာ မသိမ်းခင်ကတည်းက ဒေသန္တရ အုပ်ချုပ်ရေးပိုင်းတွေ အားကောင်းလာဖို့နဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တကယ် အလုပ်မလုပ် ဆိုတာတွေကို အဖွဲ့ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းလွှတ်တော်ကို စောင့်ကြည့်တာတွေ လည်း လုပ်ခဲ့ပါသေးတယ်။

နိုင်ငံရေးကဏ္ဍမှာ ဒီလို ကျရာတာဝန်ကို ထမ်းဆောင်တဲ့၊ ပြည်သူလူထု ကောင်းကျိုးကို ရှေးရှု လုပ်ဆောင်တဲ့ ကိုဝေမိုး နိုင်လို လူငယ်တွေကို စစ်ကောင်စီက အကျဉ်းထောင်ထဲမှာ ပိတ်ထားသလို အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ပြန်မရနိုင်တော့တဲ့ လူငယ်တွေလည်း ရာပေါင်းများစွာ ဖြစ်နေပါပြီ။

ဒီလို လုပ်နိုင်ကိုင်နိုင်အရွယ်၊ လူငယ်လူရွယ်တွေကို စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်နေတာတွေက နိုင်ငံအတွက် တော့ နစ်နာစရာပါပဲ။ နိုင်ငံအနေနဲ့ သူ့ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ဆုံးရှုံးနေတာမျိုးပဲ ဖြစ်ပါတယ်။

ကိုခန့်ဝေဖြိုးက “စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူတွေကို အကျဉ်းထောင်တွေထဲ ထည့်၊ သတ်ဖြတ်ပစ်တာတွေ က ကိုယ့်အသား ကိုယ်လှီးနေတဲ့ ပုံစံပဲ၊ စစ်အုပ်စုက သူတို့ရဲ့ အကျိုးစီးပွားအတွက် ပြည်သူနဲ့ တိုင်းပြည်မျက်နှာကို မထောက်ဘဲနဲ့ လုပ်ခဲ့တာကတော့ သမိုင်းမှာလည်း သေသေ ချာချာ မှတ်တမ်းတင်ရမှာပေါ့။ တချို့ဆို ပြန်မရနိုင်တော့ တဲ့ အသက်တွေ ပေးခဲ့ရတယ်။ တချို့ကတော့ ဒီနိုင်ငံမှာ ဘယ်လိုမှ နေလို့မရလို့ ပြည်ပကို ရောက်သွားကြတယ်” လို့ ဆိုပါတယ်။

နိုင်ငံ့အာဏာကို အဓမ္မ သိမ်းယူပြီး ပြည်သူတွေအပေါ်ကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ လုပ်ရပ်တွေ ကြောင့် စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း ပြောဆိုကြပါ တယ်။

ကိုဝေမိုးနိုင်လို အကျဉ်းထောင်ထဲမှာ အချိန်တွေ ကုန်ဆုံးနေရတဲ့ ထောင်နဲ့ချီနေတဲ့ ပြည်သူတွေ၊ အသက်တွေ ပေး ဆပ်ခဲ့ရတဲ့ ပြည်သူတွေ အတွက် ဒီ “နွေဦး တော်လှန်ရေး” လို့ အမည်ပေးထားတဲ့ တော်လှန်ရေးကို အောင်မြင် အောင် ဆက်လက် လုပ်ဆောင်နေဖို့ လိုတယ်လို့လည်း ဆိုကြပါတယ်။

မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက “ပြည်သူ့အချစ်တော့ (ပန်ဒါကြီး) ကိုဝေမိုးနိုင် အပါအဝင် အကျဉ်း ထောင်တွေထဲက သူရဲကောင်းတွေ၊ ရဲဘော်တွေ ကျနော်တို့ တော်လှန်ရေး အောင်ပွဲရမှ ပြန်လွတ်မှာ ဖြစ်ပါတယ်။ ထိုနည်းတူပဲ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကလည်း ကျနော်တို့ တော်လှန်ရေး အောင်မြင်မှသာလျှင် သူတို့ရဲ့ ပေးဆပ် ခဲ့တဲ့ အသက်တွေ သွေးတွေ ချွေးတွေက ထိုက်တန်မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“အလုပ်တွေပြုတ်၊ ဘဝတွေ ပျက်ခဲ့ရတဲ့ CDM သူရဲကောင်းတွေ PDF ရဲဘော်တွေ ပေးဆပ်နေတဲ့ ပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေး တခုချင်းစီအတွက် ထိုက်တန်တဲ့ အောင်ပွဲကို ရရှိဖို့ဆိုရင် ပြည်သူလူထု အားလုံးကလည်း အရေး တော်ပုံကြီးကို ဆက်လက် ဆင်နွှဲသွားကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ သူက တိုက်တွန်းပါသေးတယ်။

ထောင်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း တော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ရှိနေတယ် ဆို တာကို ထောင်တွင်း ဆန္ဒပြမှုတွေ၊ ကြွေးကြော်သံတွေနဲ့ ပြသနေဆဲပဲ ဖြစ်ပါတယ်။

ကိုဝေမိုးနိုင်ဟာ ဆိုရင်လည်း အကျဉ်းထောင် ရောက်ရှိနေသည့်တိုင် သူ့မိခင်ကို စိတ်ဓာတ် ခွန်အားပေးရင်း၊ သူကိုယ် တိုင်လည်း မတရားတဲ့ အမှုတွေကို ရင်ဆိုင်ရင်း တော်လှန်ရေး အောင်မြင်မယ့် အချိန်ကို စောင့်မျှော်နေပါတယ်။

ပန်ဒါကြီး ကိုဝေမိုးနိုင်ရဲ့ မိခင်ဖြစ်သူကလည်း မတရားမှုကို ဆန့်ကျင်တဲ့ သားအတွက် ဂုဏ်ယူတာက တဖက်၊ သားဖြစ် သူ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေအတွက် ဝမ်းနည်းမှုက တဖက်နဲ့ ရှင်သန်နေရပါတယ်။

“အသက်အန္တရာယ်တွေ ကြုံတဲ့ အခါတိုင်းမှာတော့ မိခင်တိုင်းက သောကနဲ့ ခံစားရတာပေါ့။ ဒါပေမယ့် သူက ကောင်း တဲ့အလုပ်ကို လုပ်တယ်။ တရားတဲ့ဘက် မှန်မှန်ကန်ကန် လုပ်ရပ်တွေကို လုပ်တာ ဖြစ်တဲ့အတွက် စိတ်ထိခိုက်ရတာ တွေ ပူပင်ရတာတွေ ရှိသလို ဂုဏ်ယူပါတယ်” လို့ သူက ဆိုပါတယ်။


Original Post: The Irrawaddy